Facebook Page

Friday, July 20, 2012

ခွေးလှေးယားစေ့အနက် နှင့် ဆေးဖက်ဝင်ခြင်း





   အထက် က ပုံတွေကတော့ ခွေးလှေးယားစေ့အနက် အသီးတောင့်နဲ ့အစေ့ပုံတွေပါ။

ခွေးလှေးယားစေ့ အနက်စေ့နဲ ့ပတ်သက်လို ့ကျနော်ကျောင်းသားဘဝတုန်းက တော့ အဘတစ်ယောက်

က အဆိပ်ရှိတဲ ့အကောင်တွေကိုက်ခဲ့ရင် သွေးလိမ်းပေးလိုက်ရင် ကောင်းပါတယ်တဲ့။

တစ်ချို ့တွေကတော့ မီးဖုတ်စား၊ကင်စားကြပါတယ်။အဆိပ်ပြေတယ်ပြောကြတယ်လေ။

အလုပ်ထဲက အပေါငး်အသင်းတွေကတော့ ခွန်းအားကို လျှင်မြန်စွာဖြစ်ပေါ်လာစေတယ်လို ့ ့ပြောကြပါတယ်။မိန်းခလေးတွေလည်း စားသုံးသင့်ကြောင်း အောက်က အသေးစိတ်စာတွေမှာ တွေ ့ ့ကြရမှာပါ။

              အောက်က စာတွေကတော့ ခွေးလှေးယားပင် အရိုင်းပင်ရဲ ့အချက်အလက်တွေပါ။

ဒါပေမယ့် အနက်ပင်နဲ ့တူပါတယ်။အနက်အသီးတောင့်ကတော့ မယားယံပါဘူး။



              ပုံသဏ္ဌာန် : အပင် တစ်နှစ်ခံနွယ်ပင်မျိုးဖြစ်၍ သေးသွယ်သော အကိုင်းအခက်များတွင်

အမွေးများ ရှိသည်။ အပင်ကြီးရင့်လာသောအခါ ပြောင်ချော၏ ။



             အရွက်  ရွက်လွှဲထွက်သည်။ သုံးရွက်မြွှာပေါင်းဖြစ်၍ အောက်နှစ်ရွက်သည်လိပ်ပြာတောင် ပုုံသဏ္ဍာန်ရှိပြီး ရွက်ရင်း ရွဲ့စောင်းနေသည်။ထိပ်ရွက်မြွှာသည် ဘေးရွက်မြွှာ နှစ်ခုထက်သေးငယ်ပြီး

ရွက်ထိပ်ရွက်ရက်းသွယ်၍ အလယ်ပိုင်း ကျယ်သည်။ အရွက်ထက်အောက်မျက်နှာပြင်နှင့် ရွက်ညှာတွင် အမွေးများရှိသည်။ ရွက်မြွှာများ၏ ရွက်ညှာရင်းတွင်ရွက်စွယ်၂ ခုရှိ၏။



            အပွင့်  ပဲပုစွန်ပွင့်နှင့်တူ၏ ။ ပွင့်ညှာတို၍ ပန်းခိုင်အောက်ဘက်သို့ငိုက်ကျနေသည်။ အပွင့်  ခရမ်းရောင်ဖြစ်သည်။ ပွင့်ချပ်  အညိုရောင်ပေါ်တွင်အနက်စက်ကလေးများ ရှိ၍ မီးခိုးရောင် အမွေးကလေးများ ရှိ၏။အသီး ညိုဝါရောင်ရှိ၏ ။ အသီးတောင့်မှာ ၂ လက်မ ၃ လက်မ ရှည်၍

ထိပ်ဘက်တွင် ကောက်နေ၏ ။ အစေ့အိမ်ဘေးတွင် ယားယံစေသော အမွေးများရှိသည်။ အစေ့ ၅-၆စေ့  ခန့်ပါသည်။ တပို့တွဲလ တပေါင်းလတွင်သီးသည်။အစေ့ ဘဲဥပုံဖြစ်သည်။ ပြားချပ်နေသည်။ အညိုရောင်တွင် အနက်စက်များ ပါရှိ၏


: အမြစ် ၊ အစေ့ ၊ အသီး ၊ အရွက်။: မြန်မာနိုင်ငံ အနှ့ံအပြားတွင် ပေါက်ရောက်သည်။



ပေါက်ရောက်ပုံ။ ။ သဘာဝအလျောက် ပေါက်ရောက်သည်။


အသုံးပြုနိုင်သည့်အစိတ်အပိုင်းများ။      ။မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများ

အသုံးဝင်ပုံ : အာနိသင်။ 



။ မြန်မာဆေးကျမ်း များ အလိုအရ ခွေးလှေးယားသည် ချိုခါးသော

အရသာ ရှိ၏ ။ အေးသောဂုဏ်သတ္တိရှိ၏ ။ လေ ၊ သည်းခြေကို နိုင်၏ ။

အစေ့သည် သုက်ကိုပွားစေ၏ ။ အားကို ဖြစ်စေ၏ ၊ ဝဖြိုးစေ၏ ၊

သန်ပိုးများကို နိုင်၏ ၊ အာရုံကြောများကို အားရှိစေ၏ ၊ အမြစ်သည်

အကြောများကို အားရှိစေ၏။ ဆီးရွှစေ၏။ အစေ့အိမ်၌ ကပ်နေသော

အမွေးများသည် သန်ပိုးများကို ကျစေ၍ သွေးလေတို့ကို ကြွစေနိုင်သဖြင့်

ထုံကျင်နေသောနေရာတို့၌ လိမ်းပေးရ၏ ။



အသုံးပြုပုံ-



အမြစ်



၁ ။ ခွေးလှေးယားမြစ်မှုန့်

အနည်းငယ်ကို ရေနှင့်ရောသောက်သော် သွေးဝမ်းကျရောဂါ ပျောက်၏။

၂ ။ ခွေးလှေယားမြစ်ကို သုံးခွက်တစ်ခွက်တင်ပြုတ်၍

ပျားရည်နှင့် ရောသောက် သော် ကာလဝမ်းရောဂါ ပျောက်၏ ။

၃ ။ ခွေးလှေယားမြစ်ကို ကြိတ်၍ ရေဖျဉ်းရှိသောဗိုက်တွင် လိမ်းပေးခြင်း ၊



အတုံးငယ်ကလေးများပြု၍ ခြေဆစ်လက်ဆစ်တို့၌

ချည်နှောင်ပေးခြင်းဖြင့် ရေဖျဉ်းရောဂါပျောက်စေ၏။



၄ ။ ခွေးလှေယားမြစ် ကြိတ်ရည်ကို နေ့စဉ်သောက်သုံးသော် လေရောဂါ

လက်မောင်းသိမ်ရောဂါ ပျောက်စေ၏ ။

၅ ။ ခွေးလှေယားမြစ်မှုန့်ကို ဆီနှင့် ချင်ပြီး အဆီကို စစ်ယူ၍ လိမ်းပေးသော်

ဆင်ခြေထောက်ရောဂါ ပျောက်၏ ။



အစေ့



၁ ။ ခွေးလှေယားစေ့မှုန့်ကို ရေနှင့်  ရောသောက်သော် ဆီးချုပ်ရောဂါ ပျောက်၏ ။



၂ ။ ခွေးလှေယားစေ့အနုကိုဟင်းအဖြစ် ကြော်ချက်စားသော် သွေးအန် သွေးလျှံရောဂါ ပျောက်၏ ။



၃ ။ ခွေးလှေယားစေ့ကို ထောပတ်နှင့် ကြော်ချက်စားသော် လူကို ဝစေ၍ အားကို

တိုးစေသည်။



၄ ။ ခွေးလှေယားစေ့ကို ကြိတ်၍ ကင်းကိုက်ရာ၌ အုံပေးသော်

ကင်းဆိပ်ပျောက်၏ ။



၅ ။ ခွေးလှေယားစေ့သည် အားတိုးဆေး၊ ကာလသားရောဂါပျောက်ဆေး

၊ လေငန်းရောဂါပျောက်ဆေးအဖြစ်လည်း သုံး၏ ။



၆ ။ ခွေးလှေယားစေ့ကို အမှုန့်ပြု၍ နွားနို့သောက်လျှင် သုက်အားကို

အထူးပွားစေ၏ ။ အမျိုးသမီးများ နို့ထွက်စေ၏ ။



၇ ။ ခွေးလှေယားစေ့နှင့် ခွေးလှေယားမြစ်ကို ဆတူအမှုန့်ပြု၍ ယင်းအမှုန့်နှင့်

သကြားဆတူရောပြီး နွားနို့နှင့်  နေ့စဉ်သောက်ပါက ကျန်းမာဝဖြိုးပြီး

သုက်အားကို အလွန်အမင်း ကောင်းစေပါသည်။



အသီး



၁ ။ အသီးတောင့်ကို သန်ကျဆေးအဖြစ် သုံး၏ ။



အရွက်



၁ ။ ခွေးလှေယားရွက်ကို ပြုတ်တို့လျှင် အမျိုးသမီး သားသည်

မိခင်များ နို့ထွက်များစေ၏ ။ သွေးအန် ၊ သွေးကျရောဂါ ကို  ကာကွယ်နိုင်၏



။ ယောကျ်ားများ ဒူလာပါဒရက်ရောဂါပျောက်စေ၏။





အထက်ပါစာကတော့ 

http://lapyaelynn.blogspot.com/2010/04/cowhage-or-cowitch-plant.html



ကနေ ကူးလာတာပါ။

ခွေးလှေးယားအနက်ကတော့ အနက်မျိုးဖြစ်လို ့ပိုလို ့တောင် စွမ်းပါတယ်။
            

 အထက္ က ပံုေတြကေတာ့ ေခြးေလွးယားေစ့အနက္ အသီးေတာင့္နဲ ့အေစ့ပံုေတြပါ။
ေခြးေလွးယားေစ့ အနက္ေစ့နဲ ့ပတ္သက္လို ့က်ေနာ္ေက်ာင္းသားဘ၀တုန္းက ေတာ့ အဘတစ္ေယာက္
က အဆိပ္ရွိတဲ ့အေကာင္ေတြကိုက္ခဲ့ရင္ ေသြးလိမ္းေပးလိုက္ရင္ ေကာင္းပါတယ္တဲ့။
တစ္ခ်ိဳ ့ေတြကေတာ့ မီးဖုတ္စား၊ကင္စားႀကပါတယ္။အဆိပ္ေျပတယ္ေျပာႀကတယ္ေလ။
အလုပ္ထဲက အေပါငး္အသင္းေတြကေတာ့ ခြန္းအားကုိ လွ်င္ျမန္စြာျဖစ္ေပၚလာေစတယ္လုိ ့ ့ေျပာႀကပါတယ္။မိန္းခေလးေတြလည္း စားသံုးသင့္ေႀကာင္း ေအာက္က အေသးစိတ္စာေတြမွာ ေတြ ့ ့ႀကရမွာပါ။
              ေအာက္က စာေတြကေတာ့ ေခြးေလွးယားပင္ အရိုင္းပင္ရဲ ့အခ်က္အလက္ေတြပါ။
ဒါေပမယ့္ အနက္ပင္နဲ ့တူပါတယ္။အနက္အသီးေတာင့္ကေတာ့ မယားယံပါဘူး။

              ပံုသဏၭာန္ : အပင္ တစ္ႏွစ္ခံႏြယ္ပင္မ်ိဳးျဖစ္၍ ေသးသြယ္ေသာ အကိုင္းအခက္မ်ားတြင္
အေမြးမ်ား ရွိသည္။ အပင္ႀကီးရင့္လာေသာအခါ ေျပာင္ေခ်ာ၏ ။

             အရြက္  ရြက္လႊဲထြက္သည္။ သံုးရြက္ျမႊာေပါင္းျဖစ္၍ ေအာက္ႏွစ္ရြက္သည္လိပ္ျပာေတာင္ ပံုုသ႑ာန္ရွိၿပီး ရြက္ရင္း ရြဲ႕ေစာင္းေနသည္။ထိပ္ရြက္ျမႊာသည္ ေဘးရြက္ျမႊာ ႏွစ္ခုထက္ေသးငယ္ၿပီး
ရြက္ထိပ္ရြက္ရက္းသြယ္၍ အလယ္ပိုင္း က်ယ္သည္။ အရြက္ထက္ေအာက္မ်က္ႏွာျပင္ႏွင့္ ရြက္ၫွာတြင္ အေမြးမ်ားရွိသည္။ ရြက္ျမႊာမ်ား၏ ရြက္ၫွာရင္းတြင္ရြက္စြယ္၂ ခုရွိ၏။

            အပြင့္  ပဲပုစြန္ပြင့္ႏွင့္တူ၏ ။ ပြင့္ၫွာတုိ၍ ပန္းခိုင္ေအာက္ဘက္သို႔ငိုက္က်ေနသည္။ အပြင့္  ခရမ္းေရာင္ျဖစ္သည္။ ပြင့္ခ်ပ္  အၫိုေရာင္ေပၚတြင္အနက္စက္ကေလးမ်ား ရွိ၍ မီးခိုးေရာင္ အေမြးကေလးမ်ား ရွိ၏။အသီး ၫို၀ါေရာင္ရွိ၏ ။ အသီးေတာင့္မွာ ၂ လက္မ ၃ လက္မ ရွည္၍
ထိပ္ဘက္တြင္ ေကာက္ေန၏ ။ အေစ့အိမ္ေဘးတြင္ ယားယံေစေသာ အေမြးမ်ားရွိသည္။ အေစ့ ၅-၆ေစ့  ခန္႔ပါသည္။ တပို႔တြဲလ တေပါင္းလတြင္သီးသည္။အေစ့ ဘဲဥပံုျဖစ္သည္။ ျပားခ်ပ္ေနသည္။ အၫိုေရာင္တြင္ အနက္စက္မ်ား ပါရွိ၏
: အျမစ္ ၊ အေစ့ ၊ အသီး ၊ အရြက္။: ျမန္မာႏိုင္ငံ အႏွ႔ံအျပားတြင္ ေပါက္ေရာက္သည္။

ေပါက္ေရာက္ပံု။ ။ သဘာ၀အေလ်ာက္ ေပါက္ေရာက္သည္။
အသံုးၿပဳႏုိင္သည္႔အစိတ္အပိုင္းမ်ား။      ။ျမန္မာႏုိင္ငံတြင္ေတြ႕ႏိုင္ေသာေနရာမ်ား
အသံုး၀င္ပံု : အာနိသင္။ 

။ ျမန္မာေဆးက်မ္း မ်ား အလိုအရ ေခြးေလွးယားသည္ ခ်ိဳခါးေသာ
အရသာ ရွိ၏ ။ ေအးေသာဂုဏ္သတၱိရွိ၏ ။ ေလ ၊ သည္းေျခကို ႏိုင္၏ ။
အေစ့သည္ သုက္ကိုပြားေစ၏ ။ အားကို ျဖစ္ေစ၏ ၊ ၀ၿဖိဳးေစ၏ ၊
သန္ပိုးမ်ားကို ႏိုင္၏ ၊ အာရံုေၾကာမ်ားကို အားရွိေစ၏ ၊ အျမစ္သည္
အေၾကာမ်ားကို အားရွိေစ၏။ ဆီးရႊေစ၏။ အေစ့အိမ္၌ ကပ္ေနေသာ
အေမြးမ်ားသည္ သန္ပိုးမ်ားကို က်ေစ၍ ေသြးေလတို႔ကို ၾကြေစႏိုင္သျဖင့္
ထံုက်င္ေနေသာေနရာတို႔၌ လိမ္းေပးရ၏ ။

အသံုးျပဳပံု-

အျမစ္

၁ ။ ေခြးေလွးယားျမစ္မႈန္႔
အနည္းငယ္ကို ေရႏွင့္ေရာေသာက္ေသာ္ ေသြး၀မ္းက်ေရာဂါ ေပ်ာက္၏။
၂ ။ ေခြးေလွယားျမစ္ကို သံုးခြက္တစ္ခြက္တင္ျပဳတ္၍
ပ်ားရည္ႏွင့္ ေရာေသာက္ ေသာ္ ကာလ၀မ္းေရာဂါ ေပ်ာက္၏ ။
၃ ။ ေခြးေလွယားျမစ္ကို ႀကိတ္၍ ေရဖ်ဥ္းရွိေသာဗိုက္တြင္ လိမ္းေပးျခင္း ၊

အတံုးငယ္ကေလးမ်ားျပဳ၍ ေျခဆစ္လက္ဆစ္တို႔၌
ခ်ည္ေႏွာင္ေပးျခင္းျဖင့္ ေရဖ်ဥ္းေရာဂါေပ်ာက္ေစ၏။

၄ ။ ေခြးေလွယားျမစ္ ႀကိတ္ရည္ကို ေန႔စဥ္ေသာက္သံုးေသာ္ ေလေရာဂါ
လက္ေမာင္းသိမ္ေရာဂါ ေပ်ာက္ေစ၏ ။
၅ ။ ေခြးေလွယားျမစ္မႈန္႔ကို ဆီႏွင့္ ခ်င္ၿပီး အဆီကို စစ္ယူ၍ လိမ္းေပးေသာ္
ဆင္ေျခေထာက္ေရာဂါ ေပ်ာက္၏ ။

အေစ့

၁ ။ ေခြးေလွယားေစ့မႈန္႔ကို ေရႏွင့္  ေရာေသာက္ေသာ္ ဆီးခ်ဳပ္ေရာဂါ ေပ်ာက္၏ ။

၂ ။ ေခြးေလွယားေစ့အႏုကိုဟင္းအျဖစ္ ေၾကာ္ခ်က္စားေသာ္ ေသြးအန္ ေသြးလွ်ံေရာဂါ ေပ်ာက္၏ ။

၃ ။ ေခြးေလွယားေစ့ကို ေထာပတ္ႏွင့္ ေၾကာ္ခ်က္စားေသာ္ လူကို ၀ေစ၍ အားကို
တိုးေစသည္။

၄ ။ ေခြးေလွယားေစ့ကို ႀကိတ္၍ ကင္းကိုက္ရာ၌ အံုေပးေသာ္
ကင္းဆိပ္ေပ်ာက္၏ ။

၅ ။ ေခြးေလွယားေစ့သည္ အားတိုးေဆး၊ ကာလသားေရာဂါေပ်ာက္ေဆး
၊ ေလငန္းေရာဂါေပ်ာက္ေဆးအျဖစ္လည္း သံုး၏ ။

၆ ။ ေခြးေလွယားေစ့ကို အမႈန္႔ျပဳ၍ ႏြားႏို႔ေသာက္လွ်င္ သုက္အားကို
အထူးပြားေစ၏ ။ အမ်ိဳးသမီးမ်ား ႏို႔ထြက္ေစ၏ ။

၇ ။ ေခြးေလွယားေစ့ႏွင့္ ေခြးေလွယားျမစ္ကို ဆတူအမႈန္႔ျပဳ၍ ယင္းအမႈန္႔ႏွင့္
သၾကားဆတူေရာၿပီး ႏြားႏို႔ႏွင့္  ေန႔စဥ္ေသာက္ပါက က်န္းမာ၀ၿဖိဳးၿပီး
သုက္အားကို အလြန္အမင္း ေကာင္းေစပါသည္။

အသီး

၁ ။ အသီးေတာင့္ကို သန္က်ေဆးအျဖစ္ သံုး၏ ။

အရြက္

၁ ။ ေခြးေလွယားရြက္ကို ျပဳတ္တို႔လွ်င္ အမ်ိဳးသမီး သားသည္
မိခင္မ်ား ႏို႔ထြက္မ်ားေစ၏ ။ ေသြးအန္ ၊ ေသြးက်ေရာဂါ ကို  ကာကြယ္ႏိုင္၏

။ ေယာက်္ားမ်ား ဒူလာပါဒရက္ေရာဂါေပ်ာက္ေစ၏။


အထက္ပါစာကေတာ့ 

ကေန ကူးလာတာပါ။
ေခြးေလွးယားအနက္ကေတာ့ အနက္မ်ိဳးျဖစ္လုိ ့ပိုလုိ ့ေတာင္ စြမ္းပါတယ္။



No comments:

Post a Comment

ျမတ္ဗုဒၶ၏ ၀ိပႆနာ (ေက်ာက္အိုင္ေတာရ)


Posted by Khin Win on Thursday, May 28, 2015