Facebook Page

Saturday, August 11, 2012

မြန်မာ့ဆေးပညာမှ သွေး၏ရာဇ၀င် (၁)


       မြန်မာ့ဆေးပညာမှ သွေးရဲ့ ရာဇ၀င်ကို ကျနောစသိခဲ့တာ အသက် ၃၂ နှစ်မှာပါ။
အသက် ၃၂ နှစ်မှာ ကျန်းမာရေးဆိုးရွားစွာ ခံစားရပီးနောက်ပိုင်း မြန်မာဆရာတစ်ယောက်
ဆီမှာ ဆေးကုရင်းနဲ့ သွေးရဲ့ အကြောင်းကို ဆရာ့ဆီက သိခွင့်ရခဲ့တာပါ။သွေးရဲ့ ရာဇ၀င်က
ရှေးဟောင်းနည်းလမ်းတွေပါပဲ။မြန်မာဆေးဆရာအဆက်ဆက် လက်ဆင့်ကမ်းခဲ့တဲ့အသိတွေ
လည်းဖြစ်ပါတယ်။အဘိဥာဏ်ရောက် ရသေ့သူတော်ကောင်းများမှလည်း လက်ဆင့်ကမ်းသိ
ခဲ့တာတွေလည်းပါဝင်ပါတယ်။နောင် အခွင့်ရရင် online မှာ PDF ဖိုင်နဲ့ ဒေါင်းလို့ ရအောင်
တင်ပေးသွားပါမယ်။ခုတော့ အတိုချုပ်ကိုပဲ ဒီစာမျက်နှာမှာ တင်သွားပေးပါမယ်။

၁။လူသားတွေရဲ့ သွေးလက္ခဏာ
၂။သွေးကို ပျက်စီးစေသော အကြောင်းအရာများ
၃။သွေးရဲ့ အကြောင်း
၎။သွေးကို ထိန်းသိမ်းခြင်း၊စောင့်ရှောက်ခြင်း
၅။သွေးအားကောင်းအောင်ပြုပြင်နေထိုင်ခြင်း
၆။သွေးအားကောင်းစေရန် လေ့ကျင့်ခန်းများ
၇။သွေးအားကောင်းစေသော ဆေးဝါးများ

    လူသားတွေဟာ သွေးနွေးသတ္တ၀ါ မျိုးနွယ်တွေဖြစ်ပါတယ်။သွေးရဲ့ အပူဓါတ်ဟာ ညီညွှတ်မျှ
တရပါမယ်။အပူလွန် အအေးလွန်နေလို့ မရပါဘူး။အပူလွန် အအေးလွန်ရင် သွေးဟာ ပျက်စီးပါ
တယ်။ဆရာက သွေးကို ပြဒါးနဲ့ညွှန်းဆိုထားပါတယ်။ပြဒါးဟာ အပူလွန်ရင် ပျောက်ကွယ်သွားသ
လို သွေးဟာလည်း အပူလွန်ရင် ပျက်စီးသွားပါတယ်။သွေးကို ပျက်စီးစေတတ်တဲ့ အပူတွေ ကိုယ်
ခန္ဓာမှာ ၀င်ရောက်လာနိုင်တဲ့ အခြေအနေတွေကတော့ အာဟာရအပူ၊အတွေ့ အထိအပူနဲ့ ၊
အပြုအမူအပူတို့ ဖြစ်ပါတယ်။

    အာဟာရအပူတွေမှာ ငြုပ်သီး၊ဆေးလိပ်၊အရက်နဲ့ ရေခဲရေ တို့ ပါဝင်ပါတယ်။ဟင်းချက်နေရာ
ငြုပ်သီးပါဝင်ပေမယ့် ပူစပ်လွန်သောဟင်း မဖြစ်ရပါဘူး။ဆေးလိပ် အခိုးအငွေ့ အပူနဲ့ အရက်
အပူတွေဟာလည်း သွေးကို ပျက်စီးစေပါတယ်။ရေခဲရေကလည်း အပူပါပဲ။ဒါတွေကို ရှောင်ရှား
ရပါမယ်။

    နောက်တစ်ခုက အတွေ့ အထိအပူတွေပါ။ပလတ်စတစ်ပစ္စည်း၊အဲယားကွန်း၊ပလတ်စတစ်ခုံ၊
အခင်း၊ရာဘာပစ္စည်း၊ရာဘာဖိနပ်၊တက်ထရွန်အ၀တ်အစားများ၊ဖော့မွေ့ ရာများကို ရှောင်ကြည်
သင့်ပါတယ်။သဘာဝပစ္စည်းများကို ဦးစားပေးသုံးစွဲသင့်ပါတယ်။ချည်ထည်၊ကျူဖျာ၊သစ်သားခုံ
သားရေဖိနပ် များကို သုံးစွဲသင့်ပါတယ်။

   အပြုအမှုအပူများကတော့ ၁၂ ကျော်ရေချိုးခြင်း၊အဲယာကွန်းနှင့်နေထိုင်ခြင်း၊ပန်ကာလေခံ
ခြင်း၊ရေစိုးဖြင့်နေခြင်း တို့ ဖြစ်ပြီး စသည့်လွဲမှားသော အပြုအမူများကြောင့် အပူဒေါသများ
ခန္ဓာကိုယ်တွင်း ၀င်ရောက်နေရာယူလာပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

   ၁၂ ကျော်ရေချိုးခြင်း လွဲမှားရခြင်းမှာ မနက် တုံးခေါက်ချိန်မှ ၁၂ အတွင်း အာကာသပွင့်ချိန်
ဖြစ်ပြီး ၊ နောက်ပိုင်းမှာ အာကာသဓါတ် ပိတ်ချိန်ဖြစ်ပါသည်။အာကာသဓါတ်ပွင့်ချိန်ပိတ်ချိန်ကို
ဆေးပညာရှင်များမှ ဥာဏ်အမြော်အမြင်ကြီးစွာ သတ်မှတ်ထားခြင်း ဖြစ်ပါတယ်။အာကာသပွင့်
ချိန်ရေချိုးပါက အပူခိုး အပုတ်ခိုးများထွက်၍ အပူအအေးမျှတကာ ကျန်းမာစေနိုင်ပြီး အာကာသ
ပိတ်ချိန်ချိုးပါက အပူဓါတ် အပုတ်ခိုးဓါတ်များ ငုတ်ကာ ကျန်းမာရေးထိခိုက်လာစေနိုင်ပါသည်။
ထို့ ကြောင့် မိမိတို့ ရပ်တည်ရာ အာကာသတခွင် ဖွင့်ချိန်ပိတ်ချိန်ကို ဆေးပညာရှင်များက 
ဆောင်း ၁၀။နွေ ၉ ၊မိုး ရ  ဟု အချိန်နာရီသတ်မှတ်ကာ ရေချိုးစေခြင်းဖြစ်ပါတယ်။  

ဆရာရေးသားထားတဲ့  စာအုပ်ကို သေချာစွာဖတ်ရှူပြီး လိုက်နာကျင့်ကြံအားထုတ်ကြပါ။
ကျနော်လည်း ကျန်းမာရေးချွတ်ယွင်းခဲ့တဲ့ အသက် ၃၂ ကစလို့ ယနေ့ ၃၈ နှစ်တိုင်အောင်
လိုက်နာ ပြုလုပ်နေဆဲဖြစ်ပါတယ်။အဲသလို လိုက်နာဆောင်ရွက်ခဲ့လို့ သာမာန် ဖျားနာမှု
လေးတွေတောင် မဖြစ်တော့ဘဲ ကျန်းကျန်းမာမာ နှင့် လုပ်ငန်းခွင်မှာ အနှောင့်အယှက်
ကင်းကင်းနဲ့ လုပ်ဆောင်နိုင်နေခဲ့ပါတယ်။

PDF ဒေါင်းလုပ်လင့်

ဦးခင်ဝင်း
၂၄ လက်မ ပိုက်လိုင်းဗဟိုစခန်း
ဖျာပုံခရိုင်။အမာမြို့ နယ်ခွဲ၊ဒေါ်ညိမ်းကျေးရွာ။





   

     

No comments:

Post a Comment

မြတ်ဗုဒ္ဓ၏ ၀ိပဿနာ (ကျောက်အိုင်တောရ)


Posted by Khin Win on Thursday, May 28, 2015