Wednesday, December 21, 2011

အလွန်ကောင်းတဲ့ မြန်မာ့သက်ရှည်ဆေး


ဒီနေ့ ခေတ်မှာ ရာသီဥတုတွေက ဖောက်ပြန်။ကပ်ရောဂါတွေက မျိုးစုံနဲ့ လူတွေမှာကျန်းကျန်းမာမာနဲ့ နေထိုင်နိုင်ကြဖို့  လွန်စွာအရေးကြီးကြပါတယ်။အစွမ်းထက်တဲ့  နိုင်ငံခြားဆေးဝါးတွေရှိပေမယ့် ဘေးထွက်ဆိုးကျိုးကများတော့ ဘေးထွက်ဆိုး
ကျိုးနည်းတဲ့ တိုင်းရင်းဆေးဝါးများကို လူတွေပိုမိုသုံးစွဲလာနေကြရပါတယ်။
         မြန်မာ့ဆေးပညာလောကမှာအဆင့်မြင့်တဲ့ရဿယနဆေးဝါး၊အသက်ရှည်ဖို့ အတွက် ဖော်စပ်စားသုံးသင့်တဲ့ဆေးဝါး၊
သာမာန်ရောဂါပေါင်းစုံကိုကုသနိုင်စွမ်းတဲ့ဆေးဝါးများ၊လိမ်းဆေး၊စားဆေး၊ရှူဆေး၊ယနေ့ခေတ်မှာ ဖော်ထုတ်လာကြတဲ့
ပေါင်းခံထိုးဆေးများ စသည်ဖြင့် တိုးတက်ထွန်းကားလာနေပါတယ်။အနောက်တိုင်းဆေးဝါးများလို ချက်ခြင်းသောက် ချက်ခြင်းအစွမ်းပြနိုင်တဲ့ မြန်မာတိုင်းရင်းဆေးများရှိပေမယ့်လွန်စွာနည်းပါတယ်။အနောက်တိုင်းဆေးတွေလိုမျိုးမဟုတ်ဘဲ
ဘေးထွက်ဆိုးကျိုးကင်းကင်းနဲ့ ရေရှည်မှာဘေးကင်းကင်းနဲ့တော့သောက်နိုင်၊သုံးစွဲနိုင်ကြပါတယ်။ချက်ခြင်းအစွမ်းပြနိုင်တဲ့
နိုင်ငံခြားဆေးဝါးများလိုဆိုရင်တော့လူတွေ တော်တော်အထင်ကြီးကြမှာအမှန်ပါပဲ။အစွမ်းပြမြန်တဲ့တိုင်းရင်းဆေးဝါးများ
လည်း ရှိနေပါတယ်။
           ကျနော်အသက်(၃၂)နှစ်အချိနိမှာကျန်းမာရေးကြီးကြီးမားမားချွတ်ယွင်းခဲ့ဖူးပါတယ်။အဆိုးဆုံးကတော့ကိုယ်ငွေ့ တွေကျပီး
ရေမြင်တာ နဲ့ချမ်း၊လေတိုက်တာနဲ့ လေတိုက်တဲ့ ဒဏ်တောင် မခံနိုင်တော့တဲ့အထိဖြစ်လာခဲ့တယ်။ထမင်းစားဖို့ လုပ်ရင်လည်း လည်ပင်းထဲတစ်ဆို့ ဆို့ နဲ့ကြာတော့လူပါ ဖျောတောတောနဲ့ ဖြစ်လာတယ်လေ။အဲတာနဲ့တတ်တဲ့ပညာအကုန်သုံးဖို့ ဆေးစာအုပ်တွေကို လှန်လှောပြီး ဆေးနည်းကောင်း တစ်ခုကို ရှာရတော့တာပါပဲ။
          ဒီဆေးက ဖော်စပ်ရတာကလည်း လွယ်ကူတယ်။အစွမ်းပြတာလည်းမြန်တယ်။သောက်ပြီးတာနဲ့  မကြာခင် အစွမ်းပြတော့တာပဲ။ကိုယ်တွေ့ ပါ။သူငယ်ချင်းတွေလည်း ဖော်စပ်ပြီး လိုအပ်ရင် စမ်းသုံးကြည့်ကြပါအုံး။အသက်ကြီးတဲ့ ကိုယ်ငွေ့ ကျဆင်းနေတဲ့ လူကြီးတွေအတွက် ပိုပြီး ကောင်းမွန်ပါတယ်။ဆေးနံမည်က  အာယုဝဃုန သက်တော်ရှည်ဆေး ပါ။ပါဝင်တဲ့ဆေးမယ်တွေက-----------------
  1. ဖန်းခါးသီးအခြောက်
  2. ဆီးဖြူသီးအသား
  3. သစ်ဆိမ့်သီးအဆံ
  4. ကန့်ကော်ဝတ်ဆံ
  5. ပိတ်ချင်းသီး
  6. အိမ့်မွေ့ သီး
  7. လင်းနေ
  8. ဖာလာစေ့
  9. သင်္ဘောချင်းခြောက်                 
အားလုံးတမယ်စီ (30) ကျပ်သားစီထည့်။270 ကျပ်သားရှိမယ်။အဲတာတစ်နှစ်စာပါ။ပျားရည်နဲ့ တေပြီး တစ်နေ့ တစ်ကြိမ် ဆီးဖြူသီးငယ်ခန့် စားပါ။ကျန်းမာသက်ရှည်အထွေထွေသောရောဂါများအမြစ်ပြတ်သည်ဟုအဆိုအမိန့် ရှိထားပါတယ်
။ဆေးရဲ့ သတ္တိကတော့ အပူအအေးဥတုနှစ်ပါးစလုံးအတွက် ဆေးဘက်တွေပါလို့ အပူတစ်ဘက်စွန်းအအေးတစ်ဘက်စွန်းကို မရောက်စေဘဲ အပူအအေးမျှတစေပါတယ်။
       ဆေးကျမ်းမှာ ဖော်ပြထားတဲ့ နောက်အာနိသင်တွေကခံတွင်းကနေအစာဟောင်းအိမ်အထိ တောက်လျှောက်အ
ကျိုးပြုကြာင်းရေးသားထားပါတယ်။
      ကျန်းမာရေးချို့ တဲ့ နေတဲ့သူတွေနဲ့ အသက်ကြီးတဲ့သူများအတွက် လက်တွေ့ ဖော်စပ်စားသုံးသင့်တဲ့ ဆေးနည်းတစ်ခုဖြစ်
ကြောင်း ဖော်ပြလိုက်ရပါတယ်။

သဘာဝဆေးပညာဖြင့် အိုနာသေမှုဝေးအောင်ပြု ---------------မှ (ဆရာဦးဆက်ထွန်းလင်း)

ဆင်လောက်ဝသူများကို ပိန်စေသောဆေးနည်း


ယနေ့ ခေတ်မှာ လူတွေအတွက် စိန်ခေါ်မှုတစ်ခုကတော့ အတိုင်းအတာတစ်ခုထက် ၀လာကြခြင်း

ပင်ဖြစ် ပါသည်။စားသောက်သော အစာများကြောင့်လည်းကောင်း ၊ဆေးဝါးများကြောင်းလည်းကောင်း၊ပါ

စက၀မ်းမီးကျဆင်းမှုကြောင့်လည်းကောင်းကိုယ်လက်လှုပ်ရှားမှုနည်းလာကြခြင်းကြောင့်လည်းကောင်း၊စသော

အကြောင်းခြင်းရာများစွာတို့ ကြောင့် အဆီတိုးလာနေကြပါသည်။

မည်သည့်အကြောင်းများကြောင့်ဝလာသည်ဖြစ်ပါစေ ပထမဦးစွာအစာကြေညက်ဝမ်းမီးကောင်းစေ
ရန် ပြုပြင်ပေးရန်လိုအပ်လှပါသည်။ဒုတိယအနေနှင့် အသင့်တော်ဆုံးသောဆေးဝါးကိုပုံမှန်မှီဝဲပေးရန် လိုအပ်
မည်ဖြစ်ပါသည်။အစာကြေညက်စေ၇န် အစားအသောက်ရွေးချယ်စားသုံးခြင်း၊၀မ်းမီးကို ပျက်စိးစေသော
ဆေးဝါးများစားသုံးခြင်းမှ ရှောင်ခြင်း။ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ပေးခြင်းတို့ ကို ပြုလုပ်သင့်ပါသည်။

ဆေးဝါးအနေနှင့် စရကသံဟိတာကုထုံးကျမ်းကြီးမှ ဆေးနည်းတစ်ခုကိုဖော်ပြပါမည်။

ရေငါးပုလင်းကို တစ်ပုလင်းကျန်အောင် မြေအိုးတွင်ထည့်၍ ထင်းမီးဖြင့် ကျိုချက်ပါ။

၎င်းကို ကြွေခရား၊ဖန်ပုလင်းတို့ နှင့်သိမ်းဆည်းပါ။ရေခဲသေတ္တာ၊ဓါတ်ဘူးတို့ နှင့်မသိမ်း

ဆည်းရပါ။၎င်းရေလေးဆတွင် ပျားရည်စစ်စစ် တစ်ဆထည့်၍ သောက်ပါ။ရေအစား

အဖျော်ရည်အစား ၄င်းကိုသာ သောက်ပေးခြင်းဖြင့် ဆင်ကဲ့သို့ ဝသောသူသည် ပိန်လာ

လိမ့်မည်ဟု ဖော်ပြထားပါသည်။
ပျားရည်သည် သွေးဝ၊လေ၀၊အဆီဝ အားလုံးအတွက် သင့်တော်လှပါသည်။သွေးအညစ်

အကြေးကို သန့် ရှင်းလျှော့ပါးစေတတ်ပါသည်။အသားထဲမှ အငုပ်အခိုးအမျိုးမျိုးကို

ပယ်ထုတ်နိုင်ပါသည်။အလွန်ဝနေသော သူငယ်ချင်းများအတွက် ဆေးနည်းကောင်းတစ်ခု
ရှာတင်ပေးလိုက်ပါသည်။

ကျမ်းကိုး

သဘာဝဆေးပညာနှင့် အိုနာသေမှုဝေးအောင်ပြုစို့ ---------------------မှ(ဆရာဦးဆက်ထွန်းလင်း)

သက်ကြီးများအတွက် အပြစ်ကင်းသော ၀မ်းနုတ်ဆေးနည်း

ဒီနေ့ သတိရတာနဲ့ ဒီနေ့ ပဲ ရိုက်တင်ပေးလိုက်ပါတယ်။နောက်နေ့ တွေဆိုတာ မသေ
ချာပါဘူး။ကွန်နက်ရှင်တွေ က ကျလိုက်တက်လိုက်နဲ့မမြဲတဲ့သဘောကို ဖော်ပြနေသလို ပါပဲ။

လူတွေမှာ အသက်(40) ကျော်လာတဲ့ အခါမှာ အစာခြေချက်ပေးတဲ့ ပါစက ၀မ်းမီးဓါတ်တွေ
ကျဆင်းလာပါတယ်။ကမ္မဇစွမ်းရည်ကောင်းတဲ့ လူတွေမှာတော့ ရုတ်တရက် မကျတတ်ပါဘူး။
ပါစက၀မ်းမီးကျဆင်းလာတာနဲ့ အမျှ မကြေညက်တဲ့ မလဓါတ်အဆိပ်အတောက်တွေ ကိုယ်တွင်း
သွေးတွေထဲမှာ များပြားလာပါတော့တယ်။အဲဒီလိုများပြားလာတဲ့ အခါမှာ အပူ၊အပုပ်ဓါတ်တွေ
ကြောင့် ရောဂါတွေ ၀င်လာတတ်ပါတယ်။

အသက်ကြီးသူတွေမှာ အပူနဲ့အပုပ်ဓါတ်တွေကို ရှင်းထုတ်နိုင်ဖို့ အတွက် တစ်ချို့ ကတော့
ဝမ်းနှုတ်ဆေးစားတတ်ကြပါတယ်။ဝမ်းနှုတ်ဆေးတွေဟာ လူငယ်ပိုင်းတွေနဲ့ သာ အများစု
ကသင့်တော်ပြီး အသက်ကြီးသူများအတွက် အားအင်ဆုတ်ယုတ်ခြင်းကို ဖြစ်စေတတ်ပါတယ်။
အသက်ကြီးသူများဟာ ၀မ်းနုတ်ဆေးမစားရဟု ဆေးကျမ်းမှာဥပဒေသရှိပါတယ်။သို့ သော်လည်း
လိုအပ်လာပါက အာဟာရသဘောသို့ သက်ဝင်သော ဆေးတို့ ကို စားသုံးသင့်ပါတယ်။
အသက်ကြီးသူများနဲ့ သင့်တော်တဲ့ ဝမ်းနှုတ်ဆေးနည်းတစ်ခု ရှိနေပါတယ်။

အသက်ကြီးသူများအတွက် အကောင်းဆုံးဖြစ်သော ၀မ်းကိုစင်ကြယ်စေသော ၀မ်းမီးကို
တောက်ပစေသော အပါနလေကို အားရှိစေသော ဆေးနည်းမှာ မြတ်ဗုဒ္ဓပရိနိဗာန်စံဝင်တော်
မူပြီးနောက်တွင် အလွန်ပင်ပန်းနွမ်းနယ်နေသော ရှင်အာန္ဒာမထေရ် သုံးဆောင်ခဲ့ သော
ခိရ၀ိရေစန ၀မ်းနုတ်ဆေးပင် ဖြစ်ပါသည်။

၎င်းခိရ၀ိရေစန ၀မ်းနုတ်ဆေးသည် အစာဟောင်းအိမ်ကို စင်ကြယ်စေပါသည်။ဝမ်းမီး
ိကိုတောက်ပစေပါသည်။ အားအင်ကိုမကုန်ခန်းစေတတ်ပါ။အပါနလေကို အားရှိစေပါသည်။
ထို့ ကြောင့် အသက်ကြီးသူများအတွက် ၀မ်းနှုတ်ဆေးမစားရဟု ဥပဒေရှိသော်လည်း
ခိရ၀ိစေန ဟူသော နွားနို့ ကို ကျို ပြီး နှစ်ဆယ်ကျပ်သားခန့် (၀ါ) နွားနို့ တစ်ဖန်ခွက်တွင်
ပွေးကိုင်းကျကျပြုတ်ရည် ငါးဇွန်းခန့် ထည့်ပြီး သောက်သုံးခြင်းပင် ဖြစ်သည်။

လိုအပ်လျှင် သကြားထည့်နိုင်ပါသည်။ သက်ကြီးများ အတွက် အလွန်အကျိုးရှိပြီး အဘက်ဘက်မှ
ပြည်စုံသော ဆေးဖြစ်သောကြောင့် သက်ကြီးများ လိုက်နာကျင့်သုံးနိုင်ပါစေကြောင်း အကျိုးဌာ
ရေးသားပေးလိုက်ပါသည်။

ခင်ဝင်း

ကျမ်းကိုး
သဘာဝဆေးပညာဖြင့် အိုနာသေမှုဝေးအောင်ပြုစို့ မှ--------------------(ဆရာဦးဆက်ထွန်းလင်း)

Tuesday, November 15, 2011

ဘ၀တန်ဖိုး

တစ်နေ့ ရဲ့ဘ၀တာကို တန်ဖိုးရှိရှိကုန်ဆုံးစေဖို့ ကြိုးစားကြရမယ်။