Facebook Page

Friday, February 22, 2019

သုဝဏ္ဏဘူမိရာဇဝင်ကို ခွဲခြမ်းကြည့်သော်။




သုဝဏ္ဏဘူမိရာဇဝင်ကို ခွဲခြမ်းကြည့်သော်။

🙏🙏🙏🙏🙏🙏🙏🙏🙏🙏

သထုံရာဇဝင်ပါအကြောင်းအရာတို့သည် ခေတ်ပြိုင် ကျောက်စာလည်းမဟုတ်၊ သမိုင်းမှတ်တမ်းလည်းမဆိုသာ ၊ ဒဏ္ဍာရီပါ အကြောင်းအရာတို့ကို သမိုင်းနည်းဖြင့် အချိန်ကာလ၊ နေရာဒေသနှင့် အဖြစ်အပျက်များကို ထုတ်နှုတ်ပြီးဆန်းစစ် တင်ပြပါမည်။အချိန်ကာလအားဖြင့် ဗုဒ္ဓခေတ်နှင့် ဗုဒ္ဓလွန်ခေတ် အကြောင်းတို့ပါဝင်နေသည်။ သုဝဏ္ဏဘူမိ သထုံပြည်ကို ဗုဒ္ဓမြတ် စွာမပွင့်ခင်က တည်ထောင်ခဲ့သည်ဆိုထား၏။ တဖန် သိကြား ၊ ရသေ့ ၊ ဝိဇ္ဇာဓိုရ် တို့တည်ထောင်ခဲ့သော ပထမ နှင့် ဒုတိယ သုဓမ္မ ဝတီ တို့သည်လည်းပါဝင်လေရာ မြို့ရိုးခုနှစ်ထပ် ကျုံးခုနှစ်ထပ်ဖြင့် တည်ပေးခဲ့သည်ဟုမှတ်သားဖွယ်ရာ တွေ့ရသည်။ထို့ပြင်သထုံမြို့တွင် မြို့ရိုးအထပ်ထပ်ဖြင့် တည်ထား သောမြို့ဟောင်းရာများကို ကောင်းကင်ဓါတ်ပုံများမှ ရှာဖွေတွေ့ရှိထားပေသည်။ဥပမာ ကျိုက္ကရာ မြို့ဟောင်းအရာဆို လျှင် မြို့ရိုးခုနှစ်ထပ်ထက်မနည်း ရှိသည်ကိုတွေ့နိုင်ပါသည်။ ဇုတ်သုတ်မြို့ဟောင်းတွင်လည်း မြို့ရိုးအထပ် များပါသည်။ ဤ မြို့ဟောင်းနှစ်မြို့မှာ အရွယ်အစား မသေးငယ်လှပေ။မြို့တည်ရာအနေအထားကလည်း ကောင်းသည်။ ကျိုက္ကသာ မှာ စစ်တောင်းမြစ်ဝတွင်ရှိပြီး ဇုတ်သုတ်မှာဘီးလင်းမြစ်ဝ တွင်ရှိသည်။ရှေးဟောင်း အဆောက်အအုံ နှင့် ယဉ်ကျေးမှုလက် ရာ အကြွင်းအကျန် များတွေ့ရှိရပါသည်။
ဒုတိယ သုဓမ္မဝတီမြို့သည်လည်း မြို့ရိုး ခုနှစ်ထပ် ကျုံး ခုနှစ်ထပ် ဖြင့်တည်ခဲ့သည်။ တည်ထောင်ချိန်ကို မသိရပေ။ဗုဒ္ဓဘုရား မပွင်မီ ဟုသာမှတ်ရသည်။ မြို့တည်သော နေရာ မှာ ရသေ့နှစ်ပါးသီတင်းသုံးရာတောင်နှစ်ခုကြား ဟုဆိုပြီး ထိုမြို့ အတွက် မြို့ဟောင်းရာ အတည်မပြုနိုင်သေးပေ။

တတိယ သုဓမ္မဝတီမြို့သည်လည်း တည်ထောင်သည့် ရက်စွဲ မသိရပေ။မြို့တည်သောနေရာမှာ ယခုသထုံမြို့ အရှေ့ က် တောင်တန်းကြီးမှ ဂေါ့တောင်၏မြောက်ဖက်အရပ် ဟုဆိုထား သည်။ယခုသထုံမြို့အနီးဝန်းကျင်ဖြစ်သည်။ အစနှစ်နှင့် အဆုံးနှစ် ကိုမသိ၍ မြို့ဟောင်းရာကိုလည်း အတည်မပြုနိုင်ပါ။

စတုတ္ထ သုဓမ္မဝတီမြို့သည် တတိယ သုဓမ္မဝတီမြို့နေရာမှာပင် အသစ်ထပ်မံတည်သောမြို့ ဖြစ်ပါသည်ဥကပေါက်သောလူသား အကြောင်းပါဝင်၍ ဒဏ္ဍာရီဆန်ပါသည်။ မြို့တည်ချိန်ကား ဗုဒ္ဓ ပွင့်ချိန်နှင့် တိုက်ဆိုင်ပါသည်။အိန္ဒိယ ကျမ်းစာများတွင် မပါဝင်သော ဂဝံပတိ ရဟန္တာ အကြောင်းပါဝင်နေ၍ သုတေသန အမြင်တွင်ပြောစရာဖြစ်နေပါသည်။ သို့သော် ဂဝံပတိ ရဟန္တာ၏ အမည် သည် အိန္ဒိယတွင်မထင်ရှားလှပေ ။ပုဂံခေတ်မူလထိုး ကျောက်စာတချပ်တွင်တော့ ဂဝံတိ ရဟန္တာအမည်ပါရှိသည်။အောက်မြန်မာနိုင်ငံ၊ သထုံဒေသ တွင်မတော့ ဂဝံပတိ ရဟန္တာသည် ၎င်းပင့်ဆောင်လာ၍ ယနေ့တိုင် ကိုးကွယ် နေကြ သော သွားတော်ဓါတ်တော်များ ၊ ဗုဒ္ဓ ဆံတော်များ ကြောင့် ဖယ်ထုတ်၍မရ နိုင်သော သမိုင်းဝင်ပုဂ္ဂိုလ်ပင်ဖြစ် သည်။

ရှေးဟောင်း သုတေသနအမြင်နှင့်ဆိုလျှင် ဤစတုတ္ထ သုဓမ္မဝတီ မြို့သည် မြိုရိုး(၇) ထပ် ကျုံး(၇) ထပ် နှင့်တည်သည်။တည်သောခုနှစ်ကို အတိအကျသိရသည်။ မြို့တည်စဉ်ကာလ အတွင်း သမိုင်းဝင်အဖြစ်အပျက် များစွာရှိခဲ့သည်။သထုံနယ်မှ ဆံတော်စေတီ(၁၅) ဆူ၊ သွားတော် ဓါတ်စေတီ(၁၁)ဆူ၊ အမည်ထင်ရှားလျက် ယနေ့တိုင်တည်ရှိနေသည်။ ထို့ပြင် သုဝဏမင်းကြီး တည်ထားခဲ့သော ရွှေစာရံစေတီ၊ မြသပိတ်စေ တီ၊သရကလျာဏီကုန်းစေတီ၊ ဇံသီးစေတီ၊ နန်းတော်ဦးစေတီ၊ ရဟန္တာတိုက်တော်စသည့် အဆောက်အအုံများ ယနေ့တိုင်တည်ရှိနေသည်။ဤသည်တို့မှာ ရှေးဟောင်း သုတေသန နည်းဖြင့် စူးစမ်း လေ့လာအဖြေရှာရမည် ဖြစ်သည်။သထုံမြို့ဟောင်း မှမြို့ရိုးဟောင်းများကိုလည်း ဘီစီ-၅၈၂ တွင် တည်ခဲ့သလောဟု စနစ်တကျ စူးစမ်းလေ့လာ ဖော်ထုတ်သင့် ပါသည်။

ပဥ္စမ သုဓမ္မဝတီမြို့(ဥပဒေဝမြို့)သည် မြေမျိုသွားသော မြို့ရာ ဟောင်း၏တောင်ဖက် ကပ်လျှက် မြို့ရိုးသုံးထပ် ကျုံးသုံးထပ် ( ယခု သထုံမြို့ဟောင်းနေရာ)တွင်တည်ထား သည်ဟုဆို၏။

ဆဌမ သုဓမ္မဝတီမြို့( ဓညဝတီမြို့ )သည်ယခု မုတ္တမ မြို့အနီး တွင် ရှိသည်။ပဲခူး၊ ဟံသာဝတီ၊ တို့ကိုထူထောင်သော သမလ နှင့် ဝိမလ မင်းသားတို့၏ မွေးရပ်ဇာတိ လည်းဖြစ်သည်။ သထုံ နှင့် ပဲခူး ခေတ်ပြိုင်ထွန်းကားခဲ့ပုံကိုလည်း လေ့လာနိုင်သည်။ သုတေသန ပြုသင့်သော မြို့ဟောင်းနေရာဖြစ်သည်။

သတ္တမ သုဓမ္မဝတီမြို့ ( မရိုက်သဖုံးမြို့ ) ၊ အဌမ သုဓမ္မဝတီမြို့( ရွှေလောင်းမြို့ )၊ နဝမ သုဓမ္မဝတီမြို့တိုက်ကလား ( ဝင်းက ) ၊မူလ သုဓမ္မဝတီမှ မြောက်ဖက်သို့ ခွဲထွက်သွားသည်။ မရိုက်သဖုံး နှင့် ရွှေလောင်းမြို့တို့သည် တည်တ့ံချိန်တိုတောင်း၍ မထင်ရှား လှသော်လည်း နေရာမှာထင်ရှားရှိသည်။မရိုက်သဖုံး မြို့ဟောင်းမှ မရမ်းကုန်း ကတိုက်ကြီး ကတိုက်ကလေး တို့သည် မြန်မာပြည်တွင် ထူးခြားသော ထင်ရှားသော မြိ်ု့ဟောင်းရာများ ဖြစ်ကြသည်။ အရွယ်အစားသေးငယ်သော်လည်း မြို့တည်ပုံ ဆန်းပြားသည်။ ကတိုက်ကြီး ကတိုက်ကလေး တို့သည် ဇုတ်သုတ်နှင့် ကျိုက္ကသာ မြို့ဟောင်း တို့နှင့် တူလှစွာ ခြေဖဝါး ( ပါဒ ) ပုံမျိုး ရှိ၍ဆန်းသည်။

တိုက်ကလား ( ဝင်းက ) မြို့ဟောင်းမှာ အရေးပါသော မြို့ ဖြစ်သည်။ ထိုမြို့တွင် သီရိမာသောကမင်းလက်ထက် တွင် မဇ္စ ျိမဒေသ ၊ ပါလိပုတ္တရ မြို့မှ သာသနာပြု ရဟန်းတော်များ အရှင်သောဏ နှင့် အရှင်ဥတ္တရတို့ ကြွရောက်လာကြောင်း ပဲခူး ကလျာဏီ ကျောက်စာ၌ ရေးထိုးခဲ့သောကြောင့် သမိုင်းဆရာများ အမျိုးမျိုး ဝေဖန် သုံးသပ်လျက် ရှိသော ပြဿနာလည်းဖြစ်သည်။ မြန်မာ နိုင်ငံ အစောဆုံး ရှေးဟောင်းသုတေသန ပညာရှင် ဒေါက်တာ အီးဖော်ခမ်းမား ကအရေးတယူ ပြု၍ ၁၉၇၆ မှ ၁၉၇၈ အတွင်း ကုန်းပေါင်း (၆) ကုန်းအား ရှေးဟောင်းသုတေသန နည်းဖြင့် တူး ဖော်သုတေသနပြုခဲ့သောမြို့ဟောင်း ဖြစ်သည်။ဘီစီ-၃၃၆ မှ ဘီစီ-၉၄ ထိ မြို့သက်ပေါင်း (၂၄၂) နှစ်ဖြစ်ကြောင်း သိရသည်။

ဒဿမ သုဓမ္မဝတီမြို့ သုဝဏ္ဏဘူမိမြို့ မှာ အရေးအပါဆုံးသော မြို့ဖြစ်သည်။ဘီစီ-၉၄ မှ ဘီစီ - ၁၀၅၇ အထိ နှစ်ပေါင်း ၁၁၅၀ နှစ်တိုင် တည်တံ့ခဲ့သော မြန်မာ့ သက်တမ်းအရှည်ကြာဆုံး ရှေးမြို့တော် ကြီးဖြစ်သည်။ မင်းဆက်ပေါင်း (၄၈) ဆက်အုပ်စိုးခဲ့ပြီး မြို့နေရာ အတိအကျ ရှိ၍ မြို့ဟောင်းရာ ကျုံးရာ နန်းတော်ကုန်းဟောင်း များ အထင်အရှားရှိသည်။ရွှေစာရံ ၊ပိဋကတ်တိုက် ၊ဖောင်တော်ဦး ဘုရား ၊သိကြားဘုရား၊ ကလျာဏီကျောက်စာ၊ ရှေးဟောင်း ကျောက်စာတိုင် အကြွင်းအကျန်များ သည် ယခုသထုံမြို့သစ် နေရာတွင် ရှိနေသည်။ ထို့ကြောင့် သထုံတွင် မတင်မကျ ပြဿ နာပေါင်း မြောက်များစွာရှိနေသည် ။ ရှေးဟောင်းသုတေသန တူးဖော်နည်းများဖြင့် စနစ်တကျ ဖော်ထုတ်နိုင်ရန်လိုအပ်လျက် ရှိပါသည်။

ခေတ်ပြိုင်အယူအဆ နှင့် ထိုင်းတို့၏ သုဝဏဘူမိ။

မွန်တို့၏ အိမ်နီးချင်းဒေသ ထိုင်းနိုင်ငံသည် ရှမ်းရိုးမ၊ ဒေါန တောင်တန်းနှင့် တနင်္သာရီ တောင်တန်းတို့၏ တဖက်တွင်ရှိ၍ ရေမြေ အနေအထား ကွာခြားမှုမရှိလှပါ ။လေကွယ်ဖက် ရောက်ရှိ နေ၍ မုတ္တမပင်လယ်ကွေ့တွင်ရှိသော သထုံဒေသ ထက် မုတ်သုံမိုး ထက်ဝက်ခန့် လျော့နည်း သည်။ အဓိကမြစ်ကြီး ဖြစ်သော မဲနမ် -ချောင်ဖရာမြစ်က အလယ်ပိုင်း မှနေ၍ ထိုင်း ပင်လယ်ကွေ့တွင်းသို့စီးဝင်သည်။ ထို ပင်လယ်ကွေ့ကြီးကို သုဝဏ္ဏဘူမိဖြစ်မည်ဟု စွဲလမ်း ယုံကြည် လျက် ရှိပါသည်။ ကျောက်ခေတ် သစ်ကိုလွန်မြောက်ပြီး ကြေးခေတ်၊ သံခေတ်( ဘီစီ၂၀၀၀-၅၀၀) ကိုရောက်လာသည့်အခါ သက်ရင့် တောင်တန်းကြီးဖြစ်သော အရှေ့ရိုးမတောင်တန်းမှ ငေ၊ွ ခဲ၊ သွပ် ၊ခဲ မဖြူ ၊ခနောက်စိမ်း၊စသည့် အဖိုးတန် တွင်းထွက်များအပြင် သောင်ပြင်များတွင် ရွှေကိုလည်းကျင်ယူနိုင်သဖြင့် သုဝဏ္ဏဘူမိ ဟုထင်ရှားခြင်းဖြစ်သည်။ထိုတောင်တန်းကြီး၏ အနောက်ဖက် ရှိ မုတ္တမ ပင်လယ်ကွေ့တွင် သုဝဏ္ဏဘူမိအစဉ်အလာရှိသကဲ့သို့ အရှေ့ဖက် ထိုင်းပင်လယ်ကွေ့တွင်လည်း သုဝဏ္ဏဘူမိ အစဉ်အလာ ရှိနေသည်။ ယင်းအစဉ်အလာကို ရှေးဟောင်း သုတေသန တူးဖော်မှုများက အထောက်အကူပြုပါသည်။ထိုင်းတို့သည် ဒေါနတောင်တန်းကြီး၏ အရှေ့ဖက် တောင်ခြေ မှ တစ္ဆေဂူ ( spirit cave) မှ ကျောက်ခေတ်ဂူ အောင်းလူသားများ၏ အထောက်အထားများ ၊ဘန်ကောက် (Ban Kao)ရွာမှ ကျောက်ခေတ်သစ် ရွာဟောင်းကုန်း၊ ဒုံတားဖက်ရွာမှ ကြေးနှင့် သံခေတ်ဦး ရွာဟောင်းကုန်းတို့ကို တူးဖော်တွေ့ရှိခဲ့သည်။သံခေတ် ရှေးမြို့ဟောင်းယဉ်ကျေးမှုကို ဦးထောင်းမြို့ဟောင်း၊ နမ်ကွန်ပထုံမြို့ဟောင်း၊ ကူဘူးဝါးမြို့ဟောင်နှင့် ပုန်တုတ်မြို့ဟောင်းရာတို့တွင်တွေ့ရသည်။ထိုင်းပင် လယ်ကွေ့ မြို့ဟောင်းများ၏ ယဉ်ကျေးမှုကို ဒွါရဝတီ ယဉ်ကျေးမှုဟု လည်း ခေါ်ပါ သည်။ဒွါရဝတီ မြိို့တော်ကြီးကို သုဝဏ္ဏဘူမိ ဖြစ်သည်ဟု သက်သေပြရန် သုတေသန အချက်အလက်တို့ဖြင့် ထိုင်းတို့ ကြိုး ပမ်းနေကြပါသည်။သုဝဏ္ဏဘူမိမြို့ဟောင်းတည်နေရာဌာန နေရာဒေသကို ရှေးဟောင်းသုတေသနသမားများနှင့် သမိုင်း သုတေသီ များက အယူအဆကွဲပြားခဲ့ဖူးပါသည်။အောက်မြန်မာနိုင်ငံက သထုံဖြစ် သလား ၊ ထိုင်းတောင်ပိုင်းက ချိုင်းယ ( ဇယဘုမ္မိ) ဖြစ်သလား၊ ထိုင်းအလယ်ပိုင်း လွင်ပြင်မှ နမ်ကွမ်ပထုန်ဖြစ်သလား၊စူဖန်ပူရီ သုဝဏ္ဏပူရီ ဖြစ်သလားဟူသော အချက်များပင်ဖြစ်သည်။ထိုင်းနိုင်ငံ ၏ ကျောင်းသုံးစာအုပ် ( text book)တွင် အသောကခေတ်နှင့် ခေတ်ပြိုင် ရှေးဟောင်းယဉ်ကျေးမှု ပစ္စည်း များဖြစ်ကြသည့် ဓမ္မာစင်္ကြာလှည်းဘီး နှင့် သမင်ပုံ ကျောက်ဆစ် ရုပ်ကြီးကြောင့်လည်းကောင်း အိန္ဒိယ နိုင်ငံ ဆန်ချီပုထိုးတော်ကြီး နှင့်ပုံစံတူ စေတီတစ်ဆူရှိနေခြင်းကြောင့်လည်းကောင်း ထောက်ထားလျှင် နမ်ကွမ်ပထုန်မှ သုဝဏ္ဏပူရီအထိ ဖြန့်ကျက် လျက် ရှိနေသောဒေသကို သုဝဏ္ဏဘူမိ၏ ဗဟိုချက်အဖြင့် သတ်မှတ်သည်ဟု ထည့်သွင်းသင်ကြားခဲ့ပါသည်။

မင်းသားကြီး ဒင်မရောင်း၏ အယူအဆ။

ထိုင်း သုတေသန အသင်းကို ထိုင်းဘုရင့်တော်ဝင် မိသားစုမှ တည်ထောင် ခဲ့ပါသည်။မင်းသားကြီး ဒင်မရောင်းသည်( Prince Damrong) အသင်းကြီးတွင် အယုဒ္ဓယမြို့တော် တည်ထောင်ပုံ ဟူသောစာတမ်းကို ဦးစွာတင်သွင်းဖတ်ကြားခဲ့၍ ထိုင်းသုတေသန လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူဖြစ်သည်။မင်းသား ကြီးသည် အောက်မြန်မာနိုင်ငံမှ သထုံကို သုဝဏ္ဏဘူမိ ဟူသော သံသယစိတ်နှင့် စိတ်ဝင်စားခဲ့၍ ၁၉၃၅ ခုနှစ်တွင် မြန်မာနိုင်ငံ ပုဂံ ၊ ရန်ကုန်နှင့် သထုံ တို့သို့ ကိုယ်တိုင်ကိုယ်ကျ လာရောက် ကွင်းဆင်းလေ့လာ ခဲ့သည်။၎င်းအမြင်၌ သထုံမြို့ဟောင်းတွင် ရှေးဟောင်း ယဉ်ကျေးမှု အဆောက်အအုံ အကြွင်းအကျန် နည်းလွန်းသည် ဟူ၍ဖြစ်သည်။မြန်မာနိုင်ငံ သမိုင်းအကြောင်း ကျွမ်းကျင်သူ ဆာဂျော့စကော့ထံမှလည်း သထုံအကြောင်းကို စုံ စမ်းရာ သထုံတွင် အစိုးရ ပြန်တမ်းဝင် ရှေးဟောင်း အဆောက်အအုံ အကြွင်းအကျန်များ နည်းလွန်းသည် ဟူသော အဖြေကို ရခဲ့သည်။ထိုစဉ်က စကော့သည် အိန္ဒိယပြည်ထဲရေး ဝန်ကြီးဌာန မှ(၁၈၈၃-၁၉၁၉) ခုနှစ်အတွင်း ထုတ်ပြန်သော အမိန့်အရ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် အစိုးရမှ တရားဝင်ထုတ်ပြန်ထားသော ဂေဇက်ဝင်ရှေးဟောင်း အဆောက်အအုံ ဟူ၍ ရွှေစာရံ( သထုံ) ၊ သိကြားဘုရား( သထုံ ) ၊ ဇင်းကျိုက်ဘုရား(ဇင်းကျိုက်) ၊ကော့ဂွန်းဂူဘုရား(ကော့ဂွန်း)၊ ဇွဲကပင်ဘုရား( ဘားအံ) နှင့် ကျိုက်ထီးရိုးဘုရား (ကင်ပွန်းစခန်း) တို့သာရှိသည်ဟု ဖြေကြားခဲ့ပါသည်။ထို့ဖြင့် မင်းသားကြီးမှာ မိမိကိုယ်တိုင်ကလည်း ရှေးဟောင်းအဆောက်အအုံများ မတွေ့ ရခြင်း ၊ သြဇာတိက္ကမရှိသူ ပညာရှင်တစ်ဦးကလည်း အတည်ပြု ပေးခဲ့ခြင်းကြောင့် ပုဂံခေတ် အနော်ရထာမင်းကြီးနှင့် ခေတ်ပြိုင် ထွန်းကားခဲ့သော သုဝဏ္ဏဘူမိသည် မိမိနိုင်ငံ( ထိုင်း) နိုင်ငံ အတွင်း ရှိနကွန်ပထုမ် မြိ်ု့ဟောင်းသာဖြစ်ကြောင်း ယူဆသွား ခဲ့ပါသည်။ထိုယူဆချက်ကို သက်သေထူနိုင်ရန် အတွက် ပြင်သစ် ရှေးဟောင်းသုတေသန ပညာရှင်ကြီး ဒူးပွန့်ကို နကွန်ပထုမ် မြို့ဟောင်းတူးဖော်မှုကို ဦးစီးစေပြီး ပရထုမ်စေတီ ၊မြင့်မိုရ်တောင်စေတီ၊ အပါအဝင် ရှေးဟောင်း ဌာနများကို သုတေ သနပြု ဖော်ထုတ် စေခဲ့သည်။ ကမ္ဗည်းကျောက်စာရှင် ဂျော့ဆေး ဒေးက နကွန်ပထုမ် မှ ယေဓမ္မာ ဂါထာ အုတ်ခွက်စာ လက်ရေး ကိုလေ့လာ၍ အေဒီ ၇- ရာစု ရက်စွဲကို သတ်မှတ်ပေးခဲ့သည်။ ဒူးပွန့်ကလည်း မြင့်မိုရ်တောင်စေတီ ၏ပန္နက် တောင် ပုဂံကျန်စစ် သားမင်းကြီး၏ ကောင်းမှု အာနန္ဒာဂူဘုရား၏ ပန္နက်တော်နှင့် ဆင်တူကြောင်း ကောက်ချက်ချပေးခဲ့သည်။ ယင်းအဖြေတို့ကိုထောက်ထား၍ နကွန်ပထုမ် သည် ပုဂံနှင့် ခေတ်ပြိုင်ထွန်းကားသော (သို့) ပုဂံ မတိုင်မီက မြို့တော်တစ်ခုဖြစ်ခဲ့ကြောင်း အနော်ရထာမင်း လာရောက်တိုက်ခိုက်သော သုဝဏ္ဏဘူမိမှာ နကွန်ပထုမ် ဖြစ်ကြောင်း စစ်ချီလာသော အနော်ရထာမင်းနှင့်အတူ သူရဲကောင်း ကျန်စစ်သားသည်လိုက်ပါလာ၍ မြင့်မိုရ်တောင် စေတီ ကိုတွေ့မြင်ပြီး အာနန္ဒာဂူဘုရားကို ပုံစံတူတည်ခဲ့ကြောင်း သမိုင်းကြောင်းကောက်ချက်ချမှုများ ကြုံတွေ့ လာပါသည်။သုဝဏ္ဏဘူမိသည် သထုံတွင်မရှိ နမ်ကွမ်ပထုန် တွင်သာ ရှိသည် ဟုလည်း သတ်မှတ်လိုက် ကြပါသည်။ ထို့ပြင် မင်းသားကြီး ဒမ်ရောင်းက ဖရာ့ ကျောက်ဥတောင်းမင်းက အယုဒ္ဓယ နိုင်ငံကို မတည်ထောင်မီ ယိုးဒယားနိုင်ငံသမိုင်းဟူသောစာတမ်းကို ထိုင်း သုတေသနအသင်းဂျာနယ်တွင် တင်ပြလိုက်ပါသည်။ဒေါက်တာ ကွာရစ်ဝေးလ် နှင့် ပေါဝစ်တလေ ဆိုသူတို့ကလည်း ၎င်း အယူအဆ နှင့် ဆင်တူရိုးမှား ဖော်ပြလာကြပါသည်။

ထိုင်းသုတေသနတူးဖော်မှု၏ဂရက်။

နကွန်ပထုမ် ၊ ဥထောင်း၊ ပုံထုတ်၊ကူဘူးဝါး၊ လော့ယူရီ၊မူဝင်ဖရာ ရွတ်၊ ဒုံစရီမဟိုစွတ်၊ စရီထက်၊ ဘန်ခူမူဝင်၊ စပ်ချန်ပါ၊ လန်ဖုံး စသည်တို့သည် ဒွါရဝတီ မြို့ဟောင်းတို့ဖြစ်ကြပါသည်။ဒွါရဝတီမြို့ဟောင်းတို့တွင်တွေ့ရသော ရှေးဟောင်း အဆောက်အအုံများ၏ ဗိသုကာ လက်ရာတို့ မှာ အိန္ဒိယ အရှေ့မြောက် ပိုင်း ဂုပ္ပတ ခေတ်တွင်တွေ့ရသော လက်ရာ များ ဖြစ်ကြောင်းသိရပါသည်။ ကျောက်စာ ၊ ကြေးပြားစာ စသည့် စာ အရေးအသားမှာလည်း ဂုပ္ပတ ခေတ်အရေးအသားများ ဖြစ်သည်။ဗုဒ္ဓဆင်းတုတော်များ လက်ရာနှင့် ဓမ္မစင်္ကြာလှည်းဘီး လက်ရာတို့မှာ ဗာရာဏသီ ၊ဆာရ်နတ်ဒေသ အနုပညာ ဟန်မျိုး ဖြစ်၍ မောရိယ ခေတ်အနုပညာ နှင့် ဆက်နွယ်မှုရှိသည်။

ဒုတိယ ကမ္ဘာစစ်ကြီး ပြီးသွားပြီးနောက် သေမင်းတမန် ရထားလမ်း ဖောက်လုပ်ရေး လုပ်ငန်းတွင် ပါဝင်ခဲ့သော ရှေးဟောင်း သုတေသန ပညာရှင် ဒတ်ရှ်လူမျိုး သုံ့ပန်း ဗီဟီ ကေရင် ဆိုသူသည် စစ်အတွင်းတွင် ဤဒေသ၌ ကျောက်ခေတ် လက်နက် ကရိယာ များကိုတွေ့ ရှိ ခဲ့ ရာမှ စစ်ပြီးသွား သောအခါ ထိုင်းအစိုးရကိုခွင့်တောင်းပြီး သုတေသနပြုခွင့် ရသွားခဲ့သည်။ ၎င်း အခွင့်အရေးမှာ အစဉ်အလာ တစ်ခုလည်း ဖြစ်သွားခဲ့ ပါသည်။ ထိုင်း၊ အမေရိကန်၊ သြစတေးလျ၊ ဗြိတိန် နှင့် နယူး ဇီလန် ရှေးဟောင်း သုတေသီများနှင့်ပါ လက်တွဲဆောင်ရွက် ခဲ့သည် အထိ တိုးတက်ခဲ့သည်။ ဗီဟီကေရင်၏ သမိုင်းမတင်မီ ခေတ် ရှာဖွေတွေ့ရှိမှုများကြောင့် ထိုင်းတို့သည်လည်း သမိုင်းမ တင်မီခေတ်ကို အထူးစိတ်ဝင်စား၍ ရှေးမြို့ဟောင်း ဒွါရဝတီ ကို တူးဖော်၍သုတေသနပြုခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် ခဲ့သည်။ ထို့ကြောင့် ၁၉၅၃ မှ ၁၉၉၆အတွင်း ဒွါရဝတီ မြို့ဟောင်းရာပေါင်း ၁၃ ခုကို တူးဖော်သုတေသန ပြုနိုင်ခဲ့သည်။ နည်းပညာ အားသာချက်များ အင်မတန်ကောင်းသော ပံ့ပိုးမှုများ နှင့် ထိုင်းတို့၏ သုဝဏဘူမိ ရှာပုံတော်သည် ဤမျှထိ ခရီးပေါက်နေသော်လည်း သထုံမြို့ဟောင်း အတွက်မူ တိမ်ခိုးများဖုံးလွှမ်း ခံရသလို မှုန်ဝါးလှသည်။ခေတ်ပြိုင်မှတ်တမ်း များထဲတွင်လည်း ဒွါရဝတီ ယဉ်ကျေးမှုသည် သုဝဏ္ဏဘူမိ ယဉ်ကျေးမှုနှင့်ဆက်စပ်လျှက် ရှိပေရာ ရှေးဟောင်း ဗိသုကာလက်ရာတို့မှာ ဆင်တူရိုးမှားဖြစ်နေသည်မှာမဆန်းလှပေ ။ သို့သော် ထိုင်းသုတေသီတို့ တူးဖော်အဖြေရှာခဲ့သလို သံသယ နေရာ အဖြစ်သတ်မှတ်ခြင်းခံရသော သထုံကို တူးဖော်အဖြေရှာ၍ ပေါ်ထွက်လာသော ရလာဒ်များကို တ်ိုက်ဆိုင်ကြည့်သင့်ပါသည်။ ထိုအခါမှ မည်သည့်မြို့ဟောင်းသည် သုဝဏ္ဏဘူမိ ဖြစ်ကြောင်း အတည်ပြုသင့်သည်မှာ သမိုင်းသုတေသီကောင်းတို့၏သိက္ခာ အမှန်ပင်ဖြစ်သည်။ ဤသို့အားဖြင့် နကွန်ပထုမ် ကို သုဝဏ္ဏဘူမိ ဟုအတည်ပြုလိုက်ခြင်းအားဖြင့် မြန်မာတို့အတွက် ဂုဏ်ယူဖွယ် အလွန်ရှေးကျသော ၊ ဘာသာရေး ကနဦး ပြယုဒ်ဖြစ်သော မြန်မာ့ ပိုင်မြို ့ကြီးတစ်ခု၏ သမိုင်းကြောင်း အမွေအလု ခံလိုက်ရခြင်း သည် အိမ်နီချင်းဆိုးများကိုသာ အစဉ်အဆက်ပိုင်ဆိုင်လာသော မြန်မာနိုင်ငံကြီးအတွက် မပြယ်နိုင်သော ကျိန်စာတစ်ခု သာဖြစ်တော့သည် ။သို့သော် အမွေစစ်သည်ကား အမိမြေအပေါ် တွင်တည်ရှိရိုးမှန်လျှင် စနစ်တကျ ဖော်ထုတ် သင့်သည်။ မည်သို့သောရလာဒ် ပေါ်ထွက်လာသည်ဖြစ်စေ တည်ငြိမ်စွာ လက်ခံပေးနိုင်စွမ်း လည်းရှိရမည်။ နောင် ဆောင်းပါး များတွင် ပညာရှင်များ မည်သို့အငြင်းပွား၍ ရာမညတိုင်း၏ အဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှု အမွေအနှစ် ဖြစ်သော သုဝဏ္ဏဘူမိကို မည်သို့ ကျိုးစား ဖော်ထုတ်ခဲ့ကြသည်ကို ဆက်လက်ဖော်ပြပါဦးမည်။

သုဝဏၰဘူမိရာဇဝင္ကို ခြဲျခမ္းၾကည့္ေသာ္။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏
သထံုရာဇဝင္ပါအေၾကာင္းအရာတို႔သည္ ေခတ္ျပိဳင္ ေက်ာက္စာလည္းမဟုတ္၊ သမိုင္းမွတ္တမ္းလည္းမဆိုသာ ၊ ဒ႑ာရီပါ အေၾကာင္းအရာတို႔ကို သမိုင္းနည္းျဖင့္ အခ်ိန္ကာလ၊ ေနရာေဒသနွင့္ အျဖစ္အပ်က္မ်ားကို ထုတ္နႈတ္ျပီးဆန္းစစ္ တင္ျပပါမည္။အခ်ိန္ကာလအားျဖင့္ ဗုဒၶေခတ္နွင့္ ဗုဒၶလြန္ေခတ္ အေၾကာင္းတို႔ပါဝင္ေနသည္။ သုဝဏၰဘူမိ သထံုျပည္ကို ဗုဒၶျမတ္ စြာမပြင့္ခင္က တည္ေထာင္ခဲ႔သည္ဆိုထား၏။ တဖန္ သိၾကား ၊ ရေသ့ ၊ ဝိဇၨာဓိုရ္ တို႔တည္ေထာင္ခဲ႔ေသာ ပထမ နွင့္ ဒုတိယ သုဓမၼ ဝတီ တို႔သည္လည္းပါဝင္ေလရာ ျမိဳ႕႐ိုးခုနွစ္ထပ္ က်ံဳးခုနွစ္ထပ္ျဖင့္ တည္ေပးခဲ႔သည္ဟုမွတ္သားဖြယ္ရာ ေတြ႔ရသည္။ထို႔ျပင္သထံုျမိဳ႕တြင္ ျမိဳ႕႐ိုးအထပ္ထပ္ျဖင့္ တည္ထား ေသာျမိဳ႕ေဟာင္းရာမ်ားကို ေကာင္းကင္ဓါတ္ပံုမ်ားမွ ႐ွာေဖြေတြ႕႐ွိထားေပသည္။ဥပမာ က်ိဳကၠရာ ျမိဳ႕ေဟာင္းအရာဆို လွ်င္ ျမိဳ႕႐ိုးခုနွစ္ထပ္ထက္မနည္း ႐ွိသည္ကိုေတြ႔နိုင္ပါသည္။ ဇုတ္သုတ္ျမိဳ႕ေဟာင္းတြင္လည္း ျမိဳ႕႐ိုးအထပ္ မ်ားပါသည္။ ဤ ျမိဳ႕ေဟာင္းနွစ္ျမိဳ႕မွာ အ႐ြယ္အစား မေသးငယ္လွေပ။ျမိဳ႕တည္ရာအေနအထားကလည္း ေကာင္းသည္။ က်ိဳကၠသာ မွာ စစ္ေတာင္းျမစ္ဝတြင္႐ွိျပီး ဇုတ္သုတ္မွာဘီးလင္းျမစ္ဝ တြင္႐ွိသည္။ေ႐ွးေဟာင္း အေဆာက္အအံု နွင့္ ယဥ္ေက်းမႈလက္ ရာ အၾကြင္းအက်န္ မ်ားေတြ႕႐ွိရပါသည္။
ဒုတိယ သုဓမၼဝတီျမိဳ႕သည္လည္း ျမိဳ႕႐ိုး ခုနွစ္ထပ္ က်ံဳး ခုနွစ္ထပ္ ျဖင့္တည္ခဲ႔သည္။ တည္ေထာင္ခ်ိန္ကို မသိရေပ။ဗုဒၶဘုရား မပြင္မီ ဟုသာမွတ္ရသည္။ ျမိဳ႕တည္ေသာ ေနရာ မွာ ရေသ့နွစ္ပါးသီတင္းသံုးရာေတာင္နွစ္ခုၾကား ဟုဆိုျပီး ထိုျမိဳ႕ အတြက္ ျမိဳ႕ေဟာင္းရာ အတည္မျပဳနိုင္ေသးေပ။
တတိယ သုဓမၼဝတီျမိဳ႕သည္လည္း တည္ေထာင္သည့္ ရက္စြဲ မသိရေပ။ျမိဳ႕တည္ေသာေနရာမွာ ယခုသထံုျမိဳ႕ အေ႐ွ႕ က္ ေတာင္တန္းၾကီးမွ ေဂါ့ေတာင္၏ေျမာက္ဖက္အရပ္ ဟုဆိုထား သည္။ယခုသထံုျမိဳ႕အနီးဝန္းက်င္ျဖစ္သည္။ အစနွစ္နွင့္ အဆံုးနွစ္ ကိုမသိ၍ ျမိဳ႕ေဟာင္းရာကိုလည္း အတည္မျပဳနိုင္ပါ။
စတုတၳ သုဓမၼဝတီျမိဳ႕သည္ တတိယ သုဓမၼဝတီျမိဳ႕ေနရာမွာပင္ အသစ္ထပ္မံတည္ေသာျမိဳ႕ ျဖစ္ပါသည္ဥကေပါက္ေသာလူသား အေၾကာင္းပါဝင္၍ ဒ႑ာရီဆန္ပါသည္။ ျမိဳ႕တည္ခ်ိန္ကား ဗုဒၶ ပြင့္ခ်ိန္နွင့္ တိုက္ဆိုင္ပါသည္။အိႏၵိယ က်မ္းစာမ်ားတြင္ မပါဝင္ေသာ ဂဝံပတိ ရဟႏၲာ အေၾကာင္းပါဝင္ေန၍ သုေတသန အျမင္တြင္ေျပာစရာျဖစ္ေနပါသည္။ သို႔ေသာ္ ဂဝံပတိ ရဟႏၲာ၏ အမည္ သည္ အိႏၵိယတြင္မထင္႐ွားလွေပ ။ပုဂံေခတ္မူလထိုး ေက်ာက္စာတခ်ပ္တြင္ေတာ့ ဂဝံတိ ရဟႏၲာအမည္ပါ႐ွိသည္။ေအာက္ျမန္မာနိုင္ငံ၊ သထံုေဒသ တြင္မေတာ့ ဂဝံပတိ ရဟႏၲာသည္ ၎ပင့္ေဆာင္လာ၍ ယေန႔တိုင္ ကိုးကြယ္ ေနၾက ေသာ သြားေတာ္ဓါတ္ေတာ္မ်ား ၊ ဗုဒၶ ဆံေတာ္မ်ား ေၾကာင့္ ဖယ္ထုတ္၍မရ နိုင္ေသာ သမိုင္းဝင္ပုဂၢိဳလ္ပင္ျဖစ္ သည္။
ေ႐ွးေဟာင္း သုေတသနအျမင္နွင့္ဆိုလွ်င္ ဤစတုတၳ သုဓမၼဝတီ ျမိဳ႕သည္ ျမိဳရိုး(၇) ထပ္ က်ံဳး(၇) ထပ္ နွင့္တည္သည္။တည္ေသာခုနွစ္ကို အတိအက်သိရသည္။ ျမိဳ႕တည္စဥ္ကာလ အတြင္း သမိုင္းဝင္အျဖစ္အပ်က္ မ်ားစြာ႐ွိခဲ႔သည္။သထံုနယ္မွ ဆံေတာ္ေစတီ(၁၅) ဆူ၊ သြားေတာ္ ဓါတ္ေစတီ(၁၁)ဆူ၊ အမည္ထင္႐ွားလ်က္ ယေန႔တိုင္တည္႐ွိေနသည္။ ထို႔ျပင္ သုဝဏမင္းၾကီး တည္ထားခဲ႔ေသာ ေ႐ႊစာရံေစတီ၊ ျမသပိတ္ေစ တီ၊သရကလ်ာဏီကုန္းေစတီ၊ ဇံသီးေစတီ၊ နန္းေတာ္ဦးေစတီ၊ ရဟႏၲာတိုက္ေတာ္စသည့္ အေဆာက္အအံုမ်ား ယေန႔တိုင္တည္႐ွိေနသည္။ဤသည္တို႔မွာ ေ႐ွးေဟာင္း သုေတသန နည္းျဖင့္ စူးစမ္း ေလ့လာအေျဖ႐ွာရမည္ ျဖစ္သည္။သထံုျမိဳ႕ေဟာင္း မွျမိဳ႕႐ိုးေဟာင္းမ်ားကိုလည္း ဘီစီ-၅၈၂ တြင္ တည္ခဲ႔သေလာဟု စနစ္တက် စူးစမ္းေလ့လာ ေဖာ္ထုတ္သင့္ ပါသည္။
ပဥၥမ သုဓမၼဝတီျမိဳ႕(ဥပေဒဝျမိဳ႕)သည္ ေျမမ်ိဳသြားေသာ ျမိဳ႕ရာ ေဟာင္း၏ေတာင္ဖက္ ကပ္လွ်က္ ျမိဳ႕႐ိုးသံုးထပ္ က်ံဳးသံုးထပ္ ( ယခု သထံုျမိဳ႕ေဟာင္းေနရာ)တြင္တည္ထား သည္ဟုဆို၏။
ဆဌမ သုဓမၼဝတီျမိဳ႕( ဓညဝတီျမိဳ႕ )သည္ယခု မုတၱမ ျမိဳ႕အနီး တြင္ ႐ွိသည္။ပဲခူး၊ ဟံသာဝတီ၊ တို႔ကိုထူေထာင္ေသာ သမလ နွင့္ ဝိမလ မင္းသားတို႔၏ ေမြးရပ္ဇာတိ လည္းျဖစ္သည္။ သထံု နွင့္ ပဲခူး ေခတ္ျပိဳင္ထြန္းကားခဲ႔ပံုကိုလည္း ေလ့လာနိုင္သည္။ သုေတသန ျပဳသင့္ေသာ ျမိဳ႕ေဟာင္းေနရာျဖစ္သည္။
သတၱမ သုဓမၼဝတီျမိဳ႕ ( မ႐ိုက္သဖံုးျမိဳ႕ ) ၊ အဌမ သုဓမၼဝတီျမိဳ႕( ေ႐ႊေလာင္းျမိဳ႕ )၊ နဝမ သုဓမၼဝတီျမိဳ႕တိုက္ကလား ( ဝင္းက ) ၊မူလ သုဓမၼဝတီမွ ေျမာက္ဖက္သို႔ ခြဲထြက္သြားသည္။ မ႐ိုက္သဖံုး နွင့္ ေ႐ႊေလာင္းျမိဳ႕တို႔သည္ တည္တ့ံခ်ိန္တိုေတာင္း၍ မထင္႐ွား လွေသာ္လည္း ေနရာမွာထင္႐ွား႐ွိသည္။မ႐ိုက္သဖံုး ျမိဳ႕ေဟာင္းမွ မရမ္းကုန္း ကတိုက္ၾကီး ကတိုက္ကေလး တို႔သည္ ျမန္မာျပည္တြင္ ထူးျခားေသာ ထင္႐ွားေသာ ျမိ္ဳ႕ေဟာင္းရာမ်ား ျဖစ္ၾကသည္။ အ႐ြယ္အစားေသးငယ္ေသာ္လည္း ျမိဳ႕တည္ပံု ဆန္းျပားသည္။ ကတိုက္ၾကီး ကတိုက္ကေလး တို႔သည္ ဇုတ္သုတ္နွင့္ က်ိဳကၠသာ ျမိဳ႕ေဟာင္း တို႔နွင့္ တူလွစြာ ေျခဖဝါး ( ပါဒ ) ပံုမ်ိဳး ႐ွိ၍ဆန္းသည္။
တိုက္ကလား ( ဝင္းက ) ျမိဳ႕ေဟာင္းမွာ အေရးပါေသာ ျမိဳ႕ ျဖစ္သည္။ ထိုျမိဳ႕တြင္ သီရိမာေသာကမင္းလက္ထက္ တြင္ မဇၥ ်ိမေဒသ ၊ ပါလိပုတၱရ ျမိဳ႕မွ သာသနာျပဳ ရဟန္းေတာ္မ်ား အ႐ွင္ေသာဏ နွင့္ အ႐ွင္ဥတၱရတို႔ ၾကြေရာက္လာေၾကာင္း ပဲခူး ကလ်ာဏီ ေက်ာက္စာ၌ ေရးထိုးခဲ႔ေသာေၾကာင့္ သမိုင္းဆရာမ်ား အမ်ိဳးမ်ိဳး ေဝဖန္ သံုးသပ္လ်က္ ႐ွိေသာ ျပႆနာလည္းျဖစ္သည္။ ျမန္မာ နိုင္ငံ အေစာဆံုး ေ႐ွးေဟာင္းသုေတသန ပညာ႐ွင္ ေဒါက္တာ အီးေဖာ္ခမ္းမား ကအေရးတယူ ျပဳ၍ ၁၉၇၆ မွ ၁၉၇၈ အတြင္း ကုန္းေပါင္း (၆) ကုန္းအား ေ႐ွးေဟာင္းသုေတသန နည္းျဖင့္ တူး ေဖာ္သုေတသနျပဳခဲ႔ေသာျမိဳ႕ေဟာင္း ျဖစ္သည္။ဘီစီ-၃၃၆ မွ ဘီစီ-၉၄ ထိ ျမိဳ႕သက္ေပါင္း (၂၄၂) နွစ္ျဖစ္ေၾကာင္း သိရသည္။
ဒႆမ သုဓမၼဝတီျမိဳ႕ သုဝဏၰဘူမိျမိဳ႕ မွာ အေရးအပါဆံုးေသာ ျမိဳ႕ျဖစ္သည္။ဘီစီ-၉၄ မွ ဘီစီ - ၁၀၅၇ အထိ နွစ္ေပါင္း ၁၁၅၀ နွစ္တိုင္ တည္တံ့ခဲ႔ေသာ ျမန္မာ့ သက္တမ္းအ႐ွည္ၾကာဆံုး ေ႐ွးျမိဳ႕ေတာ္ ၾကီးျဖစ္သည္။ မင္းဆက္ေပါင္း (၄၈) ဆက္အုပ္စိုးခဲ႔ျပီး ျမိဳ႕ေနရာ အတိအက် ႐ွိ၍ ျမိဳ႕ေဟာင္းရာ က်ံဳးရာ နန္းေတာ္ကုန္းေဟာင္း မ်ား အထင္အ႐ွား႐ွိသည္။ေ႐ႊစာရံ ၊ပိဋကတ္တိုက္ ၊ေဖာင္ေတာ္ဦး ဘုရား ၊သိၾကားဘုရား၊ ကလ်ာဏီေက်ာက္စာ၊ ေ႐ွးေဟာင္း ေက်ာက္စာတိုင္ အၾကြင္းအက်န္မ်ား သည္ ယခုသထံုျမိဳ႕သစ္ ေနရာတြင္ ႐ွိေနသည္။ ထို႔ေၾကာင့္ သထံုတြင္ မတင္မက် ျပႆ နာေပါင္း ေျမာက္မ်ားစြာ႐ွိေနသည္ ။ ေ႐ွးေဟာင္းသုေတသန တူးေဖာ္နည္းမ်ားျဖင့္ စနစ္တက် ေဖာ္ထုတ္နိုင္ရန္လိုအပ္လ်က္ ႐ွိပါသည္။
ေခတ္ျပိဳင္အယူအဆ နွင့္ ထိုင္းတို႔၏ သုဝဏဘူမိ။
မြန္တို႔၏ အိမ္နီးခ်င္းေဒသ ထိုင္းနိုင္ငံသည္ ႐ွမ္း႐ိုးမ၊ ေဒါန ေတာင္တန္းနွင့္ တနသၤာရီ ေတာင္တန္းတို႔၏ တဖက္တြင္႐ွိ၍ ေရေျမ အေနအထား ကြာျခားမႈမ႐ွိလွပါ ။ေလကြယ္ဖက္ ေရာက္႐ွိ ေန၍ မုတၱမပင္လယ္ေကြ႕တြင္႐ွိေသာ သထံုေဒသ ထက္ မုတ္သံုမိုး ထက္ဝက္ခန္႔ ေလ်ာ့နည္း သည္။ အဓိကျမစ္ၾကီး ျဖစ္ေသာ မဲနမ္ -ေခ်ာင္ဖရာျမစ္က အလယ္ပိုင္း မွေန၍ ထိုင္း ပင္လယ္ေကြ႕တြင္းသို႕စီးဝင္သည္။ ထို ပင္လယ္ေကြ႕ၾကီးကို သုဝဏၰဘူမိျဖစ္မည္ဟု စြဲလမ္း ယံုၾကည္ လ်က္ ႐ွိပါသည္။ ေက်ာက္ေခတ္ သစ္ကိုလြန္ေျမာက္ျပီး ေၾကးေခတ္၊ သံေခတ္( ဘီစီ၂၀၀၀-၅၀၀) ကိုေရာက္လာသည့္အခါ သက္ရင့္ ေတာင္တန္းၾကီးျဖစ္ေသာ အေ႐ွ႕႐ိုးမေတာင္တန္းမွ ေင၊ြ ခဲ၊ သြပ္ ၊ခဲ မျဖဴ ၊ခေနာက္စိမ္း၊စသည္႔ အဖိုးတန္ တြင္းထြက္မ်ားအျပင္ ေသာင္ျပင္မ်ားတြင္ ေ႐ႊကိုလည္းက်င္ယူနိုင္သျဖင့္ သုဝဏၰဘူမိ ဟုထင္႐ွားျခင္းျဖစ္သည္။ထိုေတာင္တန္းၾကီး၏ အေနာက္ဖက္ ႐ွိ မုတၱမ ပင္လယ္ေကြ႕တြင္ သုဝဏၰဘူမိအစဥ္အလာ႐ွိသကဲ႔သို႔ အေ႐ွ႔ဖက္ ထိုင္းပင္လယ္ေကြ႕တြင္လည္း သုဝဏၰဘူမိ အစဥ္အလာ ႐ွိေနသည္။ ယင္းအစဥ္အလာကို ေ႐ွးေဟာင္း သုေတသန တူးေဖာ္မႈမ်ားက အေထာက္အကူျပဳပါသည္။ထိုင္းတို႔သည္ ေဒါနေတာင္တန္းၾကီး၏ အေ႐ွ႕ဖက္ ေတာင္ေျခ မွ တေစၦဂူ ( spirit cave) မွ ေက်ာက္ေခတ္ဂူ ေအာင္းလူသားမ်ား၏ အေထာက္အထားမ်ား ၊ဘန္ေကာက္ (Ban Kao)႐ြာမွ ေက်ာက္ေခတ္သစ္ ႐ြာေဟာင္းကုန္း၊ ဒံုတားဖက္႐ြာမွ ေၾကးနွင့္ သံေခတ္ဦး ႐ြာေဟာင္းကုန္းတို႔ကို တူးေဖာ္ေတြ႕႐ွိခဲ႔သည္။သံေခတ္ ေ႐ွးျမိဳ႕ေဟာင္းယဥ္ေက်းမႈကို ဦးေထာင္းျမိဳ႕ေဟာင္း၊ နမ္ကြန္ပထံုျမိဳ႕ေဟာင္း၊ ကူဘူးဝါးျမိဳ႕ေဟာင္နွင့္ ပုန္တုတ္ျမိဳ႕ေဟာင္းရာတို႔တြင္ေတြ႕ရသည္။ထိုင္းပင္ လယ္ေကြ႕ ျမိဳ႕ေဟာင္းမ်ား၏ ယဥ္ေက်းမႈကို ဒြါရဝတီ ယဥ္ေက်းမႈဟု လည္း ေခၚပါ သည္။ဒြါရဝတီ ျမိိဳ႕ေတာ္ၾကီးကို သုဝဏၰဘူမိ ျဖစ္သည္ဟု သက္ေသျပရန္ သုေတသန အခ်က္အလက္တို႔ျဖင့္ ထိုင္းတို႔ ၾကိဳး ပမ္းေနၾကပါသည္။သုဝဏၰဘူမိျမိဳ႔ေဟာင္းတည္ေနရာဌာန ေနရာေဒသကို ေ႐ွးေဟာင္းသုေတသနသမားမ်ားနွင့္ သမိုင္း သုေတသီ မ်ားက အယူအဆကြဲျပားခဲ႔ဖူးပါသည္။ေအာက္ျမန္မာနိုင္ငံက သထံုျဖစ္ သလား ၊ ထိုင္းေတာင္ပိုင္းက ခ်ိဳင္းယ ( ဇယဘုမိၼ) ျဖစ္သလား၊ ထိုင္းအလယ္ပိုင္း လြင္ျပင္မွ နမ္ကြမ္ပထုန္ျဖစ္သလား၊စူဖန္ပူရီ သုဝဏၰပူ႐ီ ျဖစ္သလားဟူေသာ အခ်က္မ်ားပင္ျဖစ္သည္။ထိုင္းနိုင္ငံ ၏ ေက်ာင္းသံုးစာအုပ္ ( text book)တြင္ အေသာကေခတ္နွင့္ ေခတ္ျပိဳင္ ေ႐ွးေဟာင္းယဥ္ေက်းမႈ ပစၥည္း မ်ားျဖစ္ၾကသည့္ ဓမၼာစၾကၤာလွည္းဘီး နွင့္ သမင္ပံု ေက်ာက္ဆစ္ ႐ုပ္ၾကီးေၾကာင့္လည္းေကာင္း အိႏၵိယ နိုင္ငံ ဆန္ခ်ီပုထိုးေတာ္ၾကီး နွင့္ပံုစံတူ ေစတီတစ္ဆူ႐ွိေနျခင္းေၾကာင့္လည္းေကာင္း ေထာက္ထားလွ်င္ နမ္ကြမ္ပထုန္မွ သုဝဏၰပူရီအထိ ျဖန္႔က်က္ လ်က္ ႐ွိေနေသာေဒသကို သုဝဏၰဘူမိ၏ ဗဟိုခ်က္အျဖင့္ သတ္မွတ္သည္ဟု ထည့္သြင္းသင္ၾကားခဲ႔ပါသည္။
မင္းသားၾကီး ဒင္မေရာင္း၏ အယူအဆ။
ထိုင္း သုေတသန အသင္းကို ထိုင္းဘုရင့္ေတာ္ဝင္ မိသားစုမွ တည္ေထာင္ ခဲ႔ပါသည္။မင္းသားၾကီး ဒင္မေရာင္းသည္( Prince Damrong) အသင္းၾကီးတြင္ အယုဒၶယျမိဳ႕ေတာ္ တည္ေထာင္ပံု ဟူေသာစာတမ္းကို ဦးစြာတင္သြင္းဖတ္ၾကားခဲ႔၍ ထိုင္းသုေတသန လႈပ္႐ွားမႈကို ဦးေဆာင္ခဲ႔သူျဖစ္သည္။မင္းသား ၾကီးသည္ ေအာက္ျမန္မာနိုင္ငံမွ သထံုကို သုဝဏၰဘူမိ ဟူေသာ သံသယစိတ္နွင့္ စိတ္ဝင္စားခဲ႔၍ ၁၉၃၅ ခုနွစ္တြင္ ျမန္မာနိုင္ငံ ပုဂံ ၊ ရန္ကုန္နွင့္ သထံု တို႔သို႔ ကိုယ္တိုင္ကိုယ္က် လာေရာက္ ကြင္းဆင္းေလ့လာ ခဲ႔သည္။၎အျမင္၌ သထံုျမိဳ႕ေဟာင္းတြင္ ေ႐ွးေဟာင္း ယဥ္ေက်းမႈ အေဆာက္အအံု အၾကြင္းအက်န္ နည္းလြန္းသည္ ဟူ၍ျဖစ္သည္။ျမန္မာနိုင္ငံ သမိုင္းအေၾကာင္း ကၽြမ္းက်င္သူ ဆာေဂ်ာ့စေကာ့ထံမွလည္း သထံုအေၾကာင္းကို စံု စမ္းရာ သထံုတြင္ အစိုးရ ျပန္တမ္းဝင္ ေ႐ွးေဟာင္း အေဆာက္အအံု အၾကြင္းအက်န္မ်ား နည္းလြန္းသည္ ဟူေသာ အေျဖကို ရခဲ႔သည္။ထိုစဥ္က စေကာ့သည္ အိႏိၵယျပည္ထဲေရး ဝန္ၾကီးဌာန မွ(၁၈၈၃-၁၉၁၉) ခုနွစ္အတြင္း ထုတ္ျပန္ေသာ အမိန္႔အရ တနသၤာရီတိုင္းနွင့္ မြန္ျပည္နယ္တို႔တြင္ အစိုးရမွ တရားဝင္ထုတ္ျပန္ထားေသာ ေဂဇက္ဝင္ေ႐ွးေဟာင္း အေဆာက္အအံု ဟူ၍ ေ႐ႊစာရံ( သထံု) ၊ သိၾကားဘုရား( သထံု ) ၊ ဇင္းက်ိဳက္ဘုရား(ဇင္းက်ိဳက္) ၊ေကာ့ဂြန္းဂူဘုရား(ေကာ့ဂြန္း)၊ ဇြဲကပင္ဘုရား( ဘားအံ) နွင့္ က်ိဳက္ထီး႐ိုးဘုရား (ကင္ပြန္းစခန္း) တို႔သာ႐ွိသည္ဟု ေျဖၾကားခဲ႔ပါသည္။ထို႔ျဖင့္ မင္းသားၾကီးမွာ မိမိကိုယ္တိုင္ကလည္း ေ႐ွးေဟာင္းအေဆာက္အအံုမ်ား မေတြ႔ ရျခင္း ၊ ၾသဇာတိကၠမ႐ွိသူ ပညာ႐ွင္တစ္ဦးကလည္း အတည္ျပဳ ေပးခဲ႔ျခင္းေၾကာင့္ ပုဂံေခတ္ အေနာ္ရထာမင္းၾကီးနွင့္ ေခတ္ျပိဳင္ ထြန္းကားခဲ႔ေသာ သုဝဏၰဘူမိသည္ မိမိနိုင္ငံ( ထိုင္း) နိုင္ငံ အတြင္း ႐ွိနကြန္ပထုမ္ ျမိ္ဳ႕ေဟာင္းသာျဖစ္ေၾကာင္း ယူဆသြား ခဲ႔ပါသည္။ထိုယူဆခ်က္ကို သက္ေသထူနိုင္ရန္ အတြက္ ျပင္သစ္ ေ႐ွးေဟာင္းသုေတသန ပညာ႐ွင္ၾကီး ဒူးပြန္႔ကို နကြန္ပထုမ္ ျမိဳ႕ေဟာင္းတူးေဖာ္မႈကို ဦးစီးေစျပီး ပရထုမ္ေစတီ ၊ျမင့္မိုရ္ေတာင္ေစတီ၊ အပါအဝင္ ေ႐ွးေဟာင္း ဌာနမ်ားကို သုေတ သနျပဳ ေဖာ္ထုတ္ ေစခဲ႔သည္။ ကမၺည္းေက်ာက္စာ႐ွင္ ေဂ်ာ့ေဆး ေဒးက နကြန္ပထုမ္ မွ ေယဓမၼာ ဂါထာ အုတ္ခြက္စာ လက္ေရး ကိုေလ့လာ၍ ေအဒီ ၇- ရာစု ရက္စြဲကို သတ္မွတ္ေပးခဲ႔သည္။ ဒူးပြန္႔ကလည္း ျမင့္မိုရ္ေတာင္ေစတီ ၏ပႏၷက္ ေတာင္ ပုဂံက်န္စစ္ သားမင္းၾကီး၏ ေကာင္းမႈ အာနႏၵာဂူဘုရား၏ ပႏၷက္ေတာ္နွင့္ ဆင္တူေၾကာင္း ေကာက္ခ်က္ခ်ေပးခဲ႔သည္။ ယင္းအေျဖတို႔ကိုေထာက္ထား၍ နကြန္ပထုမ္ သည္ ပုဂံနွင့္ ေခတ္ျပိဳင္ထြန္းကားေသာ (သို႔) ပုဂံ မတိုင္မီက ျမိဳ႕ေတာ္တစ္ခုျဖစ္ခဲ႕ေၾကာင္း အေနာ္ရထာမင္း လာေရာက္တိုက္ခိုက္ေသာ သုဝဏၰဘူမိမွာ နကြန္ပထုမ္ ျဖစ္ေၾကာင္း စစ္ခ်ီလာေသာ အေနာ္ရထာမင္းနွင့္အတူ သူရဲေကာင္း က်န္စစ္သားသည္လိုက္ပါလာ၍ ျမင့္မိုရ္ေတာင္ ေစတီ ကိုေတြ႔ျမင္ျပီး အာနႏၵာဂူဘုရားကို ပံုစံတူတည္ခဲ႔ေၾကာင္း သမိုင္းေၾကာင္းေကာက္ခ်က္ခ်မႈမ်ား ၾကံဳေတြ႕ လာပါသည္။သုဝဏၰဘူမိသည္ သထံုတြင္မ႐ွိ နမ္ကြမ္ပထုန္ တြင္သာ ႐ွိသည္ ဟုလည္း သတ္မွတ္လိုက္ ၾကပါသည္။ ထို႔ျပင္ မင္းသားၾကီး ဒမ္ေရာင္းက ဖရာ့ ေက်ာက္ဥေတာင္းမင္းက အယုဒၶယ နိုင္ငံကို မတည္ေထာင္မီ ယိုးဒယားနိုင္ငံသမိုင္းဟူေသာစာတမ္းကို ထိုင္း သုေတသနအသင္းဂ်ာနယ္တြင္ တင္ျပလိုက္ပါသည္။ေဒါက္တာ ကြာရစ္ေဝးလ္ နွင့္ ေပါဝစ္တေလ ဆိုသူတို႔ကလည္း ၎ အယူအဆ နွင့္ ဆင္တူ႐ိုးမွား ေဖာ္ျပလာၾကပါသည္။
ထိုင္းသုေတသနတူးေဖာ္မႈ၏ဂရက္။
နကြန္ပထုမ္ ၊ ဥေထာင္း၊ ပံုထုတ္၊ကူဘူးဝါး၊ ေလာ့ယူရီ၊မူဝင္ဖရာ ႐ြတ္၊ ဒံုစရီမဟိုစြတ္၊ စရီထက္၊ ဘန္ခူမူဝင္၊ စပ္ခ်န္ပါ၊ လန္ဖံုး စသည္တို႔သည္ ဒြါရဝတီ ျမိဳ႕ေဟာင္းတို႔ျဖစ္ၾကပါသည္။ဒြါရဝတီျမိဳ႕ေဟာင္းတို႔တြင္ေတြ႕ရေသာ ေ႐ွးေဟာင္း အေဆာက္အအံုမ်ား၏ ဗိသုကာ လက္ရာတို႔ မွာ အိႏၵိယ အေ႐ွ႕ေျမာက္ ပိုင္း ဂုပၸတ ေခတ္တြင္ေတြ႕ရေသာ လက္ရာ မ်ား ျဖစ္ေၾကာင္းသိရပါသည္။ ေက်ာက္စာ ၊ ေၾကးျပားစာ စသည့္ စာ အေရးအသားမွာလည္း ဂုပၸတ ေခတ္အေရးအသားမ်ား ျဖစ္သည္။ဗုဒၶဆင္းတုေတာ္မ်ား လက္ရာနွင့္ ဓမၼစၾကၤာလွည္းဘီး လက္ရာတို႔မွာ ဗာရာဏသီ ၊ဆာရ္နတ္ေဒသ အနုပညာ ဟန္မ်ိဳး ျဖစ္၍ ေမာရိယ ေခတ္အနုပညာ နွင့္ ဆက္ႏြယ္မႈ႐ွိသည္။
ဒုတိယ ကမာၻစစ္ၾကီး ျပီးသြားျပီးေနာက္ ေသမင္းတမန္ ရထားလမ္း ေဖာက္လုပ္ေရး လုပ္ငန္းတြင္ ပါဝင္ခဲ႔ေသာ ေ႐ွးေဟာင္း သုေတသန ပညာ႐ွင္ ဒတ္႐ွ္လူမ်ိဳး သံု႔ပန္း ဗီဟီ ေကရင္ ဆိုသူသည္ စစ္အတြင္းတြင္ ဤေဒသ၌ ေက်ာက္ေခတ္ လက္နက္ ကရိယာ မ်ားကိုေတြ႔ ႐ွိ ခဲ႔ ရာမွ စစ္ျပီးသြား ေသာအခါ ထိုင္းအစိုးရကိုခြင့္ေတာင္းျပီး သုေတသနျပဳခြင့္ ရသြားခဲ႔သည္။ ၎ အခြင့္အေရးမွာ အစဥ္အလာ တစ္ခုလည္း ျဖစ္သြားခဲ႔ ပါသည္။ ထိုင္း၊ အေမရိကန္၊ ၾသစေတးလ်၊ ျဗိတိန္ နွင့္ နယူး ဇီလန္ ေ႐ွးေဟာင္း သုေတသီမ်ားနွင့္ပါ လက္တြဲေဆာင္႐ြက္ ခဲ႔သည္ အထိ တိုးတက္ခဲ႔သည္။ ဗီဟီေကရင္၏ သမိုင္းမတင္မီ ေခတ္ ႐ွာေဖြေတြ႕႐ွိမႈမ်ားေၾကာင့္ ထိုင္းတို႔သည္လည္း သမိုင္းမ တင္မီေခတ္ကို အထူးစိတ္ဝင္စား၍ ေ႐ွးျမိဳ႕ေဟာင္း ဒြါရဝတီ ကို တူးေဖာ္၍သုေတသနျပဳျခင္းမ်ားကို အ႐ွိန္အဟုန္ျမွင့္ ေဆာင္႐ြက္ ခဲ႔သည္။ ထို႔ေၾကာင့္ ၁၉၅၃ မွ ၁၉၉၆အတြင္း ဒြါရဝတီ ျမိဳ႕ေဟာင္းရာေပါင္း ၁၃ ခုကို တူးေဖာ္သုေတသန ျပဳနိုင္ခဲ႔သည္။ နည္းပညာ အားသာခ်က္မ်ား အင္မတန္ေကာင္းေသာ ပံ့ပိုးမႈမ်ား နွင့္ ထိုင္းတို႕၏ သုဝဏဘူမိ ႐ွာပံုေတာ္သည္ ဤမွ်ထိ ခရီးေပါက္ေနေသာ္လည္း သထံုျမိဳ႕ေဟာင္း အတြက္မူ တိမ္ခိုးမ်ားဖံုးလႊမ္း ခံရသလို မႈန္ဝါးလွသည္။ေခတ္ျပိဳင္မွတ္တမ္း မ်ားထဲတြင္လည္း ဒြါရဝတီ ယဥ္ေက်းမႈသည္ သုဝဏၰဘူမိ ယဥ္ေက်းမႈနွင့္ဆက္စပ္လွ်က္ ႐ွိေပရာ ေ႐ွးေဟာင္း ဗိသုကာလက္ရာတို႔မွာ ဆင္တူ႐ိုးမွားျဖစ္ေနသည္မွာမဆန္းလွေပ ။ သို႔ေသာ္ ထိုင္းသုေတသီတို႔ တူးေဖာ္အေျဖ႐ွာခဲ႔သလို သံသယ ေနရာ အျဖစ္သတ္မွတ္ျခင္းခံရေသာ သထံုကို တူးေဖာ္အေျဖ႐ွာ၍ ေပၚထြက္လာေသာ ရလာဒ္မ်ားကို တ္ိုက္ဆိုင္ၾကည့္သင့္ပါသည္။ ထိုအခါမွ မည္သည့္ျမိဳ႕ေဟာင္းသည္ သုဝဏၰဘူမိ ျဖစ္ေၾကာင္း အတည္ျပဳသင့္သည္မွာ သမိုင္းသုေတသီေကာင္းတို႔၏သိကၡာ အမွန္ပင္ျဖစ္သည္။ ဤသို႕အားျဖင့္ နကြန္ပထုမ္ ကို သုဝဏၰဘူမိ ဟုအတည္ျပဳလိုက္ျခင္းအားျဖင့္ ျမန္မာတို႔အတြက္ ဂုဏ္ယူဖြယ္ အလြန္ေ႐ွးက်ေသာ ၊ ဘာသာေရး ကနဦး ျပယုဒ္ျဖစ္ေသာ ျမန္မာ့ ပိုင္ျမိဳ ႔ၾကီးတစ္ခု၏ သမိုင္းေၾကာင္း အေမြအလု ခံလိုက္ရျခင္း သည္ အိမ္နီခ်င္းဆိုးမ်ားကိုသာ အစဥ္အဆက္ပိုင္ဆိုင္လာေသာ ျမန္မာနိုင္ငံၾကီးအတြက္ မျပယ္နိုင္ေသာ က်ိန္စာတစ္ခု သာျဖစ္ေတာ့သည္ ။သို႔ေသာ္ အေမြစစ္သည္ကား အမိေျမအေပၚ တြင္တည္႐ွိ႐ိုးမွန္လွ်င္ စနစ္တက် ေဖာ္ထုတ္ သင့္သည္။ မည္သို႔ေသာရလာဒ္ ေပၚထြက္လာသည္ျဖစ္ေစ တည္ျငိမ္စြာ လက္ခံေပးနိုင္စြမ္း လည္း႐ွိရမည္။ ေနာင္ ေဆာင္းပါး မ်ားတြင္ ပညာ႐ွင္မ်ား မည္သို႔အျငင္းပြား၍ ရာမညတိုင္း၏ အဖိုးမျဖတ္နိုင္ေသာ ယဥ္ေက်းမႈ အေမြအနွစ္ ျဖစ္ေသာ သုဝဏၰဘူမိကို မည္သို႔ က်ိဳးစား ေဖာ္ထုတ္ခဲ႔ၾကသည္ကို ဆက္လက္ေဖာ္ျပပါဦးမည္။
credit:https://www.facebook.com/aung.hlathan?__tn__=%2CdlCH-R-R&eid=ARAC0r4--pzqz2ktyqznI6SVfynmKWFuXmCF98C4p1x3ctSPFGRJAdSVo9yf4RtkCxGaRHFqQoayTvX3&hc_ref=ARRczfMrnXLMN_Sel9mTo1egVrue9OXvhJ7EF7msKPTJS-q-7r5AXrpX1wCrqwshTbQ

No comments:

Post a Comment

ျမတ္ဗုဒၶ၏ ၀ိပႆနာ (ေက်ာက္အိုင္ေတာရ)


Posted by Khin Win on Thursday, May 28, 2015