Facebook Page

Sunday, February 10, 2013

ဆနွင်း

ဆနွင်း


        စင်စစ် နနွင်း၏ မူလရိုးရာဆိုင်ရာ အခေါ်အဝေါ် မှာ ဆနွင်းဖြစ်၏။အဆိုပါဆနွင်း၏
မူလရင်းမြစ်မှာ ဆန၀ ဟူသည့် ဝေါဟာရပင်ဖြစ်၏။ ဆသည် ၆ ၊    န၀သည် ၉ ဂဏာန်း
ဖြစ်၏။    ထို့ ကြောင့်   ဆန၀၏    အဓိပ္ပာယ်မှာ    ၉၆ ဖြစ်၏။    ၉၆ သည် ၉၆ ပါးသော
 ရောဂါတို့ ကို ရည်ညွှန်းပါသည်။
        ဆနွင်းဟူသည် ဝေါဟာရ အတိတ်နမိတ်ဆောင်ပြီး စတင်ပြုပ္ပာဒ်ကတည်းက  ၉၆
ပါးသော ရောဂါတို့ ကို ပျောက်ကင်းစေမည့် အဓိပ္ပာယ် လည်းဖြစ်ပါသည်။ဆနွင်းသည်
ဝေါဟာရ သာမက အနှစ်သာရ အဓိပ္ပာယ်အရပါ အမှန်တကယ် ၉၆ ပါးသော ရောဂါတို့ 
ကို ပျောက်ကင်းစေနိုင်သည့် သတ္တိလည်း အပြည့်အ၀ရှိနေခြင်းဖြစ်ပါသည်။

        မြန်မာ့ရိုးရာ ထုံးတမ်းစဉ်လာတွင် ဆနွင်းကို လူသားတို့ စတင်မွေးဖွားရာ မူလဖြစ်
သည့် မီးနေခန်းမှ သည် နောက်ဆုံး အသိခက်၍ ကုစားရမလွယ်ကူသော ရောဂါကြီး၊
ရောဂါလွန်၊ရောဂါဆုံးများအား ကုသပေးရသည့် ဆေးဝါးများအထိ ဆနွင်းသည် အရေး
ပါသော အဓိက အခန်းကဏ္ဍမှပါဝင်ရလေသည်။

        နေ့ စဉ် ဟင်းလျာချက်ပြုတ်ရာတွင်လည်း ဆနွင်းသည် မပါမဖြစ်ပါဝင်နေလေ
သည်။အသားငါးများအား ဆား၊ဆနွင်းဖြင့်နယ်၍ ထားပါက ကြာကြာ     အထားခံပြီး 
သားငါးအပုပ်ဓါတ် အညှီဓါတ်ကိုလည်း နိုင်နင်းပေသည်။ဆားဆနွင်းနယ်၍ ကြပ်တင်
ထားပါကလည်း အာဟာရမလျှော့ပဲ တာရှည်အထားခံပါသည်။ဆနွင်းသည် အသားငါး
စသည့် ရုပ်ဝတ္ထုတို့ ကို မပျက်စီးအောင်ထိန်းထားနိုင်ကြောင်း တွေ့ ရှိရသဖြင့် အသက်
ရှင်နေသော လူသားတို့ ကျန်းမာရေး အသက်ရှည်ရေးအတွက် မည်မျှအထိအကျိုးပြု
မည်ကို ခန့် မှန်းကြည့်ရုံဖြင့် သိနိုင်ပါသည်။ အပုပ်ဓါတ်သည် လူသားတို့ ၏ ကိုယ်တွင်းရှိ
ရောဂါကြွင်းဆွေးကြွင်း၊အစာကြွင်း၊ဓါတ်ကြွင်း၊မလကြွင်း တို့ ကြောင့် ဖြစ်ပေါ်လာရသည့်
အပြစ်ပြု အခြေအနေတစ်ရပ် ဖြစ်၏။ အပုပ်ဓါတ်၏ ဖြစ်စဉ်မှာ သက်ရှိအရာသတ္ထုတစ်
ရပ်သည် ဇီဝိတ စောင့်ရှောက်မှု ကင်းသွားသည်နှင့် တစ်ပြိုင်နက် တဖြည်းဖြည်းပုပ်သိုး
ဆွေးမြေ့ သွားရ၏။ထိုအပုပ်ဓါတ်ကြွင်းအခိုးတို့ ကို နိုင်နင်းရန်ဆနွင်းကိုသောက်သုံးကြရ
ပါသည်။ထို့ ကြောင့် ငါးပိ ချက်ရာတွင်လည်း အပုပ်ကို သတ်ရန် ဆနွင်းကို ထည့်သွင်း
ရပါသည်။

        ရှေးမြန်မာအမျိုးသမီးများသည် ဆနွင်းကို အထူးနှစ်သက်သုံးစွဲခဲ့ကြပါသည်။အပျို
ဖော်မ၀င်မီကပင် ဆနွင်းကို သောက်မျိုခဲ့ကြ၏။ ထို့ နောက် လစဉ် ဓမ္မတာကိစ္စအတွက်
လည်း သုံးကြ၏။မီးဖွားသည့် ကိစ္စတွင်လည်း ငါးဆယ်သား၊  တစ်ပိသာ ကုန်အောင်ပင်
စားသောက်ခဲ့ကြ၏။   မီးဖွားပြီးနောက်    မီးနေရာတွင်    လည်းကောင်း   ၊သွေးကြွင်း
 မီးကြွင်း ကင်းစင်၍ သွေးသန့် သွေးကြည်စေရန် သွေးရင့်ကျက်စေရန်အတွက်လည်း 
ဆနွင်းကိုစားသောက်ကြ၏။လိမ်းလည်း လိမ်းကြ၏။

        ထို့ ကြောင့် သွေးသားကြည်လင်လန်းဆန်းသော ပျိုမေတို့ ၏ ကျန်းမာသော
 လူ့ ဘ၀ကို ပိုင်ဆိုင်လိုပါက ဆနွင်းကိုသာ နည်းလမ်းမျိုးစုံဖြင့် အသုံးပြုကြပါဟု တိုက်တွန်း
လိုပါသည်။ ရှေးခေတ်က မြန်မာ့ဆိုရိုးတွင်တစ်သားမွေးတစ်သွေးလှ ဟု ဆိုခဲ့ကြခြင်း
လျှို့ ဝှက်ချက်မှာ ဆနွင်းပင်ဖြစ်ပါသည်။

        ယနေ့ ခေတ်တွင် အမျိုးသမီးအများစုသည် ဆေးသိပ္ပံပညာ၊ဆေးသုတေသန၊
ဆေးဝါးတို့ ၏ ထုတ်လုပ်မှုကောင်းမွန်မှု၊လှပမှုတို့ ကို အထင်ကြီးကာ သုံးစွဲကြ၏။အဆို
ပါ ခေတ်သစ်ဆေးဝါးတို့ ကို ထုတ်လုပ်သည့် ကုမ္ပဏီကြီးများကိုလည်း အထင်ကြီးကြ၏
အ၀င်ဆိုးသော၊အနံ့ဆိုးသော ဆနွင်းကို ပစ်ပယ်လိုက်ကြတော့၏။

        ယနေ့ ခေတ်တွင် အရွယ်သုံးပါးစလုံးတွင် မီးယပ်သားဖွားရောဂါများလွန်စွာထူ
ပြောနေ၏။အသက်အတန်ငယ်ကြီးလာသော အမျိုးသမီးများတွင် သားအိမ်နှင့်မျိုးပွား
အင်္ဂါဆိုင်ရာ ကင်ဆာများ ဖြစ်လာခြင်းပင်ဖြစ်၏။ထို့ သို့ ဖြစ်လာရခြင်းကို စဉ်းစားကြည့်
ပါက လစဉ် သွေးဆင်းရာတွင် ကုန်စင်အောင် မဆင်းဘဲ၊သွေးထဲတွင် သွေးကြွင်း၊မလ
ကြွင်း၊ဆေးကြွင်း၊အဆိပ်ကြွင်း၊မီးကြွင်းများ ကျန်ရှိနေသောကြောင့် တဖြည်းဖြည်းထို
အကြွင်းအကျန်များ စုပုံလာကာ နောက်ဆုံးရောဂါ ဖြစ်လာရခြင်းဖြစ်၏။ထိုအကြွင်းအ
ကျန်များ ရှင်းလင်းရန် သွေးကို သန့် စင်စေသော ဆေးဖက်ပစ္စည်းကို လိုအပ်သည်မှာ
ထင်ရှားပါသည်။

        ဆေးသိပ္ပံဆေးဝါးများတွင် သံဓါတ်၊သွပ်ဓါတ်၊ထုံးဓါတ် စသည်တို့ သာ ပါရှိသည်။
ရိုးရာဆေးပညာတွင် ဆနွင်းဦးဆောင်သည့် သွေးသန့် သွေးကြည်ဆေးဝါးအုပ်စုရှိပါ
သည်။အဆိုပါဆေးပစ္စည်းများဖြင့် ဖော်စပ်ထားသောသွေးဆေး၊သွေးသန့် ဆေး၊သွေးညှိ
ဆေး၊သွေးပြောင်းဆေး၊ မီးယပ်ဆေးဝါးများ ကုထုံးများ မျိုးစုံရှိပါသည်။

        ရိုးရာဆေးဝါးများအတွက် ဖော်စပ်ရန် အခက်အခဲရှိပါကဆနွင်းတစ်မျိုးကိုသာ
ပုံမှန်မှီဝဲပါ။တစ်မျိုးတည်းဖြင့် အထက်ကုထုံးဆေးကြီးများ အဆင့်သို့ မရောက်ရှိသော်
လည်း စိတ်ချရသော ကာကွယ်မှုကို သေချာပေါက်ရရှိစေပါသည်။

ဆက်လက်၍ ဆနွင်းပါဝင်သော ကျန်းမာသက်ရှည်ဆေးတစ်မျိုးကို ဖော်ပြလိုပါသည်။

သက်ရှည်ကျန်းမာ ဆနွင်းမြစ်ဖြတ်ဆေး

၁။     ကြစု

၂။     ဆနွင်း

၃။     ဇာတိပ္ဖိုလ်သီး

၎။     ဇာတိပ္ဖိုလ်ပွင့်

၅-၉။  စမုန်မျိုးငါးပါး

စသည့်ဆေး ၉ ပါးကို ဆတူယူပြီး အမှုန့် ထောင်းပါ။အမှုန့် ထောင်းပြီး လျှင်သံပုရာရည်
ဖြင့် ဖွယ်ဖွယ်နယ်ပြီးနောက် အခြောက်လှန်းပါ။ပြီးလျှင်အမှုန့် ပြန်ထောင်းပါ။အာနိသင်
ထက်မြက်ချင်ပါက ဆနွင်းကို အခြားသော ဆေးဖက်တစ်မျိုးပမာဏ၏ နှစ်ဆထည့်ပါ။
ဤ ဆေး၏ အာနိသင်မှာ သွေးပျက်၊၀မ်းပျက်၊သွေးဝမ်း၊နာတာရှည် ၀မ်းပျက်ပြီးနောက်
မျက်နှာတင်းအန်းခြင်း၊ဇက်လေးခြင်း၊အသားအေးခြင်း၊အခိုးများ အထက်သို့ တက်ခြင်း
စသည့်ရောဂါများ မန္ဒ၀မ်းမီးကြောင့် ဖြစ်သော ရောဂါတို့ ကို ပယ်ပျောက်စေပြီး ပုံမှန်
အာယုသက်တမ်းကို အဓွန့် ရှည်ကြာမြင့်ကာ သက်ရှည်ကျန်းမာစေပါသည်။

        ဆေးသောက်ရမည့်ပမာဏမှာ တစ်ခွက်စာလျှင် ၈ ပဲသားစီ သောက်ရပါမည်။ 
တစ်နေ့ လျှင် ၂ ကြိမ် ရေနွေး ဖြင့် သောက်နိုင်ပါသည်။

ဆရာဦးဆက်ထွန်းလင်းရေးသားသော
သဘာဝဆေးပညာဖြင့် အိုနာသေမှုဝေးအောင်ပြုစို့ မှ
ကောက်နုတ်ဖော်ပြချက်
၁၁-၂-၁၃ နေ့ လည် ၁၂း၅၆


No comments:

Post a Comment

မြတ်ဗုဒ္ဓ၏ ၀ိပဿနာ (ကျောက်အိုင်တောရ)


Posted by Khin Win on Thursday, May 28, 2015