Facebook Page
Wednesday, April 8, 2015
ရေဖျဉ်းရောဂါ ပျောက်ဆေးနည်း
ဤအရှင်ထံသို့ ရေဖျင်းရောဂါသည်များထံမှ တောင်းပန်စာများအကြိမ်ကြိမ်ရောက်
လာဖူး၏၊ ဘယ်ပုံဘယ်နည်းပျောက် ကင်း စေ နိုင်ပါသလဲ၊ နည်းလမ်း    ရှိလျင်
 ညွှန်ကြားပေးတော်မူပါဘုရား ဟူ၍ ရပ်ဝေးမှ    စာရေးတောင်း   ဆိုကြသည်၊
အချို့က ခရီးကြုံကြိုက်ခိုက် ဤအရှင်ထံသို့ ၀င်ရောက်၍ တဆင့်မှာကြားလိုက်သူ
 ရောဂါသည်အတွက် ကိုယ်တိုင် ၀င်ရောက် ၍ မေးမြန်းလျောက်ထားတောင်းဆိုကာ
 ရေးမှတ်ယူသွားကြသည်၊ အမှန်မှာ ဤအရှင်သည်   ဆေးဆရာ    မဟုတ် ပါ၊
 ဆေးကုသေ ပး ဖူးခြင်းလဲ မရှိပါ၊ ၀ါသနာလဲ မရှိပါ   ၊ ရောဂါသည်များအား 
သနားသောစိတ်ကြောင့် တတ်သမျှ မှတ်သမျှ   ကလောင်ဖြင့်     ရေးသား
 ညွှန်ကြား ပေးနေသော သူသာ ဖြစ်၏၊
ထို့ကြောင့် စာဖတ်ပရိသတ်များအားလည်း နည်းရစေရန် စေတနာကောင်းဖြင့်
 ဤတွင်ဖော်ပြပေးလိုက်ပါသည်၊ ဆေးရုံမှ ဆရာဝန်တို့ ကုသနည်းနှင့် မတူပါ၊
 လုံးဝခြားနား၏၊ ဆရာဝန်တို့ ကုသနည်းကား ရေဖျဉ်းရောဂါသည်ကို ၀မ်းဗိုက်
 ခွဲ၍ ရေ ထုတ် ပစ်ပြီး ပြန်ချုပ်ပေးခြင်းသာ ဖြစ်သည် ဆို၏၊
သို့သော် တစ်နှစ်ကျော်လျင် ၀မ်းဗိုက်ဖောင်းကာ ပြန်ဖြစ်လာတတ်သည် ဆို၏၊
 တဖန် ဒုတိယအကြိမ် ခွဲ၍ ထုတ်ပေးရပြန် သည်၊ ခေတ္တကောင်းသလို ရှိသော်လည်း 
တဖန်ဖြစ်လာတတ်ပြန်သည်၊ ထိုအခါ ဆရာဝန်တို့ သုံးကြိမ် မြောက် မခွဲရဲကြ
 တော့ချေ၊ အကြောင်းမှာ သုံးကြိမ်ခွဲပြီးလျင် သေသွားတတ်ကြသောကြောင့်
 ဖြစ်သည် ဆို၏၊
ရန်ကုန်မြို့ ပြည်လမ်း၌နေထိုင်သူ နာမည်ကျော် ဒကာကြီးတဦး        ထိုရောဂါ 
ခံစားနေရ၍ သူ၏ဖြစ်ရပ်နှင့် ဆရာဝန်တို့ ကုထုံးကို ပြောပြဖူး၏၊    နောက်ထပ်
 မခွဲတော့ပဲ ဆေးကုသပေးခြင်း မခံယူတော့ပဲ နေသွားပြန်ကလည်း ရေဖျဉ်းရောဂါဖြင့်
 မကြာခင် သေ သွားကြရမြဲကျိန်းသေကဲ့သို့ ဖြစ်နေသည် ဆို၏၊ ကြောက်စရာ
 ရောဂါမျိုး ဟူ၍ လူအများက ပြော စမှတ် ပြု ထားကြ သည်၊ မြန်မာ သမားတော်
တို့ကလည်း နိုင်နင်းအောင် ကုသပေးခြင်း မတတ်နိုင်ကြလေရော့လား ဟူ၍
 တွေးဆ မိသည်၊
ဤအရှင်နည်းမှာ မခက်ခဲပါ၊ စရိတ်ကုန်ကျများသော ဆေးနည်းမျိုးလဲ မဟုတ်ပါ၊ 
ဗိုက်ခွဲ ရေထုတ်ပစ်ရန်လည်း မလိုပါ၊ ထိုရောဂါကြောင့် လူမသေရတော့ပါ၊
 စိတ်ချရသောနည်း ဖြစ်သည်။
ဆေးမယ်များ 
ကျောက်ချဉ်၊ ယမ်းစိမ်း၊ ဒုတ္ထာ - ဆေးမယ် ဤသုံးမျိုးကို အလေးချိန် ဆတူယူ၍ 
“ တေဇောဒကဆေးရည် “ ဖြစ်အောင် ချက်ယူရပါမည်၊    ချက်နည်းမခက်ပါ၊
ဤတွင် ညွှန်ကြားမည်၊
ဆေးရည်ဖော်စပ်နည်း
ဥပမာ- အလေးချိန် ၂ ကျပ်သားစီ ယူ၍ ရေ လက်ဖက်ရည်ပုဂံဖြင့် အဖန်ရည်ကို
 နှစ်လုံးမျှထည့်ပါ၊ ၄င်းကို အရက်ချက် သကဲ့သို့ ပေါင်းတင်၍ ချက်ပြီး ချွေးရည်
 (တေဇောဒကရည်) ကို ခံယူရခြင်း ဖြစ်သည်၊ လူတိုင်း နားလည်ကြ ပါမည်
၊ တေဇော ဒကဆေးရည်ကို ပုလင်းတွင် ထည့်ထားပါ၊
ဖော်စပ်နည်း
၎င်းတေဇောဒက ဆေးရည် ကို ပျားရည်တွင် ထည့်၍ နေလှန်းပေးရသည်၊
 အချိုးအစားမှာ ပျားရည်ပုလင်းကြီး တပုလင်း တွင် တေဇောဒကဆေးရည်ကို
 ဟင်းသောက်စတီးဇွန်း နှင့် တစ်ဇွန်းထည့်ပြီး ပုလင်းကို ကြာကြာကိုင်၍ 
လှုပ်ပေးနေပါ၊ ထို့နောက် ပုလင်းကို ပိတ်၍ နေပူ၌ (၃) ရက်လှန်းပေးပါ၊ 
၃- ရက်လှန်းပြီးလျင် စားသုံးရန် အဆင်သင့် ဖြစ်ပါပြီ၊
ဆေးစားသုံးနည်း
ရေဖျဉ်းရောဂါပျောက်ကင်းချမ်းသာစေရန်အတွက် နံနက်ပိုင်းတွင် တကြိမ်၊
 ညဦးပိုင်းတွင် တကြိမ်၊ ၄င်းပျားရည်ကို ဟင်း သောက် စတီးဇွန်းနှင့် တဇွန်းကျ
 သောက်ပေးပါ၊ ပြီးလျင် ရေနွေး အဖန်ရည်ကို ၀၀ကြီး သောက်ပေးပါ၊
 ရေအေး မသောက် ပါနှင့်၊ ဤနည်းအတိုင်း ရောဂါအခြေအနေ ကောင်းလာ
သည့်တိုင်အောင် အချိန်ရက်ကြာကြာ ဆက်တိုက်သောက် ပေး သွားရပါ မည်၊
 ရေဖျဉ်းစွဲနေသော ၀မ်းဗိုက်ဖောင်းဖောင်းကြီးသည် တဖြည်းဖြည်း လျှောဆင်း
သွားလိမ့်မည်၊ ဤကား ဆေးနည်းနှ င့် ဆေးစားသုံးနည်းတည်း။
ကိုယ်ခန္ဓာ ပြုပြင်လေ့ကျင့် နည်း
ရေဖျဉ်းရောဂါကို ဆေးတမျိုးတည်း စားရုံဖြင့် မလုံလောက်ပါ၊ ကိုယ်ခန္ဓာ
 ပြုပြင်ပေးနည်းပါ တွဲဖက်ရသည်၊ ကိုယ်ခန္ဓာ ပြုပြင် နည်းကလဲ မခက်ခဲပါ၊
ရှေးဦးစွာ အိပ်ယာပေါ်၌ ပက်လက်အနေအထားဖြင့် ခြေလက်ကို စန့်စန့်ထား၍
 အိပ်ပါ၊ ထို့နောက် ဖောင်းနေသော ၀မ်းဗိုက် ကို ပျောက်ကွယ်၍ ပိန်ချပ်သွား
သည်အထိ တဖြည်းဖြည်းချင်း ရှိုက်ပေးပါ၊ အစပိုင်းတချိန်ထက် လေ့ကျင့်မှု 
အရှိန်ကောင်း လာလျင် ရင်ဘတ်သည် ကျောရိုး၌ ကပ်နေသည်အထိ ပိန်ကျ
သွားအောင်နိုင်နင်းစွာ ရှိုက်၍ ပေးသွားပါ၊
ဤနည်းအတိုင်း တစ်ကြိမ်လျင် (၁၀) ခါထက် မနည်းစေပဲ လေ့ကျင့်ပေးရပါမည်၊
 တခါတရံ အနေမှန်လိုက်၊ ရှိုက်ပေး လိုက် ဖြင့် ၁၀ ခါအထိ လေ့ကျင့်ပေးရမည်
 ဟု ဆိုလိုသည်၊ တနေ့လျင် အနည်းဆုံး ၃- ကြိမ်လေ့ကျင့်ပေးပါ၊ မနက်အိပ် 
ယာမထ ခင် တကြိမ်၊ နေ့လည် တကြိမ်၊ ညအိပ်ယာဝင်တကြိမ်ဖြစ်သည်၊
ဤလေ့ကျင့်နည်း အောင်မြင်မှုရပြီးလျင် ရေဖျဉ်းရောဂါကြောင့် သေရမည့်ဘေးမှ
 ကျော်လွန်ခဲ့ပြီ ဟူ၍ မှတ်ပါ၊ ထို့နောက် ဆက်ရမည်၊
ဒုတိယအဆင့်မှာ မတ်မတ်ရပ်၍ အထက်ပါနည်းအတိုင်း တနေ့ ၃- ကြိမ်
 လေ့ကျင့်ပေးပါ၊ မတ်တပ်ရပ်ပြီး လေ့ကျင့် နည်းေ အာင်မြင်ခဲ့လျင် နောက်
ဆက်တွဲ လေ့ကျင့်နည်းမှာ ထိုင်နေရင်း၎င်း၊ အိပ်ယာပေါ်မှာ ဘယ်စောင်း
 ညာစောင်း လှဲနေရင်း၎င်း အထက်ပါနည်းအတိုင်း လေ့ကျင့်ပေးသွားပါ၊
ဤပုံဤနည်းအတိုင်း တေဇောဒကဆေးရည်ကို နေ့စဉ်မှန်မှန်သောက်သုံး၍
 ကိုယ်ခန္ဓာပြုပြင်လေ့ကျင့်နည်းကို ပုံမှန် လုပ် ပေး သွားပါက ရေဖျဉ်းရောဂါကြောင့်
 ငါ လုံးဝ မသေနိုင်တော့ဘူး ဟု မှတ်ယူလိုက်ပါတော့၊ ၀မ်းဗိုက်ဖောင်းနေခြင်း 
မရှိတော့ လျင် တေဇောဒကပျားရည်ဆေး သောက်သုံးခြင်းကို ရပ်နားထားလိုက်ပါ၊
 ဤအရှင်၏ နည်းကောင်းနည်းမှန်ကို လိုက်နာကြ သော ရေဖျဉ်းရောဂါရှင်များသည်
 သေဘေးမှ လွတ်မြောက်ခဲ့ကြလေပြီ၊ ရေဖျဉ်းရောဂါဖြင့် မသေကြရတော့ပါ၊
Rf. တောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တသာရ ၏ ကိုယ်တွေ့မှတ်တမ်းများ
 နှာ- ၁၅၇-၁၆၀
credit to:Warazein Min
posted by ပန်းကမ္ဘာ 
Tuesday, April 7, 2015
အသည်းBပိုး -Cပိုးရောဂါဖြစ်နေပြီလား?
မြန်မာ့ဆေးကိုယုံရင် ဒီလိုစနစ်တကျ  သောက်ကြည့်လိုက်ပါ
စိတ်ကူးပေါက်ရင်တင်မယ်မယ်လို့ပြောခဲ့ပါတယ်၁၉၉၅မှ၂၀၀၀ထိကုသ့ပေးခဲတဲ့
ကျနော့်လူနာဟောင်းတွေကိုဒီအသည်းရောင်(ABCDE)အကြောင်းရေးတဲ့နေ့က
စပြီးလက်လှမ်းမှီသမျှပြန်လည်စုံစမ်းဆက်သွယ်ရှာဖွေခဲ့ပါတယ်အလုပ်တွေများတဲ့
့ကြားကစုံစမ်းရှာဖွေနေတုန်းကံအားလျှော်စွာအငြိမ်း(ဒုဗိုလ်မှူးကြီး)အဖြစ်မကြာခင်
ကပင်စင်ယူပြီးဖါးကန်ဖက်လါရင်းကျနော်ရှိရာအထိ၂ရက်ခရီးအရောက်လါာပြီး၂ည
အိပ်၃ရက်နေပြီးစကားပြောဖြစ်ပါတယ်။သူကကျနော်အသည်းရောင်Bပိုးစတင်ကုသ
ပေးစဉ်အစမ်းသတ်ခံပုဂ္ဂိလ်ကြီးတွေထဲကဗွေဆော်ဦး၁၅ယောက်ထဲ့ကစစ်ဖက်ပုဂ္ဂိလ်
၁၀ ယောက်ထဲကတစ်ယောက်(၁၉၉၉)အဲ့ဒီတုန်း၂ပွင့်ဗိုလ်ကျနော်ကဆေးကျောင်း
နောက်ဆုးံနှစ်ပြီးလိုမင်္ဂလာဒုံမှာသူငယ်ချင်းဗိုလ်ကြီး(ကိုထော်)နောက်မိုင်းထိ
ခြေဖြတ်ရသူကBပိုးတွေဒါဆိုပြီးအတင်းကာရောနပူနဆာတိုက်တော့တာဘဲ
ကျနော်မြန်မာ့ဆေးပညာကိုလည်းထဲထဲဝင်ဝင်လေ့လာထားတာသိတယ်နောက်ပြီး
ဆရာကြီးဒေါက်တာဦးအောင်နိင်(တိုင်းရင်းပညာညွန်ကြားရေးမှူးခူပ်-(ယခုငြိမ်း)
ထံမှAtoEရောဂါကုထုးံရထားကြောင်းသူဘယ်ကသိလာသလဲမသိဇွတ်အကူအညီ
တောင်းတယ်အဲ့ထဲမှာသူ့အသိအထက်ဖေါ်ပြတဲ့ပုဂ္ဂိုကလည်းအပြင်ဆေးခန်းမှာ
ဆေးစစ်ထားတဲ့စာရွက်ကိုင်ပြီးသူနဲ့အတူပါလာရောအားနာပါတယ်ခိုးကုကြတာ
ပေါ့ဗျာလူငယ်တွေဆိုတော့သိတယ်မဟုတ်လား?ဟေ့ဆေးစစ်ချိန်အဲ့ဒါမပေါ်ဖို့
ရေးကြီးတယ်ဘာလုပ်ရလုပ်ရဆိုပြီးအဲ့ဒီတုန်းက၃ယောက်သားဘယဆေးဆိုင်
ပြေးကြတာပေါ့ဆေး(၆)မိုးလုးံသောက်မယ်ဖေါ်မယ်ဟေ့ဆိုပြီးဖေါ်ကြတာပေါ့
ပြောရင်မကောင်းဘူးဗျဆေးဆရာကျနော်ကငမွဲဗိုလ်၂ယောက်ကလည်းငမွဲ ဆေးအဲ့ဒီ၂ယောက်စာဖေါ်တာ၃လစာမှ(၇၈၆၇)ကျပ်ဗျအတိအကျသိတာကခု
(ဒုဗိုလ်မှူးကြီးကျနော်ဆီအလာသူဒိုင်ယာရီအဟောင်းလေးအမှတ်တရယူလါ
လို့ပါဘာကြောင့်ဒီလောက်လျှာရှည်ရေးနေတာလည်းဆိုတော့အတိအကျကို
လက်ညိုးထိုးပြနိင်အောင်ရေးတာမို့ပါတိုအောင်ပြောပါမယ်ကျနော်တို့ဆက်
သွယ်တော့အရက်စွဲသေတဲ့ဗိုလ်တစ်ဦးနဲ့နိုင်ငံခြားထွက်သွားတဲ့ဗိုလ်လူထွက်
၂ဦးကလွဲလို့၁၂ဦးထဲက၈ဦးပြန်ဆက်သွမိတယ်၂ဦးကတော့လက်ရှိတာဝန်
ထမ်းနေတော့ဆက်သွယ်ဖို့မလွယ်ဘူးအရပ်ဘက်ရောက်နေတဲ့၆ဦး၎/၃/၂၀၁၅
ဆက်သွယ်မိတယ်အသက်ရှည်ဒေါင်ဒေါင်မြည်တုးံ၁နှစ်တစ်ကြိမ်တောင်
ဆေးအမြဲစစ်ကြောင်း(B/C)ဖြစ်ဖူးကြောင်းဆရာဝန်တွေကိုပြောတောမယုံဘူးတဲ့
အသည်းနှလုးံမှာဘာမှမတွေ့ဘူးလိုအမြဲငြင်းခုံရတယ်လိုပြောတယ်ဆိုဘဲလူမှု့ရေး
အခြေအနေကြောင့်မဖေါ်ပြတော့ဘူးဆေးကြော်ငြာလည်းမဟုတ်ဖူး(မြန်မာ့ဆေးပညာ)
မှာအဲ့ဒီရောဂါရှိရင်(ယုံတယ်)ဆိုရင်(ပျောက်တယ်)ဆိုတာကို(အလီဘိုင်)ထုပ်ပြတာကျန်တဲ့
့နှစ်တွေကုသပေးလမ်းညွှန်ပေးလို့ပျောက်ခဲ့တဲ့လူတွေဆွဲမထုပ်ပြတောဘူး။
&*ဆေးမတောင်းပါနဲ့ခုဆေးနည်းပါရေးပေးမယ်။
&*အဓိကဒီဆေးတွေသောက်မယ်ဆိုရင်
*အရက်သောက်ရင်ဖြတ်ပါ
*ဆေးလိပ်ဖြတ်ပါ။
*ကွမ်းယာစားခြင်းဖြတ်ပါ
*အဆီလျော့စားပါ။
*နေ့၁နာရီနောက်ပိုင်းရေခိုးခြင်းအတတ်နိင်ဆုးံးရောင်ပါ
*အကျက်တကျက်ဟိုဒုတ်ထိုးဒီုတ်ထိုးကိုးရီး
ယာကင်ယိုးဒယာကင်လက်လုပ်ချဉ်ရှောင်ပါ။ 
**ထိုအချက်မျှ(၆)လမရှောင်နိင်ရင်ဒီ
ဆေးတွေဖေါ်စပ်မစားပါနဲ့ဘာဆေးမှလဲမသောက်ပါနဲ့ဘယ်တော့မှလဲမပျောက်နိင်ပါ။
ဟုအပြတ်ပြောပါစေ။အထက်ပါအချက်၆လလောက်မှမရှောင်နိင်ရင်တောအင်္ဂလိပ်
ဆေးဗမာဆေးနိုင်ငံတကာကဖေါ်တဲ့အသည်းဆေးသကြားမင်းဦးမာဃဖေါ်ပေးတဲ့
ဆေးအဲ့ဆေးသောက်လဲမပျောက်ပါကြောင်းကြိုပြောပါရစေ။**အဓိကဆေးတစ်မိုးကိုဘဲဖေါ်ပြလိုက်ပါမယ်ကျန်တဲ့ဆေးကမြန်မာ့တိုင်းရင်းဆေးခန်း
သုးံဆေးတွေမို့တိုင်းရင်းဆေးခန်းတွေဘယဆေးဆိုင်တွေမှာဖေါ်စပ်ပြီးသားလဲရောင်း
သလိုရန်ကုန်မန္တလေးမြစ်ကြီးနားအစရှိတဲ့ဘယဆေးဆိုင်မှာအလွယ်ဝယ်ရပါတယ်။
အမှန်တော့ဒီဆေးနည်းကျနော်ရေးပြီးတင်ပြပြီးသားပါဗျာ။ခုတော့ပြန်ပြီးတင်ပါမယ်။
&*အသည်းရောင်B/Cပိုးအတွက်
*************************်
*ဂေါ်ရာဇဉ်းအသည်းဆေး*
************************
*ဂေါ်ရာဇဉ် ၁ကျပ်သား
*ဇါတိပ်သီး ၁ကျပ်သား
*နံသာဖြူ ။
*နံသာနီ ။
*ဂန့်ဂေါ်ဝတ်ဆံ ။
*နွယ်ခို ။
*ပရုပ် ။
*ပဲမံသာစေ့ ။
*ဘုမ္မရာဇါ --------(၈)ပဲသား
အားလုးံစုလတ်ဆတ်သန့်ရှင်းပါစေ
ဆေးအမူန့်ကော်ဖီတစ်ဇွန်းမောက်မောက်ကိုသောက်ပေးပါ။သဘာဝကိုယ်တိုင်
ထောင်းကော်ဖီ/နွားနိ့/သကြားဆားမပါလတ်ဆတ်သောသစ်သီးဖျော်ရည်စုံနဲ့
သောက်ပါ။ရေဖြင့်လဲသောက်နိုင်သည်။သစ်သီးဖျော်ရည်ထဲထည့်ဖျော်သောက်နိင်
သည်။
&*ဂေါ်ရာဇဉ်းတိုတာနွားကရတဲ့ဆေး
ဆရာတွေအတွက်ရတနာတစ်မိုးပါဘဲ။လွယ်လွယ်ပြောရရင်နွားသည်းခြေကရတဲ့
ကျောက်တစ်မိုး။လက်ဝါးထဲထည့်ပွတ်ခြေလိုက်ရင်ပေါင်ဒါမူန့်လေးလိုနုအိသွားသလို
လက်ဖဝါးထဲစိမ့်ဝင်သွားပါတယ်။
ဆေးကျမ်းမှာဂေါ်ရာဇဉ်းနွားသည်းခြေကျောက်သည်အလွန်အေး၏အသည်း
၌ဖြစ်သောပိုး(၆)ပါးကိုနိင်၏အပူလွန်ရောဂါကြီးများကုသရာ၌မြတ်သောဆေး
အေးတစ်ပါးဖြစ်။ရေးလျင်ကျမ်းတစ်အုပ်ဖြစ်ရုံမကမြန်မာပြည်နွားတွေတရုပ်
ရောက်သွားနိင်သည်။ဒီမျှဘဲအကျယ်သိချင်ရင်ဆေးကျမ်းများစွာမှပါ၏
အရှင်နာဂသိန်ရဲ့သားငါးကျေးငှက်တိရိစ္ဆန်များပုံပြဆေးဆေးအဘိဓါန်အတွဲများမှာရှာ
ကြည့်
*********
လိုအပ်တဲ့တိုင်းရင်းဆေးများ
(၁)အမှတ်၂၁ဆီးဆေးဖြူဆေး
မနက်၆နာရီအိပ်ရာထကော်ဖီ၁ဇွန်း
ဆန်ဆေးရည်ကြည်/သံပုရာရည်/လိမ္မော်ရည်
ရိုးရိုးရေနဲ့သောက်ပါ။
၂*အမှတ်(၆)ဟလိန္ဒစုဏ္ဏဆေး
နေ့၁၂နာရီတိတိတွင်ကော်ဖီတစ်ဇွန်း
ရေနွေ/သို့မဟုတ်/ကွမ်းရွက်ပြုတ်ရေနဲ့သော
က်။၎င်းဆေးကိုပင်ညနေ၆နာရီတိတိတစ်ကြိမ်
ထပ်ပြီးသောက်ပါ။
၃*အမှတ်(၁၅)ရွှေဆိုင်းပါသည်းခြေဆေး
အသည်းအားရှိအောင်ကော်ဖီ၁ဇွန်း
လမ္မော်/ကြံရည်/ဘိလပ်ရည်/စပါကလင်/ရေ
ဖြင့်သောက်နိင်သည်။
၎*အမှတ်((၉)သို့မဟုတ်(အမှတ်-၁၀)ဆေး
*ယောက်ကျားဖြစ်ကအမှတ်၉ဆီးဒူလာ
ဆေးကော်ဖီ၁ဇွန်းညအိပ်ရာဝင်၃ရက်ခြား
တစ်ကြိမ်။
မိန်းမသားဖြစ်ကအမှတ်၁၂ဆေးသောက်
ပါ။ရက်ခြားပါဘဲ။
ကဲအရေးင်္ကြးတာလေးတစ်ခုကBပိုးCပိုး
ရှိသူတွေအစာကြေဖိုလိုတယ်အဲ့ဒီအတွက်
ထမင်းစားပြီးတဲ့အခါတိုင်းတိုင်ရင်းဆေးအမှတ်(၂)လေမိုး၈၀လျက်ဆားဖြစ်ဖြစ်
အမှတ်(၇)နွယ်ခိုကဲကဲဆေးဖြစ်ဖြစ်မန်းကျီးစေ့လောက်လျက်ပေး။
&-အဓိကဆေ်းတဲ့
(ဂေါ်ရာဇဉ်းဆေးကတောမနက်၅နာရီ
ကော်ဖီ၂ဇွန်းသောက်ပေါ့ဗျာ။၆နာရီဆေးနဲ့၁နာရီအမြဲခွါသောက်ပါါ။
&*အဲဒီဆေးသီးသန်ဖေါ်စပ်ကုတဲ့ဆရာကြီးတစ်ဦးတော့စစ်ကိုင်းတိုင်းထဲရှိတယ်ဗျ
ဦးတိကျကြီးဗျတော်ရုးံဖေါ်မပေးဖူးငွေကြေးထက်သူညွှနသလိုလိုက်နာမှာကုတဲ့
ပုဂ္ဂိုလ်ဗျ**(သူပြောတာရှင်းတယ်ဗျစကားနားမထောင်မှတော့လာမကုနဲ့အချိန်ကုန်တယ်
ငွေကုန်တယ်ငါလဲနာမည်ပျက်သိက္ခာကျတယ်ကွလယ်ရှိတယ်ကားထောင်ထားတယ် ထမင်းစားဖို့ရှိတယ်ဆေးကုတာမိုးရိုးကြောင့်ဆေပညာဝါသနာကြောင့်တဲ့အေးရောဗျာ)
အဲ့ဒီနည်းစနစ်နဲ့ကျနော်ကြုံသလိုအကြံပေးကုနေတုန်းပါဘဲ။
ဒါပါဘဲဗျာ။
ကျေးဇူးပါ။်
ရှားစောင်းလက်ပတ် (Aloe vera)
(အူမကြီးကိုသန့်စင်ပေးရာတွင် အလွန်အစွမ်းထက်သည်)
ရှားစောင်းလက်ပတ်ပင်သိပ်ကို အသုံးဝင် သော၊တန်ဖိုးရှိသော ၊ချစ်စရာကောင်း
 သောအပင်လေးဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတာ သိရအောင်စုတု ပြုထားတာလေးတွေကိုshare
 ပေးလိုက်ပါ တယ်နော်။
ရှားစောင်းလက်ပတ်၏ ကောင်းခြင်းများမှာ----
ရှားစောင်း လက်ပတ်ရည်သည် ဗီတာမင်များ၊
 သတ္တုဓာတ်များ၊ အမိုင်နိုအက်ဆစ်များသာမက အဆိပ်အတောက်ဖြစ်မှုကို 
ဟန့်တားပေးသော အစွမ်းသတ်္တိများ ကြွယ်ဝ ပါသည်။
အူမကြီးကို ရှင်းလင်းပေးသည့် ၀မ်းနုတ်ဆေးဟုပင် ဆိုနိုင်ပါသည်။
လေ့လာချက်များအရ----
● ဆီး ၊ ၀မ်း ချုပ်ခြင်းတို့ကို ကောင်းမွန်စေခြင်း၊
● အူသိမ် အူမလမ်းကြောင်းရှိ မှို၊ ဒုက္ခပေးသော ဘက်တီးရီးယားပိုးများ၊
 ကပ်ပါးပိုးများကို ဖျက်ဆီးပေးခြင်း၊
● အစာခြေရာ တွင် ကူညီခြင်းတို့ကို တွေ့ရှိရသည်။
ခန္ဓာကိုယ်ရှိ ရောဂါပိုးများကို တိုက်ဖျက်သည့် T-cells များနှင့် antibodies 
များထုတ်လုပ်ခြင်းကို လှုံ့ဆော်ပေးခြင်း၊ရောဂါမ၀င်အောင်ဆောင်ရွက်ပေးရာ
တွင်များစွာ အကျိုးရှိသည်။ 
ရှားစောင်းလက်ပတ်သည် ဆဲလ်နံရံများထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်သော
 ဓာတုပစ္စည်းများ ပါဝင်ပြီး အရည်အဖြစ် ဆဲလ်အတွင်း ထိုးဖောက်
ဓာတ်များ (nutrients) ကို ဆဲလ်အတွင်း ၀င်ရောက်သွားစေရန် ဆောင်
ရွက်ပေးပါသည်။
ရှားစောင်းလက်ပပ်ရဲ့ ဂျဲလ်ပုံစံကြောင့် အေးမြစေတဲ့ ဂုဏ်သတ္တိရှိပြီး 
မျက်စိအောက်က အရေပြားပျော့ ဖောင်းနေတာကို သက်သာစေပါတယ်။
 ဒါကြောင့် ရှားစောင်းလက်ပပ်ကို မျက်လုံးခရင်မ် (Eye Cream)တွေ၊ 
အစက်အပြောက်ဖုံးမိတ်ကပ် (Concealer)နဲ့ အိုင်းရှဲဒိုးမှာတောင်
 ပါဝင်ပစ္စည်းတစ်ခုအနေနဲ့ ထည့်သွင်းထုတ်လုပ်လာကြပါတယ်။ 
ရှားစောင်းလက်ပပ်ဟာ အန္တရာယ်ကင်းပြီး ဓာတ်မတည့်မှု မဖြစ်စေ
တဲ့အတွက် ဒီနေ့ခေတ် အမျိုးသမီးတွေဟာ ရှားစောင်းလက်ပပ်
 အခြေခံမိတ်ကပ်ပစ္စည်းတွေကို အားကိုးအားထားပြုလာ ကြပါတယ်။
အားလုံးက ကွန်ပြုတာသမားတွေဖြစ် ကြမှာပါ။ မျက်စိဝေဒနာ လည်းသေ
ချာပေါက်ရှိကြမှာပါ။ ရှားစောင်း လက်ပတ် အတွင်းသားကို ဇွန်းလေးနဲ့
 ခြစ်၊ ပြီးရင် ရေသန့်သန့် လေးနဲ့ ရေဆေး ပြီး ပန်းကန်ထဲ ထည့်ပါ။ 
ညဘက်ကိုယ် အနားယူတဲ့ အချိန်မှာ ပက်လက်အိပ်
 အနေထားမှာ မျက်လုံးပေါ်မှာ အ၀တ်ပါးပါးလေးခံပြီးအနှစ်ကို မျက်လုံးပေါ်
တွင်15မိနစ်လောက်ကပ်ပေးထားပါ။
(သီချင်းလေးနားထောင်ရင်းပေါ့) ။
ပီးရင်ခွာပြီး မျက်နှာသစ် ပေးလိုက်ပါ မျက်စိပူ၊မျက်ရည်ယို ၊မျက်သားတက် တာတွေ
 အတွက် အရမ်းကောင်းတဲ့ သဘာဝနည်းလေးပါ။တစ်ပတ်တစ် ကြိမ် ဒါမှမဟုတ်
 ရက်ခြားလုပ်ပေးပါနော် အားလပ်တဲ့ တစ်ရက်ရက်လေးပေါ့။ ( ဒီလိုလုပ်ပေးပါက
 မျက် စိကျန်းမာရေးတင် မကပါဘူး မျက်ကွင်းညိုတာနဲ့ မျက်လုံး ပတ်လည်က 
အရေးကြောင်းတွေကိုပါ သက်သာစေမှာပါ)
နောက်တစ်ခု က လှချင်ပါတယ်ဆိုတဲ့ ပျိုပျိုမေများအတွက် လှချင်ရက် သားနဲ့ 
မလှချင်ဘူးပြောတဲ့ ကိုကိုများပါ ဒီရှားစောင်း လက်ပတ်က အရမ်းအသုံးဝင်ပါတယ်။
နေပူထဲသွားတာများလို့နေလောင်ပြီး အသားမည်းလာရင်၊ ၀က်ခြံတွေ
 ဖြစ်ပြီးအမာရွတ်ကျန် နေခဲ့ရင်၊ မှဲ့ခြောက်တွေများလွန်းလို့ အလှပျက်နေရင် ၊
 အသားရေမွဲခြောက်ခြာက် ၊ ဆံပင်တွေမွဲခြောက် ခြောက် ဖြစ်နေလို့စိတ်ညစ်နေရင်
 ရှားစောင်း လက်ပတ်ကို သတိရလိုက်ပါနော်။
ကိုယ်ရဲ့အားလပ်ချိန် လေးမှာရှားစောင်းလက်ပတ်နဲ့ပေါင်းတင်ပြီး 
လှသည်ထက်လှ ကြမယ်နော်။ လုပ်ရမှာက ရှားစောင်းလက်ပတ်
အတွင်းသားလေးကို ဇွန်းနဲ့ခြစ်ယူပြီး ရေဆေးလိုက်ပါ။ ပြီးရင် 
ခွက်တစ်ခုမှာထည့်ပြီးခေါက်ပါ။ပျားရည်2ဇွန်းထည့်ပြီးရောမွှေပေးရင်ပိုကောင်းပါတယ်။
 ရပြီ ဆိုရင် မျက်နှာပြင် အနှံ့ ညီညီ ညာညာ လေးသုတ်လိမ်းပေးပါ။ မိနစ် 20
 လောက်ထားပြီး ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးပါ။ 
လှပတင်းရင်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်နိုင်ပါပြီ။ တစ်ပတ်တစ်ကြိမ်လောက်လုပ်ပေး
ပါနော်။
 ( ကမ္ဘာ ကျော် အလှကုန်တွေဟာ aloe vera က မပါမဖြစ်ဆိုတာမမေ့နဲ့နော်)
နောက်တစ်ခုကဆီးပူ ဆီးအောင့်သမား အတွက်။ ရှားစောင်းလက် ပတ် အနှစ် ကိုယူ 
ဆန်ဆေးရေမှာ 10 မိနစ် လောက်စိမ်ထား ပြီးရင် အဲဒီ အနှစ်ရယ် သကြားရယ်
 နောက်ဆန်ဆေးရေ အသစ်ရယ် ရောပြီး သောက်ပေးပါ။ ဆီးခုံမှာ အရမ်းပူနေရင် 
ဆီးခုံမှာပါကပ်ပေးပါ။ သက်သာ သွားပါလိမ့်မယ်နော်။ ဒါပေမဲ့ ကိုယ်က ၀မ်းလျော 
လွယ်တယ်၊ကိုယ်ဝန်ရှိတယ်၊နို့တိုက်နေရတယ်၊အသက်အရမ်းကြီးတယ်၊တခြား
ရောဂါကြီး ရှိတယ်ဆိုရင်တော့ မသောက်ပါနဲ့နော်။
နောက်ဆုံးတစ်ခုကပိန်လို့အားမရှိလို့ဝမ်းချုပ်လွန်းလို့ပါဆိုတဲ့သူတွေ အတွက်ပါနော်
ရှားစောင်း လက်ပတ်၊ မန်ကျဉ်းသီး၊ကြိတ်မှန်ရွက်၊ ကြက်သွန်နီ ၊ ထန်းလျက် ရော 
ကျို ထားသော ချက်ဆေး ကို ပျားရည်နှင့်ရောပြီး တစ်နေ့ တစ်ဇွန်း စားပေးပါက
 မီးယပ်သွေးပူခြင်း၊ သွေးခန်း ခြင်း အကြောတက်ခြင်း ကောက် ကွေး နာကျင်ခြင်း 
သက်သာစေပြီး ဆံပင်ကျွတ် ခြင်း၊ ထိပ်ပြောင်ခြင်း များ သက်သာစေပြီး
 သွေးသား စိုပြေ ကာကျန်း မာဝဖြိုး အလှတိုးလာပါလိမ့် မည်။
နှုတ်ခမ်းအတွက်ရှားစောင်းလက်ပပ်မှာ ဗီတာမင်အီး ကြွယ်ဝစွာပါဝင်ပြီး ရေဓာတ်
လည်း ပြည့်ဝစွာပါဝင်တာကြောင့် ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေကို အစို
ဓာတ်ဖြည့်ပေးနိုင်ပါတယ်။
အသားအရေအတွက် ရှားစောင်းလက်ပပ်ဂျဲလ်ဟာ အသားအရေအတွက် 
အစိုဓာတ်ထိန်းဆေး၏(Moisturizer)ပါပဲ။ အရေပြားရဲ့ သဘာဝ pH ကိုလည်း
 ထိန်းသိမ်းပေးပါတယ်။
 ဒါ့အပြင် ရှားစောင်းလက်ပပ်မှာ 
အရောင်ကျစေတဲ့အာနိသင်ရှိတဲ့အတွက် ခြောက်သွေ့ယားယံတဲ့ 
အရေးပြာအတွက်လည်း အကျိုးပြုပါတယ်။ ဒါကြောင့် ရှားစောင်းလက်ပပ်ကို
 အသားအရေအတွက်လိမ်းတဲ့အလှကုန် ပစ္စည်းတွေမှာအဆီ 
ဒါမှမဟုတ် ပေါင်ဒါလိုမျိုး ပါဝင်ပစ္စည်းတွေနဲ့ ရောစပ်ထည့်သွင်း ကြပါတယ်။
မျက်နှာပေါ်မှအမဲစက်များအတွက်ပျိုမေများရာသီမမှန်လို့ မျက်နှာမှာ အမဲစက်များ
 ဖြစ်ပေါ်လာလျှင်ရှားစောင်းလက်ပပ်၏အတွင်းသားအနှစ်ကိုခြစ်ယူပြီးသကြား
 အနည်း ငယ်ရောပြီး စားသုံးနိုင်ပါသည်။ပုံမှန်စားသုံးပေးပါက အမဲစက်များ
 ပါးသွားမည်။ ကဲ ဒီလောက်ဆို ရင်
ရှားစောင်းလက်ပတ် ပင်လေးကိုမြင်ရင် မျက်လုံး အတွက် ကော၊လှဖို့ကော၊ဝ
 ဖို့ကော အရမ်းချစ်ဖို့ကောင်းတဲ့ အပင်လေးပါလားလို့ သတိရပြီး ယုယုယယ
စိုက်ပျိုးထားပါလို့……….။
credit to BMTM Mdy and မှတ်စုစာအုပ်
Monday, April 6, 2015
ဒန့်သလွန်၏စွမ်းပကား---
ဒန့်သလွန်ရွက်ကိုစား။
ပန်းသေ၊ ပန်းညှိုး---သွေးတက်နှင့်သွေးတိုး--
ဆီးလွန်ရောဂါ (မကြာခဏဆီးသွားခြင်း)
နားကိုက်၊ နားအူ---ခေါင်းအုံ၊ ဇက်လေး---နို့ထွက်ဆေး--ကျား,မ မရွေ
 အားဆေး---အစွမ်းထက်မြက် ဒန့်သလွန်ရွက်
နှာစေးနေသလား၊ နှာမွှန်နေသလား၊ သွေးတက်,    သွေးတိုးနေသလား
ဒန့်သလွန်ရွက်ကို ဘယ်ဈေးတွင်ရှာရှာ တွေ့ရှိနိုင်ပါတယ်။    ဒန့်သလွန်
ပင်ဟာ ၁၂-ရာသီလုံး စားသုံးနိုင်သော ယင်းရွက်ပင်တမျိုး ဖြစ်ပါတယ်။
အထူးသဖြင့် ဒန့်သလွန်ရွက်ဟာ လူကြီး လူလတ်လူငယ်များနှင့်တည့်
သလို သွေးတိုးဝေဒနာများ၊ဆီးချို, သွေးချိုဝေဒနာရှင်များ၊ လေငန်းရော၈ါဝေဒနာ
ရှင်များ၊ ဒူလာ၊ မီးယပ်ဝေဒနာရှင်များနှင့် အဆင်သင့်တဲ့ ဆေးဖက်ဝင်
 ဟင်းရွက်တမျိုး ဖြစ်ပါတယ်။ဒန့်သလွတ်ပင်လုံးဟာ ဆေးဖက်ဝင်လှပါတယ်။ 
ဒန့်သလွန်ရွက်၊ အပွင့်၊ အသီး၊ အခေါက်နှင့် အမြစ်တို့ဟာ တိုင်းရင်းမြန်မာဆေး
ပညာမှာ သူ့နေရာနှင့်သူ အသုံးဝင်လှပါသည်။ အထူးသဖြင့် ဒန့်သလွန်ရွက်
ကိုနေ့စဉ်မှန်မှန် စားပေးခြင်းကြောင့် လူ့ခန္ဓာကိုယ်ရှိ ပျစ်နေသောသွေးကို ကျဲစေ
တယ်။ တက်နေသောသွေးကို ကျစေတယ်။ ဆီးနှင့်ဝမ်းကို ရွှင်စေပါတယ်။
 အဲဒီလို ဂုဏ်ထူးဝိသေသအပေါင်းပြည့်သော ဒန့်သလွန်ရွက်ပါ။
ဒါ့အပြင် ဒန့်သလွန်ရွက်ကို မည်သည့်ဝေဒနာရှင်ကိုမဆို မြိန်စေတယ်။ 
အစာကို ကြေညက်စေတယ်။ နှုတ်ကို မြိန်စေတယ်။ မျက်စိကို အကျိုးပြုတယ်။
ဒေါသသုံးပါးလုံးကို နိုင်တယ်လို့ ဆေးကျမ်းတွေမှာ ဖွင့်ဆိုထားပါတယ်။
ဒန့်သလွန်၏စွမ်းပကား---
(၁) ဒန့်သလွန်ရွက် ဟင်းခါးကို ကြက်သွန်ဖြူခတ်၍ နေ့, ည သောက်ပေးပါက
 မိုးဥတုတွင် ဖြစ်ပေါ်တတ်သည့် နှာစေးခြင်း၊ နှာမွှန်ခြင်း၊ အအေးပတ်ဖွဲ့ဖျားခြင်း
တို့ကို သက်သာပျောက်ကင်း စေပါတယ်။
သွေးတက်နှင့်သွေးတိုး--
(၂) နေ့စဉ် ဒန့်သလွန်ရွက်ကို ဟင်းခါး (ငရုတ်ကောင်းနှင့်ကြက်သွန်ဖြူပါသည်) 
ချက်သောက်ပေးပါက သွေးတိုးနှင့် သွေးတက်ရောဂါဝေဒနာရှင်များ သက်
သာပျောက်ကင်းပါသည်။
သန်ကောင်နှင့် ဒန့်သလွန်သီး---
(၃) သန်ရှိပြီး ဗိုက်ပူနံကားဖြစ်နေသော ကလေးများအား ဒန့်သလွန်သီးကို
 ရက်ဆက် ချက်ကျွေးပေးပါ။ ဒန့်သလွန်သီးရဲ့ စွမ်းပကားကြောင့် ကလေးငယ်များ 
ဝမ်းတွင်းရှိ သန်ကောင်၊ တုတ်ကောင်များသေကြေကုန်ကြပါတယ်။ ဒီနည်းဟာ
 ကလေးငယ်များအတွက် အန္တရာယ်ကင်းသော ရိုးရာနည်းဖြစ်ပါတယ်။
ဆီးလွန်ရောဂါ (မကြာခဏဆီးသွားခြင်း)
(၄) ဒန့်သလွန်သီးခြောက် အတွင်းသား (အစေ့ပါ) ကို အမှုန့်ပြုပြီး နေ့စဉ် 
သကြားနှင့် ရောသောက်ပေးပါက ဆီးများခြင်းကို သက်သာပျောက်ကင်းပါတယ်။
နားကိုက်၊ နားအူ---
(၅) အစေ့မှုန့်ကို နားနာ၊ နားကိုက်၊ နားပြည်ယိုရောဂါများအတွက် 
အုန်းဆီနှင့်ရောစပ်ပြီး ကြက်တောင်သန့်သန့်ဖြင့် နားကျပ်ပေးပါက 
အထက်ပါရောဂါများကို ပျောက်ကင်းသက်သာစေပါတယ်။
ပါးစပ်မှ နံခြင်းအတွက်---
(၆) ပါးစပ်မှ အနံ့ဆိုးများ နံခြင်း၊ သွားဖုံးများမှ သွေးယိုခြင်းများအတွက် ဒန့်သလွန်
ပင်စည်ကို ဓားဖြင့်ထစ်၍ ထွက်လာသောအစေးကို ရေနွေးဖြင့်ရောစပ်ကာ 
ပါးလုတ်ကျင်းပေးရပါတယ်။ ဒီလို မကြာခဏ ပြုလုပ်ပေးပါက ပါးစပ်နံခြင်း၊ 
သွားဖုံးသွေးယိုခြင်းမှ သက်သာပျောက်ကင်းစေပါတယ်။
ခေါင်းအုံ၊ ဇက်လေး---
(၇) ဒန့်သလွန်အပင်မှ အခေါက်ကိုခွါပြီး အဝတ်သန့်သန့်ဖြင့်ထုပ်ကာ ထုခြေပြီး
 နာနာရှူပေးပါက ခေါင်းအုံ၊ ဇက်လေးရောဂါများ ပျောက်ကင်းစေတယ်။
နို့ထွက်ဆေး---
(၈) မီးနေသည် အမျိုးသမီးများအတွက် ဒန့်သလွန်ရွက် ဟင်းခါးချက်သောက်ပေးခြင်း
 (သို့မဟုတ်) ဒန့်သလွန်သီးကို ငါးကင်ဖြင့် ချက်ကျွေးပါက မထွက်သောနို့မှ
 နို့ရည်များ ဖြိုင်ဖြိုင်ထွက်လာပါတယ်။
ပန်းသေ၊ ပန်းညှိုး---
(၉) ဒန့်သလွန်သီး မနုမရင့်ကို ငါးကြင်းသားနှင့်ချက်ပြီး မကြာခဏစားပေးပါက 
ပန်းသေ၊ ပန်းညှိုးခြင်းမှ သက်သာပျောက်ကင်းစေပါတယ်။
ကျား,မ မရွေး အားဆေး---
ပရန္နဝါ, ပါးပါးလွှာ
သကာများနှင့်ဖက်၊
ဒန့်သလွန်ပွင့်, အုန်းဆံရင့်
ချိန်သင့်ညီမျှစွက်၊
မင်းတုန်းမင်းခေါင်, သူသုံးဆောင်
ဘုန်းခေါင်နေသို့လက်။
အထက်ပါဆေးနည်းကဗျာကို ကုန်းဘောင်ခေတ်တွင် နန်းတွင်းသမားတော်ကြီး 
ဆရာခဲမှ အားဆေးအဖြစ် ဖော်စပ်ပြီး မင်းတုန်းမင်းတရားကြီးကို ဆက်သခဲ့ပါတယ်။
 ဒါကြောင့် မင်းတုန်းမင်းတရား ကြီးသည် ကျန်းမာခြင်း ကာယ-စိတ္တသုခ နှစ်ဝတို့ဖြင့်
 ပြည့်စုံကြောင်းကဗျာက ဖော်ညွှန်းဖွင့်ဆိုထားပါတယ်။
အထက်ပါဆေးနည်းကို ဖော်စပ်မည်ဆိုပါက
(၁) ပရန္နဝါပင် ပဉ္စငါးပါးကို ပါးပါးလှီးထားရမယ်။
(၂) ဒန့်သလွန်ပွင့်ကို အသင့်စုဆောင်းထားရမယ်။
(၃) အုန်းသီးဆံရင့်ရင့်ကို အသင့်ခြစ်ထားရပါမယ်။
(၄) နောက် ပျားရည်တဆ၊ သကာ (မရလျှင် သကြား) တို့ကို အလေးချိန်အညီ
အမျှရောထည့်ပြီး ရေလေးခွက်ထည့်ကာ တခွက်သာကျန်အောင် ကြိုရပါမယ်။
စားသုံးနည်း---
အထက်ပါဆေးရည်ကို ပိတ်စိမ်းပါးနဲ့ စစ်ယူပြီး ပုလင်းသန့်သန့်မှာထည့်ထားပေးပါ။ 
အဲဒီဆေးရည်ကို ည-မနက် ဟင်းစားဇွန်း တဇွန်းစီ သောက်ပေးသွားခြင်းဖြင့်
 မောပန်းအားနည်းသောရောဂါ၊ သွေးလေမမှန်သောရောဂါ၊ ပန်းသေ၊ ပန်းညှိုးရောဂါ၊
 နှလုံးအားနည်းခြင်း ရောဂါနှင့် ဒူလာပိန်၊ မီးယပ်ကြောင့်ပိန်သူများ အပျိုစင်ကဲ့သို့ 
နဂိုယဉ်ကာ လှပလာစေမည် ဖြစ်ပါတယ်။
ဆေးကုန်လျှင် အထက်ပါနည်းအတိုင်း ဖော်စပ်သောက်သုံးနိုင်ကြောင်း 
တင်ပြအပ်ပါတယ်။
မှတ်ချက်။ ။ အထက်ပါ အားဆေးရည်သည် အစွမ်းသတ္တိဖြင့် ပြည့်စုံသည်။
 ဆေးကို အညွှန်းထက်ပိုပြီး မသောက်ရန် သတိပြုပါ။ (စာရေးသူ)
                       Win Oo
မြတ်ဗုဒ္ဓ၏ ၀ိပဿနာ (ကျောက်အိုင်တောရ)
Posted by Khin Win on Thursday, May 28, 2015