Facebook Page
Showing posts with label တိုင်းရင်းဆေး. Show all posts
Showing posts with label တိုင်းရင်းဆေး. Show all posts
Wednesday, May 27, 2015
လျှို့ဝှက်ရှားပါးသော မြန်မာ့ဆေးစွမ်းကောင်းများ
မြန်မာ့ဆေးစွမ်းကောင်းများကို နှစ်သက်မြတ်နိုးကြကုန်သော
မိတ်ဆွေများအတွက် ယခုစာအုပ်ငယ်ကို ဓာတ်ပုံဖြင့် PDF ပြုလုပ်၍
မျှဝေပေးလိုက်ပါသည်။ဒေါင်းတော်မူကြပါ....................
----------
အဆင်မပြေရင် ပြန်ပြောပေးကြပါ။
ဤ စာအုပ်အား ပြုစုသော စာရေးသူအား Credit ပေးပါတယ်ခင်ဗျာ
Tuesday, December 10, 2013
ကျန်းမာသက်ရှည်ရေးအတွက် ဥတုအလိုက် ရှောင်ကြည်လိုက်နာရန် အချက်များ
သက်ရှည်ကျန်းမာ အသေသက်သာလိုသော ပုဂ္ဂိုလ်သည်
၁။       ဥတုကို အထူးဂရုစိုက်ရမည်။
၂။       အာဟာရကို ပြုပြင်ပေးရမည်။
၃။       ကမ္မခေါ် အပြုအမှုအနေအထိုင်တို့ ကို ဆင်ခြင်ရမည်။
နွေဥတုတွင်
၁။       ရေအေးချိုးပါ။ ရေအေးဖတ်ကို တိုက်ပါ။(နံနက် ၉ နာရီ ရေချိုးသင့်သည်)
၂။       ညဥ့်နက်သန်းခေါင် အအေးခံ၍ မနေရ။
၃။       လေတိုက်ခံပြီး ညမအိပ်ရ။
၎။       အပူဓါတ်များရှိနေရာမှ ချက်ခြင်းအအေးမခံရ။
၅။       နေပူမှပြန်လာပြီး ချက်ခြင်းအအေးခံခြင်း၊ ရေချိုးခြင်း မပြုရ။
၆။       ထီး၊ဖိနပ် မပါဘဲ လမ်းမထွက်ရ။
၇။       ညအိပ်ခါနီးတွင် ခြေဆေး၍ ခြေထောက်နွေးအောင် ပြုလုပ်ပေးရမည်။
၈။       အပင်ပန်းခံပြီး လှုပ်ရှားမှု မပြုလုပ်ရ။
၉။       ၀မ်းလည်းမပျက်စေဘဲ၊အခိုးလည်းထွက်စေသော ဆေးကို အနည်းငယ် စားပေးရမည်။
၁၀။     ပူစပ်ခါးငန်ချဉ် တဖက်သက်လွန် အစာများကို မစားရ။
၁၁။     အေး၊ချို၊ဆိမ့်၊ဖန် ၊ချွဲ တဖက်သက်လွန် အစာများကို မစားရ။
၁၂။     ဒိန်ချဉ်၊သြဇာသီး၊မှည့်လွန်းသော အသီး၊မုန့် ဟင်းခါး၊အုန်းနို့ ၊ချဉ်ပေါင်၊ရုံးပတီသီး၊ဖရဲသီး၊ပိန္နဲသီး၊
          ကနစိုသီးများကို မစားရ။(၀မ်းမီး ပျက်သွားတတ်၏)
၁၃။     ရေခဲ၊ရေခဲရည်၊ရေခဲပါသော အစားအစာများမစားရ၊
၁၄။     ငရုတ်သီးစပ်စပ် အစာများ (ရှောက်သီးသုပ်၊ငရုတ်သီး၊စပ်လွန်းသော )များကို ရှောင်ရမည်။
၁၅။     ရေကို ကျိုချက်၍ အအေးခံ ပြီးသောက်ပါ။
မိုးဥတုတွင်
၁။       နံနက် ၇ နာရီ ရေချိုးပါ။
၂။       မိုးရွာခြင်း၊လေတိုက်ခြင်းများရှိနေလျှင် ရေနွေးဖြင့် စပ်၍ လေလုံလုံတွင် ရေချိုးပါ။
၃။       မိုးစိုနေသော အ၀တ်ကို ၀တ်မထားရ၊လဲလှယ်ပစ်ရမည်။
၎။       ထီး၊ဖိနပ်၊မိုးကာမပါပဲ လမ်းမထွက်ရ။
၅။       ၀မ်းနူးစားများ၊ဘဲသား၊၀က်သား၊အမှည်လွန်သော အသီးများ၊ဖျော်ရည်များ မစားသောက်ရ၊
၆။       ထမင်းဟင်းကို ပူပူနွေးနွေးစားပါ။
၇။       ရေအေးမသောက်ရ။ရေနွေးကြမ်းသောက်ပါ။
၈။       တစ်ဖက်သက်အပူလွန် အစပ်လွန်သော အစားအစာများ မစားရ၊
၉။       ငရုတ်သီး၊ငရုတ်ကောင်း၊ကြက်သွန်ဖြူ ၊ချင်းတို့ ကို အနည်းငယ်စားပါ။
၁၀။     ၀မ်းမီးကို အားနည်း၊ပျက်စီးစေသည့် လက်လုပ်ချဉ်များ ကြေကျက်ခဲသော အစာများ (ကောက်ညှင်း၊အုန်းနို့  မစားရ)
၁၁။     ရေခဲ။ရေခဲရည်၊ရေခဲပါသော အစာများလုံးဝမစားသင့်ပါ။
၁၂။     အခါးအရသာကို ကဲ၍ စားပါ။
၁၃။     ချဉ်ပေါင်၊ရုံးပတီသီးစသည်တို့ ကို ဆင်ခြင်၍စားပါ။
၁၄။     လက်လုပ်ချဉ်များနှင့် အစပ်များကို ဆင်ခြင်၍စားသောက်ပါ။
၁၅။     ဟင်းချို၊ဟင်းခါး၊ရေနွေးကြမ်း ပူပူနွေးနွေးသောက်ပါ။
ဆောင်းဥတုတွင်
၁။       နံနက် ၁၀ နာရီထက်စော၍ ရေမချိုးပါနှင့်
၂။       မချိုးမဖြစ်၍ချိုးရလျှင် ရေနွေးနှင့်စပ်၍ လေလုံလုံတွင် ချိုးပါ။
၃။       ၀မ်းအချုပ်မခံရ(နူးညံသော ၀မ်းသက်ဆေးကို စားပါ။
၎။       အခိုးငုပ်သည့်အစာများ (ဒိန်ချဉ်ကို မစားရ)
၅။       ချဉ်၊ငန်၊ပူ၊စပ်များစားပါ(သို့ သော် တစ်ဖက်သတ်အလွန်အကျွံမစားရ)
၆။       ဘဲသား၊၀က်သား၊ကောက်ညှင်း၊အုန်းနို့ ၊မြေပဲများစားပါ။
၇။       ချိုချဉ်အရသာရှိသော သစ်သီးများ၊ဖျော်ရည်များစားသောက်ပါ
၈။       အအေးဓါတ်ကို လိုသည်ထက်ပို၍ မခံရ၊
၉။       ညဘက်တွင် ညနွေးထွေးစွာ နေရမည်။
၁၀။     နှင်းကျသော နေရာတွင် ခေါင်းအုံး၊အအုပ်မပါဘဲ မသွားရ၊မနားရ
၁၁။     ဟင်းချို(ကင်ပွန်းချဉ်)များစားသောက်ပါ
၁၂။     ညဘက်တွင် ပူနွေးသည့်အရည်များကို သောက်ပါ။(ရေနွေးကြမ်း၊ကော်ဖီ)
၁၃။     ရသာ ၆ပါးတွင် အချဉ်အရသာကို အနည်းငယ်ကဲ၍ စားပေးပါ။
၁၄။     ချွေးနည်းသည့်ကာလဖြစ်၍ လိုအပ်ပါက ကာယလှုပ်ရှားမှု ပြုလုပ်ပါ။
၁၅။     ဆီးများများသွားခြင်းကို မဟန့် တားရ။
             နွေ၊မိုး၊ဆောင်း ဥတုသုံးလီ တွင် အထက်ပါ အချက်များကို တတ်နိုင်သလောက်
ပြုလုပ်ပေးသွားပါက သက်ရှည်ကျန်းမာရေးအတွက် အထောက်အကူပြုပါလိမ့်မယ်။
ဆရာဦးဆက်ထွန်းလင်းရေးသားသော 
ဇရာဗေဒနှင့် သက်ရှည်နုပျိုမှု ဆိုင်ရာရဿယနဆေးပညာ
Wednesday, February 20, 2013
HIV,AIDS ရောဂါကုထုံးဆိုင်ရာအတွက် ကမ္ဘာ့ရိုးရာဆေးပညာသုံး တွဲဖက်ကုထုံးများ
HIV,AIDS ရောဂါကုထုံးဆိုင်ရာအတွက် ကမ္ဘာ့ရိုးရာဆေးပညာသုံး
တွဲဖက်ကုထုံးများ
ရိုးရာဆေးပညာဟာ   ကြီးကျယ်ခမ်းနားသော ဂုဏ်များနှင့်   ပြည့်စုံနေပါတယ်။    ထို့ ကြောင့်
လည်း ရိုးရာဆေးပညာမှာ အခြံအရံဆေးပညာရပ်အပေါင်း များစွာပါရှိနေပါတယ်။ထိုအခြံအရံ
ဆေးပညာရပ်များထဲမှ HIV,AIDS ရောဂါကုထုံးအတွက် အထောက်အကူပြုမည့် တွဲဖက်ကုထုံး
များကို ရွေးချယ်အသုံးပြုပါက ပိုမိုထိရောက်မြန်ဆန်သည့် အကျိုးအာနိသင်များကို ရရှိစေနိုင်မှာ
ဖြစ်ပါတယ်။
          ထိုတွဲဖက်ကုထုံးများ၏ ရည်ရွယ်ချက်မှာလည်း  ခန္ဓာကိုယ်၏  ခုခံစွမ်းအားကို တိုးတက်စေ
ရန်ပင် ဖြစ်ပါတယ်။တွဲဖက်ကုထုံးများကို ပေါင်းစပ်ကျင့်သုံးခြင်းဖြင့် HIV,AIDS ရောဂါအပေါ် ကုထုံး
ဆင်မှု၌ လည်းကောင်း၊ ထိရောက်မှုအာနိသင် ပိုမိုရရှိစေရေး၌ လည်းကောင်း၊ ကုထုံးသဘောတရား
ကျယ်ပြန့် စေမှု၌ လည်းကောင်း၊ရောဂါ၏ တိုးတက်မှုကို ဟန့် တားစေရာ၌ လည်းကောင်း၊ ရောဂါ၏
လျော့ပါးသက်သာစေမှု ပိုမိုမြန်ဆန်ရေး၌ လည်းကောင်း၊  တွဲဖက်ကုထုံးတစ်ခုစီ၏   သီးခြားစွမ်းရည်
အားသာချက်များအရ လည်းကောင်း စသည့် ကောင်းကျိုးများကို ရရှိစေနိုင်ပါသည်။
          ခုခံအားကျရောဂါအတွက် တွဲဖက်အသုံးပြုသင်သည့် ကုထုံးများ
၁။       သဘာဝကုထုံး
၂။       ယောဂကုထုံး
၃။       ယုံကြည်ခြင်းကုထုံး
၎။       အပ်စိုက်ကုထုံး
၅။       ဖိအားသုံးကုထုံး
၆။       ဇုံနယ်(ခေါ်) ကမ္မဇတုံ့ ပြန်မှုသုံးကုထုံး
၇။       အနှိပ်ကုထုံး
၈။       ဇီဝပြန်ကျွေးကုထုံး
၉။       ရနံ့ကုထုံး
၁၀။     သံလိုက်စက်ကွင်ကုထုံး
၁၁။     တိုကိချိချွမ်ကုထုံး
၁၂။     ရိုဖင်းကုထုံး၊အရိုးဆိုင်ရာကုထုံး၊ကျောရိုးမကြီး နှိပ်နယ်ကုထုံး
၁၃။     ရေခီကုထုံး
၁၄။     အရောင်ကုထုံး
၁၅။     ပန်းကုထုံး
၁၆။     စမကုထုံး စသည့် တွဲဖက်ကုထုံးများကို အသုံးပြု၍ ရနိုင်ပါသည်။
Thursday, December 20, 2012
အစာလည်းဆေး ဆေးလည်းအစာ နှင့် ဆေးယဉ်ပါးခြင်း
     မြန်မာ့ဆိုးရိုးစကားမှာ အစာလည်းဆေး၊ဆေးလည်းအစာ ဆိုတဲ့ လမ်းညွှန် ဆိုရိုးစကားရှိပါတယ်။
မျှတပြီး သင့်တော်သော အစာကို စား၊လျှော့လျှော့ပေါ့ပေါ့စားပြီး ကြေကျက်လွယ်သည်ကို ရွေးချယ်
စားသုံးပါက အသက်ရှည်မှာ ကျန်းမာမှာဖြစ်ပါတယ်။ထိုသို့ စားသောက်တတ်သော သူသည်သာလျှင်
စားသောက်သမျှ အစာလည်းဆေး ဖြစ်နေမှာပါ။မသိနားမလည်ပါကလည်း ဆေးပညာတတ်သော
ပုဂ္ဂိုဟ်များကို မေးမြန် မှတ်သား လေ့လာသင့်ပါတယ်။မိမိနှင့် သင့်တော်သော အစာ၊ မည်သို့ စားရ
မည်ကို မေးမြန်းမှတ်သား ပြီး ညွှန်ကြားသည့်အတိုင်း စားသောက်ရမှာ ဖြစ်ပါတယ်။
     ဆေးလည် အစာ ဆိုတဲ့စကားကတော့ သိဖို့ ခက်ခဲနေပါလိမ့်မယ်။မိမိသောက်သုံးသောဆေးမှာ
အစာအာဟာရ ကဲ့ သို့ ဖြစ်နေရပါမယ်။အစာအာဟာရနဲ့ တူတဲ့ဆေးကို စားသုံးမှာသာ ကျန်းမာပြီး
အသက်ရှည်ကာ ရောဂါအမြစ်ပြတ်မှာ ဖြစ်ပါတယ်။မိမိစားသုံးနေသော ဆေးဝါးများဟာ အာဟာရ
စားသလိုပဲ ခန္ဓာကိုယ် လိုအပ်သည်များကို ဖြည့်တင်းပေးပြီး အညစ်အကြေး အဆွေးအမြေ့ မျာကို
အပြင်ကို စွန့် ထုတ်ပေးသော စွမ်းအားရှိရပါမယ်။အငုပ်အခိုး အကြွင်းအကျန်များ မကျန်စေသင့်
ပါဘူး။ထိုကဲ့သို့ သော ဆေးမျိုးမှသာ ၀မ်းမီးကို အထောက်အကူပေးနိုင်မှာ ဖြစ်ပါတယ်။ရောဂါကို
အမြစ်ပြတ် ပျောက်ကင်းစေမှာဖြစ်ပါတယ်။ထိုသို့ မဟုတ်ခဲ့ပါက ရောဂါကို ပျောက်ကင်းစေသော်
လည်း အငုပ်အခိုး အကြွင်းအကျန်များ ကျန်နေ၍  ရောဂါပြန်ဖြစ်ခဲ့ပါက တိုးပြီးဆေးစားနေရမှာ
ဖြစ်ပါတယ်။ထိုဆေးများကား ယနေ့ ခေတ်ပေါ် ပဋိဇီဝ ဆေးများဖြစ်ပါတယ်။ပဋိဇီဝ ဆေးများမှာ
အာဟာရသဘော မသက်ရောက်ဘဲ ရောဂါကိုသာ  တချက်တားနိုင်ရန် ဆေးသဘောသာ
သက်ရောက်နေပါတယ်။ဝမ်းမီးကို လည်း ပျက်စီးစေပြီး အငုပ်အကြွင်းများကျန်စေကာ ရောဂါ
အမြစ်မပြတ် ဆေးကို သာ တိုး၍တိုး၍ စားနေရမှာ ဖြစ်ပါတယ်။ထိုဖြစ်စဉ်ကို ဆေးယဉ်၊ဆေးပြီး
သည်ဟု ခေါ်ဆိုနေကြခြင်းဖြစ်ပါတယ်။
     ဆေးလည်း အစာဟူသော စကားအတိုင်းပင် တတ်သိနားလည်သော ပုဂ္ဂိုဟ်တို့ ၏ ညွှန်ကြား
ချက်ဖြင့် သုံးမှသာလျှင် ကျန်းမာ၊သက်ရှည်၊ရောဂါအမြစ်ပြတ်၊အိုမှုကင်းကွာရေးတို့ ကို အပြည့်အဝ
ရရှိနိုင်မှာဖြစ်ပါတယ်။ထို့ ကြောင့်အစာလည်းဆေး ဆေးလည်းအစာ ဟူသော စကားမှာ လူသား
တိုင်း နားလည်ပြီး ကျန်းမာ၊သက်ရှည် ၊ရောဂါအထွေထွေ တို့ ကို အမြစ်ပြတ်ရန် ဟူသော အချက်
သုံးချက်ကို စွမ်းဆောင်ပေးနိုင်သော ရိုးရာအစဉ်အလာ စကားတစ်ရပ်ဖြစ်နေပါတယ်။
ဆရာဦးဆက်ထွန်းလင်းရေးသားပြုစုသော
သဘာဝဆေးပညာနှင့်အိုနာသေမှု ဝေးအောင်ပြု စာအုပ်မှ ဆီလျှော်အောင်
 ပြန်ရေးသားထားပါသည်။
Friday, December 14, 2012
အသည်းရောဂါရှင်များအတွက် ကျန်းမာရေးဓာတ်စာများ
အသည်းရောဂါရှင်များအတွက် ကျန်းမာရေးဓာတ်စာများ
          လူသားတွေမှာ အသည်းရဲ့ လုပ်ငန်းဆောင်တာ တွေဟာ လွန်စွာ များပြား 
ရှုပ်ထွေးလှပါတယ်။ရောဂါကြီးငယ်တွေ ဖြစ်ခဲ့မယ်ဆိုရင်လည်း အသည်းလုပ်ငန်း
များပုံမှန်ဖြစ်စေရန် ဦးစွာ ကုသသင့်တယ်လို့  ဆေးကျမ်းမှာ ညွှန်းဆိုထားပါတယ်။
အသည်းရောဂါများ များပြားလာတာနဲ့ အမျှ ကုသဖို့ ကုထုံးဆေးဝါးများအပြင်
ဆိုင်ရာ ဆိုင်ရာရောဂါများအတွက် သင့်တော်သော ဓာတ်စာအာဟာရများ စားသုံး
တတ်ဖို့ လိုအပ်လှပါတယ်။ယခုစာအုပ်မှာ အသည်းရောဂါုသည်များအတွက် သင့်တော်
သော ဓာတ်စာအာဟာရများကို ဖော်ပြထားလို့ စာဖတ်သူများ အသုံးချနိုင်ကြ
စေရန် ဖော်ပြပေးလိုက်ပါတယ်။ဆေးကျမ်းမှာ ဖော်ပြထားချက်ထဲမှ အတိုချုပ်ပဲ
ရေးသားပေးလိုက်ပါတယ်။
၁။       ဂျုံကြမ်း
          အသည်းရောဂါသမားများအတွက် ဂျုံကြမ်းကို ဓာတ်စာအနေနဲ့ စားကြရင်
ဂျုံဟောင်းကို စားကြဖို့ တိုက်တွန်းထားပါတယ်။အထွေထွေအားနည်းတဲ့  ရောဂါများ
အတွက်လည်း သင့်တော်ပါတယ်။ဂျုံကို သကြား၊သစ်သီးခြောက်တို့ နှင့် ကျိုချက်ကာ
နွားနို့ ဖြင့် ပုံမှန်သောက်ပေးပါက ခန္ဓာကိုယ် ကျန်းမာရေးကို တိုးတက်စေပြီး ကြံ့ ခိုင်
စေပါတယ်။
၂။       ဆန်ကြမ်း
          အသည်းရောဂါသည်များအတွက် ဆန်ဟောင်းကို သာ အသုံးပြုကြဖို့  ညွှန်
ပြထားပါတယ်။ဆန်ကြမ်းဟာ အသည်းရောဂါသည်များအတွက် သာမက အခြား
ဝမ်းပျက်ဝမ်းလျော၊၀မ်းကိုက်၊ဖျားနာ၊၀မ်းချုပ် စတဲ့ ၀မ်းဗိုက်ရောဂါအမျိုးမျိုးအတွက်
လည်း ကောင်းကျိုးပြုပါတယ်။
၃။       နှံစားပြောင်း
          နှံစားပြောင်းဟာ အစာကို အလွန်ကြေလွယ်စေလို့ ဝမ်းဗိုက်နဲ့ ပတ်သက်တဲ့
ရောဂါတွေမှာ အသုံးပြုနိုင်ပါတယ်။ခန္ဓာကိုယ်ကို ကြံ့ ခိုင်သန်မာစေပြီး ၀ါဇီကရဏ
အားများကိုလည်း တိုးတက်စေပါတယ်။နှံစားပြောင်း စားသုံးနည်းကတော့
နှံစားပြောင်းကို အနည်းငယ်လှော်ပြီး အမှုန့် ပြုလုပ်ကာ နွားနို့ ၊သကြား၊ ဂီးထောပတ်
တွေနဲ့  ရောနှောစားသုံးရင် အလွန်အကျိုးပြုတဲ့ အာဟာရတစ်မျိုးဖြစ်ပါတယ်။
အားနည်းသူများအတွက် ကောင်းပါတယ်။
၎။       ပဲနောက် (ခ) ပဲတီစိမ်း
          ပဲနောက်ဟာ အလွန်အစာကြေလွယ်ပါတယ်။သည်းခြေဒေါသကို ကောင်းစွာ
ပယ်ဖျောက်နိုင်လို့ ခန္ဓာကိုယ်နဲ့ ဝမ်းဗိုက်မှာ ဖြစ်တဲ့ ပူချစ်တဲ့ ဝေဒနာတွေကို ဖယ်
ရှားပေးနိုင်ပါတယ်။ဖျားနာခြင်းများအတွက်လည်း ပဲနောက်ကို စားသုံးနိုင်ပါတယ်။
အစာခြေချက်မှုကို လှုံဆော်ပေြး့ပီး အစာစားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။
အသည်းရောင်ရောဂါ နဲ့ အခြားအသည်းရောဂါအမျိုးမျိုးမှာ စိတ်ချစွာ အသုံးပြုနိုင်
ပါတယ်။
၅။       ပဲနီလေး (ပဲရာဇာ)
          ပဲနီလေးဟာ လေ(၀ါတ)ကို တိုးပွားစေပြီး သည်းခြေဒေါသကို ကောင်းစွာပယ်
ဖျောက်နိုင်လို့ အသည်းရောဂါ ၊ သွေးရောဂါ ၊ အရေပြားရောဂါတို့ အတွက် ထိရောက်
တဲ့ အာနိသင်ရှိပါတယ်။အေးတဲ့ ဝီရိယရှိလို အပူကြီးတဲ့ ရောဂါ၊ အဖျားလွန်ရောဂါများ
မှာသုံးနိုင်ပါတယ်။အပြန်အလှန်အနေနဲ့ အေးသော သလိပ်လွန်သော ရောဂါတွေဖြစ်တဲ့
အဆုတ်အအေးပတ်ခြင်း၊ နာတာရှည်ချောင်းဆိုး၊လေးဖက်နာ၊အဆစ်ရောင်၊ရောဂါတွေ
မှာ အသုံးမပြုသင့်ပါဘူး။
၆။       ပဲစင်းငုံ
          အစာကြေလွယ်ပြီး သည်းခြေဒေါသကို အထူးနိုင်နင်းလို့  သည်းခြေဒေါသကြောင့်
ဖြစ်တဲ့ အသည်းရောင်ရောဂါ နဲ့ အခြားသော အပူလွန်ရောဂါတွေမှာ အသုံးပြုနိုင်ပါတယ်။
ပဲစင်းငုံကို ပုံမှန်မှီဝဲသုံးစွဲရင် သည်းခြေငါးမျိုးမှာပါတဲ့  ရဉ္ဇက သည်းခြေကိုတိုးပွားစေလို့ 
အသားအရေရဲ့ အရောင်အဆင်းကို လှပစေပြီး ၊ လွန်စွာလည်း အာဟာရ ဖြစ်စေပါတယ်။
၇။       ကြက်ဟင်းခါးသီး
          ပူသော ၀ီရိယသတ္တိ ရှိလို့ အသည်းနဲ့ ပတ်သက်တဲ့ အအေးရောဂါတွေဖြစ်တဲ့ အသည်းအဆီဖုံး၊ ဆီးချို၊ လိပ်ခေါင်း၊ သွေးစုနာ၊ ၀ဲ၊ယားနာ၊ အရေပြားရောဂါ၊မှိုစွဲနာ ၊အသည်းရောင်၊အသားဝါတုတ်ပိုး၊ သန်ပိုးတွယ်ခြင်း၊နာတာရှည် အရိုးအဆစ်ရောဂါ၊ ဒူလာရောဂါ တွေမှာ အသုံးပြုနိုင်ပါတယ်။
         အထက်ပါစားစရာများကတော့ ဦးစားပေးစားသုံးသင့်တဲ့ စားစရာများဖြစ်ပါတယ်။
အသည်းရောင်ရောဂါ အသည်းရောဂါများနှင့် ရိုးရာဆေးပညာ(ဆရာဦးဆက်ထွန်းလင်း) စာအုပ် ဖော်ပြထားချက်များစွာထဲမှ ကောက်နုတ်ဖော်ပြထားတာပါ။
ရေးသားသူ
ဦးခင်ဝင်း
၂၄ လက်မ ပိုက်လိုင်းဗဟိုစခန်း
အချိန်---၁၄-၁၂-၁၂(ည-၀၇း၄၆)
Saturday, November 17, 2012
ပါစကတေဇော ခေါ် ၀မ်းမီး - ၂
          ဂဟဏီကို ၀မ်းမီးလို့ ဘာသာပြန်ကြပါတယ်။ အမှန်မှာ ကမ္မဇကံစွမ်းရည်ဖြင့် စတင်ဖြစ်ပေါ်
ပြီး ဂုဏ်အရှိန်သုံးပါးနဲ့  ပြည့်စုံတဲ့  စွမ်းရည်ပဲဖြစ်ပါတယ်။   ထိုအရှိန်စွမ်းရည်    တည်ရှိတဲ့နေရာက
အကြောခွေအတွင်းမှာ ဖြစ်နေလို့ တည်နေရာကို အကြောင်းပြုပြီး ၀မ်းမီးလို့ ခေါ်ပါတယ်တဲ့။ ၀မ်းမီး
မှာ စွမ်းရည်သုံးရပ် ရှိပါတယ်။
(က)     မျှတစွာ ကြေကျက်ခြင်း
(ခ)      တစ်ဘက်စွန်းမရောက် အပိုအလိုမရှိပဲ ထုတ်လုပ် နိုင်ခြင်း။
(ဂ)      ထုတ်လုပ်ပြီးသမျှ ဓာတ်ကြီး ခုနှစ်ပါးမှာ အညစ်အကြေးကင်းစင်ပြီး အပိုအလိုမရှိ မျှတစွာဖြစ်
           နေရပါမယ်။လူသားတစ်ယောက်ရဲ့ ဘ၀ကို မွမ်းမံတည်ဆောက်ပေးနေတဲ့ ဝမ်းမီး၊ဓါတ်မီး၊ခုခံ
           အားစွမ်းရည် ကောင်းနေသရွေ့ သြဇာဓာတ် အပြည့်အ၀ပါတဲ့ အစာ၊အာဟာရတွေကို လည်း
           စားသုံးနေရင် ကျန်းမာမယ်၊အသက်ရှည်မယ် ၊အန္တရယ်ကင်းလွတ်မှာ ဖြစ်ပါတယ်။
          ထိုဝမ်းမီးရဲ့  စွမ်းရည်ကို မြန်မာ့ရိုးရာတစ်လျောက်လုံးမှာ ၀မ်းတစ်လုံးကောင်း ခေါင်းမခဲ ဆိုတဲ့ 
စကားနဲ့ လမ်းညွှန်ဖော်ပြထားပါတယ်။ထိုလမ်းညွှန်ချက်မှာ လွန်စွာနက်ရှိုင်းပြီး၊ တန်းဖိုးလည်း မဖြတ်
နိုင်ပါ။
          မြတ်ဗုဒ္ဓ သည် ၀မ်းမီးကို ဂဟဏီဟု သုံးစွဲတော်မူခဲ့ပါတယ်။ခန္ဓာကိုယ်မှာ အသက် ရဲ့ တည်ရာ
ဖြစ်တဲ့ ဓာတ်ကြီးရှစ်ပါးတို့ ကို ထုတ်လုပ်ဆောင်ရွက်ပေးနေတဲ့ အပူရှိန်တစ်မျိုးလည်း ဖြစ်ပါတယ်။
ဆေးကျမ်းမှာတော့ (ပါစက+ အဂ္ဂိ) ပါစကဂ္ဂိ ကြေကျက်စေတတ်သော မီးလို့ သုံးကြပါတယ်။အဲဒါ
ကြောင့် ဂဟဏီ ဆိုတဲ့ စကားဟာ ပါစကတေဇော ပါစကမီး ၀မ်းမီး စတာတွေနဲ့ အတူတူပဲ ဖြစ်ပါတယ်။
ဆေးကျမ်းမှာ ပြဆိုထားတာက ကုသာသကတေဇော ဟုခေါ်တဲ့ ဝမ်းမီးဟာ အစာအိမ်ရဲ့ အောက်ဘက်
ချက်ရဲ့ ဘယ်ဘက် လက်လေးသစ်အကွာမှာ ရှိတဲ့ စန္ဒမဏ္ဍလ လိုခေါ်တဲ့ အကြောခွေအတွင်းမှာရှိတဲ့
သူရိယ မဏ္ဍလဆိုတဲ့ အကြောခွေ အလယ်မှာ ရှိတယ်လို့ ဆိုပါတယ်။လူဘ၀မှာ မဓာနကျတဲ့ သည်း
ခြေဖြစ်ပြီး ပါစကသည်းခြေ လို့ လည်း ဆိုပါတယ်။
          အဖွင့်စကားမှာတော့ ဒီလိုဆိုထားပါတယ်။
          လနေနှစ်စင်း၊ ကြောခွေတွင်၌ ထွန်းအိမ်မှန်၊မီးသဏ္ဍာန်သို့ ၊တည်ဟန်ဝမ်းမီး၊ ရှိထပြီးကာ၊
ထိုမီးနှင့်သား၊စာသစ်အိမ်၌၊ ပမာမုယော၊ ပါစကောဟု၊ ခေါ်သောသည်းခြေ၊ ရပ်တည်နေလျက်၊
စားလေသမျှ၊ အာဟာရကို၊ မွမွညက်ကြေ၊ ချက်၍ချေခြင်း၊ တစ်ထွေထိုမှ၊ စားသမျှကို၊ ရသတစ်
သွယ်၊ ကျင်ကြီးငယ်ဟု၊ သုံးသွယ်ခွဲဝေ၊ ကျန်လေးထွေသော၊ သည်းခြေတို့ အား၊ ကျေးဇူးပါ၍ ၊ဆင့်
အားထောက်ကူ၊ သက်စောင့်ဟူသည်၊ မူရင်းမဓာန၊ ပါစကသည်၊ ကမ္မကြောင်းခံသတည်း၊
လို့ ဆိုထားပါတယ်။ပါစကတေဇော ခေါ် ၀မ်းမီးဟာ မဓာနကျကျတည်နေပါတယ်။ရဉ္စက သည်းခြေ
ကတော့ သွေးမှာတည်နေပြီး သွေးသား သန့် ရှင်းမှု ကြည်လင်မှု အားရှိမှုတွေကို ဖြစ်စေပါတယ်။
သာဓကသည်းခြေကတော့ နှလုံးမှာ တည်နေပြီး နှလုံးအာရုံကြော ဦးဏှောက်အသိဥာဏ် စသည်
တို့ ကို ဖြစ်ပေါ် ကြည်လင်စေတတ်တဲ့  တာဝန်ကို ထမ်းဆောင်ပါတယ်။   
         လောစကသည်းခြေ၊ ဘာစကသည်းခြေ၊ ရဉ္စက သည်းခြေ၊ သာဓကသည်းခြေ စတဲ့
သည်းခြေလေးမျိုး တို့ ကို အားရှိထက်မြက်စေရန်နဲ့ ဆောင်ရွက်နေရတဲ့ တာဝန်တွေကို ပြည့်ဝ
နေစေရန်အတွက် ၀မ်းမီး ခေါ် ပါစကသည်းခြေ ကို ပြုပြင်ပေးရပါမယ်လို့ မြတ်ဗုဒ္ဓ က ဟောခဲ့ပါ
တယ်။ပါစကတေဇော သည်လည်း ကမ္မတေဇောကနေ ပြောင်းလဲလာခြင်းဖြစ်ပါတယ်။ကမ္မတေ
ဇောဆိုသည်မှာလည်း လူ့ ဘ၀အစ ပဋိသန္ဓေ အခါ ကပင် ဦးဆောင်တည်ဆောက်ပေးနေတဲ့
ဓာတ်တစ်မျိုးဖြစ်နေပါတယ်။လူသားကို မွေးဖွားပြီးချိန်မှစပြီး ပါစကတေဇော ဟာ စားသမျှအာဟာ
ရတို့ ကို စတင်ချက်ခဲ့တာဟာ သေသည့်တိုင်အောင် ဖြစ်ပါတယ်။လူ့ စွမ်းရည်ဖြစ်တဲ့  အကြည်ဓာတ်
ခြောက်ပါးကို ဆက်လက်အားပြုပေးတာကတော့ အာဟာရပင် ဖြစ်ပါတယ်။အဲတာကြောင့် မြတ်
ဗုဒ္ဓက အာဟာရသမုဒယော ရူပသမုယော အာဟာရရဲ့ အကြောင်းကြောင့် ရုပ်ကြီးတည်နေတယ်
လို့ ဟောကြားတော်မူခဲ့ပါတယ်။
          ဒါကြောင့်မို့ လည်း အင်မတန်အရေးကြီးတဲ့ အာဟာရကို စားရရင်ပြီးရော ဗိုက်ပြည့်ရင်
ပြီးရော သဘောမထားကြပဲ၊ ကြေကျက်လွယ် ပြီး တစ်ဘက်စွန်း သို့ မရောက်တဲ့အာဟာတွေကို
မျှတစွာ ဖြည့်တင်းကြဖို့ အထူးလိုအပ်လှပါတယ်။
ဝမ်းမီးကို စောင့်ရှောက်ဖို့ အတွက် ၀မ်း နဲ့ အခါး ဆက်စပ်မှုကို ဆက်လက်ရေးသားသွားပါ့မယ်။
Friday, November 2, 2012
ပါစကတေဇော ခေါ် ၀မ်းမီး
                ပါစကတေဇောနဲ့ ပတ်သက်လို့ ဆရာရေးသားထားတဲ့ အကြောင်းအရာတွေကလည်း
 တော်တော်လေးကောင်း ပါတယ်။အရင်က မသိခဲ့လို့ စားချင်တာစား နေချင်သလိုနေခဲ့ပီး ခုတော့
ဝမ်းမီးဓါတ်ကို  ကောင်းစေမယ့်  အစာမျိုးတွေ ၊  ၀မ်းမီးဓာတ်က  ချေဖျက်လွယ်မယ့်  အစာမျိုးတွေ
ရွေးချယ်ပြီး  စားဖြစ်လာခဲ့ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့  ရာသီဥတု  အခြေအနေပေါ်   မူတည်ပြီး
တော့လည်း  အစားအစာကို  ရွေးချယ်  စားဖြစ်ခဲ့ပါတယ်။  ခန္ဓာမှာ ဖြစ်ပေါ်ခံစားနေရတဲ့  ဓာတ်တွေ
ရဲ့  လွန်မှု  ယုတ်မှုတွေကို   အာရုံခံစားပြီးတော့လည်း    စားသောက်နေထိုင်     တတ်လာခဲ့တယ်။
ကျနော်သိသလို   လေးနက်တာကြိုက်တဲ့   စာဖတ်သူတွေ   အတွက်   အသိပညာတိုးစေရန်
 ပါစကတေဇောအကြောင်း စာအုပ်ထဲက  အတိုင်း ရေးတင်ပေးလိုက်ပါတယ်။
          မြန်မာ့ရိုးရာ၌ အဦးဆုံး ဦးစားပေးဆောင်ရွက်ခဲ့သော ဥပဒေသမှာ ကမ္မဇ မူလ အာဟာရဇ
ဘူတ ဟူသော ဥပဒေသပင် ဖြစ်ပါသည်။
          ကမ္မဇစွမ်းရည် ဘ၀ဗိသုကာက တည်ဆောက်ခဲ့၍ ကမ္မဇတေဇော၏ အရှိန်ဖြစ်သော ပါစကတေဇောက လူ့ ဘ၀ကို ဆက်လက်သရုပ်ဖော်ဆောင်ရ၏။ထိုသို့ ရရှိအပ်သော အမာခံ
ဓာတ်ကြီး ငါးပါး၊ရုပ်အစုအဝေးတို့ကို ကမ္မဇတေဇော၏ စွမ်းရည်ဖြစ်သော ဥသ္မာတေဇောက 
ဆက်လက်   စောင့်ရှောက်ရ၏။ ဆက်လက်  ထိန်းသိမ်းပေးရ၏။ထိုသို့  ကမ္မဇတေဇောက 
သဘာဝ ကျနစွာ တည်ဆောက်ပေးသော ပါစကတေဇောက ဆက်လက်ဆောင်ရွက်ပေးသော
 ဥသ္မာတေဇော က ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်ပေးသော လူသားသည်သာလျှင်
ကျန်းမာ၏။ အသက်ရှည်၏။
 အိုမှုမှ ကင်းဝေး၏။ သေမှုမှ သက်သာစေတတ်၏။ ထိုတွင် ပါစကတေဇောကိုလည်း 
တစ်နည်းအားဖြင့် ၀မ်းမီးဟုခေါ်ပြီး ဥသ္မာတေဇောကို တစ်နည်းအားဖြင့် ဓာတ်မီးဟုခေါ်ပါသည်။ ဓာတ်မီးဟူသည် ခန္ဓာကိုယ်တွင် ဓာတ်ကြီးရှစ်ပါးတို့ ကို မပျက်စီးရအောင် ထိန်းသိမ်း
စောင့်ရှောက်ပေးသောဓာတ်ဘူ တစ်မျိုးဖြစ်ပါသည်။ ထိုဓာတ်မီး၏ အခြေခံမှာ ပါစက
 တေဇောဖြစ်ပါသည်။
ထိုပါစကတေဇော(၀မ်းမီး)ကို သည်းခြေဓာတ်ဟုလည်း ခေါ်ဆိုပါသေးသည်။၎င်းသည်းခြေဓာတ်
(အခိုး)၏ တည်နေရာဌာနကို ဆေးကျမ်းတို့ ၌ ဂဟဏီ ဟုခေါ်သည်။ ထိုဂဟဏီဟုခေါ်သော 
ဝမ်းမီးကို အကြောင်းပြု၍ လူသား၏ အိုခြင်းနာခြင်း၊သေခြင်းဒုက္ခတို့ ကို ရရှိကြပါသည်။ ထိုဝမ်းမီးအားကောင်းနေလျှင် အိုမှုသည်လည်း မ၀င်ရောက်နိုင်ပါ။နာမှုသည်လည်းမကပ်ငြိနိုင်ပါ။
 သေမှုသည်လည်း ဝေးကွာသည်ထက်ဝေးကွာရမည်
သာဖြစ်လေသည်။
          ထို့ ကြောင့် မြန့် မာရိုးရာတွင် ၀မ်းတစ်လုံးကောင်း ခေါင်းမခဲဟုဆိုရိုးရှိခဲ့ခြင်း
ကြောင့်ဖြစ်ပါသည်။ ၀မ်းတစ်လုံးကောင်းနေသရွေ့ အိုမှု၊နာမှု၊ သေမှုတို့ ကိုမဆိုထားဘိ
 ခေါင်းခဲသော ရောဂါငယ်တစ်ခုသော် မှမရရှိနိုင်ဟု ဆိုလိုခြင်းဖြစ်ပါသည်။
          ထိုဝမ်းတစ်လုံးဟူသော ၀မ်းမီးနှင့်ဆိုင်ရာ စာပေတို့ ကို ပြန်လည်ရှာဖွေသောအခါ၌ ကျမ်းပြုအကျော်ဖြစ်တော်မူသော လယ်တီဆရာတော်၏ ကိုယ်တိုင်ရေးသားစီရင်အပ်သော
 ပဓာနိယင်္ဂ သုတ္တန်လာ ဗုဒ္ဓဟောတော်မူချက်ကို အခြေခံထား၍ ရေးသားထားခြင်းဖြစ်ပါသည်။
 ထိုမူရင်းဒေသနာကို ရှေးဦးစွာ အသက်ရှည်ရာ အနာကင်းဝေး အသေသက်သာရေးအတွက် ဆက်လက်ရေး သားဖော်ပြပါမည်။
                   ပဓာနိယင်္ဂသုတ္တန်နှင့် ၀မ်းမီးသုံးရပ်
၁-မဇ္ဈိမာယ            ၎င်းဝမ်းမီးသည် အပူစွန်းတစ်ဘက်၊အအေးစွန်းတစ်ဘက် မရောက်အောင်
                          ညီညွှတ်မျှတစေ၏။
                          အကယ်၍ တစ်ဘက်စွန်းသို့ ရောက်သောအာဟာရကိုစားမိသည်  
                          ပင် ဖြစ်သော်လည်း  အပြစ် သို့ မရောက်အောင် ကာကွယ်နိုင်ပေသည်။
၂-မဓာနနက္ခမ       ခုခံမှုအားစွမ်းရည် အပြည့်အ၀ရှိသော ၀မ်းမီးဖြစ်သည်။အငုပ်အခိုးပိုး ဇီရဏ 
                         အညစ်အကြေးတို့ကို ပယ်နှင်ကာကွယ်နိုင်သည်။
၃-သမဝေပါ
   ကိနိယာ           အခါခပ်သိမ်း မျှတစွာသော ဓာတ်ကြီးခုနှစ်ပါးကတို့ ကို ထုတ်လုပ်တတ်သော 
                        ခန္ဓာကိုယ်တွင်ရှိသော ဓာတ်ကြီးခုနှစ်ပါးတို့ သည်တစ်ခုတစ်ခု လိုနေခြင်း
                        ၊ပိုနေခြင်း၊ လွန်နေခြင်း တို့ မဖြစ်စေရန် အတွက် ထိန်းသိမ်းစောင့်ရှောက်
                        ထုတ်လုပ် နိုင်သည်။လူသားတစ်ယောက်တွင် ထိုသုံးချက်သော ၀မ်းမီးအင်္ဂါ
                        ရပ်နှင့် ပြည်စုံသေသူသည်သာလျှင် ကျန်းမာခြင်းအသက်ရှည်ခြင်း၊အသေသက်
                         သာခြင်း  အကျိုးတို့ကို အပြည့်အ၀ ရရှိစေနိုင်ပါသည်။
ဆက်လက်ရေးသားပေးပါအုံးမယ်-------------------------------
Sunday, October 28, 2012
ှသက်ရှိ ဥသ္မာ သက်မဲ့ သြဇာ
             ဒီနေ့ သဘာဝဆေးပညာဖြင့် အိုနာသေမှုဝေးအောင်ပြု ဆေးကျမ်းစာအုပ်ကို ဖတ်ရင်း ဒီဆောင်းပါးလေးကို စာဖတ်သူတွေ အသိပေးချင်တာနဲ့  ရေးသားပေးလိုက်ပါတယ်ဗျာ-----
           ကျနော် ဆရာဦးဆက်ထွန်းလင်းရေးသားခဲ့တဲ့  ဒီစာအုပ်လေးကို တော်တော်နှစ်သက်
မိခဲ့ပါတယ်။စာအုပ်က ၀တ္ထုစာအုပ်အရွယ်လောက်ပဲ ရှိပေမယ့် ဆေးပညာအသိတွေ မြင့်မြင့်မားမား
ပေးခဲ့ပါတယ်။ကျနော့ ဆေးအသိဥာဏ်တွေလည်း တိုးတက်လာခဲ့ပါတယ်။
          ဒီဆောင်းပါးမှာ လူသားတွေအတွက် အာဟာရရဲ့ အနှစ်သာရ သြဇာဓာတ်အကြောင်း ဖော်
ပြပေးသွားမှာပါ။ဆရာရေးသားခဲ့တဲ့ အကြောင်းအရာ ရေးသားချက်အတိုင်း ရေးသားဖော်ပြမှာပါ။
          ဆောင်ပုဒ်-     ကြည်လင်သန့် ရှင်း ပြစ်ကင်းခြင်းကို ဆိုလေအာကာ ဥသ္မာ သြဇာ ယူကုန်ကြ
          သက်ရှိလူသားတို့ ၌လည်းကောင်း၊ သက်မဲ့ ရုပ်ဝတ္ထုတို့ ၌ လည်းကောင်း သြဇာဓာတ်သည်ရှိ၏။
သက်ရှိလူသားတို့ ၌ ရှိသော သြဇာဓာတ်ကို ဥသ္မာတေဇောက ထိန်းသိမ်းထား၏။သက်မဲ့ရုပ်ဝတ္ထုတို့ မှ
သြဇာဓာတ်ကို ဥတုဇတေဇောက ထိန်းသိမ်းထာ၏။ သြဇာဓာတ်ကို ဒြပ်တစ်ခုအနေဖြင့် ကိုင်တွယ်ပြ၍
မရနိုင်၊သကတ်(၀ါ)စွမ်းရည်အနေဖြင့်သာ သဘောလက္ခဏာကိုဆင်ခြင်၍ သိနိုင်၏။ အမာခံဓာတ်တို့ ၌
သာလျှင် စွမ်းရည်အဖြစ်ဖြင့် တည်နေ၏။ သွေးသား စသော ဓာတ် ရ ပါးလုံး၌ သြဇာဓာတ်တည်နေ၏။
          သက်မဲ့၌ကား သြဇာသည် ကြံပင်တွင် ကြံရည်တည်သကဲ့သို့ ပျံ့ နှံ့ ၍ တည်နေ၏။သက်ရှိ၌ အရည်
အသွေး အနံ့ စိုပြေမှု တင့်တယ်မှု ၀ဏ္ဏ၊ ဂန္ဓ၊ ရသ သုံးမျိုးအနေဖြင့် ပျံ့ နှံ့ ၍ တည်နေ၏။ သက်ရှိ၌ ရှိသော
ရုပ် နှစ်ဆယ့်ရှစ်ပါးလုံးကို သြဇာဓာတ်က အုပ်ချုပ်ထား၏။ လူ့ စွမ်းရည် အကြည်ဓာတ် ခြောက်ပါးတို့ ၌
လည်း သြဇာဓာတ်သည် အချုပ်အခြာ အနေဖြင့် ပါဝင်နေ၏။ သက်မဲ့ အာဟာရတစ်ခုခု၌ရှိသော ရုပ်ငါးမျိုး
တွင်လည်း သြဇာဓာတ်သည် အချုပ်အခြာအနေဖြင့် ပါဝင်နေ၏။ သက်ရှိတွင်ရှိသော သြဇာဓာတ်သည်
ကံ၊ စိတ်၊ ဥတု၊ အာဟာရကို အခြေခံ၏။ သက်မဲ့ရုပ်ဝတ္ထုတစ်ခုတွင် ရှိသော သြဇာဓာတ်သည် ဥတုဇတေ
ဇောကို အကြောင်းခံ၍ တေဇော ၊၀ါယော၊ အာပေါ၊ ပထ၀ီ တို့ ကြောင့်  ၀ဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာ တို့ သည်
ဖြစ်ပေါ်လာရခြင်းဖြစ်၏။ ထိုတွင် သြဇာဓာတ်သည်သာ အရေးကြီးဆုံးသော စွမ်းရည်အချုပ်အခြာဖြစ်၏။
          သက်မဲ့ အာဟာရတို့ ၌ ရှိသော သြဇာဓာတ်သည် သက်ရှိ လူသား၌ ရှိသော သြဇာဓာတ်ကို ဖြည့်
တင်းထောက်ကူပေးနိုင်၏။ သက်ရှိလူသားနှင့် သက်ရှိသြဇာ ကို စတင်တည်ဆောက်ပေးသည်မှာ ကမ္မဇ
တေဇော ဖြစ်၏။သက်ရှိ၊သက်မဲ့  ရုပ်ဝတ္ထုသြဇာဓာတ်တို့ ကို စတင်တည်ဆောက်ပေးသည်မှာ ဥတုဇတေ
ဇောဖြစ်၏။ သက်ရှည် ကျန်းမာ အနာကင်းသော လူသားတစ်ယောက်ဖြစ်ရန်အတွက် သြဇာဓာတ်သည်
လွန်စွာ အရေးကြီး၏။ ထိုသြဇာဓာတ်ကို ထိန်းသိမ်းထားသော ဥသ္မာတေဇော သည် အစဉ်သဖြင့် အားရှိနေ
ရန် လို၏။ သက်ရှိသြဇာနှင့် ဥသ္မာကို ကောင်းစွာအားပေးထောက်ကူနိုင်သည်မှာ သက်မဲ့အာဟာ၌ရှိသော
သြဇာဓာတ်ပင်ဖြစ်ပေသည်။ထိုသက်မဲ့ရုပ်ဝတ္ထုတစ်ခုခုတွင် အရေးပါသော သြဇာဓာတ်သည် တည်နေသည်
ဟု ဆိုငြားလည်း သဘာဝအတိုင်းပြုလုပ်စီမံမှု၊ စိုက်ပျိုးထုတ်လုပ်မှု မရှိသော အတုအစားဖြစ်သော အာ
ဟာရတို့ တွင် သြဇာဓာတ်သည် တည်မနေနိုင်ပါ။ ရှိမနေနိုင်ပါ ၊ဖောက်ပြန်မှုမရှိသော သဘာဝရေ၊ သဘာ
ဝလေ။သဘာဝမြေသြဇာ၊ သဘာဝနေရောင်တို့ ဖြင့် စိုက်ပျိုးထားသော အစစ်ဖြစ်သော အာဟာရတို့ ၌ကာ
သြဇာဓာတ် တည်နေနိုင်ပေသည်။
          သက်ရှိတွင်လည်း အပြစ်ကင်းသော ၀မ်းမီးမှထုတ်လုပ်၍ ရအပ်သော ဓာတ်ကြီးရှစ်ပါး၊ ထိုဓာတ်
ကြီးရှစ်ပါးကို မှီ၍ဖြစ်ရသော လူ့ စွမ်းရည် အကြည်ဓာတ်ခြောက်ပါး အားလုံးတို့ ကို ကောင်းစွာ စောင့်
ရှောက်တတ်သော ဥသ္မတေဇော၊ ၎င်းတို့ ကို မျှတစွာ စုပေါင်းသရုပ်ဖော်မှုကြောင့် သြဇာဓာတ်သည်
ဖြစ်ပေါ်လာရ၏။ ထိုပေါ်လာသော သြဇာဓာတ်သည် သက်ရှိ၏ စွမ်းရည် အရပ်ရပ်တို့ ကို ပြန်လည်ထိန်း
သိမ်းစောင့်ရှောက်ထား၏။ ထို့ ကြောင့် သက်ရှိ၌ရှိသော သြဇာနှင့် သက်မဲ့ ၌ရှိသော သြဇာခြားနားပုံကို
ဇယားဖြင့် သိနိုင်ပါသည်။
          အထက်ဖော်ပြပါအတိုင်း သြဇာဓာတ်သည် လူသားတို့ အတွက် အလွန်အရေးကြီးသော
ဓာတ်ဖြစ်လေသည်။ သြဇာဓာတ် တည်ငြိမ်တိုးတက်စေရန် သဘာဝအစားအစာများကိုသာ စားသုံးရန်
ဖြစ်ပြီး၊ စားသုံးလိုက်သော အာဟာရကို သြဇာဓာတ်အပါအ၀င် လိုအပ်သော ဓာတ် ၇ ပါးဖြစ်ပေါ်လာစေ
ရန် ပါစကတေဇော(၀မ်းမီး)ကိုလည်း ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်လှပေသည်။
 နောက်တစ်ပတ်မှာ ပါစကတေဇော(၀မ်းမီး) အကြောင်း ရေးသားပေးပါအုံးမည်။
မြတ်ဗုဒ္ဓ၏ ၀ိပဿနာ (ကျောက်အိုင်တောရ)
Posted by Khin Win on Thursday, May 28, 2015