Facebook Page

Thursday, October 3, 2013

အမတနာဠိကေရ အသက်ရှည်ဆေး သို့ အုန်းတစ်လုံးဆေး


မအို မနာ မသေ အုန်းသီးအသက်ရှည်ဆေး

ကျနော့ အသိမိတ်ဆွေတစ်ယောက်မှ အုန်းတစ်လုံးအသက်ရှည်ဆေးကို လိုချင်ပါတယ်ဆို
 တာနဲ့ ဆရာဦးဆက်ထွန်းလင်း စာအုပ်မှာ ရှာဖွေရေးသားတင်ပေး လိုက်ပါတယ်။ဆေး
နည်းတွေက မြောက်မြားစွာရှိလို့ မိမိနဲ့ သင့်တော်ရာကို ရေရှည်မှီဝဲသုံးဆောင်သွားပါက ကျန်းမာသက်ရှည်မည်သာ ဖြစ်ပါသည်။အသိသတိနဲ့ မိမိကိုယ်စောင့်ရှောက်ပြီး အမြဲသုံး စွဲဖို့ ဇွဲရှိဖို့ လိုပါတယ်။ကျနော်တို့ ကိုယ်တိုင်ပင် ကျန်းမာရေးကောင်းနေပါက ဘယ်ဆေးကို မှ သောက်ဖို့ ကို စိတ်ထဲမတောင့်တကြပါဘူး။မေ့လျော့နေတတ် ကြပါတယ်။ဒါပေမယ့် ကိုယ်ခန္ဓာက ဆေးရဲ့ ဓာတ်ကို အမြဲရရှိနေအောင် မှန်မှန်မှီဝဲကြဖို့ အထူးလိုအပ်လှပါတယ်။
ဆေးနာမည်က အမတနာဠိကေရ လို့ ခေါ်တဲ့ အုန်းသီးအသက်ရှည်ဆေး ဖြစ်ပါတယ်။
အမတဆိုတာကတော့ သေခြင်းကင်းသော လို့ ဆိုပြီး နာဠိကေရကတော့ အုန်းသီးဆေး
လို့ ပြောတာပါ။
ကျနော်တို့ လူသားတွေမှာ ၀မ်းမီးကောင်းမွန်ပါက အဆုံးငါးပါး ပူသည်အေးသည်မရှိ၊ ချွေးအေးမထွက်၊ နှစ်ကြိမ်စားပါက တစ်ကြိမ်သာ ၀မ်းသက်ခြင်း၊၀မ်းဟာသန့် ရှင်းပါမယ်။
ပေကျံခြင်း၊ ၀မ်းကျန်ခြင်းမရှိပါဘူး။ချွေးထွက်ပါမယ်။ကိုယ်သားကိုယ်ရေ သန့် ရှင်းပါမယ်။
အသားအေးခြင်း ချွေးအေးထွက်ခြင်း မရှိပါဘူး။သွေးသား ကြည်လင်သန့် ပြီး ရေသောက်
ကောင်းပြီး စားကောင်းအိပ်ပျော်ပါမယ်။အထက်ကလက္ခဏာတွေကတော့ ကျန်းမာခြင်း၊
အသက်ရှည်ခြင်း၊အသေသက်သာခြင်းကို ဖြစ်စေတဲ့ ဝမ်းမီးကောင်းလက္ခဏာများ ဖြစ်ပါ တယ်။

ဆေးဖော်စပ်နည်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
၁.သစ်ဆိမ့်သီးအဆံ               ၁ ကျပ် ၄ ပဲသား
၂.ကြစုသီး                          ၁ ကျပ် ၄ ပဲသား
၃.ဆီးဖြူသီးအသား                ၁ ကျပ် ၄ ပဲသား
၎.ကံ့ကော်ဝစ္ဆံ                      ၁ ကျပ် ၄ ပဲသား
၅.နွားမြက်ရင်းခေါင်း               ၁ ကျပ် ၄ ပဲသား
၆.ငရုတ်ကောင်း                    ၁ ကျပ် ၄ ပဲသား
၇.လင်းနေ                          ၁ ကျပ် ၄ ပဲသား
၈.ဖာလာ                            ၁ ကျပ် ၄ ပဲသား
၉.အိမ့်မွေ့ သီး                      ၁ ကျပ် ၄ ပဲသား
၁၀.ပိတ်ချင်းသီး                    ၁ ကျပ် ၄ ပဲသား
၁၁.ကန့် ချုပ်နီမြစ်                  ၁၀ ပဲသား
၁၂.နံသာနီ                          ၁၀ ပဲသား
၁၃.ဆင်တုံးမနွယ်                  ၁၀ ပဲသား
၁၄.နှမ်းဆီ                          ၂ ကျပ်သား
၁၅.ထောပတ်                      ၂ ကျပ်သား
၁၆.ပျားရည်                        ၂ ကျပ်သား
၁၇.သကြား                         ၂၅ ကျပ်သား
၁၈.ထန်းလျက်                     ၁၀ ကျပ်သား
၁၉.အုန်းသီးတစ်ခြမ်း၏နို့ ရည်   
၂၀.အုန်းသီးတစ်ခြမ်းအဖတ်
၂၁.အုန်းသီးတစ်လုံးအရည်

ဖော်စပ်ပုံကတော့ အုန်းသီးကို ခြစ်ပြီး ထိုအုန်းရည်ဖြင့် နို့ ညှစ်ယူပါ။ကျန်သော
 အုန်းဖတ် ကို မီးကျွမ်းအောင် လှော်ပါ။
အုန်းသီးလှော်ဖတ် နဲ့  နံပါတ် ၁ မှ ၁၄ အထိ ဆေးဘက်များကို အမှုန့် ကြိတ်ပါ။
ဆေးဘက်တွေကို အမှုန့် ကြိတ်ရာမှာ သံဆုံနဲ့ ထောင်းတာသာ အကောင်းဆုံးပါ။
စက်နဲ့ ကြိတ်လိုက်ရင် ဆေးအာနိသင် လျော့သွားမယ်လို့ မှတ်သားထားကြပါ။

ဆေးချက်ပုံ အဆင့်ဆင့်ကတော့ အောက်ပါအတိုင်းပါ။

သံဒယ်အိုးဖြင့် ထောပတ်ကို ဆီသတ်လိုက်ပါ။ဆီသေပါက အောက်ကို ချပြီး ပျားရည်
 ထည့် မွှေလိုက်ပါ။ပျားရည်က မီးအပူကို ကြောက်ပါတယ်။နှမ်းဆီကို ဆီသတ်ပြီး ထည့်ပါ။
ထန်းလျက်ကို ကြေအောင်ကြိတ်ပြီး ထည့်မွှေပါ။အုန်းနို့ ထည့်ပါ။မီးအပူပေးပါ။ကျက်ကျက်
ဆူသောအခါ သကြားကိုထည့်ပြီး မွှေပါ။ကြေညက်ပြီးမှ ဆေးမှုန့် များကို ထည့်ပါ။ပြီးပါက
မီးညှင်းညှင်းဖြင့် တဖြည်းဖြည်း လက်ကော်ရအောင် ဆီပြန်လာအောင် ချက်ပေးပါ။
စားသုံးနိုင်တဲ့ အမတနာဠိကေရ ဆေးရပါပီး။

ဆေးစားသုံးပုံကတော့ နံနက်စောစော ၈ ပဲသားခန့် ကွမ်းသီးခြမ်းလောက် ရေနွေးနှင့်
သောက်ပါ။ဆေးသောက်ပြီးရင် အနုပါန အနေနဲ့ ကော်ဖီဖြစ်ဖြစ်၊နွားနို့ ဖြစ်ဖြစ်၊သား
ပြုတ်ရည် တခုခုဖြစ်ဖြစ်၊ထမင်းရည်ဖြစ်ဖြစ် သောက်ပေးပါ။

အားလုံးပဲ ဆေးဖော်စပ်သုံးဆောင်နိုင်ကြပြီး ၀မ်းမီးညီညွတ်လျက် ကျန်းမာသက်ရှည်
အသေသက်သာခြင်း ကို ရရှိနိုင်ကြပါစေသတည်း။

ခင်ဝင်း
၂၄ လက်မပိုက်လိုင်းဗဟိုစခန်း

မြတ်ဗုဒ္ဓ၏ ၀ိပဿနာ (ကျောက်အိုင်တောရ)


Posted by Khin Win on Thursday, May 28, 2015