Facebook Page
Saturday, September 15, 2012
၂၀၁၂ ခုနှစ် အတွက် မှတ်တမ်းပြုခြင်း
              2012 နှစ်ကုန်ပိုင်း တွင် ဖြစ်ပေါ်လာနိုင်သည့်  အဖြစ်အပျက်များနှင့် ပတ်သက်၍ ကျယ်ကျယ်လောင်လောင် ပြောဆိုရေးသားမှုများလာပါသည်။တွေ့ ရှိလေ့လာထားသော အချက်အလက်များမှာ ဖြစ်နိုင်ချေများခဲ့ ပါသည်။ရှေးခေတ်တဘောင်များ ၊ အသိထူးရှိသော 
လူသားများ ၊အနာဂတ် ဟောကိန်းများ ကို တိုက်ဆိုင်ကြည့်ရာ လွန်စွာစိတ်ဝင်စားစရာ
ကောင်းလှပါသည်။
              လူသားတို့ အတွက် ခေတ်ကောင်းတစ်ခေတ်ကို ကြုံကြိုက်တော့မည့် 
အခြေအနေဖြစ်နေပါသည်။
              ဘီစီ 3114 မှ ဘီစီ 110 ခန့် အချိန်ပိုင်းကို ပြိဿ၇ာသီဓါတ်အနည်း
ငယ်နှင့် ဘီစီ 100 မှ 2012 အထိကာလကို မိန်ရာသီဓါတ်လှိုင်းများ ကြီးစိုးသည်ဟုဆို၏။
ထို့ ကြောင့် ဘီစီ 3100 မှ 100 အတွင်းလူ့ သမိုင်းကြောင်းကို အကြမ်းဖျင်းပြန်ကြည့်ပါက
အစောပိုင်းတွင် ပြိဿရာသီသဘောသတ္တိအရ လူ့ အဖွဲ့ အစည်းနှင့် မြို့ ပြနိုင်ငံများထူထောင်
နေထိုင်လာခြင်း၊လယ်ယာထုတ်ကုန် စီးပွားလုပ်ငန်းများထွန်းကားလားခြင်း၊ဘေဘီလုံ ဆူမားရီး
ယား၊အီဂျစ်၊တရုတ်ပြည်မဟာတံတိုင်းနှင့် ရှေးဟောင်းပီရမစ်၊ဥယျာဉ်ပျံစသည်တို့ မှာ ပြိဿ
ရာသီ၏ ဓါတ်သဘော အသွင်ဆောင်သကဲ့ သို့ အိန္ဒိယရှေးဟောင်းယဉ်ကျေးမူတွင်လည်း
ဥသဘကို အလေးအမြတ်ထားကြသည့် ဓလေ့များမှာ ပြိဿရာသီ၏ ဓါတ်လက္ခဏများဖြစ်သည်
ဟုဆိုသည်။
             ထို ခေတ်အလယ်သို့ ရောက်လာသောအခါ မိဿရာသီဓါတ်အားကောင်းလာသဖြင့်
လူ့ အဖွဲ့ အစည်း၊မြို့ ပြနိုင်ငံများတစ်ခုနှင့်တစ်ခု အပြိုင်အဆိုင် ကျုးကျော်နယ်ချဲ့ လာကြသည်။
စစ်မက်မီး တောက်ပွားလာခဲ့ သည်။တရုတ်၊ပါးရှန်းခေါမ၊ရောမနိုင်ငံတော်များ၊စစ်ရေးအရသြဇာ
လွမ်းမိုးတည်ဆောက်မှုများ၊ဗဟိုဦးစီးချုပ်ကိုင်မှုစနစ်များ ပေါ်ထွန်းလာခြင်းမှာ မိဿရာသီ၏ ပြ
ယုဂ်ပင်ဖြစ်၏။
           ဘီစီ 100 နှောင်းပိုင်း ခေတ်ကို မိန်ရာသီခေတ်ဟုဆို၏။ ထိုကာလအတွင်းဘာသာတရား၊
အတွေးအခေါ်အယူအဆအသစ်အဆန်းများစွာ ပေါ်ထွက်လာ၏။လူအများတွင်အကြောက်တရား
ဦးစီးနေ၏။ကိုယ်ကျိုးအတ္တများကြကုန်၏။သို့ ဖြစ်၍ မူလရှိပြီး တရားစစ်၊တရားမှန်များကို အတ္တ
သညာဖုံး၍ လိုရာဆွဲကာ အဓိပ္ပာယ်ဖွင့်ကြ၏။ငြင်းကြခုံကြ၊တိုက်ခိုက်ကြ၏။နည်းပညာ အသစ်
အဆန်း များတိုးတက် တီထွင်သလောက် လူတွေ တဖက်မှ ဒုက္ခလှလှ တွေ့ ကြရ၏။ လူမျိုး၊ဘာ
သာ၊အယူအဆ၊အမျိုးဇာတ် အစွဲအလမ်း ကြီးမားလာမှုကြောင့် လူမဆန်စွာ ရက်စက်သတ်ဖြတ်
မှုများ ကျယ်ပြန့် ကြီးထွားလာသကဲ့ သို့  ဘာသာရေးနှင့် စိတ်ပညာနယ်ပယ်ထွန်းပေါက်အောင်
မြင်မှု။လောကီလွန်သဘောတရား၊ဂန္ဒာ၇ီပညာရပ်များထွန်းကားလာခဲ့ ၏။ထိုအဖြစ်များမှာ
မိန်ရာသီခေတ် နက္ခတ်နယ်ပါယ်၏ ပ၇ိယာယ်ဓါတ်သဘောများဖြစ်၏။
           2012 ခုဒီဇင်ဘာ (21) ရက်နေ့တွင် အလျှံပါယ် သွန်းဖြိုးကျရောက်လာမည့် ဓါတ်လှိုင်းစွမ်း
အင်သည်ကား ယခင်သက်ရောက်ခဲ့ ဖူးသော မည်သည့် ဓါတ်လှိုင်းနှင့်မျှမတူ၊မကြာမီရောက်လာ
မည့် ကုံရာသီခေတ် စွမ်းအင်ဓါတ်အားလှိုင်းများပင်ဖြစ်၏။ထိုဓါတ်လှိုင်းများက ကမ္ဘာ့ လူသားအ
များစုကို အသိထူး၊ဥာဏ်ထူး များပွင့်လင်းစေမည် ဖြစ်။
            ကုံရာသီသည် ၀ါယောဓါတ်အိမ်ဖြစ်၍ ရေသည်ယောက်ကျားပုံဖြစ်၏။ ထိုကြောင့် လူကို
နိုးကြားလာမည်။တစ်ဦးကောင်းတစ်ယောက်ကောင်းဖြင့် ဗိုလ်ကျ ၊ဆရာကြီးလုပ်လိုသူများ
ကျဆုံးတော့မည်။ နိုင်ငံ၊လူမျိုး၊ဘာသာအယူတွေ တစ်ခုနှင့်တစ်ခုကွဲပြား၍ ပဋိပက္ခဖြစ်မှုများကို
ငြိမ်းအေးစေမည်။ကမ္ဘာသူ၊ကမ္ဘာသားချင်းနားလည် မှု ပိုရလာမည်။
 ကောက်နုတ်ဖော်ပြချက်
ဒီပံလင်း နဂါးလှည့်စွမ်းအင်နှင့် 2012 အောင်ဓါတ်ပွင့်ချိန် (၃)
2010 ဖေဖော်ဝါရီ။သူရဇ္ဖစာစောင်
ကျနောတို့ နေစကြ၀ဌာဟာ 1960 ပြည်နှစိမှစ၍ နဂါးငွေ့ တန်းအတွင်းရှိ ဖိုတွန်ဘဲလ်ခေါ် အလင်းခါးပတ်မှုန်ထဲသို့  ၀င်ရောက်ခဲ့ ပြီးဟု ဆိုသည်။အလင်းခါးပတ်ကြီးကို နှစ်ပေါင်း 2100
ကျော် ဖြတ်ရမည်ဖြစ်ပြီး ထိုကာလအတွင်း အလင်းဓါတ်၊အပွင့်ဓါတ်များ နိုးကြားလာမည်ဖြစ်သည်
ထိုအလင်းခါးပတ်မှုန်နှင့် ကြုံကြိုက်ရန် နှစ်ပေါင်း 10684 လိုအပ်ပြီး၊ ကုံရာသီခတ်ဖြစ်ပါသည်။
1960 နှစ်မှ စ၍ အပြင်ပတ်လမ်းနယ်နမိတ်သည် အလင်းခါးပတ်မှုန်အတွင်း ချင်းနင်းဝင်ရောက်ခဲ့
ပြီး 2012 ကုန်ပိုင်းတွင် ကမ္ဘာပတ်လမ်းသို့ ရောက်ရှိပါတော့မည်။နဂါးဦးခေါင်းမှ သက်ရောက်လာ
သော စွမ်းအင်များနှင့် အလင်းခါးပတ်မှုန် စွမ်းအင်များ ပေါင်းစပ်ပြီး ကုံရာသီ တန်းခိုးသတ္တိ အစွမ်းကုန် ပြမည့် အခါကောင်း၊အခါမြတ် ကြီးဖြစ်ပါသည်။
Wednesday, September 12, 2012
အသက်ရှည် ကျန်းမာရေးအတွက် ရဿယနဆေးဝါးကို စားသုံးထိုက်ခြင်း
          လူသားတို့ သည် အာဟာရများကိုစားသုံးကာ ယင်းအာဟာများကိုဝမ်းမီးမှ ချေချက်ပြီး ရသာရည် အသွေးအသား၊အဆီ၊အရိုး၊ချဉ်ဆီ၊သုက်ဓါတ်ဟူသောဓါတ်စဉ်ခုနှစ်ပါးအဖြစ် ပြုပြင်ပြောင်းလဲပေးခြင်းအားဖြင့်
အသက်ရှင်ရပ်တည်နေကြပါတယ်။
မှာဖြစ်ပါတယ်။
အသက်(၄၀)ကျော်လာပြီးနောက်ပိုင်းမှာဝမ်းမီးဓါတ်ဟာတဖြည်းဖြည်းချင်းကျဆင်းလာတတ်
ပါတယ်။ ၀မ်းမီးဓါတ်ကျဆင်းလာတာနဲ့ အမျှ ရောဂါကြီး၊ရောဂါလတ်၊ရောဂါငယ် လေးတွေဝင်ရောက်လာတတ်
တာကိုသတိပြုမိကြမှာ ဖြစ်ပါတယ်။
အငယ်၊အလတ် ရောဂါတွေကိုသာမာန်ဆေးဝါးတွေနဲ့ ကုသလို့ ပျောက်ကင်းနိုင်ပေမယ့် ရောဂါကြီးတွေ
ကတော့ တော်ရုံဆေးနဲ့ ကုသဖို့ မလွယ်ကူပါဘူး။
အစားအသောက်၊အနေအထိုင်ကအစ၀မ်းမီးကို ပြုပြင်ဖို့ အထူးစီရင်ထားတဲ့ ရဿယနဆေးဂါးတွေနဲ့ 
ကုသမှ ပျောက်ကင်းနိုင်မှာ ဖြစ်ပါတယ်။
ရဿယန ဆေးဝါးတွေမှာသဘာဝအသီးအရွက်အခေါက်တွေနဲ့ စီရင်ထားတဲ့ ဆေးဝါးများရှိသလိုသာလွန်တဲ့  အဂ္ဂိယနည်းနဲ့ ပြုပြင်စီရင်ထားတဲ့ အဆင့်မြင့်တဲ့ ဆေးဝါးတွေလည်းရှိနေပါတယ်။
ဓါတ်ဆေးတွေမှာလူကိုကောင်းကျိုးပြုနိုင်သလိုဆိုးကျိုးကိုလည်း ဖြစ်ပေါ်စေပါတယ်။
ပညာရည်မြင့်မားတဲ့ ပါရမီရှင်တွေနဲ့ တွေ့ ဆုံနိုင်ပါကဆိုးကျိုးကင်းတဲ့ ဆေးဝါးတွေကိုစားသုံးနိုင်မှာဖြစ်ပါတယ်။
အတိုင်းဝမ်းမီးကိုပြုပြင်ပေးနိုင်ရင်လူဟာကျန်းမာလာမှာ ဖြစ်ပါတယ်။ကျန်းမာစေဖို့  ရဿယနဆေးဝါး အပြင် မြင့်မားတဲ့ စွမ်းရည်ရှိတဲ့ သဘာဝအပင်တွေကိုလည်းရှာဖွေစားသုံးကြမှာဖြစ်ပါတယ်။ 
ယနေ့ ခေတ်မှာစားသောက်စရာတွေဟာအတုအရသာ၊အတုအစားအစာအတုထားသိုမှု၊အတုဆေးအရောင်
 နှင့် ဓါတ်မြေသြဇာတွေကြောင့် လူတွေကို ကျန်းမာစေတဲ့ အဆီအနှစ်သြဇာဓါတ်တွေ      နည်းပါးနေပြီးဖြစ်ပါတယ်။ဒါကြောင့်သင့်တော်တဲ့ ရဿယနဆေးဝါးတွေကိုရှာဖွေစားသုံးရင်း
ကျန်းမာတဲ့ ဘ၀တွေကို ရရှိစေဖို့  အားထုတ်ကြရန်တိုက်တွန်းလိုက်ရပါတယ်။
 ကျနော်သုံးစွဲခဲ့ဖူးတဲ့ ရဿယနဆေးဝါးကတော့ အပြစ်ကင်းသော ပါစကဓါတ်ရောက်နေသော ဓါတ်တစ်ခုကို သက္ကပ်စွမ်းရည်ယူပြီးတိုင်းရင်းဆေးသည်းခြေဆေးဝါးမှာ အစွယ်တပ် သုံးစွဲထားခြင်းဖြစ်ပါတယ်။
ထိုဆေး၏ အစွမ်းကြောင့် လွန်စွာပျောက်ကင်းရန်ခက်ခဲသော အသည်းအဆီဖုံးသော ရောဂါမှာ
ဝမ်းမီးညီညွတ်ခြင်း၊အားဖြစ်ခြင်း၊အိပ်၍ပျော်ခြင်း စသော ဆေးစွမ်းကို ရပြီးနောက်ပိုင်း ပျောက်ကင်း
သွားခဲ့ပါတယ်။
ဦးခင်ဝင်း
၂၄ လက်မ ပိုက်လိုင်းဗဟိုစခန်း
ဒေါ်ညိမ်းကျေးရွာ
ကမ္ဘာစောင့်တရားနှစ်ပါး
 မြင့်သန်းကြည် (ရွှေပြည်သာ)ရေးသားသည်။
ကမ္ဘာစောင့်တရားနှစ်ပါးဆိုသည်မှာဟီရိသြတ္တပ္ပတရားပင်ဖြစ်သည်။
ထိုတရားနှစ်ပါးကိုမြန်မာ နိုင်ငံရှိမြန်မာလူမျိုးဗုဒ္ဓဘာသာဝင်တော်တော်များများ သိကြလိမ့်မည်ထင်ပါသည်။ ဟီရိသြတ္တပ္ပမှာ ပါဠိစကား ရပ်ပင်ဖြစ်သည်။မြန်မာလို အနက်အဓိပ္ပာယ်ပြန်ရမယ် ဆိုရင် ရှက်ခြင်းကြောက်ခြင်းပင်ဖြစ်သည်။
မည်သည့်နိုင်ငံ မည်သည့်လူမျိုးမဆို အရှက် အကြောက်တရားကို နှလုံးသားထဲဝယ်စွဲမြဲစွာ ကျင့် ကြံဆောင်ထားအပ်ပေသည်။ ကျင့်ကြံဆောင်ထားသူ တိုင်းလည်း လူပုံအလယ်မှာ တင့်တယ်မည်။ လူတကာ့ လူထဲတွင် တန်ဖိုးအရှိဆုံးလူဖြစ်ပေလိမ့်မည်။ လူတိုင်း လူတိုင်းသည် မွေးလာကတည်းကပင်        မိမိတို့၏လိုအင်ဆန္ဒတစ်ခုအတွက်သိသင့်သိထိုက်သောအစွမ်း အစများ ဖော်ထုတ်ပြသရယူကြရသည်။ မွေးကင်းစ ဘ၀မှာ ရယူလိုမှုအတွက် ငိုကြွေးခြင်းနှင့် ဖော်ပြကြ သည်။ ဒီလိုနဲ့ သိတတ်စအရွယ်ရောက်လာပြန်တော့ ပူဆာခြင်း၊ ငိုကြွေးခြင်းနဲ့ ရယူပြန်တယ်။ ဒီလိုနဲ့အရွယ် လတ်ရောက်ပြန်တော့ စိတ်ဆိုးခြင်း၊ ပူဆာခြင်းနဲ့ ရယူ ပြန်တယ်။ ဒီလိုနဲ့ အရွယ်ရောက်လာတော့ ဆန့်ကျင်ခြင်း၊ စိတ်ဆိုးခြင်း ရယူကြပြန်တယ်။ ဘယ်လိုပဲဖြစ် နေပါစေ။ လူတို့၏ ပထမ ပညာသင်အရွယ်တွင် လူသား တို့၏ စိတ်အစဉ်သည် လိုအင်ဆန္ဒတစ်ခုအတွက်သာ အမျိုးမျိုးကျင့်ကြံ အားထုတ်မှုရှိခဲ့ကြသော်လည်း ရှက်ခြင်း၊ ကြောက်ခြင်းကင်းမဲ့စွာတော့ မပြုလုပ်မိခဲ့ကြပါ။
ဒီလိုနဲ့ ပထမအရွယ်ပြီးတော့ ဒုတိယအရွယ် ရောက်လို့လာပြီး စီးပွားရေး နယ်ပယ်ထဲမှာ မိမိတို့လိုအင် ဆန္ဒအတွက် ငွေကြေးမြောက်မြားစွာ ရရှိနိုင်ဖို့အတွက် ရှာကြံလာတဲ့အချိန်လဲရောက်ရော စီးပွားရေးနယ်ပယ်မှာရှိတဲ့ လူသားများနဲ့ ပညာရေးဆိုင်ရာနယ်၊ အုပ်ချုပ်ရေး ဆိုင်ရာနယ်အသီးသီးနဲ့ ပေါင်းစပ်မိပြီး ဘ၀ထဲက ပညာ ကို ရှာရတော့သည့်အခါမှာ တော့ ယခင် ဖြူစင်ခဲ့တဲ့ စိတ် ထားတွေဟာ တဖြည်း ဖြည်း အရောင်ဆိုး ညစ်ထေးလာစပြု လာပါတော့သည်။ လောကကြီးထဲက လောကဓံကြောင့်ပဲလား၊ လောကကြီးမှာ အသိအမှတ်ပြု သုံးစွဲနေတဲ့ ကျင့်စဉ်တစ်ခုပဲကြောင့်လား တော့မသိ။ လုပ်မှားကိုင်မှား ဟန်ဆောင်မှုတွေ၊ မုသားတွေ၊ လိမ်ညာမှုတွေနှင့်အတူ မကောင်းမှုမှာ မွေ့ပျော်လာပါတော့သည်။ မိမိရယူမှုသည် တရားမှုမတရားမှုကိုပင်မသိ။ ဆင်ခြင်တုံကင်းမဲ့ပြီး လူပုံအလယ်မှာ တင့်တယ် ဖို့သာ အကျိုးကို ရှေးရှုလုပ်သမျှ အဟုတ်ထင်ပြီး သတိ မ၀င်အသိမကပ်၍ ဆောင်ရွက်လာတော့ မှားယွင်းမှု တွေ အရှက်တကွဲ အကျိုးနည်းမှုတွေနဲ့ ကြုံတွေ့ရပြီး လူပုံအလယ်မှာ မတင့်မတယ်ဖြစ်ကြရတဲ့ဘ၀မျိုးနဲ့ ရင်ဆိုင်ရတော့ ဘ၀အောက်တန်းကျပြီး ရေတိမ်နစ်ခဲ့ရတဲ့ အခြေအနေမျိုး ရောက်ခဲ့ရတော့တယ်။
ယနေ့ခေတ် ယနေ့ အချိန်အခါ သိပ္ပံပညာ ထွန်းကား၍ မိမိဖြစ် လိုရာကို ခက်ခက်ခဲခဲ ရှာဖွေကြိုးစားနေရ မည့်အချိန်မျိုး မဟုတ် တော့သည်က တစ်ကြောင်း၊ လူမှုရေး ဆိုင်ရာ ဇိမ်ခံပစ္စည်းများကလည်း လူတို့အတွက် အပန်းဖြေနိုင်တာကတစ်ကြောင်း မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ အတွက် ဘာသာ သာသနာ ထွန်းကား သည်ကတစ်ကြောင်း အချိန်အခါဟာ အလွန့်အလွန် ကို တန်ဖိုးရှိနေပေသည်။
ဒီလိုတန်ဖိုးရှိတဲ့ အချိန်အခါမှာ လူတွေ တော်တော်များများ အခွင့်အရေးကို လက်လွတ်မခံဘဲ ပိုင်ပိုင်နိုင်နိုင် ရယူနိုင်မယ်ဆိုရင် အကျိုးအရှိဆုံး ဖြစ်ပေလိမ့်မည်။
ခက်နေတာကိုက ပိုလွယ်မယ်လို့ထင်ပြီး လုပ်နေကြတဲ့ ယနေ့ခေတ် လူသားတွေက ကိလေသာ ထဲနစ်မျောနေလေသည်။
တိုးတက်နေသော တိုင်းပြည်တွေကို ကြည့်လိုက်မယ်ဆိုရင်လဲ တစ်နိုင်ငံနဲ့ တစ်နိုင်ငံအပြိုင်အဆိုင် ရလိုမှုတွေအတွက်နဲ့ သူငါကို မကျော်လွှားနိုင်အောင် အမျိုးမျိုးချုပ်ချယ်မှုတွေ၊ ကန့်သတ်မှုတွေ လုပ်နေကြတယ်။ ဒါတွေဟာ အချို့ကျ တော့လည်းမှန်သည်။ အချို့ကျ တော့လည်းမှားသည်။ ဘာကြောင့် လဲဆိုတော့ ကိုယ့်အကြောင်း ကိုယ်တွေးပြီး ကိုယ့်ဘ၀ကိုကိုယ် မကြည့်မိလို့ပါဘဲ။
မြန်မာနိုင်ငံ လူမျိုးဗုဒ္ဓဘာသာတွေလဲ ယုံကြည်မှုကတော့ မှန်ပါတယ်။ ကိုးကွယ်မှုကလည်း မမှားကြပါ။ သို့ပါသော်လည်း ကာယကံဖြစ်တဲ့ လက်တွေ့ လုပ်ကိုင်မှုတွေမှာ မမှားသင့်ဘဲ မှားနေကြတဲ့ လူတွေရှိကြပါတယ်။ ဥပမာ-ပြောရရင်တော့ တစ်နေ့ လုပ်တစ်နေ့အလုပ်သမားတစ်ယောက်ဟာ ပျော်ဖို့ပါး ဖို့အတွက် သူ့စိတ်အစဉ်ဟာ အခြားဥစ္စာပြည့်စုံနေတဲ့ လူကို ပြိုင်ဆိုင်တယ်။ အလှူတစ်ခုပဲ ပြုလုပ်သည်ဖြစ်စေ၊ မင်္ဂလာဧည့်ခံပွဲ ပြုလုပ်သည်ဖြစ်စေ၊ ပွဲတော်တစ်ခုခု ကျင်းပလို့ သွားသည်ဖြစ်စေ၊ လူတမ်းစေ့တန်းတူဖြစ် စေဖို့ဝတ်တယ်၊ စားတယ်၊ သုံးတယ်၊ လက်ဆောင် ပစ္စည်းပေးတယ်။ ဒါတွေဟာ ဆင်းရဲသား အခြေခံအလုပ် သမားတွေအတွက် ပြည့်စုံလို့လုပ်နိုင်သည်မဟုတ်။ ချေးငှားအကြွေးဝယ်ခြင်းဖြင့်သာ ပြုလုပ်တဲ့အတွက် ပြိုင်ပွဲတောင် မပြီးသေးဘူး။ အကြွေးတောင်းတဲ့သူနဲ့လည်း တွေ့ရော အရှက်ရခဲ့ရအဖြစ်နဲ့ ကြုံရပါတော့သည်။
မြန်မာဗုဒ္ဓဘာသာဝင်တိုင်းသည် ကောင်းတာသိပ်ဆိုးတာကိုလည်းမြင်၏။ သို့ပါသော်လည်း သိမြင်မှုကိုစွဲပြီး ကျင့်မှုကို လေးလေးနက်နက် မလုပ်ဆောင် နိုင်ကြတော့ အမြင်မှာသာလှပြီး အတွင်းမှာတော့ မည်းညစ်နေပေသည်။ ဒါနကောင်းမှု၊ သီလကောင်းမှု၊ ဘာဝနာကောင်းမှုတို့သည် လူချင်းတူတောင်မှ တူချင်မျှရုံတင်မကဘဲ ပိုလျှံ၍ နေသည်ကို အမြင်မှန်ရှိကြလေသော်လည်း ကြိုးစားမှုမရှိကြပြန်တော့ ပန်းဝတ်မှုန်အောက်က ဖားသူငယ်လိုဖြစ်နေပြီပေါ့။ ဒါကို တွေး၍ ရှက်ရမည်။ ဒါကို တွေး၍ကြောက်ရမည်။ ရုပ်ဝတ္ထုတို့ မပြည့်စုံရင်နေပါ။ စိတ်ဝတ္ထုတို့ ပြည့်စုံပြီး ကျင့်ကြံဆောင်ရွက်မှုမှန်သမျှ ကုသိုလ်၊ အကုသိုလ်ခွဲပြီး တစ်ခဏတာရကြတဲ့ လူ့ဘ၀မှ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ အသိကလေးတွေ ရင်ထဲကိန်းအောင်းပြီး မိမိပြုလုပ်သမျှ မိမိပြန်ပြီး ကြည်ညိုနိုင်မယ်ဆိုရင် ဟီရိသြတ္တပ္ပတရားလက်ကိုင်ထားပြီး ရရှိလာတဲ့ဘ၀လေးကို ပေးထားတဲ့ တရားလေးသာ လူသားအားလုံးကို အကျိုးပြု ဆောင်ရွက်နိုင်မယ်ဆိုရင် သာယာလှပတဲ့ လောကကမ္ဘာကြီးဖြစ်မှာပါလို့ ရည်ရွယ်ရင်းရေးသား တင်ဆက်လိုက်ပါသည်။
အားတိုးဆေးနည်းတစ်ခု
  ဒီနေ့ ဆေးနည်းတစ်ခုကို ပြောပြချင်တယ် ။နာမည်က ရွှေစင်ရုပ်အားတိုးဆေးပါ။ဆေးနည်းက
လွယ်ကုပြီး အလွန်အကျိုးများတဲ့ ဆေးဖြစ်နေပါတယ်။
၁။ထောပတ် ၁၀ သားကိုကျက်အောင်ချက်ပါ။
ကျက်လျှင် ကြက်သွန်နီ ၁၀ သား၊ရှားစောင်းလက်ပတ် ၁၀ သားတို့ ကိုအညက်ထောင်း၍ ထည့်ပါ။ 
ထိုအထဲသို့ ပျားရည်၊ထန်းလျက်တို့ ကို ၁၀ ကျပ်သားစီးထည့်ပါ။ဆေးကို မတူးမချစ်စေရန် ကြွက်မြီးတန်းသည်အထိ ကျိုချက်ပါ။
နံနက်၊ည တစ်နေ့ ကို ၂ ကြိမ်၊ဟင်းစားဇွန်းကြိး ၁ ဇွန်းစားပါ။ဇရာကို ကာကွယ်၍ အသက်ကို ရှည်စေပါသည်။ကိုယ်ခံအားစနစ်ကို ကောင်းစွာပင်တိုးတက်ကောင်းမွန်စေနိုင်ပါသည်။
 သွေးလေမမှန်သော ရောဂါ၊သွေးထဲတွင်အငုပ်အခိုးများကိန်းဝင်အပြစ်ပြုသောရောဂါ၊
သည်းခြေဒေါသနှင့် လေဒေါသတို့ ယှဉ်တွဲအပြစ်ပြုသည့်ရောဂါများအတွက် သက်သာပျောက် ကင်းစေနိုင်ပါသည်။
ခုခံအားကျရောဂါနှင့်ရိုးရာဆေးပညာ စာအုပ်မှ
မြတ်ဗုဒ္ဓ၏ ၀ိပဿနာ (ကျောက်အိုင်တောရ)
Posted by Khin Win on Thursday, May 28, 2015