ပါစကတေဇောနဲ့ ပတ်သက်လို့ ဆရာရေးသားထားတဲ့ အကြောင်းအရာတွေကလည်း
တော်တော်လေးကောင်း ပါတယ်။အရင်က မသိခဲ့လို့ စားချင်တာစား နေချင်သလိုနေခဲ့ပီး
ခုတော့
ဝမ်းမီးဓါတ်ကို
ကောင်းစေမယ့် အစာမျိုးတွေ ၊ ၀မ်းမီးဓာတ်က ချေဖျက်လွယ်မယ့် အစာမျိုးတွေ
ရွေးချယ်ပြီး
စားဖြစ်လာခဲ့ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ ရာသီဥတု အခြေအနေပေါ် မူတည်ပြီး
တော့လည်း
အစားအစာကို ရွေးချယ် စားဖြစ်ခဲ့ပါတယ်။ ခန္ဓာမှာ ဖြစ်ပေါ်ခံစားနေရတဲ့ ဓာတ်တွေ
ရဲ့  လွန်မှု
ယုတ်မှုတွေကို အာရုံခံစားပြီးတော့လည်း စားသောက်နေထိုင် တတ်လာခဲ့တယ်။
ကျနော်သိသလို လေးနက်တာကြိုက်တဲ့ စာဖတ်သူတွေ အတွက် အသိပညာတိုးစေရန်
ပါစကတေဇောအကြောင်း စာအုပ်ထဲက အတိုင်း ရေးတင်ပေးလိုက်ပါတယ်။
မြန်မာ့ရိုးရာ၌ အဦးဆုံး ဦးစားပေးဆောင်ရွက်ခဲ့သော
ဥပဒေသမှာ ကမ္မဇ မူလ အာဟာရဇ
ဘူတ ဟူသော
ဥပဒေသပင် ဖြစ်ပါသည်။
ကမ္မဇစွမ်းရည် ဘ၀ဗိသုကာက တည်ဆောက်ခဲ့၍ ကမ္မဇတေဇော၏
အရှိန်ဖြစ်သော ပါစကတေဇောက လူ့ ဘ၀ကို
ဆက်လက်သရုပ်ဖော်ဆောင်ရ၏။ထိုသို့ ရရှိအပ်သော အမာခံ
ဓာတ်ကြီး ငါးပါး၊ရုပ်အစုအဝေးတို့ကို ကမ္မဇတေဇော၏ စွမ်းရည်ဖြစ်သော ဥသ္မာတေဇောက
ဆက်လက် စောင့်ရှောက်ရ၏။ ဆက်လက် ထိန်းသိမ်းပေးရ၏။ထိုသို့  ကမ္မဇတေဇောက
သဘာဝ ကျနစွာ တည်ဆောက်ပေးသော ပါစကတေဇောက ဆက်လက်ဆောင်ရွက်ပေးသော
ဥသ္မာတေဇော က ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်ပေးသော လူသားသည်သာလျှင်
ကျန်းမာ၏။ အသက်ရှည်၏။
အိုမှုမှ ကင်းဝေး၏။ သေမှုမှ သက်သာစေတတ်၏။ ထိုတွင် ပါစကတေဇောကိုလည်း
တစ်နည်းအားဖြင့် ၀မ်းမီးဟုခေါ်ပြီး ဥသ္မာတေဇောကို တစ်နည်းအားဖြင့် ဓာတ်မီးဟုခေါ်ပါသည်။ ဓာတ်မီးဟူသည် ခန္ဓာကိုယ်တွင် ဓာတ်ကြီးရှစ်ပါးတို့ ကို မပျက်စီးရအောင် ထိန်းသိမ်း
စောင့်ရှောက်ပေးသောဓာတ်ဘူ တစ်မျိုးဖြစ်ပါသည်။ ထိုဓာတ်မီး၏ အခြေခံမှာ ပါစက
တေဇောဖြစ်ပါသည်။

ထိုပါစကတေဇော(၀မ်းမီး)ကို
သည်းခြေဓာတ်ဟုလည်း ခေါ်ဆိုပါသေးသည်။၎င်းသည်းခြေဓာတ်
(အခိုး)၏ တည်နေရာဌာနကို ဆေးကျမ်းတို့ ၌ ဂဟဏီ ဟုခေါ်သည်။ ထိုဂဟဏီဟုခေါ်သော
ဝမ်းမီးကို အကြောင်းပြု၍ လူသား၏ အိုခြင်းနာခြင်း၊သေခြင်းဒုက္ခတို့ ကို ရရှိကြပါသည်။ ထိုဝမ်းမီးအားကောင်းနေလျှင် အိုမှုသည်လည်း မ၀င်ရောက်နိုင်ပါ။နာမှုသည်လည်းမကပ်ငြိနိုင်ပါ။
သေမှုသည်လည်း ဝေးကွာသည်ထက်ဝေးကွာရမည်

သာဖြစ်လေသည်။
ထို့ ကြောင့် မြန့် မာရိုးရာတွင် ၀မ်းတစ်လုံးကောင်း
ခေါင်းမခဲဟုဆိုရိုးရှိခဲ့ခြင်း
ကြောင့်ဖြစ်ပါသည်။ ၀မ်းတစ်လုံးကောင်းနေသရွေ့ အိုမှု၊နာမှု၊ သေမှုတို့ ကိုမဆိုထားဘိ
ခေါင်းခဲသော ရောဂါငယ်တစ်ခုသော် မှမရရှိနိုင်ဟု ဆိုလိုခြင်းဖြစ်ပါသည်။
ကြောင့်ဖြစ်ပါသည်။ ၀မ်းတစ်လုံးကောင်းနေသရွေ့ အိုမှု၊နာမှု၊ သေမှုတို့ ကိုမဆိုထားဘိ
ခေါင်းခဲသော ရောဂါငယ်တစ်ခုသော် မှမရရှိနိုင်ဟု ဆိုလိုခြင်းဖြစ်ပါသည်။
ထိုဝမ်းတစ်လုံးဟူသော ၀မ်းမီးနှင့်ဆိုင်ရာ
စာပေတို့ ကို ပြန်လည်ရှာဖွေသောအခါ၌ ကျမ်းပြုအကျော်ဖြစ်တော်မူသော
လယ်တီဆရာတော်၏ ကိုယ်တိုင်ရေးသားစီရင်အပ်သော
ဝိဇ္ဇာမဂ္ဂဒီပနီတွင် လူသားတစ်ယောက်၏ ကျန်းမာ
သက်ရှည်အသေ သက်သာရေးအတွက် ၀မ်းမီးအင်္ဂါသုံးရပ်နှင့် ပြည့်စုံရမည်ဟု ရေးသားတော်မူခဲ့ပါသည်။
ထိုရေးသားဖော်ပြချက်သည်
ပဓာနိယင်္ဂ သုတ္တန်လာ ဗုဒ္ဓဟောတော်မူချက်ကို အခြေခံထား၍ ရေးသားထားခြင်းဖြစ်ပါသည်။
ထိုမူရင်းဒေသနာကို ရှေးဦးစွာ အသက်ရှည်ရာ အနာကင်းဝေး အသေသက်သာရေးအတွက်
ဆက်လက်ရေး သားဖော်ပြပါမည်။
ပဓာနိယင်္ဂသုတ္တန်နှင့် ၀မ်းမီးသုံးရပ်
၁-မဇ္ဈိမာယ ၎င်းဝမ်းမီးသည် အပူစွန်းတစ်ဘက်၊အအေးစွန်းတစ်ဘက်
မရောက်အောင်
ညီညွှတ်မျှတစေ၏။
အကယ်၍ တစ်ဘက်စွန်းသို့ ရောက်သောအာဟာရကိုစားမိသည်
ပင် ဖြစ်သော်လည်း အပြစ် သို့ မရောက်အောင် ကာကွယ်နိုင်ပေသည်။
ပင် ဖြစ်သော်လည်း အပြစ် သို့ မရောက်အောင် ကာကွယ်နိုင်ပေသည်။
၂-မဓာနနက္ခမ ခုခံမှုအားစွမ်းရည် အပြည့်အ၀ရှိသော ၀မ်းမီးဖြစ်သည်။အငုပ်အခိုးပိုး
ဇီရဏ
အညစ်အကြေးတို့ကို ပယ်နှင်ကာကွယ်နိုင်သည်။
၃-သမဝေပါ
ကိနိယာ အခါခပ်သိမ်း မျှတစွာသော ဓာတ်ကြီးခုနှစ်ပါးကတို့ ကို ထုတ်လုပ်တတ်သော
ကိနိယာ အခါခပ်သိမ်း မျှတစွာသော ဓာတ်ကြီးခုနှစ်ပါးကတို့ ကို ထုတ်လုပ်တတ်သော
ဝမ်းမီး ဖြစ်၏။
ခန္ဓာကိုယ်တွင်ရှိသော
ဓာတ်ကြီးခုနှစ်ပါးတို့ သည်တစ်ခုတစ်ခု လိုနေခြင်း
၊ပိုနေခြင်း၊ လွန်နေခြင်း
တို့ မဖြစ်စေရန် အတွက် ထိန်းသိမ်းစောင့်ရှောက်
ထုတ်လုပ် နိုင်သည်။လူသားတစ်ယောက်တွင် ထိုသုံးချက်သော ၀မ်းမီးအင်္ဂါ
ရပ်နှင့် ပြည်စုံသေသူသည်သာလျှင် ကျန်းမာခြင်းအသက်ရှည်ခြင်း၊အသေသက်
သာခြင်း အကျိုးတို့ကို အပြည့်အ၀ ရရှိစေနိုင်ပါသည်။
ထုတ်လုပ် နိုင်သည်။လူသားတစ်ယောက်တွင် ထိုသုံးချက်သော ၀မ်းမီးအင်္ဂါ
ရပ်နှင့် ပြည်စုံသေသူသည်သာလျှင် ကျန်းမာခြင်းအသက်ရှည်ခြင်း၊အသေသက်
သာခြင်း အကျိုးတို့ကို အပြည့်အ၀ ရရှိစေနိုင်ပါသည်။
ဆက်လက်ရေးသားပေးပါအုံးမယ်-------------------------------
No comments:
Post a Comment