Facebook Page

Sunday, September 21, 2014

အားလုံးတသားထဲမို့

ဒီမြေမှာနင်း
ဒီလေကိုရှူ
ဒီရေကိုသောက်
ဒီအပူနဲ့ရှင်သန်လို့
နားလည်ခဲ့ပါတယ်
အားလုံးတသားထဲမို့
ဒီမြေမှာမွေးဖွား
ဒီမြေဆီစားလို့
ရှင်သန်ကြသမို့
အရှုံးအနိုင်မရှိ
သည်းခံခဲ့ပါတယ်
အားလုံးတသားထဲမို့
မြင့်တဲ့စိတ်ကိုပြင်
စိတ်အဆင့်ဆင့်ရင့်ကျက်လို့
ရန်သူကိုငြိုးမထား
အားလုံးမေတ္တာထားခဲ့တယ်
တို့အားလုံးတသားထဲမို့ပါ........

No comments:

Post a Comment

မြတ်ဗုဒ္ဓ၏ ၀ိပဿနာ (ကျောက်အိုင်တောရ)


Posted by Khin Win on Thursday, May 28, 2015