Facebook Page
Friday, April 17, 2015
၂၀၁၅ မှာ မြန်မာပြည် အဆိုးထဲက အကောင်းပြန်ဖြစ်မယ် (စံဇာဏီဘို)
၂၀၁၅ ခုနှစ်မှာ မြန်မာပြည်ရဲ့ အနေအထားဟာ အပြောင်း အလဲတွေ ဖြစ်လာပြီး 
အဆိုးထဲက အကောင်း ပြန် ဖြစ်မယ်လို့ မြန်မာ့ နက္ခတ်ပညာရှင် စံဇာဏီဘိုက
 ဟောကိန်း ထုတ်လိုက်ပါတယ်။
၂၀၁၅ ခုနှစ်ထဲ တနိုင်ငံလုံး အပစ်ရပ် လက်မှတ်ထိုးနိုင်ဖို့ ရှိပြီး ပြည်တွင်း 
စီးပွားရေး လုပ်ငန်းတွေ အကျပ်အတည်း ကြုံနိုင်တယ်လို့လည်း သူက
 ဟောကိန်း ထုတ်ပါတယ်။
မြန်မာ့နက္ခတ်ပညာရှင် စံဇာဏီဘိုကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထား
ပါတယ်။
ဆရာတို့ နက္ခပညာအရ မြန်မာပြည်နိုင်ငံရေးအပေါ် တွက်ချက်ရထားတာတွေ
 ပြောပြပါ။
“နံပတ် ၁ – စစ်ဘက်က အာဏာသိမ်းတာမျိုး မမြင်ပါဘူး၊ နံပတ် ၂ – ရွေးကောက်ပွဲ
 ကျင်းပမှာ မြင်ပါတယ်။ နံပတ် ၃ – နိုင်ငံရေးနဲ့ ပတ်သက်တဲ့ လမ်းကြောင်းအနေ
အထားတွေမှာ ဇန်န၀ါရီ ၂၁ နဲ့ ဖေဖော်ဝါရီ ၁၉ ကြားမှာ ၁ ကြိမ်၊ မေ ၂၀ နဲ့ 
ဇွန် ၂၀ ကြားမှာ ၁ ကြိမ် နည်းနည်းလေး အနှောင့်အယှက်တွေ ရှိတယ်။ 
အဲဒါကတော့ နိုင်ငံရေးအရ ဖိနှိပ်မှုလေးတွေ အနည်းငယ် ရှိလိမ့်မယ်။
 နိုင်ငံရေးဖိနှိပ်မှုနဲ့ ပတ်သက်တဲ့အတွက် အဖမ်းအဆီး ရှိနိုင်တာ သတိထား
ရမှာပေါ့။ အောက်တိုဘာ ၂၁နဲ့ နိုဝင်ဘာ ၂၀ ကြားမှာတော့ လမ်းကြောင်း
 ပြောင်းပြီးတော့ စီမံမှုအသစ်တွေနဲ့ ရွေးကောက်ပွဲဘက်ကို ဦးတည်တာ
 တွေ့ရတယ်။”
ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ရောခင်ဗျ။
“ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ အပြောင်းအလဲ တစုံတရာ မမြင်ပါဘူး။ 
ဒါပေမယ့် ကျနော့်အမြင်မှာ ပြည်တွင်းငြိမ်းချမ်းရေးကို သွားတဲ့လမ်းကြောင်း
မှာ ဖွဲ့စည်းပုံတခုလုံးကို ပြန်လည် ပြင်ဆင်ရမှာ တွေ့ရပါတယ်။
တခြားသော အကြောင်းအရာနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်မှာ မတွေ့ရပါဘူး။
 ချွင်းချက်အနေနဲ့ ၂၀၁၅ ဧပြီ ၂၁နဲ့ မေ ၂၀ အကူးမှာတော့ 
အပြောင်းအလဲ တစုံတရာ ရှိနိုင်တယ်ဆိုတဲ့ အမှတ်အသားကို
 တွေ့ရတယ်။”
အဲဒီအပြောင်းအလဲက ဘာပါလဲ။
“အဲဒီ အပြောင်းအလဲက မူဝါဒဆိုင်ရာရဲ့ အခြေခံနဲ့ ပတ်သက်တဲ့
အပြောင်းအလဲ ဖြစ်နိုင်တယ်။ ဥပဒေသကြီးတခုလုံးကို ပြောင်းလဲတဲ့ 
အပြောင်းအလဲမျိုး မဟုတ်ဘူး။ ကြေညာချက်တခု သို့မဟုတ် ဥပဒေ
ကဲ့သို့ပြုသော အပြောင်းအလဲ တစုံတရာကို ပြဋ္ဌာန်းတာမျိုး ကျနော်
 မြင်တယ်။”
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ဆရာတို့ 
ပညာအရ ဘယ်လို မြင်ရလဲ။
“ကျနော်တို့အမြင်အရ သူ့ရဲ့ အခြေအနေ အနေအထားက 
အထူးကောင်းတာ တွေ့ရပါတယ်။ ခေါင်းဆောင်မှု အပြည့်အ၀ပေးနိုင်
တဲ့ အရည်အသွေးကို တွေ့ရတယ်။ ခေါင်းဆောင်မှု အနေအထားကို 
ရရှိမယ့် ကံကြမ္မာကိုလည်း တွေ့ရတယ်။ ခေါင်းဆောင်မှု တခုကို 
ရနိုင်တဲ့ ထောက်ခံမှုရဖို့ကိုလဲ တွေ့ရတယ်။”
ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ရောခင်ဗျ။
“ပြည်တွင်းငြိမ်းချမ်းရေးရဖို့ လမ်းစလေးတွေ ကောင်းတယ်။
 ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဖေဖော်ဝါရီ ၁၇ နဲ့ မတ် 
၂၀ ကြားမှာ ၁ ကြိမ်၊ ဧပြီ ၂၀နဲ့ မေ ၂၀ ကြားမှာ ၁ ကြိမ်၊ ဇူလိုင်
 ၂၁နဲ့ သြဂုတ် ၂၀ ကြားမှာ ၁ ကြိမ်၊ အဲဒီဆွေးနွေးမှုတွေကနေ
 တစုံတရာ ရလာမယ်၊ အပစ်အခတ်ရပ်စဲမှုအထိ ရနိုင်မယ်။”
၂၀၁၅မှာ မြန်မာ့စီးပွားရေး ထူးထူးခြာခြား တိုးတက်ပြောင်းလဲမှာ
 တွေ့ရလား၊
“၂၀၁၅မှာ မြန်မာပြည်တင်မဟုတ်ဘူး ကမ္ဘာ့မှာပါ အလုပ်လက်မဲ့ဦးရေ 
များလာမယ်။ ကုန်ဈေးနှုန်းတွေ မြင့်တက်လာမယ်။ အကျပ်အတည်း
 တစုံတရာ ဖြစ်ပေါ်မယ့်နှစ်။ မြန်မာပြည်မှာလည်း ဒီဂယက်နဲ့ တိုက်
ဆိုင်နိုင်တယ်။ ဘာလို့ဆိုတော့ မြန်မာပြည်ရဲ့ ဇာတာကို စစ်လိုက်တော့ 
သူဌေးသူကြွယ်တွေရဲ့ စီးပွားယိုယွင်းခြင်း၊ အောက်ခြေလူတန်းစာတွေရဲ့
 စီးပွားယိုယွင်းခြင်း ဒီ ၂ နေရာမှာ တွေ့တယ်။ စီးပွားရေးအနေနဲ့ စီးဆင်း
မှုနဲ့ လည်ပတ်မှုနဲ့ စီးပွားဖြစ်ထွန်းမှုတို့က ရှိနေမယ်။ ကျနော်တို့ ပြောနေ
တဲ့ကိစ္စက အလုပ်လက်မဲ့ပြဿ  နာရယ် ကုန်ဈေးနှုန်းကြီးမြင့်မှု ပြဿ  နာရယ် 
တွက်ချက်လို့ ရထားပါတယ်။ ပြည်တွင်းမှာ လာရောက် ရင်းနှီးမြှုပ်နှံမှုတွေ
လည်း ရှိမယ်။ ဒါပေမယ့် ပြည်တွင်းမှာ လက်ရှိလုပ်နေကြတဲ့ စီးပွားရေး 
လုပ်ငန်းတွေ အကျပ်အတည်း ကြုံမယ်။ ဘဏ်လုပ်ငန်းမှာလည်း အခြေ
အနေအဆိုးရှိတယ်။”
လူမှုရေးအပိုင်း နိုင်ငံမှာဖြစ်တတ်တဲ့ လူမျိုးရေးဘာသာရေးပဋိပက္ခ 
ဘယ်လိုဖြစ်လာနိုင်မလဲ။
“စနေဂြုင်္ိဟ် တူရာသီမှာ တည်တာရှိတယ်။ ကြာသပတေးင်္ဂြိုဟ် ကရကဋ်ရာသီမှာ
 နောက်ပြန် သွားနေတဲ့ အနေအထားတွေရှိတော့ အဲ့ဒီ အနေအထားတွေအရဆို
 ကမ္ဘာမှာလည်း အစွန်းရောက်တွေ တဘက်စွန်းကို သွားနေကြမယ်။ ပြည်တွင်း
မှာလည်း အဲ့ဒီ အစွန်းရောက်ဝါဒ တွေကို နည်းနည်းတော့ အားလုံးက ၀ိုင်းပြီး 
ထိန်းဖို့ လိုပါမယ်။ လူမျိုးရေးပြဿ   နာ မဟုတ်ဘူး။ အမျိုးသားရေးပြသနာအထိ 
ကျယ်ပြန့်လာစရာ အကြောင်းရှိတယ်။”
အဲ့ဒီတော့ ဆရာတို့ နကတပညာအရ ၂၀၁၅ မြန်မာပြည်အခြေအနေကို
 ခြုံပြီး ပြောမယ်ဆိုရင် ဘယ်လို ပြောလို့ရမလဲ။
“၂၀၁၄ ထက် ပိုပြီး သာလာမယ်။ အနာဂတ်အသစ်တခုကို စတင်ပြီးဖြစ်ပေါ်ဖို
့အတွက် အခြေတည်တဲ့ နှစ်တခု ဖြစ်မယ်။ အဲ့ဒီအတွက်ကြောင့် မြန်မာပြည်ရဲ့
 ကံဇာတာ ညှိုးမှိန်မယ်လို့ မဆိုလိုဘူး၊ ကံဇာတာ မြန်မာပြည်က ကောင်းတယ်။
 ပြည်သူတွေရဲ့ ကံကြမ္မာကို ပိုပြီးတော့ တောက်ပြောင်ငြိမ်းချမ်းအေးချမ်းတဲ့ 
အနာဂတ်တခုကို စဉ်းစားဖန်တီးနိုင်တဲ့ ကံကြမ္မာကို ပိုင်ဆိုင်တဲ့ နှစ်တခုဖြစ်
တယ်။ လာမယ့် ၂၀၁၅ ခုနှစ်ရဲ့ သဘာဝက နံပတ် ၈ ဂဏန်းကို ကိုယ်
စားပြုတယ်။ မြန်မာပြည်က နံပတ် ၄ နဲ့ စတင်ပြီးတော့ လွတ်လပ်ရေးရရှိခဲ့
တယ်။ မြန်မာပြည်ဟာ ၄ ဂဏန်းနဲ့ ၈ ဂဏန်းတို့ ပူးတွဲပြီးတော့ စတင်ဖြစ်
တည်လာတာ။ အခု ၈ ဂဏန်းကို ရောက်တဲ့ကာလမှာ မြန်မာပြည်ရဲ့ 
အနေအထားဟာ အပြောင်းအလဲတွေ ဖြစ်လာပြီးတော့ အဆိုးထဲက
အကောင်း ပြန်ဖြစ်မယ့်သဘော ကျနော် တွေ့တယ်။”
credit to:By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/75663 
http://www.thithtoolwin.com/2014/12/blog-post_8217.html
Monday, April 13, 2015
မအိုသေးတဲ့သူ အပျိုလေးနဲ့တူ့
မြန်မာအမျိုးသမီးများသည်     ကမ္ဘာတွင် အလှဆုံး       အတန်းအစားတွင်
 ပါဝင်ပါသည်။အသား၏ ညက်ညောခြင်း၊ မျက်လုံး     မျက်ဖန်ကောင်းခြင်း၊
 နှာတံနှင့် ပါးစပ်လှပခြင်း၊အရပ်မောင်းနှင့် ကိုယ်လုံးကိုယ်ပေါက်အချိုးကျခြင်း ၊
 ဆံပင်ကောင်းခြင်း၊ သွားများ ညီညာခြင်း        တို့ကြောင့် ဖြစ်ပါသည်။
နိုင်ငံခြားသူများကဲ့သို့ ချိုင်းချွေးနံ မပြင်းခြင်းသည်လည်း အကြောင်းတစ်ရပ်
ဖြစ်သည်။   အပျိုဘဝတွင်       ဤမျှလှ ပသော     မြန်မာလုံမေများသည် 
မိခင်ဘဝရောက်၍များစွာ     အိုစာသွားခြင်းသည်     အလွန်ကြီးမားသော
အားနည်း ချက်ဖြစ်နေပါသည်။
အထူးသဖြင့် ဗိုက်ခေါက်ထူလာခြင်း၊ ဗိုက်သားများ ချပ်ချပ်ရပ်ရပ် မရှိဘဲ
 ပျော့ရိပျော့တွဲနှင့်ဗိုက်ကြောများ အထပ်ထပ်ပြတ်ကာ အရုပ်ဆိုးလာခြင်းများ
 ဖြစ်လာရပါသည်။
ရှေးက     နနွင်းလိမ်ခြင်း၊    ကြပ်ထုပ်ထိုးခြင်း၊      အုတ်ပူကပ်ခြင်း များပြု၍ 
ချပ်ချပ်ရပ်ရပ်နှင့် လှပခဲ့ကြသော်လည်း ကိုလိုနီခေတ် နောက်ပိုင်းတွင်
 ထိုလုပ်ရပ်များသည်အပိုအလုပ်များဟု ယူဆကာပစ်ပယ်လာခဲ့ကြလေသည်။
တချို့မှာသားသမီးအများကြီးမွေး၍ပုံပျက်သွားရခြင်းဖြစ်သော်လည်း    အချို့မှာ
ကလေးတစ်ယောက်    နှစ်ယောက်လောက်မွေးရုံနဲ့     ရုပ်ပျက်ဆင်းပျက် ဖြစ်သွား
ရလေသည်။သာမန်အမျိုးသမီးများကို မဆိုထားဘိ။ အလှ အပနှင့် စီးပွားရေးရာ
အခြေပြုရသော ရုပ်ရှင်မင်းသမီး၊ဇာတ်မင်းသမီးများကိုကြည့်ပါဦး။
တစ်ချိန်က       အလှအပထိပ်ခေါင်အဖြစ်       နာမည်ကြီးမင်းသမီးများ ယနေ့ 
ဗီဒီယိုခေတ်တွင် ဗိုက်ပူကြီးများဖြင့် မိခင်ခန်းများတွင်သရုပ်ဆောင်နေရသည်ကို
 တွေ့မြင့်ရပေမည်။စင်စစ်ထိုမင်းသမီးများသည်ရုပ်မကျကြသေး ပါ။မျက်နှာလေးများ 
လှပနေဆဲဖြစ်သော်လည်း    ဗိုက်ရွဲ၊   ဗိုက်ပူ၊   ခါးတုတ်ကြီးများ ဖြစ်သွားခြင်းကြောင့် 
မိခင်ခန်း သို့ ကူးပြောင်းသရုပ်ဆောင်နေခြင်းဟု သဘောရပါသည်။
မြန်မာမိခင်များအနေဖြင့် အနောက်တိုင်းကလိုအချိန်ပေးပြီးအစားအသောက်
ဆင်ခြင်ရခြင်း၊ကိုယ်လက်လှုပ် ရှားမှုပြုရခြင်း   ၊အေရိုးဗစ်     ကစားရခြင်း၊
တုန်လှုပ်နေသောခါးပတ်စက်ဖြင့်အဆီလျှော့ခြင်း၊   အဆီပျော်ဆေးထိုးပြီး 
အဆီစုပ်ထုတ်ခြင်းကို ခေတ္တမျှ လုပ်ပေးရုံနှင့်      ဗိုက်သားချပ်ချပ်ရပ်ရပ်နှင့်
 သွေးသားသန့်စင်ကာ     မအိုသေးတဲ့သူ      အပျိုလေးနဲ့     တူနိုင်ပါသည်။
ယခု ထိုနည်းကို ပေးမည်။
မီးဖွားပြီးစ လျော့ရဲနေသော ဝမ်းဗိုက်ကို ချပ်လာစေရန်    လည်းကောင်း
၊မကောင်းသော        အညစ်အကြေးများ     ကုန်စင်ပြီးသွေးသားသန့်စင်
ကြည်လင်လာစေရန်လည်းကောင်းရည်ရွယ်၍
 ဆေးစည်းခြင်းကို ပြုကြပါသည်။
ဆေးစီမံနည်းမှာ………..
၁။ ငရုတ်ကောင်း ၃ ကျပ်သား
၂။ ပရုတ်မှုန့် ၃ ပဲသား
၃။ လေးညင်း ၅ ကျပ်သား
ယင်းဆေးသုံးပါးကို ကြိတ်၍ တောအရက် ၁၂ ကျပ် ရှစ်ပဲသား နှင့်
 ကြိုတင်၍ စိမ်ထားပါ။မီးဖွားပြီးနောက် ဗိုက်ကို လိမ်းစေပြီး အသင့်ချုပ်ထားသော
 ဗိုက်အပြည့်လုံသော အဝတ်ဖြင့်(corset) ပတ်စည်းပေးပါက အညစ်အကြေး
သန့်စင်ခြင်း၊ဗိုက်မရွဲဘဲဗိုက်ချပ်ခြင်း၊အကြောပြတ်မှုနည်းခြင်း၊    ဗိုက်သားများ
တွန့်ရှုံ့မှု ပြေပျောက်ခြင်း၊ ရေဖျဉ်း၊လေဖျဉ်း   စသည်တို့မဖြစ်စေဘဲ    လှလှပပ 
ချပ်ချပ်ရပ်ရပ်နှင့်တစ်သားမွေးတစ်သွေးလှစေ မည့် အကျိးကျေးဇူးများရမည်
ဖြစ်ပါသည်။ ပျိုအလှတို့ မိမိတို့ ကိုယ်ကာယကို ထိန်းနိုင်ပါစေ။
credit to:ဒေါက်တာ အောင်နိုင်(ဆေးသုတေသန)
facebook:Warazein Min
Wednesday, April 8, 2015
ရေဖျဉ်းရောဂါ ပျောက်ဆေးနည်း
ဤအရှင်ထံသို့ ရေဖျင်းရောဂါသည်များထံမှ တောင်းပန်စာများအကြိမ်ကြိမ်ရောက်
လာဖူး၏၊ ဘယ်ပုံဘယ်နည်းပျောက် ကင်း စေ နိုင်ပါသလဲ၊ နည်းလမ်း    ရှိလျင်
 ညွှန်ကြားပေးတော်မူပါဘုရား ဟူ၍ ရပ်ဝေးမှ    စာရေးတောင်း   ဆိုကြသည်၊
အချို့က ခရီးကြုံကြိုက်ခိုက် ဤအရှင်ထံသို့ ၀င်ရောက်၍ တဆင့်မှာကြားလိုက်သူ
 ရောဂါသည်အတွက် ကိုယ်တိုင် ၀င်ရောက် ၍ မေးမြန်းလျောက်ထားတောင်းဆိုကာ
 ရေးမှတ်ယူသွားကြသည်၊ အမှန်မှာ ဤအရှင်သည်   ဆေးဆရာ    မဟုတ် ပါ၊
 ဆေးကုသေ ပး ဖူးခြင်းလဲ မရှိပါ၊ ၀ါသနာလဲ မရှိပါ   ၊ ရောဂါသည်များအား 
သနားသောစိတ်ကြောင့် တတ်သမျှ မှတ်သမျှ   ကလောင်ဖြင့်     ရေးသား
 ညွှန်ကြား ပေးနေသော သူသာ ဖြစ်၏၊
ထို့ကြောင့် စာဖတ်ပရိသတ်များအားလည်း နည်းရစေရန် စေတနာကောင်းဖြင့်
 ဤတွင်ဖော်ပြပေးလိုက်ပါသည်၊ ဆေးရုံမှ ဆရာဝန်တို့ ကုသနည်းနှင့် မတူပါ၊
 လုံးဝခြားနား၏၊ ဆရာဝန်တို့ ကုသနည်းကား ရေဖျဉ်းရောဂါသည်ကို ၀မ်းဗိုက်
 ခွဲ၍ ရေ ထုတ် ပစ်ပြီး ပြန်ချုပ်ပေးခြင်းသာ ဖြစ်သည် ဆို၏၊
သို့သော် တစ်နှစ်ကျော်လျင် ၀မ်းဗိုက်ဖောင်းကာ ပြန်ဖြစ်လာတတ်သည် ဆို၏၊
 တဖန် ဒုတိယအကြိမ် ခွဲ၍ ထုတ်ပေးရပြန် သည်၊ ခေတ္တကောင်းသလို ရှိသော်လည်း 
တဖန်ဖြစ်လာတတ်ပြန်သည်၊ ထိုအခါ ဆရာဝန်တို့ သုံးကြိမ် မြောက် မခွဲရဲကြ
 တော့ချေ၊ အကြောင်းမှာ သုံးကြိမ်ခွဲပြီးလျင် သေသွားတတ်ကြသောကြောင့်
 ဖြစ်သည် ဆို၏၊
ရန်ကုန်မြို့ ပြည်လမ်း၌နေထိုင်သူ နာမည်ကျော် ဒကာကြီးတဦး        ထိုရောဂါ 
ခံစားနေရ၍ သူ၏ဖြစ်ရပ်နှင့် ဆရာဝန်တို့ ကုထုံးကို ပြောပြဖူး၏၊    နောက်ထပ်
 မခွဲတော့ပဲ ဆေးကုသပေးခြင်း မခံယူတော့ပဲ နေသွားပြန်ကလည်း ရေဖျဉ်းရောဂါဖြင့်
 မကြာခင် သေ သွားကြရမြဲကျိန်းသေကဲ့သို့ ဖြစ်နေသည် ဆို၏၊ ကြောက်စရာ
 ရောဂါမျိုး ဟူ၍ လူအများက ပြော စမှတ် ပြု ထားကြ သည်၊ မြန်မာ သမားတော်
တို့ကလည်း နိုင်နင်းအောင် ကုသပေးခြင်း မတတ်နိုင်ကြလေရော့လား ဟူ၍
 တွေးဆ မိသည်၊
ဤအရှင်နည်းမှာ မခက်ခဲပါ၊ စရိတ်ကုန်ကျများသော ဆေးနည်းမျိုးလဲ မဟုတ်ပါ၊ 
ဗိုက်ခွဲ ရေထုတ်ပစ်ရန်လည်း မလိုပါ၊ ထိုရောဂါကြောင့် လူမသေရတော့ပါ၊
 စိတ်ချရသောနည်း ဖြစ်သည်။
ဆေးမယ်များ 
ကျောက်ချဉ်၊ ယမ်းစိမ်း၊ ဒုတ္ထာ - ဆေးမယ် ဤသုံးမျိုးကို အလေးချိန် ဆတူယူ၍ 
“ တေဇောဒကဆေးရည် “ ဖြစ်အောင် ချက်ယူရပါမည်၊    ချက်နည်းမခက်ပါ၊
ဤတွင် ညွှန်ကြားမည်၊
ဆေးရည်ဖော်စပ်နည်း
ဥပမာ- အလေးချိန် ၂ ကျပ်သားစီ ယူ၍ ရေ လက်ဖက်ရည်ပုဂံဖြင့် အဖန်ရည်ကို
 နှစ်လုံးမျှထည့်ပါ၊ ၄င်းကို အရက်ချက် သကဲ့သို့ ပေါင်းတင်၍ ချက်ပြီး ချွေးရည်
 (တေဇောဒကရည်) ကို ခံယူရခြင်း ဖြစ်သည်၊ လူတိုင်း နားလည်ကြ ပါမည်
၊ တေဇော ဒကဆေးရည်ကို ပုလင်းတွင် ထည့်ထားပါ၊
ဖော်စပ်နည်း
၎င်းတေဇောဒက ဆေးရည် ကို ပျားရည်တွင် ထည့်၍ နေလှန်းပေးရသည်၊
 အချိုးအစားမှာ ပျားရည်ပုလင်းကြီး တပုလင်း တွင် တေဇောဒကဆေးရည်ကို
 ဟင်းသောက်စတီးဇွန်း နှင့် တစ်ဇွန်းထည့်ပြီး ပုလင်းကို ကြာကြာကိုင်၍ 
လှုပ်ပေးနေပါ၊ ထို့နောက် ပုလင်းကို ပိတ်၍ နေပူ၌ (၃) ရက်လှန်းပေးပါ၊ 
၃- ရက်လှန်းပြီးလျင် စားသုံးရန် အဆင်သင့် ဖြစ်ပါပြီ၊
ဆေးစားသုံးနည်း
ရေဖျဉ်းရောဂါပျောက်ကင်းချမ်းသာစေရန်အတွက် နံနက်ပိုင်းတွင် တကြိမ်၊
 ညဦးပိုင်းတွင် တကြိမ်၊ ၄င်းပျားရည်ကို ဟင်း သောက် စတီးဇွန်းနှင့် တဇွန်းကျ
 သောက်ပေးပါ၊ ပြီးလျင် ရေနွေး အဖန်ရည်ကို ၀၀ကြီး သောက်ပေးပါ၊
 ရေအေး မသောက် ပါနှင့်၊ ဤနည်းအတိုင်း ရောဂါအခြေအနေ ကောင်းလာ
သည့်တိုင်အောင် အချိန်ရက်ကြာကြာ ဆက်တိုက်သောက် ပေး သွားရပါ မည်၊
 ရေဖျဉ်းစွဲနေသော ၀မ်းဗိုက်ဖောင်းဖောင်းကြီးသည် တဖြည်းဖြည်း လျှောဆင်း
သွားလိမ့်မည်၊ ဤကား ဆေးနည်းနှ င့် ဆေးစားသုံးနည်းတည်း။
ကိုယ်ခန္ဓာ ပြုပြင်လေ့ကျင့် နည်း
ရေဖျဉ်းရောဂါကို ဆေးတမျိုးတည်း စားရုံဖြင့် မလုံလောက်ပါ၊ ကိုယ်ခန္ဓာ
 ပြုပြင်ပေးနည်းပါ တွဲဖက်ရသည်၊ ကိုယ်ခန္ဓာ ပြုပြင် နည်းကလဲ မခက်ခဲပါ၊
ရှေးဦးစွာ အိပ်ယာပေါ်၌ ပက်လက်အနေအထားဖြင့် ခြေလက်ကို စန့်စန့်ထား၍
 အိပ်ပါ၊ ထို့နောက် ဖောင်းနေသော ၀မ်းဗိုက် ကို ပျောက်ကွယ်၍ ပိန်ချပ်သွား
သည်အထိ တဖြည်းဖြည်းချင်း ရှိုက်ပေးပါ၊ အစပိုင်းတချိန်ထက် လေ့ကျင့်မှု 
အရှိန်ကောင်း လာလျင် ရင်ဘတ်သည် ကျောရိုး၌ ကပ်နေသည်အထိ ပိန်ကျ
သွားအောင်နိုင်နင်းစွာ ရှိုက်၍ ပေးသွားပါ၊
ဤနည်းအတိုင်း တစ်ကြိမ်လျင် (၁၀) ခါထက် မနည်းစေပဲ လေ့ကျင့်ပေးရပါမည်၊
 တခါတရံ အနေမှန်လိုက်၊ ရှိုက်ပေး လိုက် ဖြင့် ၁၀ ခါအထိ လေ့ကျင့်ပေးရမည်
 ဟု ဆိုလိုသည်၊ တနေ့လျင် အနည်းဆုံး ၃- ကြိမ်လေ့ကျင့်ပေးပါ၊ မနက်အိပ် 
ယာမထ ခင် တကြိမ်၊ နေ့လည် တကြိမ်၊ ညအိပ်ယာဝင်တကြိမ်ဖြစ်သည်၊
ဤလေ့ကျင့်နည်း အောင်မြင်မှုရပြီးလျင် ရေဖျဉ်းရောဂါကြောင့် သေရမည့်ဘေးမှ
 ကျော်လွန်ခဲ့ပြီ ဟူ၍ မှတ်ပါ၊ ထို့နောက် ဆက်ရမည်၊
ဒုတိယအဆင့်မှာ မတ်မတ်ရပ်၍ အထက်ပါနည်းအတိုင်း တနေ့ ၃- ကြိမ်
 လေ့ကျင့်ပေးပါ၊ မတ်တပ်ရပ်ပြီး လေ့ကျင့် နည်းေ အာင်မြင်ခဲ့လျင် နောက်
ဆက်တွဲ လေ့ကျင့်နည်းမှာ ထိုင်နေရင်း၎င်း၊ အိပ်ယာပေါ်မှာ ဘယ်စောင်း
 ညာစောင်း လှဲနေရင်း၎င်း အထက်ပါနည်းအတိုင်း လေ့ကျင့်ပေးသွားပါ၊
ဤပုံဤနည်းအတိုင်း တေဇောဒကဆေးရည်ကို နေ့စဉ်မှန်မှန်သောက်သုံး၍
 ကိုယ်ခန္ဓာပြုပြင်လေ့ကျင့်နည်းကို ပုံမှန် လုပ် ပေး သွားပါက ရေဖျဉ်းရောဂါကြောင့်
 ငါ လုံးဝ မသေနိုင်တော့ဘူး ဟု မှတ်ယူလိုက်ပါတော့၊ ၀မ်းဗိုက်ဖောင်းနေခြင်း 
မရှိတော့ လျင် တေဇောဒကပျားရည်ဆေး သောက်သုံးခြင်းကို ရပ်နားထားလိုက်ပါ၊
 ဤအရှင်၏ နည်းကောင်းနည်းမှန်ကို လိုက်နာကြ သော ရေဖျဉ်းရောဂါရှင်များသည်
 သေဘေးမှ လွတ်မြောက်ခဲ့ကြလေပြီ၊ ရေဖျဉ်းရောဂါဖြင့် မသေကြရတော့ပါ၊
Rf. တောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တသာရ ၏ ကိုယ်တွေ့မှတ်တမ်းများ
 နှာ- ၁၅၇-၁၆၀
credit to:Warazein Min
posted by ပန်းကမ္ဘာ 
မြတ်ဗုဒ္ဓ၏ ၀ိပဿနာ (ကျောက်အိုင်တောရ)