Facebook Page
Friday, April 17, 2015
တန်ခိုးသိဒ္ဓိကိုဖွင့်လှစ်နိုင်မည့်သော့ရှစ်ချောင်း
 နံပါတ်(၁) တန်ခိုးသိဒ္ဓိအကြောင်း....
ပထမဦးဆုံး နားလည်ရမှာက ကျွန်တော်တို့ နေထိုင်နေတဲ့ 
စကြာဝဠာကြီးရဲ့အကြောင်းကို အရင်ဆုံး နားလည်ထားသင့် တယ်။
 ဒါကြောင့် ဒီစကြာဝဠာရဲ့ အရှိန်အစော် စွမ်းရည်ဆိုတဲ့ ကိစ္စပဲ။ 
အဲဒါကို ဘယ်သူလုပ်တာလဲလို့ မမေးနဲ့။ ဒါကို သဘာဝ
တရားကြီးလို့ ခေါ်တယ်။ ဓာတ်တစ်ခုလို သဘောထားချင်လည်း 
ထားလို့ရတယ်။ အရာအားလုံးကို မူလလို့ ယူဆချင်လည်း 
ယူဆပေါ့ကွာ။ အဲဒီလို မယူဆချင်ရင်လည်း နက်ရှိုင်းမှု့ရဲ့ ဗဟိုလို့
 ပြောချင်လည်း ပြော။ အာဠာယ၀ိညာဏ် ကြီးလို့ ပြောချင်လည်းပြော။ 
အာဒိ သိမှု့လို့ ခေါ်ချင်လည်း ခေါ်။ အာဒိ လှုပ်ရှားမှု့ အာဒိစွမ်းအင်
 ကြိုက်သလိုခေါ်နိုင်တယ်။ ကြိုက်သလို နာလည်နိုင်တယ်။
ဥပမာအားဖြင့် ပြောရရင် ရေကို ကုလားလူမျိုးတစ်မျိုးက ပါနီလို့ခေါ်တယ်။
 အခြားကုလားလူမျိုးတစ်မျိုးက ဂျားလ်လို့ ခေါ်တယ်။ အင်္ဂလိပ်က
 ခေါ်ချင်သ လို ခေါ်နေကြတာပဲ။ ဒါပေမယ့် ရေကတော့ရေပဲ။ တခြားဘာမှ
 မဖြစ်နိုင်ဘူး။ အဲဒီလိုပဲ စကြာဝဠာရဲ့ အရှိန်အစောကြီး ဟာ တကယ်ရှိတယ်။
 ကိုယ်ကြိုက်သလို ခေါ်နိုင်တယ်။ ပရာန လို့လည်း ခေါ်လို့ရတယ်။ 
အဲဒိပရာနဟာ နေရာင်ခြည်မှာလည်း ရှိတယ်။ လရဲ့ ရောင်ခြည်မှာလည်း
 ရှိတယ်။ ရေမှာလည်း ၇ှိတယ်။ တိရစ္ဆာန်မှာလည်း ရှိတယ်။ 
သစ်ပင်ကျောက်တုံး စတဲ့အရာတွေမှာလည်း ရှိတယ်။ ကိုယ့်ရဲ့ 
ကိုယ်ထဲမှာလည်း ရှိတယ်။ သူတစ်ပါးတွေရဲ့ ကိုယ်ထဲမှာလည်း 
ရှိတယ်။ အဲဒီ ပရာနဟာ တစ်နေ့မှာ စွမ်းအင်ဖြစ်လာမယ်။
 အဲဒိအခါကျတော့ ပရာနလို့ မခေါ်တော့ဘူး။ နဂါးတကောင်နဲ့ 
တင်စားပြီး နာဂသတ္တိ (SERPANT POWER) ရယ်လို့ ဖြစ်သွားတာပဲ။
ဒါဆို အဲဒီပရာနဆိုတဲ့ အရာကို ဘယ်သူပိုင်တာလဲ....
အရာအားလုံနဲ့ ပတ်သက်တယ်။ ဒါပေမယ့် ဘယ်သူမှ မပိုင်ဘူး။
 ဥပမာ ကိုယ်တွေ အသက်ရှူနေတဲ့ လေဟာ လူတိုင်းနဲ့ တော့ 
ပတ်သက်တယ်။ ဒါပေမယ့် ဘယ်သူပိုင်လို့လဲ။ အဲဒီအတိုင်းပေါ့။
ဒါဆိုရင် အဲဒီပရာနကို ကိုယ်က ဘယ်လိုလုပ်ရမှာလဲ......?
အဲဒီ ပရာနဟာ ကိုယ့်ကိုထဲမှာ ရှိနေတယ်။ ဒါပေမယ့် သူဟာ
 နိုးကြားခြင်း မရှိဘူး။ အပျင်းကြိးပြီး အိပ်စက်နေတဲ့ မြွေတစ်ကောင်လိုပဲ။
 နိုးကို မနိုးဘူး။ ငြိမ်ပြီး အိပ်နေတယ်။ သူ့ကို ကိုယ်က နှိုးရမှာ။
 သူနိုးတာကို နာဂသတ္တိနိုးတယ်။ တန်ခိုးစွမ်းအင်နိုးတယ်လို့ ပြောတာပေါ့။
 အဲဒီနာဂသတ္တိဆိုတဲ့ အရာဟာ တကယ်ရှိတယ်။ သူဟာ အလွန် အဖိုးတန်တယ်။
 လူ့လောကကြီးမှာ သူ့ကို အသုံးချပြီး ဘယ်အရာမဆို 
ရအောင်ယူနိုင်တယ်။ ချမ်းသာခြင်း၊ သြဇာတိက္ကမကြီးခြင်း၊ နာမည်
ဂုဏ်သတင်း ကျော်ကြားခြင်းကအစ ဘာမဆို လုပ်နိုင်တယ်။
သေသေချာချာလုပ်ကြည့်ရင် ရှစ်မျိုးသောသိဒ္ဓိကို ရနိုင်တယ်....
မိမိခန္ဓာကိုယ်ကို သေးသေးကလေးဖြစ်အောင် ချုံ့ပစ်နိုင်တဲ့ ... အဏိမာသိဒ္ဓိ။
မိမိခန္ဓာကိုယ်ကို အဆမတန်ကြီးအောင် လုပ်နိုင်တဲ့ .... မဟိမာသိဒ္ဓိ။
အာကာသထဲထိအောာင် ပျံဝဲအောင် လုပ်နိုင်တဲ့ လဃိမာသိဒ္ဓိ။
ကိုယ်ကိုကို တောင်ကြီးလို လေးနေအောင် လုပ်နိုင်တဲ့ ဂရိမာသိဒ္ဓိ။
အလိုရှိတိုင်း ကြားနိုင်သိနိုင်တဲ့ ပရပတိသိဒ္ဓိ။
ကိုယ်အလိုရှိတိုင်း ဖန်တီးနိုင်တဲ့ ... ပရာကာမယသိဒ္ဓိ။
ကိုယ်အလိုရှိသလို စွဲဆောင်နိုင်တဲ့ ... ၀သိတံသိဒ္ဓိ။
အလိုရှိသလို လွှမ်းမိုးနိုင်တဲ့ ... ဣသတံသိဒ္ဓိ အဲဒီလို သိဒ္ဓိ၇ှစ်မျိုး အထိ 
ရရှိစေနိုင်တယ်။
အဲဒီသိဒ္ဓိရှစ်မျိုးကို ရအောင်ဖွင့်လှစ်ဖို့ သော့တံရှစ်ချောင်းလိုတယ်။
ပထမသော့တစ်ချောင်းရဲ့နာမည်က “ ယမ ” လို့ခေါ်တယ်။
အဲဒါကတော့ ဘယ်လိုအကြောင်းနဲ့မှ မုသားမပြောဆိုခြင်းဆိုတဲ့ အချက်ရယ်၊ 
အလိုဆန္ဒကို ချုပ်တည်းမှု့ရယ်၊ ခိုးဝှက်ခြင်း မပြုမှု့ရယ်၊ လာဘ်မစားဖို့ရယ်လို့
 အဓိပ္ပါယ်ရတယ်။ ဒါပေမယ့် ဒါတွေဟာ အတိအကျ ပြောရမယ့်ကိစ္စတွေ 
မဟုတ်ပါဘူး။ ယမဆိုတဲ့သော့ကို ဘယ်လို အဓိပ္ပါယ်ဖွင့်ရမလဲဆိုရင် 
အပြောအဆိုနဲ့ ပါတ်သက်လို့ သူက မချုပ်ချယ်ပါဘူး။ အမှန်ကို ပြောဖို့ပဲ
 တိုက်တွန်းတာပါ။ နားထောင်တာနဲ့ ပတ်သက်လို့လည်း သီးခြား
 ဆုံမချက်မရှိပါဘူး။ အမှန်ကို နားထောင်ရမယ်။ သတ္တိနဲ့ ပတ်သက်
လို့လည်း အခက်တွေ့တဲ့အခါမှသာ ထုပ်ရမယ်တဲ့။
ဒုတိယသော့တစ်ချောင်းရဲ့နာမည်က “နိယာမ” လို့ခေါ်တယ်။
နိယာမဟာ ခန္ဓာဒာကိုအတွင်းအပြင် သန့်၇ှင်းစေရမယ်လို့ 
ဆိုထားတယ်၊ ရောင့်ရဲလွယ်ရမယ်လို့ ဆိုထားတယ်။ ဘုရား ကို 
ကြည်ညိုရမယ်လို့လည်း ဆိုထားတယ်။ အလိုရမက်တွေအားလုံး၊
 အာသာဆန္ဒတွေအားလုံးကို နှိပ်ကွက်နိုင် ရမယ်။
တတိယသော့တစ်ချောင်းရဲ့နာမည်က “ အာသန” လို့ခေါ်တယ်။
အာသနဆိုတာကတော့ ထိုင်ပုံထိုင်နည်းတွေကို ဆိုတာပါ။
 အဲဒီအာသနက ဘာအတွက် သတ်မှုတ်ထား၇သလဲဆိုတော့ 
ကိုယ်လက်အင်္ဂါ အကြောင်းမဲ့ ယိမ်းယိုင်ခြင်း၊ လှုပ်ရှားခြင်း 
မဖြစ်စေဖို့၊ ထိုင်ပုံထိုင်နည် အာသနကို သင်ကြားရတာပဲ။
စတုတ္ထသောတစ်ချောင်းရဲ့အမည်က “ ပရတျာဟာရ ” လို့ ခေါ်တယ်။
မြူတူးပြန့်လွှင့်နေတဲ့ စိတ်ကို ချုပ်တည်းတာ၊ အပြင်ကို 
အာရုံမစိုက်ပဲ ခန္ဓာတွင်းကို အာရုံစိုက်ဖို့ ညွန်ပြထားတယ်။
ပဉ္စမသောတစ်ချောင်းရဲ့အမည်က “ ပရာဏာယာမ ”လို့ခေါ်တယ်။
အဲဒါကတော့ အသက်ရှူတဲ့ ကျင့်စဉ်ကို ပြောတာပါ။
ဆဋ္ဌမသောတစ်ချောင်းရဲ့အမည်က “ ဓာရဏာ ” လို့ခေါ်တယ်။
ကိုယ်စူးစိုက်ရမယ့် အရာတွေကလွဲပြီး တခြားအရာတွေကို အာရုံမစိုက်ဖို့ပါ။
 စိတ်မပျံ့လွင့်ဖို့ပါ။
သတ္တမသော့တစ်ချောင်းရဲ့အမည်က “ ဇာဏ ” လို့ ခေါ်တယ်။
ကိုယ်စူးစိုက်တဲ့အာရုံကလွဲပြီး အခြားအာရုံတွေကို စွန့လွှတ်လောင်မြိုက်
ပစ်ဖို့ပါပဲ။
အဋ္ဌမသော့တစ်ချောင်းရဲ့အမည်က “ သမာဓိလို့ ” ခေါ်တယ်။
အဲဒါကတော့ စိတ်ရဲ့ တည်ငြိမ်မှု့ကို ပြောတာပါ။ ကိုယ့်စိတ်ကို မလှုပ်ရှားစေဘဲ 
တည်ငြိမ်နေတဲ့ သဘောကို ပြောတာပါ။ အဲဒိသော့ရှစ်ချောင်းကို 
ပိုင်ပိုင်နိုင်နိုင်ရအောင် လေ့ကျင့်ကြိုးစားပြီး နာဂသတ္တိလို့ ခေါ်တဲ့ 
ဘဏ္ဍာတိုက်ကို ဖွင်နိုင်ပါလိမ့် မယ်။
credit to:
စေတနာကောင်းဖြင့်
၂၀၁၅ မှာ မြန်မာပြည် အဆိုးထဲက အကောင်းပြန်ဖြစ်မယ် (စံဇာဏီဘို)
၂၀၁၅ ခုနှစ်မှာ မြန်မာပြည်ရဲ့ အနေအထားဟာ အပြောင်း အလဲတွေ ဖြစ်လာပြီး 
အဆိုးထဲက အကောင်း ပြန် ဖြစ်မယ်လို့ မြန်မာ့ နက္ခတ်ပညာရှင် စံဇာဏီဘိုက
 ဟောကိန်း ထုတ်လိုက်ပါတယ်။
၂၀၁၅ ခုနှစ်ထဲ တနိုင်ငံလုံး အပစ်ရပ် လက်မှတ်ထိုးနိုင်ဖို့ ရှိပြီး ပြည်တွင်း 
စီးပွားရေး လုပ်ငန်းတွေ အကျပ်အတည်း ကြုံနိုင်တယ်လို့လည်း သူက
 ဟောကိန်း ထုတ်ပါတယ်။
မြန်မာ့နက္ခတ်ပညာရှင် စံဇာဏီဘိုကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထား
ပါတယ်။
ဆရာတို့ နက္ခပညာအရ မြန်မာပြည်နိုင်ငံရေးအပေါ် တွက်ချက်ရထားတာတွေ
 ပြောပြပါ။
“နံပတ် ၁ – စစ်ဘက်က အာဏာသိမ်းတာမျိုး မမြင်ပါဘူး၊ နံပတ် ၂ – ရွေးကောက်ပွဲ
 ကျင်းပမှာ မြင်ပါတယ်။ နံပတ် ၃ – နိုင်ငံရေးနဲ့ ပတ်သက်တဲ့ လမ်းကြောင်းအနေ
အထားတွေမှာ ဇန်န၀ါရီ ၂၁ နဲ့ ဖေဖော်ဝါရီ ၁၉ ကြားမှာ ၁ ကြိမ်၊ မေ ၂၀ နဲ့ 
ဇွန် ၂၀ ကြားမှာ ၁ ကြိမ် နည်းနည်းလေး အနှောင့်အယှက်တွေ ရှိတယ်။ 
အဲဒါကတော့ နိုင်ငံရေးအရ ဖိနှိပ်မှုလေးတွေ အနည်းငယ် ရှိလိမ့်မယ်။
 နိုင်ငံရေးဖိနှိပ်မှုနဲ့ ပတ်သက်တဲ့အတွက် အဖမ်းအဆီး ရှိနိုင်တာ သတိထား
ရမှာပေါ့။ အောက်တိုဘာ ၂၁နဲ့ နိုဝင်ဘာ ၂၀ ကြားမှာတော့ လမ်းကြောင်း
 ပြောင်းပြီးတော့ စီမံမှုအသစ်တွေနဲ့ ရွေးကောက်ပွဲဘက်ကို ဦးတည်တာ
 တွေ့ရတယ်။”
ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ရောခင်ဗျ။
“ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ အပြောင်းအလဲ တစုံတရာ မမြင်ပါဘူး။ 
ဒါပေမယ့် ကျနော့်အမြင်မှာ ပြည်တွင်းငြိမ်းချမ်းရေးကို သွားတဲ့လမ်းကြောင်း
မှာ ဖွဲ့စည်းပုံတခုလုံးကို ပြန်လည် ပြင်ဆင်ရမှာ တွေ့ရပါတယ်။
တခြားသော အကြောင်းအရာနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်မှာ မတွေ့ရပါဘူး။
 ချွင်းချက်အနေနဲ့ ၂၀၁၅ ဧပြီ ၂၁နဲ့ မေ ၂၀ အကူးမှာတော့ 
အပြောင်းအလဲ တစုံတရာ ရှိနိုင်တယ်ဆိုတဲ့ အမှတ်အသားကို
 တွေ့ရတယ်။”
အဲဒီအပြောင်းအလဲက ဘာပါလဲ။
“အဲဒီ အပြောင်းအလဲက မူဝါဒဆိုင်ရာရဲ့ အခြေခံနဲ့ ပတ်သက်တဲ့
အပြောင်းအလဲ ဖြစ်နိုင်တယ်။ ဥပဒေသကြီးတခုလုံးကို ပြောင်းလဲတဲ့ 
အပြောင်းအလဲမျိုး မဟုတ်ဘူး။ ကြေညာချက်တခု သို့မဟုတ် ဥပဒေ
ကဲ့သို့ပြုသော အပြောင်းအလဲ တစုံတရာကို ပြဋ္ဌာန်းတာမျိုး ကျနော်
 မြင်တယ်။”
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ဆရာတို့ 
ပညာအရ ဘယ်လို မြင်ရလဲ။
“ကျနော်တို့အမြင်အရ သူ့ရဲ့ အခြေအနေ အနေအထားက 
အထူးကောင်းတာ တွေ့ရပါတယ်။ ခေါင်းဆောင်မှု အပြည့်အ၀ပေးနိုင်
တဲ့ အရည်အသွေးကို တွေ့ရတယ်။ ခေါင်းဆောင်မှု အနေအထားကို 
ရရှိမယ့် ကံကြမ္မာကိုလည်း တွေ့ရတယ်။ ခေါင်းဆောင်မှု တခုကို 
ရနိုင်တဲ့ ထောက်ခံမှုရဖို့ကိုလဲ တွေ့ရတယ်။”
ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ရောခင်ဗျ။
“ပြည်တွင်းငြိမ်းချမ်းရေးရဖို့ လမ်းစလေးတွေ ကောင်းတယ်။
 ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဖေဖော်ဝါရီ ၁၇ နဲ့ မတ် 
၂၀ ကြားမှာ ၁ ကြိမ်၊ ဧပြီ ၂၀နဲ့ မေ ၂၀ ကြားမှာ ၁ ကြိမ်၊ ဇူလိုင်
 ၂၁နဲ့ သြဂုတ် ၂၀ ကြားမှာ ၁ ကြိမ်၊ အဲဒီဆွေးနွေးမှုတွေကနေ
 တစုံတရာ ရလာမယ်၊ အပစ်အခတ်ရပ်စဲမှုအထိ ရနိုင်မယ်။”
၂၀၁၅မှာ မြန်မာ့စီးပွားရေး ထူးထူးခြာခြား တိုးတက်ပြောင်းလဲမှာ
 တွေ့ရလား၊
“၂၀၁၅မှာ မြန်မာပြည်တင်မဟုတ်ဘူး ကမ္ဘာ့မှာပါ အလုပ်လက်မဲ့ဦးရေ 
များလာမယ်။ ကုန်ဈေးနှုန်းတွေ မြင့်တက်လာမယ်။ အကျပ်အတည်း
 တစုံတရာ ဖြစ်ပေါ်မယ့်နှစ်။ မြန်မာပြည်မှာလည်း ဒီဂယက်နဲ့ တိုက်
ဆိုင်နိုင်တယ်။ ဘာလို့ဆိုတော့ မြန်မာပြည်ရဲ့ ဇာတာကို စစ်လိုက်တော့ 
သူဌေးသူကြွယ်တွေရဲ့ စီးပွားယိုယွင်းခြင်း၊ အောက်ခြေလူတန်းစာတွေရဲ့
 စီးပွားယိုယွင်းခြင်း ဒီ ၂ နေရာမှာ တွေ့တယ်။ စီးပွားရေးအနေနဲ့ စီးဆင်း
မှုနဲ့ လည်ပတ်မှုနဲ့ စီးပွားဖြစ်ထွန်းမှုတို့က ရှိနေမယ်။ ကျနော်တို့ ပြောနေ
တဲ့ကိစ္စက အလုပ်လက်မဲ့ပြဿ  နာရယ် ကုန်ဈေးနှုန်းကြီးမြင့်မှု ပြဿ  နာရယ် 
တွက်ချက်လို့ ရထားပါတယ်။ ပြည်တွင်းမှာ လာရောက် ရင်းနှီးမြှုပ်နှံမှုတွေ
လည်း ရှိမယ်။ ဒါပေမယ့် ပြည်တွင်းမှာ လက်ရှိလုပ်နေကြတဲ့ စီးပွားရေး 
လုပ်ငန်းတွေ အကျပ်အတည်း ကြုံမယ်။ ဘဏ်လုပ်ငန်းမှာလည်း အခြေ
အနေအဆိုးရှိတယ်။”
လူမှုရေးအပိုင်း နိုင်ငံမှာဖြစ်တတ်တဲ့ လူမျိုးရေးဘာသာရေးပဋိပက္ခ 
ဘယ်လိုဖြစ်လာနိုင်မလဲ။
“စနေဂြုင်္ိဟ် တူရာသီမှာ တည်တာရှိတယ်။ ကြာသပတေးင်္ဂြိုဟ် ကရကဋ်ရာသီမှာ
 နောက်ပြန် သွားနေတဲ့ အနေအထားတွေရှိတော့ အဲ့ဒီ အနေအထားတွေအရဆို
 ကမ္ဘာမှာလည်း အစွန်းရောက်တွေ တဘက်စွန်းကို သွားနေကြမယ်။ ပြည်တွင်း
မှာလည်း အဲ့ဒီ အစွန်းရောက်ဝါဒ တွေကို နည်းနည်းတော့ အားလုံးက ၀ိုင်းပြီး 
ထိန်းဖို့ လိုပါမယ်။ လူမျိုးရေးပြဿ   နာ မဟုတ်ဘူး။ အမျိုးသားရေးပြသနာအထိ 
ကျယ်ပြန့်လာစရာ အကြောင်းရှိတယ်။”
အဲ့ဒီတော့ ဆရာတို့ နကတပညာအရ ၂၀၁၅ မြန်မာပြည်အခြေအနေကို
 ခြုံပြီး ပြောမယ်ဆိုရင် ဘယ်လို ပြောလို့ရမလဲ။
“၂၀၁၄ ထက် ပိုပြီး သာလာမယ်။ အနာဂတ်အသစ်တခုကို စတင်ပြီးဖြစ်ပေါ်ဖို
့အတွက် အခြေတည်တဲ့ နှစ်တခု ဖြစ်မယ်။ အဲ့ဒီအတွက်ကြောင့် မြန်မာပြည်ရဲ့
 ကံဇာတာ ညှိုးမှိန်မယ်လို့ မဆိုလိုဘူး၊ ကံဇာတာ မြန်မာပြည်က ကောင်းတယ်။
 ပြည်သူတွေရဲ့ ကံကြမ္မာကို ပိုပြီးတော့ တောက်ပြောင်ငြိမ်းချမ်းအေးချမ်းတဲ့ 
အနာဂတ်တခုကို စဉ်းစားဖန်တီးနိုင်တဲ့ ကံကြမ္မာကို ပိုင်ဆိုင်တဲ့ နှစ်တခုဖြစ်
တယ်။ လာမယ့် ၂၀၁၅ ခုနှစ်ရဲ့ သဘာဝက နံပတ် ၈ ဂဏန်းကို ကိုယ်
စားပြုတယ်။ မြန်မာပြည်က နံပတ် ၄ နဲ့ စတင်ပြီးတော့ လွတ်လပ်ရေးရရှိခဲ့
တယ်။ မြန်မာပြည်ဟာ ၄ ဂဏန်းနဲ့ ၈ ဂဏန်းတို့ ပူးတွဲပြီးတော့ စတင်ဖြစ်
တည်လာတာ။ အခု ၈ ဂဏန်းကို ရောက်တဲ့ကာလမှာ မြန်မာပြည်ရဲ့ 
အနေအထားဟာ အပြောင်းအလဲတွေ ဖြစ်လာပြီးတော့ အဆိုးထဲက
အကောင်း ပြန်ဖြစ်မယ့်သဘော ကျနော် တွေ့တယ်။”
credit to:By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/75663 
http://www.thithtoolwin.com/2014/12/blog-post_8217.html
မြတ်ဗုဒ္ဓ၏ ၀ိပဿနာ (ကျောက်အိုင်တောရ)
Posted by Khin Win on Thursday, May 28, 2015