အခြေခံ
၀ိပဿနာအခြေခံကာ အနတ္တပင်ဖြစ်သည်။အနတ္တကို ပိုင်နိုင်စွာနားလည်သွားပြီး
ငါစွဲအတ္တဒိဌိအယူမှားကို တဒင်္ဂပယ်သတ်နိုင်လျှင် ကလျာဏပုထုဇဉ် စာရင်းဝင်၏။
၀ိက္ခ မ္ဘနပဟာန် ခပ်ကြာကြာပယ်သတ်နိုင်လျှင်စူဌသောတာပန်စာရင်းဝင်၏။
ငါရှိတယ်ဟူသည် ့အယူမှားကိုဘယ်ဘဝမှာမှ ပြန်မယူတော့သည့် သမုစ္ဆေဒပဟာန်ဖြင့် အမြစ်ပြတ်ပယ်သတ်နိုင်လျှင်ကား သောတာပန်စာရင်း ဝင်သွားတော့၏။
၀ိပဿနာယာနိကနည်း
၀ိပဿနာယာနိကသမားတို ့ကား စိတ်ဖြစ်တိုင်းအလိုအလျောက်ပါသော ခဏိက သမာဓိကို အားပြုပြီးရှူပွားသွားခြင်းဖြစ်၏
ခဏိက သမာဓိဆိိုသည်မှာကား စိတ်ဖြစ်တိုင်းလိုက်ဖြစ်သော သဗ္ဗစိတ္တသာဓာရဏစေတသိတ်(ရ)ပါးထဲမှ
ဧကဂ္ဂတာစေတသိတ်ပင်ဖြစ်၏။
သဿတဒိဌိနှင့် ဥစ္ဆေဒဒိဌိတို ့ကို နားလည်းခြင်း
ရန်ကုန်မှ တစ်ထောင်တန်ငွေစက္ကူတစ်သောင်းပို ့လိုက်၍ မန္တလေးသို ့ရောက်သည်။ရန်ကုန်မှ ပို ့လိုက်စဉ်က တစ်ထောင်တန်ဖြစ်သော်လည်း မန္တလေးသို ့ရောက်သောအခါ ငါးရာတန်များဖြစ်နေ၍ ပို ့လိုက်သော တစ်ထောင်တန်များ မန္တလေးသို ့တစ်ရွက်မှ ပါမသွားသည်မှာ အသေအချာပင်။
ရန်ကုန်မှပို ့လိုက်သောငွေအရေအတွက်တန်ဖိုးတစ်သောင်းအတွက်မန္တလေးတွင်
ငွေတစ်သောင်းရောက်ပါ၏။သို ့သော် အရေအတွက် တန်ဖို းသာတူပြီး ရုပ်သတ္ထုဖြစ်သော တစ်ထောင်တန်နှင့်ငါးရာတန်ဟူ၍ ခြားနားသွား၏။
ထို ့အတူ ကျောင်းတကာ အနာထပိဏ်သေ၍ နတ်ပြည်မှာ နတ်သားသွားဖြစ်သော်လည်း
လူ ့ဘဝက ရုပ်နာမ်များ နတ်ပြည်သို ့တစ်ခုမှ ပါမသွားပေ။
မန္တလေးသို ့ငါးရာတန်ငွေတစ်သောင်းရောက်သွားခြင်းသည်ရန်ကုန်မှတစ်ထောင်တန်
ငွေတစ်သောင်းပို ့လိုက်ခြင်းနှင့် လည်း ကင်း၍ မဖြစ်နိုင်ပေ။ရန်ကုန်မှ တစ်ထောင်တန်ငွေတစ်သောင်း ပို ့လိုက်ခြင်းသည်အကြောင်းတရား၊မန္တလေးသို ့ငါးရာ တန်ငွေတစ်သောင်းရောက်ခြင်း သည် အကျိုးတရား၊အကျိုးတရားသည်အကြောင်းတရားနှင့်ကင်း၍ မဖြစ်နိုင်။
ထို ့အတူ အနာထပိဏ်ကျောင်းဒကာ နတ်ပြည်တွင် နတ်သားဖြစ်ရခြင်းသည် လူ ့ဘဝကပြုခဲ့သော ကုသိုလ်ကံနှင့် ကင်း၍ နတ်ပြည်တွင်နတ်သားဖြစ်ရခြင်း မဖြစ်နိုင်။ နတ်သားဖြစ်ရခြင်းသည် အကျိုးတရား၊ဇေတဝန်ကျောင်းတော်ကြီးကို လှူခြင်းကုသိုလ်သည် အကြောင်းတရား၊အကြောင်းနှင့်အကျိုးသဘောတရား သာရှိသည်ဟု နားလည်လိုက်သည်နှင့် သဿတဒိဌိနှင့် ဥစ္ဆေဒဒိဌိတို ့ကင်းပျောက်နိုင်ပေသည်။
နတ်ဘဝသို ့လူဘဝက ရုပ်နာမ်များတစ်ခုမှာပါမသွားဟု နားလည်ထားလျှင် ရုပ်နာမ်ကို မြဲသည်ဟု ယူဆသော သဿတဒိဌိကွာ၏။နတ်ဘဝတွင် ရုပ်သစ်နာမ်သစ်များ လာဖြစ်ရခြင်းသည် လူ ့ဘဝကပြုခဲ့သော ကုသိုလ်ကံကြောင့်ဟု နားလည်သွားလျှင် ရုပ်နာမ်သည် သေလျှင်ပြတ်တာပဲဟုယူဆသောဥစ္ဆေဒဒိဌိ ကွာ၏။
သညာသိနှင့်ပညာသိ စာအုပ်မှ ကောက်နုတ်ချက်
zawgyi
အေျခခံ
၀ိပႆနာအေျခခံကာ
အနတၱပင္ျဖစ္သည္။အနတၱကုိ ပုိင္ႏိုင္စြာနားလည္သြားျပီး
ငါစြဲအတၱဒိဌိအယူမွားကို တဒဂၤပယ္သတ္ႏိုင္လွ်င္
ကလ်ာဏပုထုဇဥ္ စာရင္း၀င္၏။
၀ိကၡ မၻနပဟာန္
ခပ္ႀကာႀကာပယ္သတ္ႏိုင္လွ်င္စူဌေသာတာပန္စာရင္း၀င္၏။
ငါရွိတယ္ဟူသည္ ့အယူမွားကိုဘယ္ဘ၀မွာမွ
ျပန္မယူေတာ့သည့္ သမုေစၦဒပဟာန္ျဖင့္ အျမစ္ျပတ္ပယ္သတ္ႏိုင္လွ်င္ကား ေသာတာပန္စာရင္း ၀င္သြားေတာ့၏။
၀ိပႆနာယာနိကနည္း
၀ိပႆနာယာနိကသမားတုိ
့ကား စိတ္ျဖစ္တိုင္းအလိုအေလ်ာက္ပါေသာ ခဏိက သမာဓိကုိ အားျပဳျပီးရွဴပြားသြားျခင္းျဖစ္၏
ခဏိက သမာဓိဆိိုသည္မွာကား
စိတ္ျဖစ္တုိင္းလိုက္ျဖစ္ေသာ သဗၺစိတၱသာဓာရဏေစတသိတ္(ရ)ပါးထဲမွ
ဧကဂၢတာေစတသိတ္ပင္ျဖစ္၏။
သႆတဒိဌိႏွင့္ ဥေစၦဒဒိဌိတုိ ့ကို နားလည္းျခင္း
ရန္ကုန္မွ
တစ္ေထာင္တန္ေငြစကၠဴတစ္ေသာင္းပို ့လုိက္၍ မႏၱေလးသို ့ေရာက္သည္။ရန္ကုန္မွ ပို ့လိုက္စဥ္က
တစ္ေထာင္တန္ျဖစ္ေသာ္လည္း မႏၱေလးသို ့ေရာက္ေသာအခါ ငါးရာတန္မ်ားျဖစ္ေန၍ ပို ့လိုက္ေသာ
တစ္ေထာင္တန္မ်ား မႏၱေလးသို ့တစ္ရြက္မွ ပါမသြားသည္မွာ အေသအခ်ာပင္။
ရန္ကုန္မွပုိ ့လုိက္ေသာေငြအေရအတြက္တန္ဖိုးတစ္ေသာင္းအတြက္မႏၱေလးတြင္
ေငြတစ္ေသာင္းေရာက္ပါ၏။သုိ ့ေသာ္
အေရအတြက္ တန္ဖို းသာတူျပီး ရုပ္သတၳဳျဖစ္ေသာ တစ္ေထာင္တန္ႏွင့္ငါးရာတန္ဟူ၍ ျခားနားသြား၏။
ထုိ
့အတူ ေက်ာင္းတကာ အနာထပိဏ္ေသ၍ နတ္ျပည္မွာ နတ္သားသြားျဖစ္ေသာ္လည္း
လူ ့ဘ၀က ရုပ္နာမ္မ်ား နတ္ျပည္သုိ ့တစ္ခုမွ ပါမသြားေပ။
မႏၱေလးသုိ
့ငါးရာတန္ေငြတစ္ေသာင္းေရာက္သြားျခင္းသည္ရန္ကုန္မွတစ္ေထာင္တန္
ေငြတစ္ေသာင္းပုိ ့လိုက္ျခင္းႏွင့္
လည္း ကင္း၍ မျဖစ္ႏိုင္ေပ။ရန္ကုန္မွ တစ္ေထာင္တန္ေငြတစ္ေသာင္း ပုိ ့လိုက္ျခင္းသည္အေႀကာင္းတရား၊မႏၱေလးသို
့ငါးရာ တန္ေငြတစ္ေသာင္းေရာက္ျခင္း သည္ အက်ိဳးတရား၊အက်ိဳးတရားသည္အေႀကာင္းတရားႏွင့္ကင္း၍
မျဖစ္ႏိုင္။
ထုိ ့အတူ
အနာထပိဏ္ေက်ာင္းဒကာ နတ္ျပည္တြင္ နတ္သားျဖစ္ရျခင္းသည္ လူ ့ဘ၀ကျပဳခဲ့ေသာ ကုသိုလ္ကံႏွင့္ ကင္း၍
နတ္ျပည္တြင္နတ္သားျဖစ္ရျခင္း မျဖစ္ႏိုင္။ နတ္သားျဖစ္ရျခင္းသည္ အက်ိဳးတရား၊ေဇတ၀န္ေက်ာင္းေတာ္ႀကီးကို
လွဴျခင္းကုသုိလ္သည္ အေႀကာင္းတရား၊အေႀကာင္းႏွင့္အက်ိဳးသေဘာတရား သာရွိသည္ဟု
နားလည္လိုက္သည္ႏွင့္ သႆတဒိဌိႏွင့္ ဥေစၦဒဒိဌိတုိ ့ကင္းေပ်ာက္ႏိုင္ေပသည္။
နတ္ဘ၀သို ့လူဘ၀က ရုပ္နာမ္မ်ားတစ္ခုမွာပါမသြားဟု
နားလည္ထားလွ်င္ ရုပ္နာမ္ကုိ ျမဲသည္ဟု ယူဆေသာ သႆတဒိဌိကြာ၏။နတ္ဘ၀တြင္ ရုပ္သစ္နာမ္သစ္မ်ား
လာျဖစ္ရျခင္းသည္ လူ ့ဘ၀ကျပဳခဲ့ေသာ
ကုသိုလ္ကံေႀကာင့္ဟု နားလည္သြားလွ်င္ ရုပ္နာမ္သည္
ေသလွ်င္ျပတ္တာပဲဟုယူဆေသာဥေစၦဒဒိဌိ
ကြာ၏။
သညာသိႏွင့္ပညာသိ စာအုပ္မွ ေကာက္ႏုတ္ခ်က္