Facebook Page
Tuesday, April 7, 2015
အသည်းBပိုး -Cပိုးရောဂါဖြစ်နေပြီလား?
မြန်မာ့ဆေးကိုယုံရင် ဒီလိုစနစ်တကျ  သောက်ကြည့်လိုက်ပါ
စိတ်ကူးပေါက်ရင်တင်မယ်မယ်လို့ပြောခဲ့ပါတယ်၁၉၉၅မှ၂၀၀၀ထိကုသ့ပေးခဲတဲ့
ကျနော့်လူနာဟောင်းတွေကိုဒီအသည်းရောင်(ABCDE)အကြောင်းရေးတဲ့နေ့က
စပြီးလက်လှမ်းမှီသမျှပြန်လည်စုံစမ်းဆက်သွယ်ရှာဖွေခဲ့ပါတယ်အလုပ်တွေများတဲ့
့ကြားကစုံစမ်းရှာဖွေနေတုန်းကံအားလျှော်စွာအငြိမ်း(ဒုဗိုလ်မှူးကြီး)အဖြစ်မကြာခင်
ကပင်စင်ယူပြီးဖါးကန်ဖက်လါရင်းကျနော်ရှိရာအထိ၂ရက်ခရီးအရောက်လါာပြီး၂ည
အိပ်၃ရက်နေပြီးစကားပြောဖြစ်ပါတယ်။သူကကျနော်အသည်းရောင်Bပိုးစတင်ကုသ
ပေးစဉ်အစမ်းသတ်ခံပုဂ္ဂိလ်ကြီးတွေထဲကဗွေဆော်ဦး၁၅ယောက်ထဲ့ကစစ်ဖက်ပုဂ္ဂိလ်
၁၀ ယောက်ထဲကတစ်ယောက်(၁၉၉၉)အဲ့ဒီတုန်း၂ပွင့်ဗိုလ်ကျနော်ကဆေးကျောင်း
နောက်ဆုးံနှစ်ပြီးလိုမင်္ဂလာဒုံမှာသူငယ်ချင်းဗိုလ်ကြီး(ကိုထော်)နောက်မိုင်းထိ
ခြေဖြတ်ရသူကBပိုးတွေဒါဆိုပြီးအတင်းကာရောနပူနဆာတိုက်တော့တာဘဲ
ကျနော်မြန်မာ့ဆေးပညာကိုလည်းထဲထဲဝင်ဝင်လေ့လာထားတာသိတယ်နောက်ပြီး
ဆရာကြီးဒေါက်တာဦးအောင်နိင်(တိုင်းရင်းပညာညွန်ကြားရေးမှူးခူပ်-(ယခုငြိမ်း)
ထံမှAtoEရောဂါကုထုးံရထားကြောင်းသူဘယ်ကသိလာသလဲမသိဇွတ်အကူအညီ
တောင်းတယ်အဲ့ထဲမှာသူ့အသိအထက်ဖေါ်ပြတဲ့ပုဂ္ဂိုကလည်းအပြင်ဆေးခန်းမှာ
ဆေးစစ်ထားတဲ့စာရွက်ကိုင်ပြီးသူနဲ့အတူပါလာရောအားနာပါတယ်ခိုးကုကြတာ
ပေါ့ဗျာလူငယ်တွေဆိုတော့သိတယ်မဟုတ်လား?ဟေ့ဆေးစစ်ချိန်အဲ့ဒါမပေါ်ဖို့
ရေးကြီးတယ်ဘာလုပ်ရလုပ်ရဆိုပြီးအဲ့ဒီတုန်းက၃ယောက်သားဘယဆေးဆိုင်
ပြေးကြတာပေါ့ဆေး(၆)မိုးလုးံသောက်မယ်ဖေါ်မယ်ဟေ့ဆိုပြီးဖေါ်ကြတာပေါ့
ပြောရင်မကောင်းဘူးဗျဆေးဆရာကျနော်ကငမွဲဗိုလ်၂ယောက်ကလည်းငမွဲ ဆေးအဲ့ဒီ၂ယောက်စာဖေါ်တာ၃လစာမှ(၇၈၆၇)ကျပ်ဗျအတိအကျသိတာကခု
(ဒုဗိုလ်မှူးကြီးကျနော်ဆီအလာသူဒိုင်ယာရီအဟောင်းလေးအမှတ်တရယူလါ
လို့ပါဘာကြောင့်ဒီလောက်လျှာရှည်ရေးနေတာလည်းဆိုတော့အတိအကျကို
လက်ညိုးထိုးပြနိင်အောင်ရေးတာမို့ပါတိုအောင်ပြောပါမယ်ကျနော်တို့ဆက်
သွယ်တော့အရက်စွဲသေတဲ့ဗိုလ်တစ်ဦးနဲ့နိုင်ငံခြားထွက်သွားတဲ့ဗိုလ်လူထွက်
၂ဦးကလွဲလို့၁၂ဦးထဲက၈ဦးပြန်ဆက်သွမိတယ်၂ဦးကတော့လက်ရှိတာဝန်
ထမ်းနေတော့ဆက်သွယ်ဖို့မလွယ်ဘူးအရပ်ဘက်ရောက်နေတဲ့၆ဦး၎/၃/၂၀၁၅
ဆက်သွယ်မိတယ်အသက်ရှည်ဒေါင်ဒေါင်မြည်တုးံ၁နှစ်တစ်ကြိမ်တောင်
ဆေးအမြဲစစ်ကြောင်း(B/C)ဖြစ်ဖူးကြောင်းဆရာဝန်တွေကိုပြောတောမယုံဘူးတဲ့
အသည်းနှလုးံမှာဘာမှမတွေ့ဘူးလိုအမြဲငြင်းခုံရတယ်လိုပြောတယ်ဆိုဘဲလူမှု့ရေး
အခြေအနေကြောင့်မဖေါ်ပြတော့ဘူးဆေးကြော်ငြာလည်းမဟုတ်ဖူး(မြန်မာ့ဆေးပညာ)
မှာအဲ့ဒီရောဂါရှိရင်(ယုံတယ်)ဆိုရင်(ပျောက်တယ်)ဆိုတာကို(အလီဘိုင်)ထုပ်ပြတာကျန်တဲ့
့နှစ်တွေကုသပေးလမ်းညွှန်ပေးလို့ပျောက်ခဲ့တဲ့လူတွေဆွဲမထုပ်ပြတောဘူး။
&*ဆေးမတောင်းပါနဲ့ခုဆေးနည်းပါရေးပေးမယ်။
&*အဓိကဒီဆေးတွေသောက်မယ်ဆိုရင်
*အရက်သောက်ရင်ဖြတ်ပါ
*ဆေးလိပ်ဖြတ်ပါ။
*ကွမ်းယာစားခြင်းဖြတ်ပါ
*အဆီလျော့စားပါ။
*နေ့၁နာရီနောက်ပိုင်းရေခိုးခြင်းအတတ်နိင်ဆုးံးရောင်ပါ
*အကျက်တကျက်ဟိုဒုတ်ထိုးဒီုတ်ထိုးကိုးရီး
ယာကင်ယိုးဒယာကင်လက်လုပ်ချဉ်ရှောင်ပါ။ 
**ထိုအချက်မျှ(၆)လမရှောင်နိင်ရင်ဒီ
ဆေးတွေဖေါ်စပ်မစားပါနဲ့ဘာဆေးမှလဲမသောက်ပါနဲ့ဘယ်တော့မှလဲမပျောက်နိင်ပါ။
ဟုအပြတ်ပြောပါစေ။အထက်ပါအချက်၆လလောက်မှမရှောင်နိင်ရင်တောအင်္ဂလိပ်
ဆေးဗမာဆေးနိုင်ငံတကာကဖေါ်တဲ့အသည်းဆေးသကြားမင်းဦးမာဃဖေါ်ပေးတဲ့
ဆေးအဲ့ဆေးသောက်လဲမပျောက်ပါကြောင်းကြိုပြောပါရစေ။**အဓိကဆေးတစ်မိုးကိုဘဲဖေါ်ပြလိုက်ပါမယ်ကျန်တဲ့ဆေးကမြန်မာ့တိုင်းရင်းဆေးခန်း
သုးံဆေးတွေမို့တိုင်းရင်းဆေးခန်းတွေဘယဆေးဆိုင်တွေမှာဖေါ်စပ်ပြီးသားလဲရောင်း
သလိုရန်ကုန်မန္တလေးမြစ်ကြီးနားအစရှိတဲ့ဘယဆေးဆိုင်မှာအလွယ်ဝယ်ရပါတယ်။
အမှန်တော့ဒီဆေးနည်းကျနော်ရေးပြီးတင်ပြပြီးသားပါဗျာ။ခုတော့ပြန်ပြီးတင်ပါမယ်။
&*အသည်းရောင်B/Cပိုးအတွက်
*************************်
*ဂေါ်ရာဇဉ်းအသည်းဆေး*
************************
*ဂေါ်ရာဇဉ် ၁ကျပ်သား
*ဇါတိပ်သီး ၁ကျပ်သား
*နံသာဖြူ ။
*နံသာနီ ။
*ဂန့်ဂေါ်ဝတ်ဆံ ။
*နွယ်ခို ။
*ပရုပ် ။
*ပဲမံသာစေ့ ။
*ဘုမ္မရာဇါ --------(၈)ပဲသား
အားလုးံစုလတ်ဆတ်သန့်ရှင်းပါစေ
ဆေးအမူန့်ကော်ဖီတစ်ဇွန်းမောက်မောက်ကိုသောက်ပေးပါ။သဘာဝကိုယ်တိုင်
ထောင်းကော်ဖီ/နွားနိ့/သကြားဆားမပါလတ်ဆတ်သောသစ်သီးဖျော်ရည်စုံနဲ့
သောက်ပါ။ရေဖြင့်လဲသောက်နိုင်သည်။သစ်သီးဖျော်ရည်ထဲထည့်ဖျော်သောက်နိင်
သည်။
&*ဂေါ်ရာဇဉ်းတိုတာနွားကရတဲ့ဆေး
ဆရာတွေအတွက်ရတနာတစ်မိုးပါဘဲ။လွယ်လွယ်ပြောရရင်နွားသည်းခြေကရတဲ့
ကျောက်တစ်မိုး။လက်ဝါးထဲထည့်ပွတ်ခြေလိုက်ရင်ပေါင်ဒါမူန့်လေးလိုနုအိသွားသလို
လက်ဖဝါးထဲစိမ့်ဝင်သွားပါတယ်။
ဆေးကျမ်းမှာဂေါ်ရာဇဉ်းနွားသည်းခြေကျောက်သည်အလွန်အေး၏အသည်း
၌ဖြစ်သောပိုး(၆)ပါးကိုနိင်၏အပူလွန်ရောဂါကြီးများကုသရာ၌မြတ်သောဆေး
အေးတစ်ပါးဖြစ်။ရေးလျင်ကျမ်းတစ်အုပ်ဖြစ်ရုံမကမြန်မာပြည်နွားတွေတရုပ်
ရောက်သွားနိင်သည်။ဒီမျှဘဲအကျယ်သိချင်ရင်ဆေးကျမ်းများစွာမှပါ၏
အရှင်နာဂသိန်ရဲ့သားငါးကျေးငှက်တိရိစ္ဆန်များပုံပြဆေးဆေးအဘိဓါန်အတွဲများမှာရှာ
ကြည့်
*********
လိုအပ်တဲ့တိုင်းရင်းဆေးများ
(၁)အမှတ်၂၁ဆီးဆေးဖြူဆေး
မနက်၆နာရီအိပ်ရာထကော်ဖီ၁ဇွန်း
ဆန်ဆေးရည်ကြည်/သံပုရာရည်/လိမ္မော်ရည်
ရိုးရိုးရေနဲ့သောက်ပါ။
၂*အမှတ်(၆)ဟလိန္ဒစုဏ္ဏဆေး
နေ့၁၂နာရီတိတိတွင်ကော်ဖီတစ်ဇွန်း
ရေနွေ/သို့မဟုတ်/ကွမ်းရွက်ပြုတ်ရေနဲ့သော
က်။၎င်းဆေးကိုပင်ညနေ၆နာရီတိတိတစ်ကြိမ်
ထပ်ပြီးသောက်ပါ။
၃*အမှတ်(၁၅)ရွှေဆိုင်းပါသည်းခြေဆေး
အသည်းအားရှိအောင်ကော်ဖီ၁ဇွန်း
လမ္မော်/ကြံရည်/ဘိလပ်ရည်/စပါကလင်/ရေ
ဖြင့်သောက်နိင်သည်။
၎*အမှတ်((၉)သို့မဟုတ်(အမှတ်-၁၀)ဆေး
*ယောက်ကျားဖြစ်ကအမှတ်၉ဆီးဒူလာ
ဆေးကော်ဖီ၁ဇွန်းညအိပ်ရာဝင်၃ရက်ခြား
တစ်ကြိမ်။
မိန်းမသားဖြစ်ကအမှတ်၁၂ဆေးသောက်
ပါ။ရက်ခြားပါဘဲ။
ကဲအရေးင်္ကြးတာလေးတစ်ခုကBပိုးCပိုး
ရှိသူတွေအစာကြေဖိုလိုတယ်အဲ့ဒီအတွက်
ထမင်းစားပြီးတဲ့အခါတိုင်းတိုင်ရင်းဆေးအမှတ်(၂)လေမိုး၈၀လျက်ဆားဖြစ်ဖြစ်
အမှတ်(၇)နွယ်ခိုကဲကဲဆေးဖြစ်ဖြစ်မန်းကျီးစေ့လောက်လျက်ပေး။
&-အဓိကဆေ်းတဲ့
(ဂေါ်ရာဇဉ်းဆေးကတောမနက်၅နာရီ
ကော်ဖီ၂ဇွန်းသောက်ပေါ့ဗျာ။၆နာရီဆေးနဲ့၁နာရီအမြဲခွါသောက်ပါါ။
&*အဲဒီဆေးသီးသန်ဖေါ်စပ်ကုတဲ့ဆရာကြီးတစ်ဦးတော့စစ်ကိုင်းတိုင်းထဲရှိတယ်ဗျ
ဦးတိကျကြီးဗျတော်ရုးံဖေါ်မပေးဖူးငွေကြေးထက်သူညွှနသလိုလိုက်နာမှာကုတဲ့
ပုဂ္ဂိုလ်ဗျ**(သူပြောတာရှင်းတယ်ဗျစကားနားမထောင်မှတော့လာမကုနဲ့အချိန်ကုန်တယ်
ငွေကုန်တယ်ငါလဲနာမည်ပျက်သိက္ခာကျတယ်ကွလယ်ရှိတယ်ကားထောင်ထားတယ် ထမင်းစားဖို့ရှိတယ်ဆေးကုတာမိုးရိုးကြောင့်ဆေပညာဝါသနာကြောင့်တဲ့အေးရောဗျာ)
အဲ့ဒီနည်းစနစ်နဲ့ကျနော်ကြုံသလိုအကြံပေးကုနေတုန်းပါဘဲ။
ဒါပါဘဲဗျာ။
ကျေးဇူးပါ။်
ရှားစောင်းလက်ပတ် (Aloe vera)
(အူမကြီးကိုသန့်စင်ပေးရာတွင် အလွန်အစွမ်းထက်သည်)
ရှားစောင်းလက်ပတ်ပင်သိပ်ကို အသုံးဝင် သော၊တန်ဖိုးရှိသော ၊ချစ်စရာကောင်း
 သောအပင်လေးဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတာ သိရအောင်စုတု ပြုထားတာလေးတွေကိုshare
 ပေးလိုက်ပါ တယ်နော်။
ရှားစောင်းလက်ပတ်၏ ကောင်းခြင်းများမှာ----
ရှားစောင်း လက်ပတ်ရည်သည် ဗီတာမင်များ၊
 သတ္တုဓာတ်များ၊ အမိုင်နိုအက်ဆစ်များသာမက အဆိပ်အတောက်ဖြစ်မှုကို 
ဟန့်တားပေးသော အစွမ်းသတ်္တိများ ကြွယ်ဝ ပါသည်။
အူမကြီးကို ရှင်းလင်းပေးသည့် ၀မ်းနုတ်ဆေးဟုပင် ဆိုနိုင်ပါသည်။
လေ့လာချက်များအရ----
● ဆီး ၊ ၀မ်း ချုပ်ခြင်းတို့ကို ကောင်းမွန်စေခြင်း၊
● အူသိမ် အူမလမ်းကြောင်းရှိ မှို၊ ဒုက္ခပေးသော ဘက်တီးရီးယားပိုးများ၊
 ကပ်ပါးပိုးများကို ဖျက်ဆီးပေးခြင်း၊
● အစာခြေရာ တွင် ကူညီခြင်းတို့ကို တွေ့ရှိရသည်။
ခန္ဓာကိုယ်ရှိ ရောဂါပိုးများကို တိုက်ဖျက်သည့် T-cells များနှင့် antibodies 
များထုတ်လုပ်ခြင်းကို လှုံ့ဆော်ပေးခြင်း၊ရောဂါမ၀င်အောင်ဆောင်ရွက်ပေးရာ
တွင်များစွာ အကျိုးရှိသည်။ 
ရှားစောင်းလက်ပတ်သည် ဆဲလ်နံရံများထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်သော
 ဓာတုပစ္စည်းများ ပါဝင်ပြီး အရည်အဖြစ် ဆဲလ်အတွင်း ထိုးဖောက်
ဓာတ်များ (nutrients) ကို ဆဲလ်အတွင်း ၀င်ရောက်သွားစေရန် ဆောင်
ရွက်ပေးပါသည်။
ရှားစောင်းလက်ပပ်ရဲ့ ဂျဲလ်ပုံစံကြောင့် အေးမြစေတဲ့ ဂုဏ်သတ္တိရှိပြီး 
မျက်စိအောက်က အရေပြားပျော့ ဖောင်းနေတာကို သက်သာစေပါတယ်။
 ဒါကြောင့် ရှားစောင်းလက်ပပ်ကို မျက်လုံးခရင်မ် (Eye Cream)တွေ၊ 
အစက်အပြောက်ဖုံးမိတ်ကပ် (Concealer)နဲ့ အိုင်းရှဲဒိုးမှာတောင်
 ပါဝင်ပစ္စည်းတစ်ခုအနေနဲ့ ထည့်သွင်းထုတ်လုပ်လာကြပါတယ်။ 
ရှားစောင်းလက်ပပ်ဟာ အန္တရာယ်ကင်းပြီး ဓာတ်မတည့်မှု မဖြစ်စေ
တဲ့အတွက် ဒီနေ့ခေတ် အမျိုးသမီးတွေဟာ ရှားစောင်းလက်ပပ်
 အခြေခံမိတ်ကပ်ပစ္စည်းတွေကို အားကိုးအားထားပြုလာ ကြပါတယ်။
အားလုံးက ကွန်ပြုတာသမားတွေဖြစ် ကြမှာပါ။ မျက်စိဝေဒနာ လည်းသေ
ချာပေါက်ရှိကြမှာပါ။ ရှားစောင်း လက်ပတ် အတွင်းသားကို ဇွန်းလေးနဲ့
 ခြစ်၊ ပြီးရင် ရေသန့်သန့် လေးနဲ့ ရေဆေး ပြီး ပန်းကန်ထဲ ထည့်ပါ။ 
ညဘက်ကိုယ် အနားယူတဲ့ အချိန်မှာ ပက်လက်အိပ်
 အနေထားမှာ မျက်လုံးပေါ်မှာ အ၀တ်ပါးပါးလေးခံပြီးအနှစ်ကို မျက်လုံးပေါ်
တွင်15မိနစ်လောက်ကပ်ပေးထားပါ။
(သီချင်းလေးနားထောင်ရင်းပေါ့) ။
ပီးရင်ခွာပြီး မျက်နှာသစ် ပေးလိုက်ပါ မျက်စိပူ၊မျက်ရည်ယို ၊မျက်သားတက် တာတွေ
 အတွက် အရမ်းကောင်းတဲ့ သဘာဝနည်းလေးပါ။တစ်ပတ်တစ် ကြိမ် ဒါမှမဟုတ်
 ရက်ခြားလုပ်ပေးပါနော် အားလပ်တဲ့ တစ်ရက်ရက်လေးပေါ့။ ( ဒီလိုလုပ်ပေးပါက
 မျက် စိကျန်းမာရေးတင် မကပါဘူး မျက်ကွင်းညိုတာနဲ့ မျက်လုံး ပတ်လည်က 
အရေးကြောင်းတွေကိုပါ သက်သာစေမှာပါ)
နောက်တစ်ခု က လှချင်ပါတယ်ဆိုတဲ့ ပျိုပျိုမေများအတွက် လှချင်ရက် သားနဲ့ 
မလှချင်ဘူးပြောတဲ့ ကိုကိုများပါ ဒီရှားစောင်း လက်ပတ်က အရမ်းအသုံးဝင်ပါတယ်။
နေပူထဲသွားတာများလို့နေလောင်ပြီး အသားမည်းလာရင်၊ ၀က်ခြံတွေ
 ဖြစ်ပြီးအမာရွတ်ကျန် နေခဲ့ရင်၊ မှဲ့ခြောက်တွေများလွန်းလို့ အလှပျက်နေရင် ၊
 အသားရေမွဲခြောက်ခြာက် ၊ ဆံပင်တွေမွဲခြောက် ခြောက် ဖြစ်နေလို့စိတ်ညစ်နေရင်
 ရှားစောင်း လက်ပတ်ကို သတိရလိုက်ပါနော်။
ကိုယ်ရဲ့အားလပ်ချိန် လေးမှာရှားစောင်းလက်ပတ်နဲ့ပေါင်းတင်ပြီး 
လှသည်ထက်လှ ကြမယ်နော်။ လုပ်ရမှာက ရှားစောင်းလက်ပတ်
အတွင်းသားလေးကို ဇွန်းနဲ့ခြစ်ယူပြီး ရေဆေးလိုက်ပါ။ ပြီးရင် 
ခွက်တစ်ခုမှာထည့်ပြီးခေါက်ပါ။ပျားရည်2ဇွန်းထည့်ပြီးရောမွှေပေးရင်ပိုကောင်းပါတယ်။
 ရပြီ ဆိုရင် မျက်နှာပြင် အနှံ့ ညီညီ ညာညာ လေးသုတ်လိမ်းပေးပါ။ မိနစ် 20
 လောက်ထားပြီး ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးပါ။ 
လှပတင်းရင်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်နိုင်ပါပြီ။ တစ်ပတ်တစ်ကြိမ်လောက်လုပ်ပေး
ပါနော်။
 ( ကမ္ဘာ ကျော် အလှကုန်တွေဟာ aloe vera က မပါမဖြစ်ဆိုတာမမေ့နဲ့နော်)
နောက်တစ်ခုကဆီးပူ ဆီးအောင့်သမား အတွက်။ ရှားစောင်းလက် ပတ် အနှစ် ကိုယူ 
ဆန်ဆေးရေမှာ 10 မိနစ် လောက်စိမ်ထား ပြီးရင် အဲဒီ အနှစ်ရယ် သကြားရယ်
 နောက်ဆန်ဆေးရေ အသစ်ရယ် ရောပြီး သောက်ပေးပါ။ ဆီးခုံမှာ အရမ်းပူနေရင် 
ဆီးခုံမှာပါကပ်ပေးပါ။ သက်သာ သွားပါလိမ့်မယ်နော်။ ဒါပေမဲ့ ကိုယ်က ၀မ်းလျော 
လွယ်တယ်၊ကိုယ်ဝန်ရှိတယ်၊နို့တိုက်နေရတယ်၊အသက်အရမ်းကြီးတယ်၊တခြား
ရောဂါကြီး ရှိတယ်ဆိုရင်တော့ မသောက်ပါနဲ့နော်။
နောက်ဆုံးတစ်ခုကပိန်လို့အားမရှိလို့ဝမ်းချုပ်လွန်းလို့ပါဆိုတဲ့သူတွေ အတွက်ပါနော်
ရှားစောင်း လက်ပတ်၊ မန်ကျဉ်းသီး၊ကြိတ်မှန်ရွက်၊ ကြက်သွန်နီ ၊ ထန်းလျက် ရော 
ကျို ထားသော ချက်ဆေး ကို ပျားရည်နှင့်ရောပြီး တစ်နေ့ တစ်ဇွန်း စားပေးပါက
 မီးယပ်သွေးပူခြင်း၊ သွေးခန်း ခြင်း အကြောတက်ခြင်း ကောက် ကွေး နာကျင်ခြင်း 
သက်သာစေပြီး ဆံပင်ကျွတ် ခြင်း၊ ထိပ်ပြောင်ခြင်း များ သက်သာစေပြီး
 သွေးသား စိုပြေ ကာကျန်း မာဝဖြိုး အလှတိုးလာပါလိမ့် မည်။
နှုတ်ခမ်းအတွက်ရှားစောင်းလက်ပပ်မှာ ဗီတာမင်အီး ကြွယ်ဝစွာပါဝင်ပြီး ရေဓာတ်
လည်း ပြည့်ဝစွာပါဝင်တာကြောင့် ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေကို အစို
ဓာတ်ဖြည့်ပေးနိုင်ပါတယ်။
အသားအရေအတွက် ရှားစောင်းလက်ပပ်ဂျဲလ်ဟာ အသားအရေအတွက် 
အစိုဓာတ်ထိန်းဆေး၏(Moisturizer)ပါပဲ။ အရေပြားရဲ့ သဘာဝ pH ကိုလည်း
 ထိန်းသိမ်းပေးပါတယ်။
 ဒါ့အပြင် ရှားစောင်းလက်ပပ်မှာ 
အရောင်ကျစေတဲ့အာနိသင်ရှိတဲ့အတွက် ခြောက်သွေ့ယားယံတဲ့ 
အရေးပြာအတွက်လည်း အကျိုးပြုပါတယ်။ ဒါကြောင့် ရှားစောင်းလက်ပပ်ကို
 အသားအရေအတွက်လိမ်းတဲ့အလှကုန် ပစ္စည်းတွေမှာအဆီ 
ဒါမှမဟုတ် ပေါင်ဒါလိုမျိုး ပါဝင်ပစ္စည်းတွေနဲ့ ရောစပ်ထည့်သွင်း ကြပါတယ်။
မျက်နှာပေါ်မှအမဲစက်များအတွက်ပျိုမေများရာသီမမှန်လို့ မျက်နှာမှာ အမဲစက်များ
 ဖြစ်ပေါ်လာလျှင်ရှားစောင်းလက်ပပ်၏အတွင်းသားအနှစ်ကိုခြစ်ယူပြီးသကြား
 အနည်း ငယ်ရောပြီး စားသုံးနိုင်ပါသည်။ပုံမှန်စားသုံးပေးပါက အမဲစက်များ
 ပါးသွားမည်။ ကဲ ဒီလောက်ဆို ရင်
ရှားစောင်းလက်ပတ် ပင်လေးကိုမြင်ရင် မျက်လုံး အတွက် ကော၊လှဖို့ကော၊ဝ
 ဖို့ကော အရမ်းချစ်ဖို့ကောင်းတဲ့ အပင်လေးပါလားလို့ သတိရပြီး ယုယုယယ
စိုက်ပျိုးထားပါလို့……….။
credit to BMTM Mdy and မှတ်စုစာအုပ်
Monday, April 6, 2015
ဒန့်သလွန်၏စွမ်းပကား---
ဒန့်သလွန်ရွက်ကိုစား။
ပန်းသေ၊ ပန်းညှိုး---သွေးတက်နှင့်သွေးတိုး--
ဆီးလွန်ရောဂါ (မကြာခဏဆီးသွားခြင်း)
နားကိုက်၊ နားအူ---ခေါင်းအုံ၊ ဇက်လေး---နို့ထွက်ဆေး--ကျား,မ မရွေ
 အားဆေး---အစွမ်းထက်မြက် ဒန့်သလွန်ရွက်
နှာစေးနေသလား၊ နှာမွှန်နေသလား၊ သွေးတက်,    သွေးတိုးနေသလား
ဒန့်သလွန်ရွက်ကို ဘယ်ဈေးတွင်ရှာရှာ တွေ့ရှိနိုင်ပါတယ်။    ဒန့်သလွန်
ပင်ဟာ ၁၂-ရာသီလုံး စားသုံးနိုင်သော ယင်းရွက်ပင်တမျိုး ဖြစ်ပါတယ်။
အထူးသဖြင့် ဒန့်သလွန်ရွက်ဟာ လူကြီး လူလတ်လူငယ်များနှင့်တည့်
သလို သွေးတိုးဝေဒနာများ၊ဆီးချို, သွေးချိုဝေဒနာရှင်များ၊ လေငန်းရော၈ါဝေဒနာ
ရှင်များ၊ ဒူလာ၊ မီးယပ်ဝေဒနာရှင်များနှင့် အဆင်သင့်တဲ့ ဆေးဖက်ဝင်
 ဟင်းရွက်တမျိုး ဖြစ်ပါတယ်။ဒန့်သလွတ်ပင်လုံးဟာ ဆေးဖက်ဝင်လှပါတယ်။ 
ဒန့်သလွန်ရွက်၊ အပွင့်၊ အသီး၊ အခေါက်နှင့် အမြစ်တို့ဟာ တိုင်းရင်းမြန်မာဆေး
ပညာမှာ သူ့နေရာနှင့်သူ အသုံးဝင်လှပါသည်။ အထူးသဖြင့် ဒန့်သလွန်ရွက်
ကိုနေ့စဉ်မှန်မှန် စားပေးခြင်းကြောင့် လူ့ခန္ဓာကိုယ်ရှိ ပျစ်နေသောသွေးကို ကျဲစေ
တယ်။ တက်နေသောသွေးကို ကျစေတယ်။ ဆီးနှင့်ဝမ်းကို ရွှင်စေပါတယ်။
 အဲဒီလို ဂုဏ်ထူးဝိသေသအပေါင်းပြည့်သော ဒန့်သလွန်ရွက်ပါ။
ဒါ့အပြင် ဒန့်သလွန်ရွက်ကို မည်သည့်ဝေဒနာရှင်ကိုမဆို မြိန်စေတယ်။ 
အစာကို ကြေညက်စေတယ်။ နှုတ်ကို မြိန်စေတယ်။ မျက်စိကို အကျိုးပြုတယ်။
ဒေါသသုံးပါးလုံးကို နိုင်တယ်လို့ ဆေးကျမ်းတွေမှာ ဖွင့်ဆိုထားပါတယ်။
ဒန့်သလွန်၏စွမ်းပကား---
(၁) ဒန့်သလွန်ရွက် ဟင်းခါးကို ကြက်သွန်ဖြူခတ်၍ နေ့, ည သောက်ပေးပါက
 မိုးဥတုတွင် ဖြစ်ပေါ်တတ်သည့် နှာစေးခြင်း၊ နှာမွှန်ခြင်း၊ အအေးပတ်ဖွဲ့ဖျားခြင်း
တို့ကို သက်သာပျောက်ကင်း စေပါတယ်။
သွေးတက်နှင့်သွေးတိုး--
(၂) နေ့စဉ် ဒန့်သလွန်ရွက်ကို ဟင်းခါး (ငရုတ်ကောင်းနှင့်ကြက်သွန်ဖြူပါသည်) 
ချက်သောက်ပေးပါက သွေးတိုးနှင့် သွေးတက်ရောဂါဝေဒနာရှင်များ သက်
သာပျောက်ကင်းပါသည်။
သန်ကောင်နှင့် ဒန့်သလွန်သီး---
(၃) သန်ရှိပြီး ဗိုက်ပူနံကားဖြစ်နေသော ကလေးများအား ဒန့်သလွန်သီးကို
 ရက်ဆက် ချက်ကျွေးပေးပါ။ ဒန့်သလွန်သီးရဲ့ စွမ်းပကားကြောင့် ကလေးငယ်များ 
ဝမ်းတွင်းရှိ သန်ကောင်၊ တုတ်ကောင်များသေကြေကုန်ကြပါတယ်။ ဒီနည်းဟာ
 ကလေးငယ်များအတွက် အန္တရာယ်ကင်းသော ရိုးရာနည်းဖြစ်ပါတယ်။
ဆီးလွန်ရောဂါ (မကြာခဏဆီးသွားခြင်း)
(၄) ဒန့်သလွန်သီးခြောက် အတွင်းသား (အစေ့ပါ) ကို အမှုန့်ပြုပြီး နေ့စဉ် 
သကြားနှင့် ရောသောက်ပေးပါက ဆီးများခြင်းကို သက်သာပျောက်ကင်းပါတယ်။
နားကိုက်၊ နားအူ---
(၅) အစေ့မှုန့်ကို နားနာ၊ နားကိုက်၊ နားပြည်ယိုရောဂါများအတွက် 
အုန်းဆီနှင့်ရောစပ်ပြီး ကြက်တောင်သန့်သန့်ဖြင့် နားကျပ်ပေးပါက 
အထက်ပါရောဂါများကို ပျောက်ကင်းသက်သာစေပါတယ်။
ပါးစပ်မှ နံခြင်းအတွက်---
(၆) ပါးစပ်မှ အနံ့ဆိုးများ နံခြင်း၊ သွားဖုံးများမှ သွေးယိုခြင်းများအတွက် ဒန့်သလွန်
ပင်စည်ကို ဓားဖြင့်ထစ်၍ ထွက်လာသောအစေးကို ရေနွေးဖြင့်ရောစပ်ကာ 
ပါးလုတ်ကျင်းပေးရပါတယ်။ ဒီလို မကြာခဏ ပြုလုပ်ပေးပါက ပါးစပ်နံခြင်း၊ 
သွားဖုံးသွေးယိုခြင်းမှ သက်သာပျောက်ကင်းစေပါတယ်။
ခေါင်းအုံ၊ ဇက်လေး---
(၇) ဒန့်သလွန်အပင်မှ အခေါက်ကိုခွါပြီး အဝတ်သန့်သန့်ဖြင့်ထုပ်ကာ ထုခြေပြီး
 နာနာရှူပေးပါက ခေါင်းအုံ၊ ဇက်လေးရောဂါများ ပျောက်ကင်းစေတယ်။
နို့ထွက်ဆေး---
(၈) မီးနေသည် အမျိုးသမီးများအတွက် ဒန့်သလွန်ရွက် ဟင်းခါးချက်သောက်ပေးခြင်း
 (သို့မဟုတ်) ဒန့်သလွန်သီးကို ငါးကင်ဖြင့် ချက်ကျွေးပါက မထွက်သောနို့မှ
 နို့ရည်များ ဖြိုင်ဖြိုင်ထွက်လာပါတယ်။
ပန်းသေ၊ ပန်းညှိုး---
(၉) ဒန့်သလွန်သီး မနုမရင့်ကို ငါးကြင်းသားနှင့်ချက်ပြီး မကြာခဏစားပေးပါက 
ပန်းသေ၊ ပန်းညှိုးခြင်းမှ သက်သာပျောက်ကင်းစေပါတယ်။
ကျား,မ မရွေး အားဆေး---
ပရန္နဝါ, ပါးပါးလွှာ
သကာများနှင့်ဖက်၊
ဒန့်သလွန်ပွင့်, အုန်းဆံရင့်
ချိန်သင့်ညီမျှစွက်၊
မင်းတုန်းမင်းခေါင်, သူသုံးဆောင်
ဘုန်းခေါင်နေသို့လက်။
အထက်ပါဆေးနည်းကဗျာကို ကုန်းဘောင်ခေတ်တွင် နန်းတွင်းသမားတော်ကြီး 
ဆရာခဲမှ အားဆေးအဖြစ် ဖော်စပ်ပြီး မင်းတုန်းမင်းတရားကြီးကို ဆက်သခဲ့ပါတယ်။
 ဒါကြောင့် မင်းတုန်းမင်းတရား ကြီးသည် ကျန်းမာခြင်း ကာယ-စိတ္တသုခ နှစ်ဝတို့ဖြင့်
 ပြည့်စုံကြောင်းကဗျာက ဖော်ညွှန်းဖွင့်ဆိုထားပါတယ်။
အထက်ပါဆေးနည်းကို ဖော်စပ်မည်ဆိုပါက
(၁) ပရန္နဝါပင် ပဉ္စငါးပါးကို ပါးပါးလှီးထားရမယ်။
(၂) ဒန့်သလွန်ပွင့်ကို အသင့်စုဆောင်းထားရမယ်။
(၃) အုန်းသီးဆံရင့်ရင့်ကို အသင့်ခြစ်ထားရပါမယ်။
(၄) နောက် ပျားရည်တဆ၊ သကာ (မရလျှင် သကြား) တို့ကို အလေးချိန်အညီ
အမျှရောထည့်ပြီး ရေလေးခွက်ထည့်ကာ တခွက်သာကျန်အောင် ကြိုရပါမယ်။
စားသုံးနည်း---
အထက်ပါဆေးရည်ကို ပိတ်စိမ်းပါးနဲ့ စစ်ယူပြီး ပုလင်းသန့်သန့်မှာထည့်ထားပေးပါ။ 
အဲဒီဆေးရည်ကို ည-မနက် ဟင်းစားဇွန်း တဇွန်းစီ သောက်ပေးသွားခြင်းဖြင့်
 မောပန်းအားနည်းသောရောဂါ၊ သွေးလေမမှန်သောရောဂါ၊ ပန်းသေ၊ ပန်းညှိုးရောဂါ၊
 နှလုံးအားနည်းခြင်း ရောဂါနှင့် ဒူလာပိန်၊ မီးယပ်ကြောင့်ပိန်သူများ အပျိုစင်ကဲ့သို့ 
နဂိုယဉ်ကာ လှပလာစေမည် ဖြစ်ပါတယ်။
ဆေးကုန်လျှင် အထက်ပါနည်းအတိုင်း ဖော်စပ်သောက်သုံးနိုင်ကြောင်း 
တင်ပြအပ်ပါတယ်။
မှတ်ချက်။ ။ အထက်ပါ အားဆေးရည်သည် အစွမ်းသတ္တိဖြင့် ပြည့်စုံသည်။
 ဆေးကို အညွှန်းထက်ပိုပြီး မသောက်ရန် သတိပြုပါ။ (စာရေးသူ)
                       Win Oo
Saturday, April 4, 2015
2015 ကမ္ဘာတစ်ဝန်း လူအမြောက်အမြားသေဆုံးခဲ့ရမှု သတင်းများ
Photo from : internet
၁။ကင်ညာကောလိပ် တိုက်ခိုက်မှု ၁၇၄ ဦးသေဆုံး(သစ်ထူးလွင်)
၂။ရှရှားတွင် ငါးဖမ်းသင်္ဘောနစ်မြုပ်ပြီး လူ ၅၄ ဦးသေဆုံး(သစ်ထူးလွင်)
၃။ရခိုင်ပြည်နယ် ရေယာဉ်နစ်မြုပ်မှု ခရီးသည်အများအပြားသေဆုံး(သစ်ထူးလွင်)
၎။ဂျာမန် လေယာဉ် ပျက်ကျမှု အသက်ရှင်သူ မရှိ(သစ်ထူးလွင်)
၅။လစ်ဗျားကနေ အီတလီသွားတဲ့ လှေမှောက်လို့ ၄၀၀ သေ(သစ်ထူးလွင်)
၆။နီ​ပေါ​ငလျင်​ကြောင့် လူတစ်ထောင့်​ရှစ်​ရာ အနည်း​ဆုံး သေ​ဆုံး(သစ်ထူးလွင်)
၇။တရုတ် သင်္ဘောမှောက်မှု၊ ကယ်ဆယ်ရေး မျှော်လင့်ချက်နည်း(သစ်ထူးလွင်)
၈။ဂါနာနိုင်ငံတွင် ဓာတ်ဆီဆိုင်မီးလောင် လူ ၉ဝ ကျော်သေဆုံး(သစ်ထူးလွင်)
credit to:သစ်ထူးလွင်
(ဆောင်ထားသင့်တဲ့ဆေးလေးများ)
ကျမ်းမာရေးသုတပဒေသာ
မြန်မာဆေးပညာစပ်မိစပ်ရာ
************************
&*အဆစ်ရောင်လေးဘက်နာ(gout)ရောဂါ
မြန်မာလိုတော့လေးဘက်နာ(လသိကာ)
ခေါ်အရိုးနှင့်အကြောတို့*အပူနှင်တကွဖေါက်
ပြန်လို့ဖြစ်တယ်လိုဆိုပါတယ်။နာကျင်မယ်
ရောင်မယ်ကိုက်ခဲမယ်။ခြေချင်းဝတ်/ခြေဆစ်
လက်ဆစ်ဒူးဆစ်တို့နာမယ်ရောင်မယ်ကိုက်
မယ်အဲ့ဒီအတွက်(လိမ်းလိုလဲရ/သောက်လို့
လဲရတဲ့ဆေးပါ
&*သုခသိကာအဆစ်ဆေး*
***********************
*ငဖုးံဆေး ၁ ကျပ်သား
*ပန်းရင်း ။
*နံသာနီ ။
*ကံ့ဂေါ်ဝတ်ဆံ ။
*နနွင်းဥ ။
*ဥပသကာ ။
*လေးညှင်း ၂ကျပ်သား
*ငရုပ်ကောင်း ။
*ဆေးပုလဲ ၁၀ကျပ်သား
*&တစ်ကြိမ်သောက်ကော်ဖီ ၁ ဇွန်းနွေး။
တနေ့၃ကြိမ်။
လိမ်တာလဲတစ်နေ့၃မှ၎ကြိမ်ထိ။
***********************
&* ၂ပါးလွန်ပထဝီအာပေါဖျက်ဆေး
*****************************
လူတိုင်းပထဝီဆိုတဲ့မြေဓါတ်နဲ့အာပေါ
ဆိုတဲ့ရေဓါတ်လွန်တဲ့အခါ*အဆုပ်အအေးပတ်ဖိားတာနှာစေးနှာမွန်ခေါင်အုးံခဲကိုက်ထာ
အသက်ရှုကျပ်တာ/နှလုးံနဲ့ရှင်တတဲ့ကျောက
ကပ်နဲ့ယှဉ်တဲ့ဖေါရောင်တာရှောင်တခင်လျှပ်
တပြက်မြန်မာ့ဆေးပါ။/ဘယ်လောက်စွမ်းသ
လဲသိချင်ရင်&*ခိက်ချင်းလေဖြတ်တဲ့လူကို
ဒီဆေးတိုက်(နား၂ဖက်ကိုအပ်သန့်သန့်နဲ
သွေးကလေး၃-၄)စက်ထွက်အောင်လုပ်
နေရာမရွေနဲ့မိနစ်၃၀ခြာတစ်ခါ၃ကြိမ်တိုက်။
လေဖြတ်မေ့သတိရရွဲ့စောင်းချက်ချင်တည့်တယ်ဆေး(၃)ခွက်ဝင်မှသက်ဆိုင်ရာပိုကု
ကြည့်။
ဆေးနည်း
******
*လေးညှင်း ၃ ကျပ်သား
*နံသာဖြူ ၈ ပဲသား
*ကန့်ဘူလူဥ ၈ပဲသား
*နနွင်း ၁ကျပ်သား
*သက်ရင်းကြီးမြစ် ၈ ပဲသား
*ကန့် ၈ ပဲသား
&*ကန့်သန်စင်နည်ကကွမ်းရွက်ရေနဲ့ကန့်
နယ်ခြေပြီး နေလှန်း၂ကြိမ်ဆိုရပြီ။ကန်ကက
သက်ရင်းမြင်နဲတွေ့လဲကန့်ဆိပ်ပြယ်လို့
ဒီတိုသ်းသုးံလလဲရပေမဲအန္တရာယ်ကင်းအောင်ရှေးဆရာကြီးတွေကက(ကန့်ဆိပ်နဲ့ကွမ်းသတ္တုရေ)သုတ်သ
င်ပြီးသုးံလေ့ရှိတယ်။
သောက်ရန်ကော်ဖီ၁ ဇွန်း ရေနွေး တစေ၃ကြိမ်။
*ပန်းနာရှိရင်ကျပ်လိုမောရင်ပျားရည်ဆတူ
*လေဖြတ်ထားသူဆားပုတ်၁ရွေးထည့်
*ဖေါရောင်နေရင်အုန်းနုရည်နဲ့တိုက်
&*ဆီခူတက်နေရင်ကောက်ရိုးပြုတ်ရေနဲ့
၈နာရီတစ်ကြိမ်၄၈နာရီပြည့်အောင်တိုက်
ပြန်စစ်ပါ(အခိုဓါတ်တအားကျသွာနိင်ပါသည်)
*************
&*တေဇေါဝါယောလွန်ဖျက်ဆေး
***************************
*သကြား ၂ကျပ်သား
*ယမ်းစိမ်း ၁ကျပ်သား
*ကျောက်သွေး ၁ကျပ်သား
*ငှက်သိုက် ၁ကျပ်သား
&*အပူလွန်ရုတ်တရက်ဖျားခြင်း
&*သွေးအန်နှာခေါင်းသွေးယိုလိပ်ခေါင်းသွေး
ပါခြင်း
&*သွေးအားနည်းခြင်း
&*သွေးတိုးသွေးတက်မူးခြင်း***
ဆေးတစ်ခွက်ကော်ဖီ၁ဇွန်း တစ်နေ့၃ကြိမ်
***********
ဆေးကုသနေတဲ့တိုင်ရင်းဆေးဆရာတိုင်း
ဖေါ်ထားဆောင်ထားသင့်တယ် ဓါတ်လွန်/
ဓါတ်ယုတ်ကိုအပိုင်အနိင်ကျွမ်းကျင်ရင်လွန်တဲ့ဓါတ်ကိုအရင်ဖျက်ပြီးလိုတဲ့ဆေးအရင်နဲ့ကု
ရင်အလွန်ထိရောက်တာကို(၁၀)ခန့်သုတေ
သနပြုကုခဲ့တာကိုမျှဝေတာပါ။
&*အင်္ဂလိပ်ဆေးစွသောက်ဖို့လမ်းညွှန်တဲ့
အခါ ကျနော်ကတောလူနာရဲ့ပထဝီအာပေါ
တေဇေါ ဝါယောဓါတ်လွန်နေတာကိုဖျချက်ဖို့
အထက်ကပြတဲ့ဆေး၂မိုးထဲကတစ်ခုခု၄၈နာ
ရီတိုက်ပြီးနောက်မှ ဆေးပေးသောက်တာပို
ထူးခြားပါတယ်။
ဒါကလဲကြုံလိုမျှဝေတာပါခင်ဗျာမြန်မာဆေး
ဝါသနာပါသူတွေ လေလာန်င်ဖို့ပါ။
&*ကျေးဇူးပီါ
credit to:မင်းမင်း ထက်သာ
ခဏလေးပဲ စောင့်ကြပါ -------------------------
ဆိုကရေးတီးက ပြောတယ်
တိုင်းပြည်တပြည်ရဲ့ တိုင်းသူပြည်သားတွေဟာ
သူတို့ နဲ့  တန်တဲ့ ဘုရင်ကိုသာ ရရိုးထုံးစံရှိတယ်တဲ့
သာသနာပြုမင်းပေါ်တဲ့အချိန်မှာ သာသနာတော်ကို ချစ်မြတ်နိုးသူ စောင့်ရှောက်သူ
ပြည်သူတွေပဲ ရှိပြီး သာသနာပြုမင်း မပေါ်ချိန်မှာ
သာသနာတော်ကိုစော်ကားသူ အလေးမထားသူ
တွေသာ ပေါ်ထွက်လေ့ရှိတယ်
လေ့လာကြည့်ပါ ဒီအဖြေပဲထွက်ပါတယ်
ဘာဖြစ်လို့ လဲဆိုတော့ သာသနာတော်နဲ့ ကြုံတွေ့ 
ဖို့ ဆိုတာ သာမန်ဘုန်းကံနဲ့  မရလို့ ပဲ
သူ့ အပြစ်ပြော ငါ့အပြစ်ပြောနဲ့ 
မောပမ်းလှပြီ
ပစ္စုပ္ပန်တည့်တည့်ပဲ ကြည့်ပြောတော့မယ်
အရင်က တတိုင်းပြည်လုံး ဘုရားတရားကို
စိတ်မဝင်စားခဲ့လို့  ဖြစ်ချင်တိုင်းဖြစ်ခဲ့ပြီးပြီ
အကုသိုလ်ထပ်ပြီးမလိုချင်ချင်တော့ဘူး
အခု ယဉ်ကျေးလိမ္မာသင်တန်းတွေ တက်နေတဲံ
ခလေးတွေရဲ့ ဘုန်းကံဟာ သာမန်ဘုန်းကံတွေ
မဟုတ်ဘူး သူတို့ လက်ထက်မှာ ရုပ်ပိုင်းဆိုရာ
တိုးတက်မှု့ကြောင့် အစစအရာရာခေတ်မှီစွာနေထိုင်
ရသလို ယဉ်ကျေးလိမ္မာသင်တန်းတွေကို သင်ယူ
နေရတဲ့အတွက် သီလ ကိုယ်ကျင့်တရား စတဲ့
စိတ်ပိုင်းဆိုင်ရာပြည့်စုံမှု့ပါ လိုလေးသေးမရှိဘူး
ဗုဒ္ဓတရားတော်တွေကို ကမ္ဘာကိုဖြန့် ဖို့ 
အင်အားအပြည့်
သာသနာတ်ာကြီးကိုစောင့်ရှောက်ဖို့ 
အားမန်အပြည့်နဲ့ ဖြသ်နေပြီ
လူကြီးတွေက သူတို့ ဘုန်းကံကိုမှီပြီး
အဆင်ပြေပြေနေကြရလိမ့်မယ်
အဲဒီလိုပဲ
သူတို့ ကို အုပ်ချုပ်မဲ့
သာသနာတော်ကို စောင့်ရှောက်မဲ့
သာသနာပြုမင်းကလည်း အခု
တနေရာရာမှာ ရှိနေလိမ့်မယ်
သူတို့ တတွေဟာ တနေ့ ကြရင် အချိန်ကိုက်
ပေါ်လာကြလိမ့်မယ်
အဲဒီအခြေအနေရောက်ဖို့  သိပ်မကြာတော့ဘူး
အခု မကောင်းသူပယ်နေတဲံ့အချိန်မို့ 
လူကြီးတွေကလည်း ငါးပါးသီလ စောင့်ထိမ်းပြီး
ကိုယ်ကျင့်တရားကောင်းဖို့ လိုလိမ့်မယ်
ပျက်စီးတဲ့အထဲမှာ မပါအောင်ဂရုစိုက်ပြီးနေကြ
ခဏလေး ပဲစောင့်
credit to:Wai Lin Aung
မြတ်ဗုဒ္ဓ၏ ၀ိပဿနာ (ကျောက်အိုင်တောရ)
Posted by Khin Win on Thursday, May 28, 2015