Facebook Page

Friday, April 13, 2012

အသည်းရောဂါ်နှင့် တိုင်းရင်းဆေး



အသည်းရောဂါဆိုင်ရာ ရိုးရာဆေးပညာသဘောတရား


          ရိုးရာဆေးပညာတွင် အသည်းကို ယကန ဟုခေါ်၍ သည်းခြေအိတ်ကို ပိတ္တသယ



ဟုခေါ်သည်။သည်းခြေရည်ကို အစာခြေလမ်းကြောင်းရှိ အခြားသော အစာခြေအင်းဇိုင်းများနှင့်အတူ 

ပါစကပိတ္တ ဟုခေါ်သည်။သည်းခြေရည်ကို အစာခြေလမ်းကြောင်းရှိ အခြားသော အစာခြေအင်ဇိုင်း

များနှင့်အတူ ပါစကပိတ္တ ဟုခေါ်သည်။၄င်းသည် သည်းခြေ ၅ မျိုးတွင် တစ်မျိုးအပါအဝင် ဖြစ်၏။



          တစ်ခါတစ်ရံတွင် သည်းခြေရည်ကို ပိတ္တ ဟုခေါ်၏။ကျွဲ၊နွား၊ဆင်၊ဝက်ဝံ၊ငါးတို ့၏ သည်းခြေ


ကို ရိုးရာဆေးပညာတွင် ကျုယ်ပြန် ့စွာ အသုံးပြုကြလေ၏။



          တိရစ္ဆာန်တို ့၏ အသည်းကို ဟင်းလျာ(ဓါတ်စာ)အဖြစ် ရောဂါများတွင် စားရ၏။


ရိုးရာဆေးပညာအလိုအားဖြင့်ပိတ္တ(သည်းခြေ)သည်အစာခြေခြင်း၊စုပ်ယူခြင်း၊ဇီဝကမ္မပြုခြင်း၊


အပူထုတ်လုပ်မှု၊ဟော်မုန်းလုပ်ငန်းအားလုံးအတွက် တာဝန်ရှိသော အင်ဇိုင်းများနှင့် ဟောမုန်းများ


ကို ကိုယ်စားပြုထားလေသည်။



          ထိုသို ့ဖြင့် ခန္ဓာကိုယ်ရှိ ကာယစိတ္တလှုပ်ရှားမှုများစွာကိုလည်း ထိန်းချုပ်ပေးသည်။


အစားအစာ၏ သဘာဝစားသောက်နည်းစနစ်နှင့်ရာသီဥတုဆိုင်ရာ အချက်များအပြင်


အသည်းတွင် သည်းခြေရည် ထုတ်လုပ်ခြင်းနှင့်အသည်း၏လုပ်ငန်းအားလုံးတို ့ကို စိတ်ခံစား


မှုဆိုင်ရာ အချက်များကထိန်းချုပ်လေသည်။



          သွေးဖွဲ ့စည်းမှုနှင့် အစာခြေချက်မှုအပြင် အသည်းသည် ဘူတဂ္ဂိပါက၏ တည်ရာလည်း


 ဖြစ်၏။ထိုနေရာတွင် အမျိုးမျိုးသော အစားအစာများသည် တစ်မျိုးတစ်စားတည်း ဖြစ်ပြီး

 ကြေကျက်ပြီးသောအစားအစာများကိုလည်း တစ်ရှူးများသို ့ပို ့ဆောင်ပေးနိုင်လေသည်။



          ထို ့ကြောင့်လည်း အာယုဗ္ဗေဒ သမားတော်များသည် အသည်းအခြေအနေကောင်း


မွန်စေရန် အခြားသောရောဂါများမကုသမီ ကောင်းမွန်စေရန် ကြိုးပမ်းကြခြင်းမှာ အံ့သြဖွယ်ရာ

 မရှိပါလေ။



          အသည်းကြီးခြင်း၊  အသည်းမာကြမ်းခြင်း၊သည်းခြေ  လမ်းကြောင်း  ပိတ်ဆို ့ခြင်း၊


သည်းခြေကျောက်တည်ခြင်း  တို ့အပြင် တစ်ခါတစ်ရံတွင်  အသည်း၏လုပ်ငန်း ချို ့ယွင်းမှုများ 


ရှိတတ်လေသည်။



          ဝမ်းဗိုက်ရှိ အသည်းနေရာတွင် အနည်းငယ် နာကျင်ကိုက်ခဲခြင်း ရှိပြီး လက်ဖြင့်


စမ်းသပ်လျှင်ပို၍ ထင်ရှား၏။ထို ့အပြင် အသည်းလုပ်ငန်း ညံ့ဖျင်းပျက်စီးခြင်းကြောင့် 


လူနာသည် အောက်ပါရောဂါတစ်ခုခု သို ့ အားလုံးကိုခံစားနေရ၏။



          ထိုရောဂါများမှာ



၁။       ခံတွင်းပျက်ခြင်း၊ဝမ်းချုပ်ခြင်း

၂။       အထွေထွေအားကုန်ခမ်းခြင်း

၃။       အသည်းနေရာမှ ထိုးအောင့်ခြင်း၊နာကျင်ကိုက်ခဲခြင်း

၄။       မောပန်းခြင်း၊အစာမကြေခြင်း၊ခေါင်းကိုက်ခြင်း

၅။       ဝမ်းဗိုက်အထက်ပိုင်းတွင် ပူလောင်နေခြင်း

၆။       လေပွခြင်း၊လေချဉ်တက်ခြင်း

၇။       ခေါင်းခြောက်ခြင်း၊အာရုံမစူးစိုက်ခြင်း

၈။       အဆီစားလျှင် မခံနိုင်ခြင်း

၉။       အိပ်မပျော်ခြင်း၊ခေါင်းမှုးခြင်း

၁၀။     နှလုံးတုန်၊ရင်ခုန်ုခြင်း

၁၁။     ဝမ်းဗိုက်ရှိ အသည်းနေရာ ရောင်တင်း၍ အထိမခံနိုင်ခြင်းတို ့ ဖြစ်လေသည်။





အသည်းရောဂါများအပေါ် ထိရောက်အာနိသင်ရှိသည့် ရုက္ခဆေးဝါးများ



ဆေးခါးကြီးပင်



       ဆေးခါးကြီးသည် ဝမ်းမှာအခါးဆိုသည့်အတိုင်း အစာအိမ်၊အစာခြေလမ်းကြောင်း 


ယန္တရားစနစ်နှင့်အသည်းဆိုင်ရာတို ့အတွက်အထူးအကျိုးပြု၏။ဝမ်းမီးကို တောက်စေ၏။


အစာကို ကြေစေ၏။အဖျားကို ပယ်ဖျောက်စေ၏။ဝမ်းသက်ခြင်းကို ပယ်ဖျောက်နိုင်၏။


အသည်း၏ လုပ်ငန်းဆောင်စွမ်းရည်ကို တိုးတက်စေရန် ဆောင်ရွက်၏။အသည်းပျက်စီးချို ့


ယွင်းမှုမှ ကာကွယ်ပေး၏။



          ထို ့အပြင်ဆေးခါးကြီးသည် သည်းခြေစီးဆင်းမှု ကိုလည်းကောင်း ၊သည်းခြေဆား



ပမာဏ ကိုလည်းကောင်းသည်းခြေအက်ဆစ်ပမာဏကိုလည်းကောင်း ကောင်းစွာတိုး



တက်စေနိုင်၏။  သင်္ဘောဆေးခါးကြီးကိိုမူ ရေဖျဉ်းရောဂါအတွက် ထိရောက်စွာ အသုံးပြုနိုင်



ပါသည်။

         





ကြက်သွန်ဖြူ



          ကြက်သွန်ဖြူျ တွင် အချဉ်အရသာမှတစ်ပါး ကျန်သော အရသာ ၅ မျိုးလုံးပါဝင်၏။


ကြက်သွန်ဖြူသည် ဗိုင်းရပ်စ်စသည့်ပိုးရောဂါအမျိျးမျိုး၊လိပ်ခေါင်းမြင်းသရိုက်၊ဝမ်းဗိုက်ရောဂါ၊


အသည်းရောဂါ နှလုံးရောဂါ၊နာတာရှည်အဖျားရောဂါတို ့ကိုပယ်ဖျောက်စေနိုင်၏။အသက်


ရှည်ဆေးလည်းဖြစ်၏။



တမာကြီး



          တမာသည် ရောဂါအခြေအနေအားလုံးအတွက် ထူးခြားသည့် ဆေးပင်ဖြစ်၏။


တမာကြီးသည် ထူးခြားစွာပင်ဒေါသ သုံးပါးလုံးကို နိုင်၏။ထို ့ကြောင် ့ ဒေါသသုံးပါးလုံး


အပြစ်ပြုသည့်အသည်း၊ဝမ်းဗိုက်နှင့်အစာခြေအင်္ဂါစုဆိုင်ရာသန္နိပါတ ရောဂါများကိုပင်


 နိုင်နင်းပါသည်။အထူးသဖြင့် တမာသည် အသည်းရောင်ဗိုင်းရပ်စ် စသည့်ပိုးရောဂါများကိုပင်


ပယ်ဖျောက်စေနိုင်ပါသည်။





ပရန္နဝါ(အမြစ်)



          ပါစက ဝမ်းမီးကို အားရှိစေ၏။ ဝမ်းသက်စေ၏။ ဆီးကို ရွင်စေ၏။ သလိပ်ကို 


ပယ်ဖျက်နိုင်၏။ဖောရောင်ခြင်းကိုပယ်ဖျက်နိုင်၏။ထို ့အပြင်အသည်းရောဂါ၊အဆိပ်ရောဂါ


၊ရေဖျဉ်းရောဂါ၊အဆုတ်ရောင်ခြင်းအူရောင်ခြင်း၊ခန္ဓာကိုယ်၏အပြင်ဘက်တွင် ရောင်ခြင်း၊


အသည်းရောင်ခြင်း၊အလုံးစုံသောအင်္ဂါကြီးငယ် ရောင်ခြငး်တို ့ကိုပယ်ဖျောက်နိုင်၏။သလိပ်၊


သည်းခြေ၊သွေးဖောက်ပြန်ခြင်းတို ့ကို ကောင်းစွာပယ်ဖျောက်နိုင်၏။



ဆေးဖော်နည်း

          ပရန္နဝါမြစ်ကို ရေစိမ်၍ ဆော်ဒါနှင့်ရော၍ သောက်ခြင်း၊နို ့ရည်ဖြင့်သောက်ခြင်း၊


ချင်းခြောက်ပြုတ်ရည်ဖြင့်သောက်ခြင်း ပြုလုပ်ရမည်။ထို ့အပြင် ဆီးအိမ်နှင့် ဆီးရောဂါများကို


 ထူးခြားစွာ သက်သာ ကောင်းမွန်စေ၏။



ပေါက်သောဒေသ။      ။ မကွေးတိုင်း အနောက်ဘက်ကမ်း၊မင်းဘူး၊မော်လမြိုင်





ပေါက်ပင်



          ပေါက်ပွင့်သည်အသည်းနှင့်အစာခြေအင်္ဂါစုဆိုင်ရာ ရောဂါများ မြင်းသရိုက်ရောဂါ


၊ဗိုင်းရပ်စ်စသည့်ပိုးရောဂါများ၊အကျိတ်အဖုရောဂါ များကို ပယ်ဖျောက်နိုင်၏။



          အသည်းတွင်အမာရွတ်ဖြစ်ခြင်း၊ အသည်းတွင် ဒဏ်ရာအနာတရဖြစ်ခြင်းတို ့တွင်


 ပေါက်ပွင့်သည် ထိရောက်သော အာနိသင်ရှိ၏။





ကျွဲနှာခေါင်းချိတ်ပင်



          ကြက်မောက်ဆူးပြန်ဟုလည်း ခေါ်သည်။ပါစကဝမ်းမီးကို တောက်စေသည်။



ဆီးဝမ်းရွှင်စေသည်။ပျို ့ခြင်းအန်ခြင်း၊ဆီးရောဂါ၊နှလုံးရောဂါ၊မြင်းသရိုက်၊တင်းရောင်ခြင်း



 အမျိုးမျိုး။ဖျဉ်းရောဂါများတို ့တွင် အသုံးပြုကြ၏။



ဆေးဖော်စပ်နည်း



          ကြက်မောက်ဆူးပြန်ဆားကို ချင်းခြောက်၊ငရုတ်ကောင်း၊ပိတ်ချင်း၊သိန္ဓောဆားမှုန် ့



တို့ရော၍သင့်လျော်သည့် အနုပါန ဖြင့်သောက်ရပါမည်။





နနွင်းအမြစ်



          နနွင်းကို ရောဂါအခြေအနေအားလုံးတွင် အသုံးပြုနိုင်၏။မြေဇာမြက်၊မြင်းစာမြက်

          သည်းခြေသလိပ်ဒေါသကို ငြိမ်းစေ၏။အဖျားရောဂါ၊သွေးမသန် ့ရောဂါ၊ဆီးချုပ်ရောဂါ


၊သွေးအားနည်းရောဂါ၊အသည်းရောဂါ၊ရေဖျဉ်းရောဂါ၊တို ့ကိုပယ်ဖျောက်နိုင်၏။



မြေဇာမြက်






မြေဇာမြက်တွင် ငရုတ်ကောင်း၊အနည်းငယ်ထည့်ကြိတ်ပြီး သောက်ပါက ဆီးရွှင်ပြီး အသည်းရေဖျဉ်း


 စသည့် ခန္ဓာကိုယ်တွင်း ဖောရောက်သည့် အင်္ဂါအစ်ိတ်အပိုင်းများ အရောင်ကျဆင်းစေနိုင်၏။





ကြိတ်မှန်ပင်



          ကြိတ်မှန်သည် သွေးကို ကြေကျက်ရာတွင်လည်းကောင်း၊ဓါတ်တို ့ကိုပြောင်းလဲစေရာတွင်


၄င်း၊ပိုးကိုသတ်ရာတွင်လည်းကောင်း၊အဆိပ်တို ့ကို ပြေပျောက်စေရာတွင်လည်းကောင်း

၊လေသလိပ်တို ့ကို နိုင်နင်းရာတွင်လည်းကောင်းအသက်ရှည်စေရာတွင်လည်းကောင်မီးယပ်၊


သားအိမ်၊သွေးရောဂါတို ့တွင်လည်းကောင်း ကောင်းစွာပယ်ဖျောက်စေနိုင်၏။



အသည်းနှင့်အဖျဉ်းဆိုင်ရာ ကြိတ်မှန်ရွက် ရသာယနဆေးနည်း



အမြစ်နှင့်တကွသော ကြိတ်မှန်ပင်

ဆီးဖြူသီး

ကြစုသီး

သစ်ဆိမ့်သီး

တို့ကို အညီအမျှစီ ယူ၍ သကြားခဲကို ဆေး၏ ၂ ဆယူပြီး အမှုန် ့ပြုပါက တစ်ကြိ်မ်လျှင်



 ဆေး ၅မတ်သားတစ်နေ ့၃ ကြိမ် မှီ-ဝဲပါ။အသည်းအစာခြေအင်္ဂါစုဆိုင်ရာ ရောဂါများ



သာမက အချိန်အခါ သို ့မရောက်သေးဘဲ ရောဂါကြောင့်ကာ မသေနိုင်ခြင်းဖြစ်ရ၏။ 





ဆီးဖြူသီး



          ဆီးဖြူသီးသည်အသီးတကာ ့အသီးထဲတွင်ထူးခြားသောအသီးဖြစ်၏။ဒေါသသုံးပါးလုုံး



ကိုနိုင်“၏။အစာကိုကြေကျက်လွယ်စေ၏။ဝမ်းမီးကိုတောက်စေ၏။ဝမ်းရောဂါ၊အစာခြေချက်မှုဆိုင်ရာ



 အင်္ဂါများ၊အသည်းရောဂါတို ့ကို ပယ်ဖျောက်စေနိုင်၏။



          သွေးကိုဖြစ်စေ“၏။သွေးတွင်ဝင်စိုက်၍ငုပ်နေသောသည်းခြေဒေါသအပူကိုလည်း



 ငြိမ်းစေနိုင်၏။သွေးတွင်ဝင်ရောက်နေသော သလိပ်၊ဒေါသ ဖြစ်သည့် မကြေကျက်သေးသော



 သွေးကိုလည်းပယ်နိုင်၏။ဝမ်းမီးကိုလည်းထူးခြားစွာ တောက်ပစေ၏။သမဝမ်းမီးကို ဖြစ်စေ၏။



သည်းခြေဒေါသအပူကို ငြိမ်းနိုင်၏။အေးစေ၏။အညစ်အကြေးကို သုတ်သင်တတ်“၏။၄င်း၏



 အေးသော စွမ်းရည်သတ္တိကြောင့် သွေးပူကို နိုင်၏။သွေးအညစ်အကြေးများကို သုတ်



သင်ရှင်းလင်းပြီး အားကိုလည်း ဖြစ်စေ၏။-ဝမ်းကို ချုပ်စေ၏။







နွယ်ချိုမြစ်



          နွယ်ချိုသည် ရိုးရာဆေးပညာတွင် အသည်းရောဂါအတွက် ရှေးနှစ်ပေါင်း


 ထောင်ချီကတည်းကအဓိကထားသုံးစွဲခဲ့သည့်ရုက္ခပစ္စည်းဖြစ်၏။အသုံးပြုရာတွင်အမြစ်ကို


အသုံးပြု“၏။ချို၏။အေး“၏။လေသည်းခြေဒေါသ နှစ်ပါးပြိုင်သည့် ရောဂါကို နိုင်၏။ အသည်း


၊အစာခြေအင်္ဂါစုဆိုင်ရာရောဂါများ၊အနာပေါက်ရောဂါ၊အဆိပ်နှင့်ပတ်သက်သောရောဂါ၊


ခယရုဂ်၊သွေးအန်သွေးကျရောဂါ။အသည်းရောင်ဗိုင်းရပ်စ်ရောဂါ၊ကိုယ်တွင်အင်္ဂါများရောင်


ရမ်းသည့်ရောဂါတို ့တွင် ကောင်းစွာအသုံးပြုနိုင်ပါသည်။



အသည်းနှင့်ပတ်သက်သော ထူးခြားချက်မှာအသည်းတွင်ကျရောက်မည့် 



အဆိပ်အတောက် ဒေါသများကို ကောင်းစွာ ကာကွယ်နိုင်ခြင်းဖြစ်ပါသည်။




အသည်းရောက်ရောဂါအတွက် နွယ်ချိုဆေးနည်း 

နွယ်ချို                     ၁၀ ကျပ်သား

ဆောင်မေခါး             ၁၀ ကျပ်သား



 တစ်ကြိမ် ၅ ပဲသား ရေနွေးနှင့် တစ်နေ ့ ၃ ကြိမ်သောက်ပါ။





မြေဇီးဖြူပင်



          အသည်းရောင်အသားဝါ ရောဂါတို ့အတွက်အစွမ်းထက်သည့်ဆီးသက်


ဆင်းစေသော ဆေးဝါးမျိုးဖြစ်၏။အထူးသဖြင့် အသားဝါရောဂါ၊ကာမလာ၊ကုမ္ဘကာမ


လာရောဂါတို ့တွင်အသုံးပြု၏။ထို ့အပြင် မြေဆီးဖြူသည် ရောင်တင်းမှုကိုလည်း လျော့


ကျစေ၏။နာကျင်ကိုက်ခဲမှုကိုလည်း သက်သာစေ၏။အထူးသဖြင့် အနှစ်ဆီကို သုံးပါ


။မြေဆီးဖြူသည် အစာစားလိုစိတ်ဖြစ်၏။



အဆိပ်ဒေါသ ကို ခြေဖျက်ပေးရသည်မှာအင်္ဂါတို ့မှာ အသည်းနှင့်ကျောက်ကပ်တို ့ဖြစ်၏



။မြေဆီးဖြူသည် အဆိုပါအင်္ဂါများအား အဆိပ်၏ဒဏ်တို ့မှကာကွယ်ပေး၏။





မုန်လာဥဖြူ(အမြစ်၊အစေ့)



          မုန်လာဥသည် အကြီးအသေး ၂ မျိုးရှိ၏။၂မျိုးစလုံးပင် ဆေးဖက်ဝင်၏


။ကြေကျက်လွယ်၏။ထက်မြက်၏။ဝမ်းမီးတောက်၏။ဆီးဝမ်းရွှင်စေ၏။ဒေါသသုံးပါးလုံး


ကိုနိုင်သဖြင့်ဇရာကိုဆန် ့ကျင်တားဆီးနိုင်၏။ကိုယ်ခံအားစနစ်ကို မြင့်မားစေ၏။


အသည်းရောဂါ၊အသည်းရောင်အသားဝါတို ့ကိုပယ်ဖျောက်နိုင်စွမ်း၏။အကောင်းဆုံး


ဘက်တီးရီးယားပိုးသတ်ဆေးလည်းဖြစ်၏။





ဆူးပန်းလုံး(အစေ့)



          ဆူးပန်းလုံးသည် ယနေ ့ကမ္ဘာရိုးရာဆေးပညာလောကတွင် အသည်းရောင်ရောဂါနှင့်



ပတ်သက်၍နာမည်အကြီးဆုံးရုက္ခမူလဖြစ်သည်။၄င်းသည်အသည်းရောဂါအမျိုးမျိုးနှင့်



အသည်းရောင်ဗိုင်းရပ်စ်ပိုးရောဂါတို ့အတွက်ထိရောက်သော အာနိသင်ရှိ၏။အနှစ်ဆီကို



 ဖြစ်စေ၊အစေ့မှ ထုတ်ထားသော ဆေးတောင့်ကိုဖြစ်စေ အသုံးပြုနိုင်၏။





ဗောက်လောက်ညို(အသီး၊အပင်)



          ဗောက်လောက်ညိုသည် ရုက္ခဆေးလောကတွင် ထူးခြားသည့် ဆေးပင်ဖြစ်၏။



၄င်းသည် ဒေါသသုံးပါးလုံးကို နိုင်၏။ကိုယ်တွင်းအင်္ဂါများရောင်ခြင်း၊အသည်းရောင်ခြင်း



၊ရေဖျဥး်ရောဂါများ။ပျို ့အန်၊ကြို ့ထိုး၊နှလုံးရောဂါများကို ပယ်ဖျောက်နိုင်၏။ဝမ်းပျက်


ဝမ်းလျှောရောဂါ၊ပိုင်လိုရီဝမ်းရောဂါတို ့ကိုလည်းပယ်ဖျောက်စေနိုင်၏။



အသည်းရောင်ရောဂါဆေးနည်း



          အပင်ပဥ္စငါးပါးသတ္တုရည်ကို၁ဝကျပ်သားမှ၁၅ကျပ်သားအထိယူ၍မီးနွေးနွေးဖြင့်



 နှင်းဆီရောင်ဖြစ်လာသည်အထိချက်ပါ။ထိုချက်ထားသော အရည်ကို အသည်းရောင်



ဗိုင်းရပ်ပိုးရှိသူအား တိုက်ကျွေးပါက အလွန်အင်မတန်ပင် နှစ်ကာလကြာမြင့်စွာက


 ဖြစ်နေသော နာတာရှည်အသည်းရောင်ရောဂါကိုပင် ဖြစ်စေကာမူ လျင်မြန်စွာ


 ပယ်ဖျောက်နိုင်၏။





ရေဖျဉ်းရောဂါဆေးနည်း



          အပင်၏ အသီး။အရွက်၊အကိုင်းအခက်များကို သတ္တုရည်ထုတ်၍ ၂ ပဲသားမှ ၈ ပဲသားအထိ



တစ်နေ ့တစ်ကြိိမ်သို ့နှစ်ကြိမ် အခြေအနေကြည့်၍ တိုက်ခဲ ့သော် ရေဖျဉ်းရောဂါနှင့်အမျိုးအစား 



များပြားစွာသော နှလုံးရောဂါတို ့ကိုပယ်ဖျောက်စေနိုင်၏။





အမွှေးအကြိုင်များ



          အမွှေးအကြိုင်ပစ္စည်းများတွင်ငရုတ်သီး၊ငရုတ်ကောင်း၊သစ်ကြံပိုး၊ဇီယာ၊ဖာလာ


၊ပဲနံသာ၊ချင်း၊မုန်းညှင်းစေ့နနွင်း စသည်တို ့ပါဝင်၏။



          အမွှေးအကြိုင်တို ့သည် အသည်း၏ လုပ်ငန်းဆောင်တာတာဝန်ထမ်းထောင်မှုကို



ပုံမှန်ဖြစ်စေ၏။အသည်းရောင်ဗိုင်းရပ်စ်ပိုးများအပေါ်တွင်လည်း လွှမ်းမိုးနိုင်၏။





ဆင်တုံးမနွယ်



          အသက်ရှည်ဆေး၊ရသာယနဆေး၊ကိုယ်ခံစွမ်းအားမြှင်တင်ဆေးအဖြစ် တွင်ကျယ်စွာ


 အသုံးပြုကြ၏။ပါစက တေဇောကို အားကောင်းစေ၏။ကိုယ်ခံစွမ်းအားဓါတ်မီးကိုလည်း 


တိုးတက်စေနိုင်၏။အသည်းရောဂါကိုလည်းကောင်း၊ကိုယ်ရေဝါရောဂါ၊သွေးဒေါသနာ


၊သွေးမတည့်သောရောဂါ၊အဆိပ်အတောက်ရောဂါ၊ကိုယ်တွင်းအင်္ဂါရောင်ရမ်းမှုကိုလည်းကောင်း


အသည်းရောင်ဗိုင်းရပ်စ်ပိုးတို ့ကိုလညး်ကောင်း အထူးဖယ်ရှားနိုင်ပါသည်။ဒေါသသုံးပါး


ကိုလည်း နိုင်နင်းသည်။ဆေးပစ္စည်းတို ့တွင် ဒေါသသုံးပါးနိုင်သော ဆေးပင်သည် အစွမ်းအာနိသင်


ရှိ၏။












ဦးဆက်ထွန်းလင်း(အာယုဗ္ဗေဒ)----အသည်းနှင့်ဆိုင်သောရောဂါ စာအုပ်မှကောက်နုတ်ချက်

zawgyi
အသည္းေရာဂါဆိုင္ရာ ရိုးရာေဆးပညာသေဘာတရား

          ရိုးရာေဆးပညာတြင္ အသည္းကို ယကန ဟုေခၚ၍ သည္းေျခအိတ္ကို ပိတၱသယ

ဟုေခၚသည္။သည္းေျခရည္ကို အစာေျခလမ္းေႀကာင္းရွိ အျခားေသာ အစာေျခအင္းဇိုင္းမ်ားႏွင့္အတူ 
ပါစကပိတၱ ဟုေခၚသည္။သည္းေျခရည္ကို အစာေျခလမ္းေႀကာင္းရွိ အျခားေသာ အစာေျခအင္ဇိုင္း
မ်ားႏွင့္အတူ ပါစကပိတၱ ဟုေခၚသည္။၄င္းသည္ သည္းေျခ ၅ မ်ိဳးတြင္ တစ္မ်ိဳးအပါအ၀င္ ျဖစ္၏။
 
          တစ္ခါတစ္ရံတြင္ သည္းေျခရည္ကို ပိတၱ ဟုေခၚ၏။ကၽြဲ၊ႏြား၊ဆင္၊၀က္၀ံ၊ငါးတို ့၏ သည္းေျခ

ကို ရိုးရာေဆးပညာတြင္ က်ုယ္ျပန္ ့စြာ အသံုးျပဳႀကေလ၏။

          တိရစာၦန္တို ့၏ အသည္းကို ဟင္းလ်ာ(ဓါတ္စာ)အျဖစ္ ေရာဂါမ်ားတြင္ စားရ၏။

ရိုးရာေဆးပညာအလိုအားျဖင့္ပိတၱ(သည္းေျခ)သည္အစာေျချခင္း၊စုပ္ယူျခင္း၊ဇီ၀ကမၼျပဳျခင္း၊

အပူထုတ္လုပ္မႈ၊ေဟာ္မုန္းလုပ္ငန္းအားလံုးအတြက္ တာ၀န္ရွိေသာ အင္ဇိုင္းမ်ားႏွင့္ ေဟာမုန္းမ်ား

ကို ကိုယ္စားျပဳထားေလသည္။
 
          ထိုသုိ ့ျဖင့္ ခႏၶာကိုယ္ရွိ ကာယစိတၱလႈပ္ရွားမႈမ်ားစြာကိုလည္း ထိန္းခ်ဳပ္ေပးသည္။

အစားအစာ၏ သဘာ၀စားေသာက္နည္းစနစ္ႏွင့္ရာသီဥတုဆိုင္ရာ အခ်က္မ်ားအျပင္

အသည္းတြင္ သည္းေျခရည္ ထုတ္လုပ္ျခင္းႏွင့္အသည္း၏လုပ္ငန္းအားလံုးတို ့ကို စိတ္ခံစား

မႈဆိုင္ရာ အခ်က္မ်ားကထိန္းခ်ဳပ္ေလသည္။

          ေသြးဖြဲ ့စည္းမႈႏွင့္ အစာေျခခ်က္မႈအျပင္ အသည္းသည္ ဘူတဂၢိပါက၏ တည္ရာလည္း

 ျဖစ္၏။ထိုေနရာတြင္ အမ်ိဳးမ်ိဳးေသာ အစားအစာမ်ားသည္ တစ္မ်ိဳးတစ္စားတည္း ျဖစ္ျပီး
 ေႀကက်က္ျပီးေသာအစားအစာမ်ားကိုလည္း တစ္ရွဴးမ်ားသုိ ့ပုိ ့ေဆာင္ေပးႏိုင္ေလသည္။
 
          ထို ့ေႀကာင့္လည္း အာယုေဗၺဒ သမားေတာ္မ်ားသည္ အသည္းအေျခအေနေကာင္း

မြန္ေစရန္ အျခားေသာေရာဂါမ်ားမကုသမီ ေကာင္းမြန္ေစရန္ ႀကိဳးပမ္းႀကျခင္းမွာ အံ့ႀသဖြယ္ရာ
 မရွိပါေလ။

          အသည္းႀကီးျခင္း၊  အသည္းမာႀကမ္းျခင္း၊သည္းေျခ  လမ္းေႀကာင္း  ပိတ္ဆို ့ျခင္း၊

သည္းေျခေက်ာက္တည္ျခင္း  တို ့အျပင္ တစ္ခါတစ္ရံတြင္  အသည္း၏လုပ္ငန္း ခ်ိဳ ့ယြင္းမႈမ်ား 

ရွိတတ္ေလသည္။
 
          ၀မ္းဗိုက္ရွိ အသည္းေနရာတြင္ အနည္းငယ္ နာက်င္ကိုက္ခဲျခင္း ရွိျပီး လက္ျဖင့္

စမ္းသပ္လွ်င္ပို၍ ထင္ရွား၏။ထို ့အျပင္ အသည္းလုပ္ငန္း ညံ့ဖ်င္းပ်က္စီးျခင္းေႀကာင့္ 

လူနာသည္ ေအာက္ပါေရာဂါတစ္ခုခု သို ့ အားလံုးကိုခံစားေနရ၏။

          ထိုေရာဂါမ်ားမွာ

၁။       ခံတြင္းပ်က္ျခင္း၊၀မ္းခ်ဳပ္ျခင္း
၂။       အေထြေထြအားကုန္ခမ္းျခင္း
၃။       အသည္းေနရာမွ ထိုးေအာင့္ျခင္း၊နာက်င္ကိုက္ခဲျခင္း
၄။       ေမာပန္းျခင္း၊အစာမေႀကျခင္း၊ေခါင္းကိုက္ျခင္း
၅။       ၀မ္းဗိုက္အထက္ပိုင္းတြင္ ပူေလာင္ေနျခင္း
၆။       ေလပြျခင္း၊ေလခ်ဥ္တက္ျခင္း
၇။       ေခါင္းေျခာက္ျခင္း၊အာရံုမစူးစိုက္ျခင္း
၈။       အဆီစားလွ်င္ မခံႏိုင္ျခင္း
၉။       အိပ္မေပ်ာ္ျခင္း၊ေခါင္းမႈးျခင္း
၁၀။     ႏွလံုးတုန္၊ရင္ခုန္ုျခင္း
၁၁။     ၀မ္းဗိုက္ရွိ အသည္းေနရာ ေရာင္တင္း၍ အထိမခံႏိုင္ျခင္းတုိ ့ ျဖစ္ေလသည္။


အသည္းေရာဂါမ်ားအေပၚ ထိေရာက္အာနိသင္ရွိသည့္ ရုကၡေဆး၀ါးမ်ား

ေဆးခါးႀကီးပင္

       ေဆးခါးႀကီးသည္ ၀မ္းမွာအခါးဆိုသည့္အတုိင္း အစာအိမ္၊အစာေျခလမ္းေႀကာင္း 

ယႏၱရားစနစ္ႏွင့္အသည္းဆိုင္ရာတို ့အတြက္အထူးအက်ိဳးျပဳ၏။၀မ္းမီးကို ေတာက္ေစ၏။

အစာကို ေႀကေစ၏။အဖ်ားကို ပယ္ေဖ်ာက္ေစ၏။၀မ္းသက္ျခင္းကို ပယ္ေဖ်ာက္ႏိုင္၏။

အသည္း၏ လုပ္ငန္းေဆာင္စြမ္းရည္ကို တိုးတက္ေစရန္ ေဆာင္ရြက္၏။အသည္းပ်က္စီးခ်ိဳ ့

ယြင္းမႈမွ ကာကြယ္ေပး၏။

          ထို ့အျပင္ေဆးခါးႀကီးသည္ သည္းေျခစီးဆင္းမႈ ကိုလည္းေကာင္း ၊သည္းေျခဆား

ပမာဏ ကိုလည္းေကာင္းသည္းေျခအက္ဆစ္ပမာဏကိုလည္းေကာင္း ေကာင္းစြာတိုး

တက္ေစႏိုင္၏။  သေဘၤာေဆးခါးႀကီးကိုိမူ ေရဖ်ဥ္းေရာဂါအတြက္ ထိေရာက္စြာ အသံုးျပဳႏိုင္

ပါသည္။
         


ႀကက္သြန္ျဖဴ

          ႀကက္သြန္ျဖဴၽ တြင္ အခ်ဥ္အရသာမွတစ္ပါး က်န္ေသာ အရသာ ၅ မ်ိဳးလံုးပါ၀င္၏။

ႀကက္သြႏ္ျဖဴသည္ ဗိုင္းရပ္စ္စသည့္ပိုးေရာဂါအမ်ိၽးမ်ိဳး၊လိပ္ေခါင္းျမင္းသရိုက္၊၀မ္းဗိုက္ေရာဂါ၊

အသည္းေရာဂါ ႏွလံုးေရာဂါ၊နာတာရွည္အဖ်ားေရာဂါတို ့ကိုပယ္ေဖ်ာက္ေစႏိုင္၏။အသက္

ရွည္ေဆးလည္းျဖစ္၏။

တမာႀကီး

          တမာသည္ ေရာဂါအေျခအေနအားလံုးအတြက္ ထူးျခားသည့္ ေဆးပင္ျဖစ္၏။

တမာႀကီးသည္ ထူးျခားစြာပင္ေဒါသ သံုးပါးလံုးကုိ ႏိုင္၏။ထို ့ေႀကာင္ ့ ေဒါသသံုးပါးလံုး

အျပစ္ျပဳသည့္အသည္း၊၀မ္းဗိုက္ႏွင့္အစာေျခအဂၤါစုဆိုင္ရာသႏိၷပါတ ေရာဂါမ်ားကိုပင္

 ႏိုင္နင္းပါသည္။အထူးသျဖင့္ တမာသည္ အသည္းေရာင္ဗိုင္းရပ္စ္ စသည့္ပိုးေရာဂါမ်ားကိုပင္

ပယ္ေဖ်ာက္ေစႏိုင္ပါသည္။


ပရႏၷ၀ါ(အျမစ္)

          ပါစက ၀မ္းမီးကို အားရွိေစ၏။ ၀မ္းသက္ေစ၏။ ဆီးကို ရြင္ေစ၏။ သလိပ္ကို 

ပယ္ဖ်က္ႏိုင္၏။ေဖာေရာင္ျခင္းကိုပယ္ဖ်က္ႏိုင္၏။ထို ့အျပင္အသည္းေရာဂါ၊အဆိပ္ေရာဂါ

၊ေရဖ်ဥ္းေရာဂါ၊အဆုတ္ေရာင္ျခင္းအူေရာင္ျခင္း၊ခႏၶာကိုယ္၏အျပင္ဘက္တြင္ ေရာင္ျခင္း၊

အသည္းေရာင္ျခင္း၊အလံုးစံုေသာအဂၤါႀကီးငယ္ ေရာင္ျခငး္တုိ ့ကိုပယ္ေဖ်ာက္ႏိုင္၏။သလိပ္၊

သည္းေျခ၊ေသြးေဖာက္ျပန္ျခင္းတို ့ကို ေကာင္းစြာပယ္ေဖ်ာက္ႏိုင္၏။

ေဆးေဖာ္နည္း
          ပရႏၷ၀ါျမစ္ကို ေရစိမ္၍ ေဆာ္ဒါႏွင့္ေရာ၍ ေသာက္ျခင္း၊ႏို ့ရည္ျဖင့္ေသာက္ျခင္း၊

ခ်င္းေျခာက္ျပဳတ္ရည္ျဖင့္ေသာက္ျခင္း ျပဳလုပ္ရမည္။ထို ့အျပင္ ဆီးအိမ္ႏွင့္ ဆီးေရာဂါမ်ားကုိ

 ထူးျခားစြာ သက္သာ ေကာင္းမြန္ေစ၏။

ေပါက္ေသာေဒသ။      ။ မေကြးတိုင္း အေနာက္ဘက္ကမ္း၊မင္းဘူး၊ေမာ္လျမိဳင္


ေပါက္ပင္

          ေပါက္ပြင့္သည္အသည္းႏွင့္အစာေျခအဂၤါစုဆိုင္ရာ ေရာဂါမ်ား ျမင္းသရိုက္ေရာဂါ

၊ဗိုင္းရပ္စ္စသည့္ပိုးေရာဂါမ်ား၊အက်ိတ္အဖုေရာဂါ မ်ားကို ပယ္ေဖ်ာက္ႏိုင္၏။
 
          အသည္းတြင္အမာရြတ္ျဖစ္ျခင္း၊ အသည္းတြင္ ဒဏ္ရာအနာတရျဖစ္ျခင္းတို ့တြင္

 ေပါက္ပြင့္သည္ ထိေရာက္ေသာ အာနိသင္ရွိ၏။
 

ကၽြဲႏွာေခါင္းခ်ိတ္ပင္

          ႀကက္ေမာက္ဆူးျပန္ဟုလည္း ေခၚသည္။ပါစက၀မ္းမီးကို ေတာက္ေစသည္။

ဆီး၀မ္းရႊင္ေစသည္။ပ်ိဳ ့ျခင္းအန္ျခင္း၊ဆီးေရာဂါ၊ႏွလံဳးေရာဂါ၊ျမင္းသရိုက္၊တင္းေရာင္ျခင္း

 အမ်ိဳးမ်ိဳး။ဖ်ဥ္းေရာဂါမ်ားတို ့တြင္ အသံုးျပဳႀက၏။

ေဆးေဖာ္စပ္နည္း

          ႀကက္ေမာက္ဆူးျပန္ဆားကို ခ်င္းေျခာက္၊ငရုတ္ေကာင္း၊ပိတ္ခ်င္း၊သိေႏၶာဆားမႈန္ ့

တို့ေရာ၍သင့္ေလ်ာ္သည့္ အနုပါန ျဖင့္ေသာက္ရပါမည္။
 

နႏြင္းအျမစ္

          နႏြင္းကို ေရာဂါအေျခအေနအားလံုးတြင္ အသံုးျပဳႏိုင္၏။ေျမဇာျမက္၊ျမင္းစာျမက္
          သည္းေျခသလိပ္ေဒါသကို ျငိမ္းေစ၏။အဖ်ားေရာဂါ၊ေသြးမသန္ ့ေရာဂါ၊ဆီးခ်ဳပ္ေရာဂါ

၊ေသြးအားနည္းေရာဂါ၊အသည္းေရာဂါ၊ေရဖ်ဥ္းေရာဂါ၊တို ့ကိုပယ္ေဖ်ာက္ႏိုင္၏။


ေျမဇာျမက္


ေျမဇာျမက္တြင္ ငရုတ္ေကာင္း၊အနည္းငယ္ထည့္ႀကိတ္ျပီး ေသာက္ပါက ဆီးရႊင္ျပီး အသည္းေရဖ်ဥ္း

 စသည့္ ခႏၶာကိုယ္တြင္း ေဖာေရာက္သည့္ အဂၤါအစ္ိတ္အပိုင္းမ်ား အေရာင္က်ဆင္းေစႏိုင္၏။
 

ႀကိတ္မွန္ပင္

          ႀကိတ္မွန္သည္ ေသြးကို ေႀကက်က္ရာတြင္လည္းေကာင္း၊ဓါတ္တို ့ကိုေျပာင္းလဲေစရာတြင္

၄င္း၊ပိုးကိုသတ္ရာတြင္လည္းေကာင္း၊အဆိပ္တို ့ကို ေျပေပ်ာက္ေစရာတြင္လည္းေကာင္း
၊ေလသလိပ္တုိ ့ကို ႏိုင္နင္းရာတြင္လည္းေကာင္းအသက္ရွည္ေစရာတြင္လည္းေကာင္မီးယပ္၊

သားအိမ္၊ေသြးေရာဂါတုိ ့တြင္လည္းေကာင္း ေကာင္းစြာပယ္ေဖ်ာက္ေစႏိုင္၏။

အသည္းႏွင့္အဖ်ဥ္းဆိုင္ရာ ႀကိတ္မွန္ရြက္ ရသာယနေဆးနည္း

အျမစ္ႏွင့္တကြေသာ ႀကိတ္မွန္ပင္
ဆီးျဖဴသီး
ႀကစုသီး
သစ္ဆိမ့္သီး
တို့ကို အညီအမွ်စီ ယူ၍ သႀကားခဲကို ေဆး၏ ၂ ဆယူျပီး အမႈန္ ့ျပဳပါက တစ္ႀကိ္မ္လွ်င္

 ေဆး ၅မတ္သားတစ္ေန ့၃ ႀကိမ္ မွီ-၀ဲပါ။အသည္းအစာေျခအဂၤါစုဆိုင္ရာ ေရာဂါမ်ား

သာမက အခ်ိန္အခါ သို ့မေရာက္ေသးဘဲ ေရာဂါေႀကာင့္ကာ မေသႏိုင္ျခင္းျဖစ္ရ၏။ 


ဆီးျဖဴသီး

          ဆီးျဖဴသီးသည္အသီးတကာ ့အသီးထဲတြင္ထူးျခားေသာအသီးျဖစ္၏။ေဒါသသံုးပါးလံုုး

ကုိႏိုင္“၏။အစာကိုေႀကက်က္လြယ္ေစ၏။၀မ္းမီးကိုေတာက္ေစ၏။၀မ္းေရာဂါ၊အစာေျခခ်က္မႈဆိုင္ရာ

 အဂၤါမ်ား၊အသည္းေရာဂါတို ့ကို ပယ္ေဖ်ာက္ေစႏိုင္၏။

          ေသြးကိုျဖစ္ေစ“၏။ေသြးတြင္၀င္စိုက္၍ငုပ္ေနေသာသည္းေျခေဒါသအပူကိုလည္း

 ျငိမ္းေစႏိုင္၏။ေသြးတြင္၀င္ေရာက္ေနေသာ သလိပ္၊ေဒါသ ျဖစ္သည့္ မေႀကက်က္ေသးေသာ

 ေသြးကိုလည္းပယ္ႏိုင္၏။၀မ္းမီးကိုလည္းထူးျခားစြာ ေတာက္ပေစ၏။သမ၀မ္းမီးကို ျဖစ္ေစ၏။

သည္းေျခေဒါသအပူကို ျငိမ္းႏိုင္၏။ေအးေစ၏။အညစ္အေႀကးကို သုတ္သင္တတ္“၏။၄င္း၏

 ေအးေသာ စြမ္းရည္သတၱိေႀကာင့္ ေသြးပူကို ႏိုင္၏။ေသြးအညစ္အေႀကးမ်ားကို သုတ္
 
သင္ရွင္းလင္းျပီး အားကိုလည္း ျဖစ္ေစ၏။-၀မ္းကို ခ်ဳပ္ေစ၏။



ႏြယ္ခ်ိဳျမစ္

          ႏြယ္ခ်ိဳသည္ ရိုးရာေဆးပညာတြင္ အသည္းေရာဂါအတြက္ ေရွးႏွစ္ေပါင္း

 ေထာင္ခ်ီကတည္းကအဓိကထားသံုးစြဲခဲ့သည့္ရုကၡပစၥည္းျဖစ္၏။အသံုးျပဳရာတြင္အျမစ္ကို

အသံုးျပဳ“၏။ခ်ိဳ၏။ေအး“၏။ေလသည္းေျခေဒါသ ႏွစ္ပါးျပဳိင္သည့္ ေရာဂါကို ႏိုင္၏။ အသည္း

၊အစာေျခအဂၤါစုဆိုင္ရာေရာဂါမ်ား၊အနာေပါက္ေရာဂါ၊အဆိပ္ႏွင့္ပတ္သက္ေသာေရာဂါ၊

ခယရုဂ္၊ေသြးအန္ေသြးက်ေရာဂါ။အသည္းေရာင္ဗိုင္းရပ္စ္ေရာဂါ၊ကိုယ္တြင္အဂၤါမ်ားေရာင္

ရမ္းသည့္ေရာဂါတုိ ့တြင္ ေကာင္းစြာအသံုးျပဳႏိုင္ပါသည္။

အသည္းႏွင့္ပတ္သက္ေသာ ထူးျခားခ်က္မွာအသည္းတြင္က်ေရာက္မည့္ 

အဆိပ္အေတာက္ ေဒါသမ်ားကို ေကာင္းစြာ ကာကြယ္ႏိုင္ျခင္းျဖစ္ပါသည္။



အသည္းေရာက္ေရာဂါအတြက္ ႏြယ္ခ်ိဳေဆးနည္း 
နြယ္ခ်ိဳ                     ၁၀ က်ပ္သား
ေဆာင္ေမခါး             ၁၀ က်ပ္သား

 တစ္ႀကိမ္ ၅ ပဲသား ေရေႏြးႏွင့္ တစ္ေန ့ ၃ ႀကိမ္ေသာက္ပါ။


ေျမဇီးျဖဴပင္

          အသည္းေရာင္အသား၀ါ ေရာဂါတုိ ့အတြက္အစြမ္းထက္သည့္ဆီးသက္

ဆင္းေစေသာ ေဆး၀ါးမ်ိဳးျဖစ္၏။အထူးသျဖင့္ အသား၀ါေရာဂါ၊ကာမလာ၊ကုမၻကာမ

လာေရာဂါတုိ ့တြင္အသံုးျပဳ၏။ထို ့အျပင္ ေျမဆီးျဖဴသည္ ေရာင္တင္းမႈကိုလည္း ေလ်ာ့

က်ေစ၏။နာက်င္ကိုက္ခဲမႈကိုလည္း သက္သာေစ၏။အထူးသျဖင့္ အႏွစ္ဆီကို သံုးပါ

။ေျမဆီးျဖဴသည္ အစာစားလိုစိတ္ျဖစ္၏။

အဆိပ္ေဒါသ ကို ေျခဖ်က္ေပးရသည္မွာအဂၤါတုိ ့မွာ အသည္းႏွင့္ေက်ာက္ကပ္တုိ ့ျဖစ္၏

။ေျမဆီးျဖဴသည္ အဆုိပါအဂၤါမ်ားအား အဆိပ္၏ဒဏ္တုိ ့မွကာကြယ္ေပး၏။


မုန္လာဥျဖဴ(အျမစ္၊အေစ့)

          မုန္လာဥသည္ အႀကီးအေသး ၂ မ်ိဳးရွိ၏။၂မ်ိဳးစလံုးပင္ ေဆးဖက္၀င္၏

။ေႀကက်က္လြယ္၏။ထက္ျမက္၏။၀မ္းမီးေတာက္၏။ဆီး၀မ္းရႊင္ေစ၏။ေဒါသသံုးပါးလံဳး

ကိုႏိုင္သျဖင့္ဇရာကိုဆန္ ့က်င္တားဆီးႏိုင္၏။ကိုယ္ခံအားစနစ္ကို ျမင့္မားေစ၏။

အသည္းေရာဂါ၊အသည္းေရာင္အသား၀ါတုိ ့ကိုပယ္ေဖ်ာက္ႏိုင္စြမ္း၏။အေကာင္းဆံုး

ဘက္တီးရီးယားပုိးသတ္ေဆးလည္းျဖစ္၏။


ဆူးပန္းလံုး(အေစ့)

          ဆူးပန္းလံုးသည္ ယေန ့ကမၻာရိုးရာေဆးပညာေလာကတြင္ အသည္းေရာင္ေရာဂါႏွင့္

ပတ္သက္၍နာမည္အႀကီးဆံုးရုကၡမူလျဖစ္သည္။၄င္းသည္အသည္းေရာဂါအမ်ိဳးမိ်ဳးႏွင့္

အသည္းေရာင္ဗိုင္းရပ္စ္ပိုးေရာဂါတုိ ့အတြက္ထိေရာက္ေသာ အာနိသင္ရွိ၏။အႏွစ္ဆီကို

 ျဖစ္ေစ၊အေစ့မွ ထုတ္ထားေသာ ေဆးေတာင့္ကိုျဖစ္ေစ အသံုးျပဳႏိုင္၏။
 

ေဗာက္ေလာက္ညိဳ(အသီး၊အပင္)

          ေဗာက္ေလာက္ညိဳသည္ ရုကၡေဆးေလာကတြင္ ထူးျခားသည့္ ေဆးပင္ျဖစ္၏။

၄င္းသည္ ေဒါသသံုးပါးလံုးကုိ ႏိုင္၏။ကိုယ္တြင္းအဂၤါမ်ားေရာင္ျခင္း၊အသည္းေရာင္ျခင္း

၊ေရဖ်ဥး္ေရာဂါမ်ား။ပ်ိဳ ့အန္၊ႀကိဳ ့ထိုး၊ႏွလံုးေရာဂါမ်ားကို ပယ္ေဖ်ာက္ႏိုင္၏။၀မ္းပ်က္

၀မ္းေလွ်ာေရာဂါ၊ပုိင္လုိရီ၀မ္းေ၇ာဂါတို ့ကိုလည္းပယ္ေဖ်ာက္ေစႏိုင္၏။

အသည္းေရာင္ေရာဂါေဆးနည္း

          အပင္ပဥၥငါးပါးသတၱဳရည္ကုိ၁၀က်ပ္သားမွ၁၅က်ပ္သားအထိယူ၍မီးေႏြးေႏြးျဖင့္

 ႏွင္းဆီေရာင္ျဖစ္လာသည္အထိခ်က္ပါ။ထိုခ်က္ထားေသာ အရည္ကို အသည္းေ၇ာင္

ဗိုင္းရပ္ပိုးရွိသူအား တိုက္ေကၽြးပါက အလြန္အင္မတန္ပင္ ႏွစ္ကာလႀကာျမင့္စြာက

 ျဖစ္ေနေသာ နာတာရွည္အသည္းေရာင္ေရာဂါကိုပင္ ျဖစ္ေစကာမူ လ်င္ျမန္စြာ

 ပယ္ေဖ်ာက္ႏိုင္၏။
 

ေရဖ်ဥ္းေ၇ာဂါေဆးနည္း

          အပင္၏ အသီး။အရြက္၊အကိုင္းအခက္မ်ားကို သတၱဳရည္ထုတ္၍ ၂ ပဲသားမွ ၈ ပဲသားအထိ

တစ္ေန ့တစ္ႀကိိမ္သို ့ႏွစ္ႀကိမ္ အေျခအေနႀကည့္၍ တုိက္ခဲ ့ေသာ္ ေရဖ်ဥ္းေရာဂါႏွင့္အမ်ိဳးအစား 

မ်ားျပားစြာေသာ ႏွလံုးေရာဂါတုိ ့ကိုပယ္ေဖ်ာက္ေစႏိုင္၏။
 

အေမႊးအႀကိဳင္မ်ား

          အေမႊးအႀကိဳင္ပစၥည္းမ်ားတြင္ငရုတ္သီး၊ငရုတ္ေကာင္း၊သစ္ႀကံပိုး၊ဇီယာ၊ဖာလာ

၊ပဲနံသာ၊ခ်င္း၊မုန္းညွင္းေစ့နႏြင္း စသည္တုိ ့ပါ၀င္၏။
 
          အေမႊးအႀကိဳင္တုိ ့သည္ အသည္း၏ လုပ္ငန္းေဆာင္တာတာ၀န္ထမ္းေထာင္မႈကို


ပံုမွန္ျဖစ္ေစ၏။အသည္းေရာင္ဗိုင္းရပ္စ္ပိုးမ်ားအေပၚတြင္လည္း လႊမ္းမိုးႏိုင္၏။


ဆင္တံုးမႏြယ္

          အသက္ရွည္ေဆး၊ရသာယနေဆး၊ကိုယ္ခံစြမ္းအားျမွင္တင္ေဆးအျဖစ္ တြင္က်ယ္စြာ

 အသံုးျပဳႀက၏။ပါစက ေတေဇာကို အားေကာင္းေစ၏။ကိုယ္ခံစြမ္းအားဓါတ္မီးကိုလည္း 

တိုးတက္ေစႏိုင္၏။အသည္းေ၇ာဂါကိုလည္းေကာင္း၊ကိုယ္ေရ၀ါေရာဂါ၊ေသြးေဒါသနာ

၊ေသြးမတည့္ေသာေရာဂါ၊အဆိပ္အေတာက္ေရာဂါ၊ကိုယ္တြင္းအဂၤါေရာင္ရမ္းမႈကိုလည္းေကာင္း

အသည္းေရာင္ဗိုင္းရပ္စ္ပိုးတုိ ့ကိုလညး္ေကာင္း အထူးဖယ္ရွားႏိုင္ပါသည္။ေဒါသသံုးပါး

ကိုလည္း နိုင္နင္းသည္။ေဆးပစၥည္းတုိ ့တြင္ ေဒါသသံုးပါးႏိုင္ေသာ ေဆးပင္သည္ အစြမ္းအာနိသင္

ရွိ၏။





ဦးဆက္ထြန္းလင္း(အာယုေဗၺဒ)----အသည္းႏွင့္ဆိုင္ေသာေရာဂါ စာအုပ္မွေကာက္ႏုတ္ခ်က္

ျမတ္ဗုဒၶ၏ ၀ိပႆနာ (ေက်ာက္အိုင္ေတာရ)


Posted by Khin Win on Thursday, May 28, 2015