Facebook Page

Saturday, December 14, 2013

မအို မနာ မသေ ရဿယနဆေး

          ဒီနေ့ ညနေပိုင်း ဆေးကျမ်းစာအုပ် တစ်အုပ် ဖတ်ရှူရင်းနဲ့ ကျနော်တို့ အရွယ်
 အသက် ၄၀ မှ အသက် ကြီးပိုင်း သေသည့်တိုင်းအောင် နေ့ စဉ် စွဲမြဲသောက်သုံးသင့်တဲ့ ရဿယနဆေးနည်းတစ်ခုကို အမှတ်မထင် ဖတ်ရှူ လိုက်ရတာနဲ့  ကျန်းမာရေးလိုက်စား
သူများအတွက် ရည်ရွယ်ပြီး ရေးသား တင်ပြပေးလိုက်ရပါတယ်။

          အသက်ရှည်ပင် အပင် ၃ မျိုး ကို အသုံးချရမှာဖြစ်ပါတယ်။

၁.     အမြဲတမ်း နုပျိုလန်းဆန်း၍ မည်သည့် အခါတွင်မှ မအိုသော ဆေးပင် အုန္နဲပင်
၂.     မည်သည့် အခါတွင်မှ ပိုးမကိုက်ပဲ အပင်ရောဂါမျိုးများ မကျရောက်တတ်သည့်
        ငုပင်
၃.     ဘယ်လိုပင်သတ်သတ် မသေသောအပင်၊ ပင်စည်တစ်ထွာတစ်မိုက် ကျန်ရုံ မျှပင်
         အပင်သစ် အသက်သစ် တစ်ဖန် ဖြစ်စေနိုင်သည့် ဆင်တုန်းမနွယ်ပင်

 ဒီသုံးမျိုးကို အသုံးချရမှာ ဖြစ်ပါတယ်။

        အဆိုပါ မအိုသော၊ မနာသော၊ မသေသော ထူးခြားလှတဲ့ အစွမ်းသတ္တိ ၃ မျိုးကို
 ပေါင်းစပ်လိုက်တဲ့အခါမှာ ကြီးမားတဲ့စွမ်းအင်တစ်မျိုး ပေါ်ထွက်လာပါတယ်။ ရုက္ခလောက
မှ ရရှိတဲ့ စွမ်းအင်သစ်ကို   ကျနော်တို့ လူသားရဲ့  ဇီဝခန္ဓာအတွင်းဓာတ်နဲ့   ကူးပြောင်း
ဆက်စပ်ပေးလိုက်တဲ့ အခါမှာ လူသားတွေရဲ့ ခန္ဓာကိုယ်တွင်းမှာ မအို၊ မနာ၊ မသေ တဲ့ 
အမတ သတ္တိ ထူးများ ကိန်းအောင်းလာ မှာဖြစ်ပါတယ်။ရောဂါကျရောက်ပြီး အသေ ဆိုးမျိုးမဖြစ်နိုင်တာကို ပြောခြင်းဖြစ်ပါတယ်။

၁.     အုန္နဲအမြစ်ခေါက်
၂.     ငုသီး(အနှစ်)
၃.     ဆင်တုန်းမနွယ်(နွယ်ရိုး)

တို့ ကို ဆတူယူပါ။အမှုန့် ကြိတ်ပြီး ပန်းပေါင်းစုံ အဆီအနှစ် ဖြစ်တဲ့ သဘာဝ
ပျားရည်စစ်စစ်ဖြင့် ရောတေပြီး မကျည်းစေ့ အရွယ် အလုံးများလုံးကာ နေရိပ်မှာ
 သွေ့ အောင်လှန်ရပါမယ်။လေလုံတဲ့ ဖန်ပုလင်းထဲ ထည့်သိမ်းပေးပါ။နံနက် ၂ လုံး
 ညနေ ၂ လုံး ပုံမှန်သောက်ပေးပါ။နေ့ စဉ်သောက်ပေးရပါမယ်။အသက် ၄၀ အရွယ်မှ စတင်ပြီး သောက်ပေးပါ။တစ်နှစ် ထက် တစ်နှစ် ထူးခြားသော စွမ်းအင် သတ္တိများ မိမိ
 ခန္ဓာကိုယ် အတွင်းမှာ စီးဝင်လာကြောင်း ခံစားသိရှိကြရပါလိမ့်မယ်။ဤဆေးတော်
ကြီးအစွမ်းမှာ သွေးတိုး၊ နှလုံး၊ လေငန်း၊ ဆီးချို၊ သွေးချို စတဲ့ ရောဂါဆိုးကြီးများ
အားကြိုတင်ကာကွယ် တားဆီးနိုင်ရုံမျှ မကပဲ ရောဂါဖြစ်နေပါက ပျောက်ကင်းသွားစေခြင်း
အကျိုးအပြင် မအို၊ မနာ၊ မသေတဲ့ အကျိုးရလာဘ် ကောင်းများ ရရှိလာမှာ  ဖြစ်ပါတယ်တဲ့ ခင်ဗျား..............

ဆရာဦးဆက်ထွန်းလင်းရေးသားသော
ဇရာဗေဒနှင့် သက်ရှည်နုပျိုမှုဆိုင်ရာ ရဿယနဆေးပညာ စာအုပ်မှ
ကောက်နုတ်ဖော်ပြအပ်ပါသည်။

Wednesday, December 11, 2013

ရင်ဘတ်ထဲက ယင်လတ်

ရင်ဘတ်ထဲက ယင်လတ်
==============
မငိုလိုက်ပါနဲ့ ယင်လတ်...
အမြင်ကတ်တဲ့သူတွေ အလိုကျ
ငိုမပြလိုက်ပါနဲ့ ယင်လတ်...။
ယင်လတ်ရဲ့ ရင်ဘတ်ထဲက
မြင့်မြတ်တဲ့ နှလုံးသားဟာ
ဘယ်တော့မှ အရှုံးသမား မဖြစ်ဘူးလေ...။
ထိုင်းနိုင်ငံ ပုံရိပ်လှဖို့
စုံမှိတ်ပြီး ဆုံးဖြတ်
အရှုံးအမြတ်မတွက်တဲ့ စိတ်ဓါတ်
သိပ်မြတ်လှပါတယ် ယင်လတ်...။
ရာထူးကို မခွာဘူးဆိုတဲ့
အာဏာရူးတွေထဲ မပါဝင်
ကမ္ဘာမှာ စာတင်လောက်ပါရဲ့
ရာဇ၀င်လှတဲ့ မိန်းမသား...။
ထိန်းထားလိုက်ပါ...
စိမ်းကားသူတွေ အလိုကျ
ကြိမ်းဝါးသူတွေ အလိုကျ
ငိုမပြလိုက်ပါနဲ့ ယင်လတ်...
အစဉ်မတ်နေတဲ့ စိတ်ဓါတ်က
ကြိတ်ဖတ်မှ မဟုတ်ပဲလေ...။ ။
____________________
(မင်းတံခွန်) (11-12-2013)
{ဓါတ်ပုံကြည့်ကာ၊ ခံစားပါ၍၊ ကဗျာတစ်ပုဒ်၊ ကျွန်ုပ်ရေးသည်}
‪#‎Aye‬ Chan Mon မေတ္တာဖြင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်
Credit To :မင်းတံခွန်
ရင်ဘတ်ထဲက ယင်လတ်
==============
မငိုလိုက်ပါနဲ့ ယင်လတ်...
အမြင်ကတ်တဲ့သူတွေ အလိုကျ
ငိုမပြလိုက်ပါနဲ့ ယင်လတ်...။

ယင်လတ်ရဲ့ ရင်ဘတ်ထဲက
မြင့်မြတ်တဲ့ နှလုံးသားဟာ
ဘယ်တော့မှ အရှုံးသမား မဖြစ်ဘူးလေ...။

ထိုင်းနိုင်ငံ ပုံရိပ်လှဖို့
စုံမှိတ်ပြီး ဆုံးဖြတ်
အရှုံးအမြတ်မတွက်တဲ့ စိတ်ဓါတ်
သိပ်မြတ်လှပါတယ် ယင်လတ်...။

ရာထူးကို မခွာဘူးဆိုတဲ့
အာဏာရူးတွေထဲ မပါဝင်
ကမ္ဘာမှာ စာတင်လောက်ပါရဲ့
ရာဇ၀င်လှတဲ့ မိန်းမသား...။

ထိန်းထားလိုက်ပါ...
စိမ်းကားသူတွေ အလိုကျ
ကြိမ်းဝါးသူတွေ အလိုကျ
ငိုမပြလိုက်ပါနဲ့ ယင်လတ်...
အစဉ်မတ်နေတဲ့ စိတ်ဓါတ်က
ကြိတ်ဖတ်မှ မဟုတ်ပဲလေ...။ ။
____________________
(မင်းတံခွန်) (11-12-2013)
{ဓါတ်ပုံကြည့်ကာ၊ ခံစားပါ၍၊ ကဗျာတစ်ပုဒ်၊ ကျွန်ုပ်ရေးသည်}
#Aye Chan Mon  မေတ္တာဖြင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်

Credit To :မင်းတံခွန်

Tuesday, December 10, 2013

ကျန်းမာသက်ရှည်ရေးအတွက် ဥတုအလိုက် ရှောင်ကြည်လိုက်နာရန် အချက်များ

သက်ရှည်ကျန်းမာ အသေသက်သာလိုသော ပုဂ္ဂိုလ်သည်

၁။       ဥတုကို အထူးဂရုစိုက်ရမည်။
၂။       အာဟာရကို ပြုပြင်ပေးရမည်။
၃။       ကမ္မခေါ် အပြုအမှုအနေအထိုင်တို့ ကို ဆင်ခြင်ရမည်။

နွေဥတုတွင်

၁။       ရေအေးချိုးပါ။ ရေအေးဖတ်ကို တိုက်ပါ။(နံနက် ၉ နာရီ ရေချိုးသင့်သည်)

၂။       ညဥ့်နက်သန်းခေါင် အအေးခံ၍ မနေရ။

၃။       လေတိုက်ခံပြီး ညမအိပ်ရ။

၎။       အပူဓါတ်များရှိနေရာမှ ချက်ခြင်းအအေးမခံရ။

၅။       နေပူမှပြန်လာပြီး ချက်ခြင်းအအေးခံခြင်း၊ ရေချိုးခြင်း မပြုရ။

၆။       ထီး၊ဖိနပ် မပါဘဲ လမ်းမထွက်ရ။

၇။       ညအိပ်ခါနီးတွင် ခြေဆေး၍ ခြေထောက်နွေးအောင် ပြုလုပ်ပေးရမည်။

၈။       အပင်ပန်းခံပြီး လှုပ်ရှားမှု မပြုလုပ်ရ။

၉။       ၀မ်းလည်းမပျက်စေဘဲ၊အခိုးလည်းထွက်စေသော ဆေးကို အနည်းငယ် စားပေးရမည်။

၁၀။     ပူစပ်ခါးငန်ချဉ် တဖက်သက်လွန် အစာများကို မစားရ။

၁၁။     အေး၊ချို၊ဆိမ့်၊ဖန် ၊ချွဲ တဖက်သက်လွန် အစာများကို မစားရ။

၁၂။     ဒိန်ချဉ်၊သြဇာသီး၊မှည့်လွန်းသော အသီး၊မုန့် ဟင်းခါး၊အုန်းနို့ ၊ချဉ်ပေါင်၊ရုံးပတီသီး၊ဖရဲသီး၊ပိန္နဲသီး၊
          ကနစိုသီးများကို မစားရ။(၀မ်းမီး ပျက်သွားတတ်၏)

၁၃။     ရေခဲ၊ရေခဲရည်၊ရေခဲပါသော အစားအစာများမစားရ၊

၁၄။     ငရုတ်သီးစပ်စပ် အစာများ (ရှောက်သီးသုပ်၊ငရုတ်သီး၊စပ်လွန်းသော )များကို ရှောင်ရမည်။

၁၅။     ရေကို ကျိုချက်၍ အအေးခံ ပြီးသောက်ပါ။





မိုးဥတုတွင်

၁။       နံနက် ၇ နာရီ ရေချိုးပါ။

၂။       မိုးရွာခြင်း၊လေတိုက်ခြင်းများရှိနေလျှင် ရေနွေးဖြင့် စပ်၍ လေလုံလုံတွင် ရေချိုးပါ။

၃။       မိုးစိုနေသော အ၀တ်ကို ၀တ်မထားရ၊လဲလှယ်ပစ်ရမည်။

၎။       ထီး၊ဖိနပ်၊မိုးကာမပါပဲ လမ်းမထွက်ရ။

၅။       ၀မ်းနူးစားများ၊ဘဲသား၊၀က်သား၊အမှည်လွန်သော အသီးများ၊ဖျော်ရည်များ မစားသောက်ရ၊

၆။       ထမင်းဟင်းကို ပူပူနွေးနွေးစားပါ။

၇။       ရေအေးမသောက်ရ။ရေနွေးကြမ်းသောက်ပါ။

၈။       တစ်ဖက်သက်အပူလွန် အစပ်လွန်သော အစားအစာများ မစားရ၊

၉။       ငရုတ်သီး၊ငရုတ်ကောင်း၊ကြက်သွန်ဖြူ ၊ချင်းတို့ ကို အနည်းငယ်စားပါ။

၁၀။     ၀မ်းမီးကို အားနည်း၊ပျက်စီးစေသည့် လက်လုပ်ချဉ်များ ကြေကျက်ခဲသော အစာများ (ကောက်ညှင်း၊အုန်းနို့  မစားရ)

၁၁။     ရေခဲ။ရေခဲရည်၊ရေခဲပါသော အစာများလုံးဝမစားသင့်ပါ။

၁၂။     အခါးအရသာကို ကဲ၍ စားပါ။

၁၃။     ချဉ်ပေါင်၊ရုံးပတီသီးစသည်တို့ ကို ဆင်ခြင်၍စားပါ။

၁၄။     လက်လုပ်ချဉ်များနှင့် အစပ်များကို ဆင်ခြင်၍စားသောက်ပါ။

၁၅။     ဟင်းချို၊ဟင်းခါး၊ရေနွေးကြမ်း ပူပူနွေးနွေးသောက်ပါ။














ဆောင်းဥတုတွင်

၁။       နံနက် ၁၀ နာရီထက်စော၍ ရေမချိုးပါနှင့်

၂။       မချိုးမဖြစ်၍ချိုးရလျှင် ရေနွေးနှင့်စပ်၍ လေလုံလုံတွင် ချိုးပါ။

၃။       ၀မ်းအချုပ်မခံရ(နူးညံသော ၀မ်းသက်ဆေးကို စားပါ။

၎။       အခိုးငုပ်သည့်အစာများ (ဒိန်ချဉ်ကို မစားရ)

၅။       ချဉ်၊ငန်၊ပူ၊စပ်များစားပါ(သို့ သော် တစ်ဖက်သတ်အလွန်အကျွံမစားရ)

၆။       ဘဲသား၊၀က်သား၊ကောက်ညှင်း၊အုန်းနို့ ၊မြေပဲများစားပါ။

၇။       ချိုချဉ်အရသာရှိသော သစ်သီးများ၊ဖျော်ရည်များစားသောက်ပါ
၈။       အအေးဓါတ်ကို လိုသည်ထက်ပို၍ မခံရ၊

၉။       ညဘက်တွင် ညနွေးထွေးစွာ နေရမည်။

၁၀။     နှင်းကျသော နေရာတွင် ခေါင်းအုံး၊အအုပ်မပါဘဲ မသွားရ၊မနားရ
၁၁။     ဟင်းချို(ကင်ပွန်းချဉ်)များစားသောက်ပါ
၁၂။     ညဘက်တွင် ပူနွေးသည့်အရည်များကို သောက်ပါ။(ရေနွေးကြမ်း၊ကော်ဖီ)

၁၃။     ရသာ ၆ပါးတွင် အချဉ်အရသာကို အနည်းငယ်ကဲ၍ စားပေးပါ။

၁၄။     ချွေးနည်းသည့်ကာလဖြစ်၍ လိုအပ်ပါက ကာယလှုပ်ရှားမှု ပြုလုပ်ပါ။



၁၅။     ဆီးများများသွားခြင်းကို မဟန့် တားရ။

             နွေ၊မိုး၊ဆောင်း ဥတုသုံးလီ တွင် အထက်ပါ အချက်များကို တတ်နိုင်သလောက်
ပြုလုပ်ပေးသွားပါက သက်ရှည်ကျန်းမာရေးအတွက် အထောက်အကူပြုပါလိမ့်မယ်။

ဆရာဦးဆက်ထွန်းလင်းရေးသားသော 
ဇရာဗေဒနှင့် သက်ရှည်နုပျိုမှု ဆိုင်ရာရဿယနဆေးပညာ

အလိုလို ဦးညွှတ်မိတဲ့နေ့...

ယင်လတ်
ဗိုလ်ချုပ်အောင်ဆန်းနဲ့ နိုင်ငံတော်အလံကိုသာ
ဦးညွှတ်ခဲ့ဖူးတဲ့ ငါ့ဦးခေါင်းက
မင်းကို
အလိုလို ဦးညွှတ်မိပါရဲ့။
မင်းဟာ အာရှမှာ
စံနမူနာကောင်း ပေးသွားခဲ့တယ်။
ရွေးကောက်ပွဲမှာ ပြန်ဝင်ရင်လည်း
နိုင်မှာသိရက်နဲ့
ဝင်မရွေးတော့ဖူးလို့ ပြောသွားတယ်။
ထိုင်းနိုင်ငံရဲ့ ပုံရိပ်လှဖို့
ကျွန်မဆင်းပေးပါမယ် ဆိုတဲ့
သမိုင်းဝင်စကား မင်းပြောသွားတယ်။
မင်းအဖြစ်ကို
ကဒါဖီ တွေ့မသွားဘူး။
ဆတ်ဒန်ဟူစိန်တွေ့မသွားဘူး။
အာရှရဲ့ စံပြအဖြစ်
သမိုင်းတွင်ကျန်ရစ်ခဲ့မှာပါ။
စစ်ဗိုလ်ချုပ်တွေဆိုတဲ့
ယောက်ျားရင့်မကြီးတွေတောင်
မစွန့်လွတ်နိုင်တဲ့ အလုပ်
မင်းလုပ်ပြသွားခဲ့တယ်။
ဒီနေ့ဟာ
စွန့်လွှတ်ခြင်းအလှကြောင့်
မင်း ပိုလှလာတဲ့နေ့.......
ငါ့ဦးခေါင်း
အလိုလို ဦးညွှတ်မိတဲ့နေ့....
လူသားတစ်ယောက်ရဲ့ အဓိပ္ဗါယ်
ပိုမိုပြည့်စုံတဲ့နေ့.......
မင်းကြောင့်
ငါတို့နိုင်ငံက ခေါင်းဆောင်တစ်ချို့
အရှက်ရတဲ့နေ့.......။ ။

ထိုင်း ဝန် ကြီး ချုပ် ဒီ နေ့ ပြော စ ကား
ရွေး ကောက် ပွဲ ကို ဖေ ဖေါ် ဝါ ရီ ၂ ရက်
မှာ ကျင်း ပ ပေး ပါ မယ်။ပြည် သူ တွေ
က ကျွန် မ ကို မ ကြိုက် တော့ လို့ ကျွန် မ
ဝင် အ ရွေး ခံ မှာ လည်း မ ဟုတ် ပါ ဘူး
ကျွန် မ ကြောင့် နိုင် ငံ နဲ့ ပြည် သူ တွေ
ပူ ဆွေး ဒုက္ခ ရောက် မှာ မ လို လား ပါ
ဘူး။

ယင် လပ်(ထိုင်း ဝန် ကြီး ချုပ်)
km

အေးချမ်းမွန် Credit To > မင်းမြန်မာ < Thank https://www.facebook.com/excellencemedia
credit to :https://www.facebook.com/myint.htun.5

မြတ်ဗုဒ္ဓ၏ ၀ိပဿနာ (ကျောက်အိုင်တောရ)


Posted by Khin Win on Thursday, May 28, 2015