Facebook Page
Friday, January 11, 2013
ဆီးရောဂါ ၊ သွေးအန်သွေးလျှံရောဂါ၊ အသည်းရောင်ရောဂါ စသည့် ရတ္တပိတ်ရောဂါ တို့ ကို ပျောက်ကင်းစေသည့် ကြက်သားနှင့် ကျောက်ဖရုံသီးချဉ်ဟင်း
     ဆီးရောဂါ ၊ သွေးအန်သွေးလျှံရောဂါ၊ အသည်းရောင်ရောဂါ စသည့် 
             ရတ္တပိတ်ရောဂါ တို့ ကို ပျောက်ကင်းစေသည့်
                 ကြက်သားနှင့် ကျောက်ဖရုံသီးချဉ်ဟင်း
          ကျောက်ဖရုံသီး ဟာ ရိုးရာဆေးပညာမှာ  အလွန်ထူးခြားတဲ့    အသီးဖြစ်ပါတယ်။
ပတ်ဝန်းကျင်တွေမှာ လေထုညစ်ညမ်းတဲ့ အခါ၊ မကောင်းသော အနံ့ အသက်များ လွမ်းမိုး
လာတဲ့ အခါ ၊ ထိုနေရာတွေမှာ ကျောက်ဖရုံသီးကို ထားတတ်ကြပါတယ်။ထိုပတ်ဝန်းကျင်မှာ
ရှိတဲ့ မကောင်းတဲ့ အနံ့ အသက်အပုပ်နံ့ တွေကို အသီးက စုပ်ယူပါတယ်။နာရေးကိစ္စတွေမှာ 
လူသေမှ အပုပ်န့ံဆိုးပါက ကျောက်ဖရုံသီးကို အသုံးပြုကြပါတယ်။ထွက်သမျှ   အပုပ်န့ံကို
 ကျောက်ဖရုံသီးက နိုင်နင်းစွာစုပ်ယူလိုက်လို့ ပတ်ဝန်းကျင်မှာ    အပုပ်နံ့ ကင်းသွားပါတယ်။
မွန်လူမျိုးတွေရဲ့ အိမ်ရှေ့ တွေမှာတော့ ချိတ်ထားပြီး မိုးကြိုးလွဲအဖြစ်အသုံးပြုတတ်ကြပါတယ်။
ဟိန္ဒူလူမျိုးတွေကတော့အိမ်ရှေ့ မှာ ကျောက်ဖရုံသီးကို ချိတ်ထားပြီးအိုးမည်းတို့ထားတတ်ကြ
ပါတယ်။  မကောင်းဆိုးရွာတွေ  ၀င်မလာစေရန် ၊  သူတစ်ပါး    မကောင်းမကြံစည် နိုင်ရန်၊
မကောင်းသော နိမိတ်၊အကုသိုလ် အရိပ်အယောင်များ ပပျောက်စေရန်အသုံးပြုကြပါတယ်။
          ထို့ ကြောင့် ကျောက်ဖရုံသီးမှာ နံစော်သည့် ဗဟိဒ္ဓမှ အပုပ်နံ့ စသည့်မကောင်းသော 
အနံ့ ဆိုးများကိုသာမကဘဲ၊  မကောင်းသည့်    ကုသိုလ်ဆိုးကျိုးများကိုပင်  စုပ်ယူပြေပျောက်
နိုင်စွမ်းကြောင်း တွေ့ ရှိရပါတယ်။
          ထို့ အပြင် ကျောက်ဖရုံသီးဟာလူသားရဲ့ ခန္ဓာကိုယ်မှာ နှစ်ရှည်လများကိန်းအောင်းနေတဲ့
 သွေးသည်းခြေတို့ ရဲ့ ငုပ်ခိုး၊ပုပ်ခိုးများကို ကောင်းစွာခြေဖျက်နိုင်တဲ့အပြင်ကိုယ်တွင်းရဲ့ ရောဂါပြီး
စနစ်  စွမ်းအားတွေကို   ကောင်းစွာ  တိုးတက်စေလို့   အခြားတစ်ပါးသော  ရောဂါဘယများ  
လွယ်ကူစွာမ၀င်ရောက်နိုင်တော့ဘဲ ရောဂါကိုကြိုတင်ကာကွယ်နိုင်နေပါတယ်။   အာယုဗ္ဗေဒ
 ဆေးကျမ်းများ  မှာကျောက်ဖရုံသီးကိုအေး၏၊  ချို၏၊  ဆီးကို  များစေ၏၊   သုက်ကို ပွားစေ၏။ 
ဝဖြိုးစေ၏။ ဆီးအိမ်ကို စင်ကြယ်စေ၏။  အားကိုဖြစ်စေ၏ ။နှလုံးကို  အကျိုးပြု၏။     ဆီးချုပ် ၊  ဆီးအောင့်၊ ကျောက်တည်ခြင်းတို့ကို နိုင်၏ ။လေနှင့် သည်းခြေဖောက်ပြန်ခြင်းကို နိုင်၏။
အသီးစိမ်းသည် အေး၏။ဓာတ် ၃ ပါးကို ဖြစ်စေ၏။အသီးမှည့် သည် အနည်းငယ်မျှအေး၏
။ဒေါသ၃ ပါးစလုံးကို နိုင်၏။ချောင်းဆိုးရောဂါ၊ပန်းနာရင်ကြပ်ရောဂါ၊သံပိုး၊   တုပ်ပိုးစသော
ရောဂါများကို ပျောက်ကင်းစေ၏။နိဃဏ္ဏုဆေးကျမ်းတို့ ၌ ဒေါသ ၃ပါးစလုံးကို နိုင်သော 
အပင်သည်အလွန်ရှားပါတယ်။နိုင်တဲ့ အပင်ကတော့ အလွန်ပင်အစွမ်းထက်မြက်ပါတယ်။
          ကျောက်ဖရုံသီးအစိမ်း မှာအာပေါဓာတ်ဦးဆောင်နေလို့ သလိပ်ဓာတ်အားကြီးပါတယ်
။ထိုအခါမှာ တေဇောနဲ့ အာပေါအားပြိုင်လို့ မီးနဲ့ ရေတွေ့ သလိုအခိုးပေါ်ပြီး  ၀ါယောဓာတ်ပါ
 ပြိုင်လာပါတယ်။ထိုအခါမှာ အပြစ်ပြုတဲ့ တေဇော၊၀ါယော၊အာပေါဓာတ်တွေဖြစ်လာပါတယ်။
အသီးရင့်မှည့်  လာချိန်မှာတော့   အာပေါဓာတ်  ဦးဆောင်မှု  နည်းသွားပြီး တေဇောဓာတ် ပိုဦးဆောင်လာပါတယ်။ဝါယောဓာတ်ဦးဆောင်မှုလည်းများလာပါတယ်။အသီးရဲ့ အသားကို
 ကြည့်ပါ။  အူတိုင်တွေ   ကြီးထွားလာပြီး အခေါင်း    ကျယ်လာခြင်း၊    အသားဖြူလာခြင်း တို့တွေ့ နိုင်ပါတယ်။အဲဒီအခါမှာ တေဇော၊၀ါယော၊အာပေါ တို့ ဟာအဖြူဓါတ်များဖြစ်လာပြီး 
 ဒေါသ ၃ ပါးကို နိုင်ခြင်းဖြစ်ပါတယ်။
          ထို့ ကြောင့် ကျောက်ဖရုံသီး ရင့် ဟာ မီးလွန် လေလွန် တေဇောလွန် ၀ါယောလွန် ၊
အပုပ်အခိုးလွန် စိတ်ရူးသွပ်သော ရောဂါများအတွက် ကျောက်ဖရုံသီးကိုဝက်သားနှင့်ချက်ပြီး ၀အောင်စားပါကစားပြီးတာနဲ့ အိပ်ပျော်ပါတယ်။အထက်သို့ တက်နေတဲ့ မီးလေ အပုပ်အခိုး တို့ ငြိမ်းသွားသောကြောင့်ဖြစ်ပါတယ်။
          ကြက်သားကတော့ လေကို နိုင်ပါတယ်။သုက်နှင့် သလိပ်ကို တိုးပွားစေပါတယ်။
ဂုဏ်အားဖြင့်တော့ ဆူ၏၊ပူ၏၊လူကို ၀စေနိုင်ပါတယ်။ခွန်အားကို ဖြစ်စေပါတယ်။
          ထို့ကြောင့် ကြက်သားနှင့် ကျောက်ဖရုံသီးဟာ အပူအအေး အတက်အသက်၊အဖွင့်
အပိတ်၊အပြည့်အဖျက် တို့ ညီမျှနေတဲ့ ကောင်းမွန်တဲ့ အာဟာရဓာတ်စာဖြစ်လို့ လူသားတွေ
ကို ကောင်းစွာ အကျိုးပြုမှာဖြစ်နေပါတယ်။
                    ကျောက်ဖရုံသီး နှင့် ကြက်သားချဉ်ရည်ဟင်း
၁။    ကျောက်ဖရုံသီး                         ၂    စိတ်
၂။     ကြက်သား(ကြက်တောင်ပံ)        ၁၀ ကျပ်သား
၃။     ငရုတ်သီး                                ၃ တောင့်
၎။     ကြက်သွန်နီ                             ၃ ဥ
၅။     ကြက်သွန်ဖြူ                            ၁ ဥ
၆။     ခရမ်းချဉ်သီး                            ၃ လုံး
၇။     မန်ကျည်းသီးမှည့်                        သင့်ရုံထည့်ပါ
၈။     ဆား၊ငံပြာရည်                         ၂ ကျပ် ၈ပဲသား
၉။     ဆီ                                       ၂ ကျပ် ၈ပဲသား
          ကျောက်ဖရုံသီးများကို အခွံနွာပြီး ပါးပါးလှီးထားပါ။ ကြက်သားကိုလည်းအရွယ်တော် 
အတုံးလေးများ တုံးထားပါ။ ဆား၊ငံပြာရည် နယ်ထားပါ။
 ကြက်တောင်ပံ ရိုးများကို ထည့်ပြီးလုံးလိုက်ပါ။ရေထည့်ပြီးဆူအောင် တည်ပေးပါ။ရေဆူပါ
သွားပါက ခ၇မ်းချဉ်သီး ကို  ဖဲ့ခြွေထည့်ပြီး  မန်းကျည်းမှည့် ရည်  လောင်းထည့်လိုက်ပါ။
 ပြီးရင်တော့ လွန်စွာခံတွင်းမြိန်မယ့် ဆေးဖက်ဝင်  ကျောက်ဖရုံသီး   ကြက်သားချည်ရည်
ဟင်းလျာကို စားသုံးနိုင်ပါပြီး။
ဇရာဗေဒ နှင့် သက်ရှည်နုပျိုမှုဆိုင်ရာ ရသာယန ဆေးပညာ(ဆရာဦးဆက်ထွန်းလင်း)
အာယုဗ္ဗေဒ
မှ ကောက်နုတ်ရေးသားထားပါသည်။
မြတ်ဗုဒ္ဓ၏ ၀ိပဿနာ (ကျောက်အိုင်တောရ)
Posted by Khin Win on Thursday, May 28, 2015