Facebook Page
Sunday, May 6, 2012
ကျန်းမာသက်ရှည်ရေးအတွက် ဥတုအလိုက် ရှောင်ကြည်လိုက်နာရန် အချက်များ
ကျန်းမာသက်ရှည်ရေးအတွက် ဥတုအလိုက် ရှောင်ကြည်လိုက်နာရန် အချက်များ
          သက်ရှည်ကျန်းမာ အသေသက်သာလိုသော ပုဂ္ဂိုလ်သည်
၁။       ဥတုကို အထူးဂရုစိုက်ရမည်။
၂။       အာဟာရကို ပြုပြင်ပေးရမည်။
၃။       ကမ္မခေါ် အပြုအမှုအနေအထိုင်တို ့ကို ဆင်ခြင်ရမည်။
နွေဥတုတွင်
၁။       ရေအေးချိုးပါ။ ရေအေးဖတ်ကို တိုက်ပါ။(နံနက် ၉ နာရီ ရေချိုးသင့်သည်)
၂။       ညဉ့်နက်သန်းခေါင် အအေးခံ၍ မနေရ။
၃။       လေတိုက်ခံပြီး ညမအိပ်ရ။
၄။       အပူဓါတ်များရှိနေရာမှ ချက်ခြင်းအအေးမခံရ။
၅။       နေပူမှပြန်လာပြီး ချက်ခြင်းအအေးခံခြင်း၊ ရေချိုးခြင်း မပြုရ။
၆။       ထီး၊ဖိနပ် မပါဘဲ လမ်းမထွက်ရ။
၇။       ညအိပ်ခါနီးတွင် ခြေဆေး၍ ခြေထောက်နွေးအောင် ပြုလုပ်ပေးရမည်။
၈။       အပင်ပန်းခံပြီး လှုပ်ရှားမှု မပြုလုပ်ရ။
၉။       ဝမ်းလည်းမပျက်စေဘဲ၊အခိုးလည်းထွက်စေသော ဆေးကို အနည်းငယ် စားပေးရမည်။
၁၀။     ပူစပ်ခါးငန်ချဉ် တဖက်သက်လွန် အစာများကို မစားရ။
၁၁။     အေး၊ချို၊ဆိမ့်၊ဖန် ၊ချွဲ တဖက်သက်လွန် အစာများကို မစားရ။
၁၂။     ဒိန်ချဉ်၊သြဇာသီး၊မှည့်လွန်းသော အသီး၊မုန် ့ဟင်းခါး၊အုန်းနို ့၊ချဉ်ပေါင်၊ရုံးပတီသီး၊ဖရဲသီး၊ပိန္နဲသီး၊
          ကနစိုသီးများကို မစားရ။(ဝမ်းမီး ပျက်သွားတတ်၏)
၁၃။     ရေခဲ၊ရေခဲရည်၊ရေခဲပါသော အစားအစာများမစားရ၊
၁၄။     ငရုတ်သီးစပ်စပ် အစာများ (ရှောက်သီးသုပ်၊ငရုတ်သီး၊စပ်လွန်းသော )များကို ရှောင်ရမည်။
၁၅။     ရေကို ကျိုချက်၍ အအေးခံ ပြီးသောက်ပါ။
မိုးဥတုတွင်
၁။       နံနက် ၇ နာရီ ရေချိုးပါ။
၂။       မိုးရွာခြင်း၊လေတိုက်ခြင်းများရှိနေလျှင် ရေနွေးဖြင့် စပ်၍ လေလုံလုံတွင် ရေချိုးပါ။
၃။       မိုးစိုနေသော အဝတ်ကို ဝတ်မထားရ၊လဲလှယ်ပစ်ရမည်။
၄။       ထီး၊ဖိနပ်၊မိုးကာမပါပဲ လမ်းမထွက်ရ။
၅။       ဝမ်းနူးစားများ၊ဘဲသား၊ဝက်သား၊အမှည်လွန်သော အသီးများ၊ဖျော်ရည်များ မစားသောက်ရ၊
၆။       ထမင်းဟင်းကို ပူပူနွေးနွေးစားပါ။
၇။       ရေအေးမသောက်ရ။ရေနွေးကြမ်းသောက်ပါ။
၈။       တစ်ဖက်သက်အပူလွန် အစပ်လွန်သော အစားအစာများ မစားရ၊
၉။       ငရုတ်သီး၊ငရုတ်ကောင်း၊ကြက်သွန်ဖြူ ၊ချင်းတို ့ကို အနည်းငယ်စားပါ။
၁၀။     ဝမ်းမီးကို အားနည်း၊ပျက်စီးစေသည့် လက်လုပ်ချဉ်များ ကြေကျက်ခဲသော အစာများ (ကောက်ညှင်း၊အုန်းနို ့
          မစားရ)
၁၁။     ရေခဲ။ရေခဲရည်၊ရေခဲပါသော အစာများလုံးဝမစားသင့်ပါ။
၁၂။     အခါးအရသာကို ကဲ၍ စားပါ။
၁၃။     ချဉ်ပေါင်၊ရုံးပတီသီးစသည်တို ့ကို ဆင်ခြင်၍စားပါ။
၁၄။     လက်လုပ်ချဉ်များနှင့် အစပ်များကို ဆင်ခြင်၍စားသောက်ပါ။
၁၅။     ဟင်းချို၊ဟင်းခါး၊ရေနွေးကြမ်း ပူပူနွေးနွေးသောက်ပါ။
DSC00158.jpgဆောင်းဥတုတွင်
၁။       နံနက် ၁၀ နာရီထက်စော၍ ရေမချိုးပါနှင့်
၂။       မချိုးမဖြစ်၍ချိုးရလျှင် ရေနွေးနှင့်စပ်၍ လေလုံလုံတွင် ချိုးပါ။
၃။       ဝမ်းအချုပ်မခံရ(နူးညံံသော ဝမ်းသက်ဆေးကို စားပါ။
၄။       အခိုးငုပ်သည့်အစာများ (ဒိန်ချဉ်ကို မစားရ)
၅။       ချဉ်၊ငန်၊ပူ၊စပ်များစားပါ(သို ့သော် တစ်ဖက်သတ်အလွန်အကျွံမစားရ)
၆။       ဘဲသား၊ဝက်သား၊ကောက်ညှင်း၊အုန်းနို ့၊မြေပဲများစားပါ။
၇။       ချိုချဉ်အရသာရှိသော သစ်သီးများ၊ဖျော်ရည်များစားသောက်ပါ။
၈။       အအေးဓါတ်ကို လိုသည်ထက်ပို၍ မခံရ၊
၉။       ညဘက်တွင် ညနွေးထွေးစွာ နေရမည်။
၁၀။     နှင်းကျသော နေရာတွင် ခေါင်းအုံး၊အအုပ်မပါဘဲ မသွားရ၊မနားရ။
၁၁။     ဟင်းချို(ကင်ပွန်းချဉ်)များစားသောက်ပါ။
၁၂။     ညဘက်တွင် ပူနွေးသည့်အရည်များကို သောက်ပါ။(ရေနွေးကြမ်း၊ကော်ဖီ)
၁၃။     ရသာ ၆ပါးတွင် အချဉ်အရသာကို အနည်းငယ်ကဲ၍ စားပေးပါ။
၁၄။     ချွေးနည်းသည့်ကာလဖြစ်၍ လိုအပ်ပါက ကာယလှုပ်ရှားမှု ပြုလုပ်ပါ။
၁၅။     ဆီးများများသွားခြင်းကို မဟန် ့တားရ။
 ဆရာဦးဆက်ထွန်းလင်းရေးသားသော ရဿယနဆေးကျမ်းမှ ကောက်နုတ်ချက်
ခင်ဝင်း
၁ရး၂၆ (ထိုင်းမြန်မာနယ်စပ်)၆/5/2012
zawgyi
နွေဥတုတွင်
မိုးဥတုတွင်
၁။       နံနက် ၇ နာရီ ရေချိုးပါ။
၇။       ရေအေးမသောက်ရ။ရေနွေးကြမ်းသောက်ပါ။
          မစားရ)
၁၂။     အခါးအရသာကို ကဲ၍ စားပါ။
၃။       ၀မ်းအချုပ်မခံရ(နူးညံသော ၀မ်းသက်ဆေးကို စားပါ။
ခင်ဝင်း
၁၇း၂၆ (ထိုင်းမြန်မာနယ်စပ်)၆/5/2012
ကျနော် ဖန်တီးခဲ့သော ပုံတစ်ပုံ
နောက်ခံ ကန်ဘောက် ဒေသ
မြတ်ဗုဒ္ဓ၏ ၀ိပဿနာ (ကျောက်အိုင်တောရ)
Posted by Khin Win on Thursday, May 28, 2015