uni
ယနေ့ဖတ်စရာ၊ "ငါးဒီတွေ ပေါ်ပြန်ပြီတဲ့" (၇-၃-၂၀၁၂ ရက်နေ့တွင် post လုပ်သည်။)
ငါးဒီတွေပေါ်ပြန်ပြီတဲ့
မောင်ထွန်းလွင် (မိုးလေဝသ)
ပင်လယ်ဝရွာနှစ်ရွာက ဟောပြောပွဲ
ပင်လယ်ကမ်းခြေတလျှောက် နာဂစ်ဒေသကမြို့ရွာတွေကို ရာသီဥတုနဲ့သဘာဝဘေး အကြောင်းတွေ အတော်များများ ဟောပြောဖြစ်ပါတယ်။ (၁၅-၂-၂၀၁၂)ရက်နေ့နဲ့မှာတော့ ပင်လယ်ဝက တိုးမြစ်ဝမှာ ရှိတဲ့ တိုးစံပြကျေးရွာ နဲ့ (၁၆-၂-၂၀၁၂) ရက်နေ့မှာတော့ ကဝက်ကျေးရွာတွေကို စာပေဟောပြောဖို့ ရောက်ဖြစ်ခဲ့ပါတယ်။ ဆရာ ချစ်ဦးညို၊ ဆရာမောင်သာချို တို့နဲ့ အတူသွား ဖြစ်ခဲ့တာပါ။ ကျေးရွာလူထုရဲ့ အစီအစဉ်နဲ့ကျင်းပတဲ့ ဟောပြောပွဲတွေဖြစ်ပါတယ်။ တိုးစံပြကျေးရွာမှာဆိုရင် တိုးတက်တဲ့အမြင်ရှိပြီး စာပေဝါသနာပါတဲ့ ရွာခံလူငယ်လုပ်ငန်းရှင်တစ်ဦးတည်းက ဦးဆောင်ကာ အကုန်အကျခံ ကျင်းပတာဖြစ်ပါတယ်။ ဒီလူငယ်ပုဂ္ဂိုဟ်က စာပေဝါသနာပါတဲ့အပြင် ရပ်ရေးရွာရေး တိုးတက်မှုကိုလည်း တစ်နို်င်တစ်ပိုင် လုပ်ထားတာတွေကိုလည်း တွေ့ကြရပါတယ်။ ချီးကျူးသင့်တဲ့ နိုင်ငံသားကောင်းတစ်ဦး ဖြစ်ပါတယ်။ ဒီရွာမှာ နာဂစ်တုံးက ဆိုးဆိုးဝါးဝါး မဖြစ်ခဲ့ပေမယ့် အနီးအနား ရွာတွေက သေဆုံးသူတွေ အများအပြားကတော့ သူတို့ရွာက ပင်လယ်ကမ်းခြေမှာ လာတင်နေခဲ့တာ အများကြီး ပဲတဲ့။ ဒီရွာမှာ မုန်တို်င်းခို အဆောက်အဦတစ်ခု ဆောက်လုပ်ထားတာကိုလည်း တွေ့ခဲ့ကြ ရပါတယ်။
ကဝက်ကတော့ ဂျပန်နိုင်ငံ၊ JICAကအကူအညီ နဲ့ ဆွစ်ဇာလန်နိုင်င့ NGO တစ်ုတို့ကဦးဆောင်ပြီး ဆောက်လုပ်ထားတဲ့ အထက်တန်းကျောင်းကြီးတစ်ခုကိုတွေ့ရတယ်။ ကျောင်းဆောင်၊ ကျောင်းခန်းမ တွေ ပြည်စုံတဲ့အပြင် solar cell နဲ့ လျပ်စစ်ဓါတ်ရအောင်လည်း ပြုလုပ်ပေးထားတာကြောင့် ခေတ်မီ လှတဲ့ ကျောင်းကြီးတစ်ဆောင်ပါပဲ။ သင်္ဘောဆိပ်က ရွာထဲအဝင်လမ်းကပဲ ကွန်ကရစ်လမ်း ဖြစ်တယ်။ ဒီရွာကလည်း တိုးတက်တဲ့ ခေတ်မီရွာတစ်ရွာလို့ပြောရမှာဖြစ်ပါတယ်။
ဒီနှစ်လည်း ငါးဒီတွေ ပေါ်ပြန်ပြီတဲ့။
ဒီခရိးမှာ ထူးခြားတာကတော့ တိုးစံပြကျေးရွာမှာရော၊ ကဝက်ကျေးရွာမှာရော၊ ရေလုပ်သား ရွာခံတွေက ကျွန်တော့ကို ပြောကြတာဖြစ်ပါတယ်။ သူတို့ကပြောကြပါတယ်။ ၂၀၀၈ ခုနှစ်တုံးက နာဂစ်မုန်တို်င်းမဝင်မီ တစ်လနှစ်လလောက်ကတည်းက သူတို့ရဲ့ ငါးဖမ်းရေပြင်မှာ ငါးဒီငါးတွေ မကြုံဖူးအောင်ပေါလာလိုက်တာ ဖမ်းလို့တောင် မနိုင်ပါဘူးတဲ့။ အားလုံး မကြုံစဖူးမို့ တအံ့တကြ ဖြစ်နေကြတုံး နောက်တော့ နာဂစ်မုန်တိုင်း ဝင်လာတော့တာပါပဲတဲ့။ ဒါကို ရွာနှစ်ရွာစလုံးက ရေလုပ်သားတွေက ပြောကြတာဖြစ်ပါတယ်။ နောက်တော့ သူတို့က ဆက်ပြောကြပြန်ပါတယ်။ “ဒီနှစ်လည်း ငါးဒီတွေပေါ်နေပြန်ပြီ” တဲ့။
အသိတွေကြောင့် သတိတွေရှိနေကြတာမို့ ဝမ်းမြောက်မိပါတယ်။
သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေမှာ အသိဆိုတာ အခြေခံလိုအပ်ချက်ပါ။ အသိမရှိပဲ သတိမရှိနိုင်ပါဘူး။ သတိမရှိပဲ ပူးပေါင်းပါဝင်မှုမရှိနိုင်ပါဘူး။ လူထုရဲ့ ပူးပေါင်းပါဝင်မှုမရှိခဲ့ရင်လည်း သဘာဝဘေးကာကွယ်ရေးလုပ်ငန်းတွေဟာ ဘယ်တော့မှ အောင်မြင်မှုမရှိနိုင်ပါဘူး။ ဒီတော့.. အဲဒီအခြေခံ လိုအပ်ချက်တွေဖြစ်တဲ့ အသိတွေ၊ သတိတွေကို တိုးကျေးရွာ နဲ့ ကဝက်ကျေးရွာက ဒေသခံပြည်သူတွေ ရှိနေကြတာမြင်ရလို့ ဝမ်းမြောက်မိတာ အမှန်ပါ။ ပင်လယ်ကမ်းခြေဆိုတာ မုန်တို်င်းဘေး ဆူနာမီဘေး၊ မုန်တို်င်းဒီရေလှိုှု်င်းဘေး စတဲ့ သဘာဝဘေးတွေ ကျရောက်နို်င်တဲ့ နေရာတွေမို့ ဒီလိုဒေသမျိုးမှာ နေထိုင်ကြတဲ့ ဒေသခံတွေဟာ သဘာဝဘေးတွေနဲ့ ပတ်သက်လာရင် သိသင့်သိထိုက်တဲ့ ဗဟုသုတတွေ ရှိရမယ်၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်လာရင် ယဉ်ကျေးမှု(culture)တစ်လို စွဲမြဲနေရမယ်။ မသိစိတ်ကကို လုပ်ဆောင်တတ်တဲ့ အကျင့်မျိုး ရှိနေတဲ့အထိ ဓလေ့တစ်ခုလို ဖြစ်နေရမယ်၊ ဥပမာ ဗုဒ္ဒဘာသဘာဝင် မြန်မာလူမျိုး တစ်ယောက်ဟာ ဘုရား၊ကျောင်းဝင်းထဲဝင်ရင် အလိုအလျောက် မသိစိတ်ကကို ဖိနပ်ချွတ်တာမျိုး၊ သက်ကြီးရွယ်အို လူကြီးသူမတွေရှေ့က ဖြတ်လျှောက်ရင် အလိုအလျှောက် ခေါင်းငုံ့လျှောက်တာမျိုး၊ ဒီလိုကို အကျင့်ပါနေဖို့ လိုတယ်လို့ သဘာဝဘေးကြောင့်ဆုံးရှုံးမှု ကာကွယ်ရေး ပညာရှင်တွေက ပြောကြ ပါတယ်။
တိရိစ္ဆာန်တွေဟာ သဘာဝဘေးကို ကြိုတင်ပြောနိုင်သလား။
မိုးလေဝသခန့်မှန်းတဲ့နေရာမှာရော၊ သဘာဝဘေးတွေ ကြိုတင်သတိပေးတဲ့နေရာတွေ မှာရော တိရိစ္ဆာန်တွေရဲ့ အခန်းကဏ္ဍဟာ မသေးလှပါဘူး။ သမိုင်းစဉ်တလျှောက် ပြောကြဆိုကြ၊ ငြင်းကြခုံကြ နဲ့ပဲ ဆိုပါတော့။ ဒါပေမယ့် ရာသီဥတုကို ကြိုတင်သိနိုင်တဲ့နေရာ၊ သဘာဝဘေးကို ကြိုတင်အာရုံခံတဲ့ နေရာမှာ အချို့တိရိစ္ဆာန်တွေဟာ လူသားတွေထက် ပိုအစွမ်းထက်တယ်ဆိုတာ သိပ္ပံပညာရှင်တွေက လက်ခံထားကြပါတယ်။ ဥပမာ ဆင်တွေဆိုပါတော့။ မြေငလျင်လှုပ်တော့မယ်ဆိုတာကို ဆင်တွေက လူတွေထက် ပိုပြီး ကြိုသိနိုင်ပါတယ်။ အကြောင်းကတော့ လူတွေနဲ့ ဆင်တွေမှာ အကြားအာရုံခံ နိုင်စွမ်းမှာ ကွာခြားနေလို့ဖြစ်ပါတယ်။ လူတွေဟာ အသံလှိုင်းတွေကို အာရုံခံတဲ့နေရာမှာ တုန်နှုန်း ၃၂ မှ ၂၄၀၀၀ vibration/sec ကိုသာ အာရုံခံနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် လူတွေဟာ သစ်ရွက်လေတိုးတဲ့ အသံတို့ ၀ါယာကြိုးတဲ့စီးဆင်းနေတဲ့လျပ်စစ်စီးသံတွေကို မကြားနိုင်ခြင်းဖြစ်ပါတယ်။ ဆင်တွေကြ တော့ တုန်နှုန်းအနိမ့်ဆုံး ၂၀ vibration/sec အထိ အာရုံခံနိုင်စွမ်းရှိကြတယ်။ မြေငလျင်ကြီးတွေ လှုပ်တဲ့အခါ တုန်ခါမှုလှိုင်းတွေကို တုန်ခါမှုနှုန်းနည်းတဲ့ ရှေ့ပြေးလှိုှု်င်း (P wave) တွေက အရင်စထွက် လာပါတယ်။ နောက်မှ တုန်နှုန်း ပိုမြင့်တဲ့ နောက်ဆက်တွဲလှိုင်း (S wave) တွေက ထွက်လာ ပါတယ်။ လူတွေက P wave တွေကို အာရုံခံလို့ မရနိုင်ပါဘူး။ ဆင်တွေကြတော့ အာရုံခံလို့ရကြပါတယ်။ နောက်ပြီး ဆင်ရဲ့ ကြီးမားလှတဲ့ နားရွက်ကြီးနှစ်ဖက်၊ မြေပြင်ပေါ်မှာထောက်ထားတဲ့ ခြေဖဝါးကြီး လေးခုကလည်း ဆင်တွေရဲ့ အာရုုံခံစံနစ်တွေကို အထောက်အကူပြုနေကြတဲ့ antenna ကြီးတွေ ဖြစ်နေကြပြန်ပါတယ်။ နာဂစ်ဖြစ်ပြီး ကွင်းဆင်းလေ့လာတော့လည်း နာဂစ်ထိခိုက်ခံရတဲ့ ရွာတစ်ရွာ ကလည်း သူတို့ရဲ့အတွေ့အကြုံတွေကို ပြောပြကြပါတယ်။ အဲဒီ.. နာဂစ်ဝင်မယ့်နေ့တုံးက နာဂစ်မဝင်မီနေ့လည်ပို်င်းမှာ ရွာအပြင်မှာလှန်(လွှတ်)ထားတဲ့ နွားတွေ၊ကျွဲတွေဟာ လူတွေက လိုက်မကောက်(ပြန်မဖမ်း)ပါပဲနဲ့ ညနေ အစောကြီး ရွာထဲကို တန်းစီပြီး ပြန်ဝင်လာကြတယ်တဲ့။ သူတို့က ကြိုသိနေသလိုပါပဲတဲ့။
ကမ္ဘာကျော် မုတ်သုံတို့၊ အယ်လ်နီညို-လာနီညာဖြစ်စဉ်တို့ကို စတွေ့ခဲ့ကြတာ ရေလုပ်သားတွေပါ။
နာဂစ်တုံးက ငါးဒီတွေပေါတာရော၊ အခုနှစ်မှာ ငါးဒီတွေပေါ်နေပြန်တာရော မှတ်ချက်ပေးဖို့ ကျွန်တော့မှာ အတွေ့အကြုံ မပြည့်စုံတာ အမှန်ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီနှစ် ငါးဒီတွေ ပေါ်လာတာနဲ့ မုန်တိုင်းအန္တရာယ်ရှိနေပြီဆိုတဲ့ အဆိုကို ထောက်ခံဖို့ခက်သလို၊ ကန့်ကွက်ဖို့လည်း မဝံ့ပါဘူး။ အကြောင်းကတော့ ကျွန်တော်တို့မိုးလေဝသမှာ တိရိစ္ဆာန်တွေက မိုးလေဝသကို ကြိုတင် ခန့်မှန်းနိုင်ကြတယ်ဆိုတဲ့အဆိုကိုလည်း သိပ္ပံပညာရှင်တွေက လက်ခံထား ကြတဲ့အပြင်၊ မိုးလေဝသ ပညာမှာ ရေလုပ်သား(တံငါသည်)တွေရဲ့ အခန်းကဏ္ဍကလည်း လေးစားလောက်တဲ့ သမိုင်းတွေက ရှိနေလို့ဖြစ်ပါတယ်။ ဆိုကြပါစို့ဗျာ။ အိန္ဒိယသမုဒ္ဒ္ဒယာထဲမှာ လားရာဖက် လုံးဝဆန့်ကျင်ဖက်နီးပါး ဖြစ်နေကြတဲ့ လေနှစ်မျိုးကို နွေမှာတစ်မျိုး၊ ဆောင်းမှာတစ်မျိုး တိုက်နေတတ်တာကို စတွေ့ခဲ့တြတာ အာရေဗျပင်လယ်ထဲက တံငါသည်တွေ ဖြစ်ပါတယ်။ အဲဒီလို ရာသီအလိုက် တိုက်တတ်တဲ့လေတွေကို ကနေ့တော့ နွေမုတ်သုံ၊ဆောင်းမုတ်သုံဆိုပြီး နာမည်ကျော် ဖြစ်နေပါပကောဗျာ။ နောက်ပြီး အိန္ဒိယသမုဒ္ဒယာထဲမှာ ဖြစ်ပေါ်နေတဲ့ မုန်တို်င်းတွေရဲ့ တိမ်အစုအဝေး တိမ်စွယ်တန်းတွေဟာ ခွေနေတဲ့မြွေတစ်ကောင်နဲ့တူနေလို့ ဆိုင်ကလုန်းဆိုတဲ့အမည်ပေးခဲ့တာလည်း တံငါသည်တွေပါပဲဗျာ။ နောက်ပြီးရှိပါသေးတယ်။ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကို ဖြစ်ပေါ်စေတတ်တဲ့ အယ်လ်နီညို ဖြစ်စဉ်၊ အေးပြီးစွတ်စိုတဲ့ရာသီဥတုကိုဖြစ်စေတတ်တဲ့ လာနီညာဖြစ်စဉ်၊ ဒါတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀၀)ကျော်လောက်ကတည်းက ပထမဆုံး စတွေ့လာကြတဲ့သူတွေက တောင်အမေရိကတိုက််၊ အီကွေဒို နဲ့ ပီရူးနိုင်ငံတွေက တံငါသည်တွေပါပဲဗျား။ ဒီတော့ တံငါသည်တွေဟာ မိုးလေဝသမှာတော့ အစဉ်အလာရော၊ ပညာရော ရာဇဝင်ရှိတဲ့သူတွေပါ။
အကြံကောင်းတစ်ခု။
ဒါကြောင့်.. တိုးနဲ့ကဝက်ကျေးရွာများက ရေလုပ်သားကြီးတွေရဲ့ပြောစကားကို အလေးအနက်ထားမိ ပါတယ်။ ဒီတော့ ကျွန်တော်တို့ ဘာလုပ်ကြမလည်း ? ၊ သေချာပေါက်လုပ်သင့်တဲ့ အကြံကောင်း တစ်ခုတော့ စဉ်းစားမိပါတယ်။ အဲဒါတွေကတော့ (၁) အထူးသဖြင့် ဧပြီလ(၁၅)ရက်မှ မေလ(၁၅)ရက် အတွင်း ဘင်္ဂလားပင်လယ်အော်မှာဖြစ်တဲ့ မုန်တိုင်းတွေကို အထူးဂရုစိုက်ပါ။ (၂) ဒီနှစ် သက်ဆိုင်ရာက ထုတ်ပြန်တဲ့ မုန်တိုင်းသတင်းကို သေသေချာချာ ဂရုစိုက် နားထောင်ပါ။ (၃) မြန်မာနိုင်ငံကို အန္တရာယ် မရှိတဲ့ မုန်တိုင်းတွေဆို “မုန်တိုင်းသတင်း”၊ အန္တရာယ်ရှိတဲ့ မုန်တို်င်းဆို “မုန်တိုင်းသတိပေးချက်” ဆိုပြီး ကြေငြာတတ်တာကို သိထားပါ။ (၄) မုန်တို်င်းသတင်းတွေ ကြေငြာတဲ့အခါ အရောင်(၅)မျိုး ခွဲပြီး ကြေငြာတာကို သိထားပါ။ (အဝါရောင်-အန္တရာယ်မရှိသေး၊ လိမ္မော်ရောင်-မြန်မာနိုင်ငံဖက်ကို ဦးတည်လာနေ၊ အနီ- မြန်မာ့ကမ်းရိုးကို ၁၂ နာရီအတွင်းဖြတ်တော့မယ်၊ အညို-ဖြတ်ကျော်နေပြီ၊ အစိမ်း-အန္တရာယ်ကင်းပြီ)။
အဲ…မြန်မာ့ကမ်းရိုးကိုလည်း ဖြတ်တော့မယ်၊ ဖြတ်မယ့်နေရာကလည်း မိမိနေထိုင်ရာဒေသဖြစ်မယ် ဆိုလို့ကတော့ ကြိုတင်ကာကွယ်မှုကို မဖြစ်မနေ လုပ်ဖို့ မမေ့ပါနဲ့…လို့သာ။
zawgyi
ယေန႕ဖတ္စရာ၊ "ငါးဒီေတြ ေပၚျပန္ျပီတဲ့" (၇-၃-၂၀၁၂ ရက္ေန႕တြင္ post လုပ္သည္။)

ငါးဒီေတြေပၚျပန္ျပီတဲ့
ေမာင္ထြန္းလြင္ (မိုးေလ၀သ)
ပင္လယ္၀ရြာႏွစ္ရြာက ေဟာေျပာပြဲ
ပင္လယ္ကမ္းေျခတေလွ်ာက္ နာဂစ္ေဒသကျမိဳ႕ရြာေတြကို ရာသီဥတုနဲ႕သဘာ၀ေဘး အေႀကာင္းေတြ အေတာ္မ်ားမ်ား ေဟာေျပာျဖစ္ပါတယ္။ (၁၅-၂-၂၀၁၂)ရက္ေန႕နဲ႕မွာေတာ့ ပင္လယ္၀က တိုးျမစ္၀မွာ ရွိတဲ့ တိုးစံျပေက်းရြာ နဲ႕ (၁၆-၂-၂၀၁၂) ရက္ေန႕မွာေတာ့ က၀က္ေက်းရြာေတြကို စာေပေဟာေျပာဖို႕ ေရာက္ျဖစ္ခဲ့ပါတယ္။ ဆရာ ခ်စ္ဦးညိဳ၊ ဆရာေမာင္သာခ်ိဳ တို႕နဲ႕ အတူသြား ျဖစ္ခဲ့တာပါ။ ေက်းရြာလူထုရဲ႕ အစီအစဥ္နဲ႕က်င္းပတဲ့ ေဟာေျပာပြဲေတြျဖစ္ပါတယ္။ တိုးစံျပေက်းရြာမွာဆိုရင္ တိုးတက္တဲ့အျမင္ရွိျပီး စာေပ၀ါသနာပါတဲ့ ရြာခံလူငယ္လုပ္ငန္းရွင္တစ္ဦးတည္းက ဦးေဆာင္ကာ အကုန္အက်ခံ က်င္းပတာျဖစ္ပါတယ္။ ဒီလူငယ္ပုဂၢိဳဟ္က စာေပ၀ါသနာပါတဲ့အျပင္ ရပ္ေရးရြာေရး တိုးတက္မႈကိုလည္း တစ္ႏို္င္တစ္ပိုင္ လုပ္ထားတာေတြကိုလည္း ေတြ႕ႀကရပါတယ္။ ခ်ီးက်ဴးသင့္တဲ့ ႏိုင္ငံသားေကာင္းတစ္ဦး ျဖစ္ပါတယ္။ ဒီရြာမွာ နာဂစ္တံုးက ဆိုးဆိုး၀ါး၀ါး မျဖစ္ခဲ့ေပမယ့္ အနီးအနား ရြာေတြက ေသဆံုးသူေတြ အမ်ားအျပားကေတာ့ သူတို႕ရြာက ပင္လယ္ကမ္းေျခမွာ လာတင္ေနခဲ့တာ အမ်ားႀကီး ပဲတဲ့။ ဒီရြာမွာ မုန္တို္င္းခို အေဆာက္အဦတစ္ခု ေဆာက္လုပ္ထားတာကိုလည္း ေတြ႕ခဲ့ႀက ရပါတယ္။
က၀က္ကေတာ့ ဂ်ပန္ႏိုင္ငံ၊ JICAကအကူအညီ နဲ႕ ဆြစ္ဇာလန္ႏိုင္င့ NGO တစ္ုတို႕ကဦးေဆာင္ျပီး ေဆာက္လုပ္ထားတဲ့ အထက္တန္းေက်ာင္းႀကီးတစ္ခုကိုေတြ႕ရတယ္။ ေက်ာင္းေဆာင္၊ ေက်ာင္းခန္းမ ေတြ ျပည္စံုတဲ့အျပင္ solar cell နဲ႕ လ်ပ္စစ္ဓါတ္ရေအာင္လည္း ျပဳလုပ္ေပးထားတာေႀကာင့္ ေခတ္မီ လွတဲ့ ေက်ာင္းႀကီးတစ္ေဆာင္ပါပဲ။ သေဘၤာဆိပ္က ရြာထဲအ၀င္လမ္းကပဲ ကြန္ကရစ္လမ္း ျဖစ္တယ္။ ဒီရြာကလည္း တိုးတက္တဲ့ ေခတ္မီရြာတစ္ရြာလို႕ေျပာရမွာျဖစ္ပါတယ္။
ဒီႏွစ္လည္း ငါးဒီေတြ ေပၚျပန္ျပီတဲ့။
ဒီခရိးမွာ ထူးျခားတာကေတာ့ တိုးစံျပေက်းရြာမွာေရာ၊ က၀က္ေက်းရြာမွာေရာ၊ ေရလုပ္သား ရြာခံေတြက ကြ်န္ေတာ့ကို ေျပာႀကတာျဖစ္ပါတယ္။ သူတို႕ကေျပာႀကပါတယ္။ ၂၀၀၈ ခုႏွစ္တံုးက နာဂစ္မုန္တို္င္းမ၀င္မီ တစ္လႏွစ္လေလာက္ကတည္းက သူတို႕ရဲ႕ ငါးဖမ္းေရျပင္မွာ ငါးဒီငါးေတြ မႀကံဳဖူးေအာင္ေပါလာလိုက္တာ ဖမ္းလို႕ေတာင္ မႏိုင္ပါဘူးတဲ့။ အားလံုး မႀကံဳစဖူးမို႕ တအံ့တႀက ျဖစ္ေနႀကတံုး ေနာက္ေတာ့ နာဂစ္မုန္တိုင္း ၀င္လာေတာ့တာပါပဲတဲ့။ ဒါကို ရြာႏွစ္ရြာစလံုးက ေရလုပ္သားေတြက ေျပာႀကတာျဖစ္ပါတယ္။ ေနာက္ေတာ့ သူတို႕က ဆက္ေျပာႀကျပန္ပါတယ္။ “ဒီႏွစ္လည္း ငါးဒီေတြေပၚေနျပန္ျပီ” တဲ့။
အသိေတြေႀကာင့္ သတိေတြရွိေနႀကတာမို႕ ၀မ္းေျမာက္မိပါတယ္။
သဘာ၀ေဘးအႏၱရာယ္ကာကြယ္ေရးလုပ္ငန္းေတြမွာ အသိဆိုတာ အေျခခံလိုအပ္ခ်က္ပါ။ အသိမရွိပဲ သတိမရွိႏိုင္ပါဘူး။ သတိမရွိပဲ ပူးေပါင္းပါ၀င္မႈမရွိႏိုင္ပါဘူး။ လူထုရဲ႕ ပူးေပါင္းပါ၀င္မႈမရွိခဲ့ရင္လည္း သဘာ၀ေဘးကာကြယ္ေရးလုပ္ငန္းေတြဟာ ဘယ္ေတာ့မွ ေအာင္ျမင္မႈမရွိႏိုင္ပါဘူး။ ဒီေတာ့.. အဲဒီအေျခခံ လိုအပ္ခ်က္ေတြျဖစ္တဲ့ အသိေတြ၊ သတိေတြကို တိုးေက်းရြာ နဲ႕ က၀က္ေက်းရြာက ေဒသခံျပည္သူေတြ ရွိေနႀကတာျမင္ရလို႕ ၀မ္းေျမာက္မိတာ အမွန္ပါ။ ပင္လယ္ကမ္းေျခဆိုတာ မုန္တို္င္းေဘး ဆူနာမီေဘး၊ မုန္တို္င္းဒီေရလိႈႈ္င္းေဘး စတဲ့ သဘာ၀ေဘးေတြ က်ေရာက္ႏို္င္တဲ့ ေနရာေတြမို႕ ဒီလိုေဒသမ်ိဳးမွာ ေနထိုင္ႀကတဲ့ ေဒသခံေတြဟာ သဘာ၀ေဘးေတြနဲ႕ ပတ္သက္လာရင္ သိသင့္သိထိုက္တဲ့ ဗဟုသုတေတြ ရွိရမယ္၊ ႀကိဳတင္ကာကြယ္ေရး လုပ္ငန္းေတြနဲ႕ ပတ္သက္လာရင္ ယဥ္ေက်းမႈ(culture)တစ္လို စြဲျမဲေနရမယ္။ မသိစိတ္ကကို လုပ္ေဆာင္တတ္တဲ့ အက်င့္မ်ိဳး ရွိေနတဲ့အထိ ဓေလ့တစ္ခုလို ျဖစ္ေနရမယ္၊ ဥပမာ ဗုဒၵဘာသဘာ၀င္ ျမန္မာလူမ်ိဳး တစ္ေယာက္ဟာ ဘုရား၊ေက်ာင္း၀င္းထဲ၀င္ရင္ အလိုအေလ်ာက္ မသိစိတ္ကကို ဖိနပ္ခြ်တ္တာမ်ိဳး၊ သက္ႀကီးရြယ္အို လူႀကီးသူမေတြေရွ႕က ျဖတ္ေလွ်ာက္ရင္ အလိုအေလွ်ာက္ ေခါင္းငံု႕ေလွ်ာက္တာမ်ိဳး၊ ဒီလိုကို အက်င့္ပါေနဖို႕ လိုတယ္လို႕ သဘာ၀ေဘးေႀကာင့္ဆံုးရံႈးမႈ ကာကြယ္ေရး ပညာရွင္ေတြက ေျပာႀက ပါတယ္။
တိရိစၦာန္ေတြဟာ သဘာ၀ေဘးကို ႀကိဳတင္ေျပာႏိုင္သလား။
မိုးေလ၀သခန္႕မွန္းတဲ့ေနရာမွာေရာ၊ သဘာ၀ေဘးေတြ ႀကိဳတင္သတိေပးတဲ့ေနရာေတြ မွာေရာ တိရိစၦာန္ေတြရဲ႕ အခန္းက႑ဟာ မေသးလွပါဘူး။ သမိုင္းစဥ္တေလွ်ာက္ ေျပာႀကဆိုႀက၊ ျငင္းႀကခံုႀက နဲ႕ပဲ ဆိုပါေတာ့။ ဒါေပမယ့္ ရာသီဥတုကို ႀကိုတင္သိႏိုင္တဲ့ေနရာ၊ သဘာ၀ေဘးကို ႀကိဳတင္အာရံုခံတဲ့ ေနရာမွာ အခ်ိဳ႕တိရိစၦာန္ေတြဟာ လူသားေတြထက္ ပိုအစြမ္းထက္တယ္ဆိုတာ သိပၸံပညာရွင္ေတြက လက္ခံထားႀကပါတယ္။ ဥပမာ ဆင္ေတြဆိုပါေတာ့။ ေျမငလ်င္လႈပ္ေတာ့မယ္ဆိုတာကို ဆင္ေတြက လူေတြထက္ ပိုျပီး ႀကိဳသိႏိုင္ပါတယ္။ အေႀကာင္းကေတာ့ လူေတြနဲ႕ ဆင္ေတြမွာ အႀကားအာရံုခံ ႏိုင္စြမ္းမွာ ကြာျခားေနလို႕ျဖစ္ပါတယ္။ လူေတြဟာ အသံလိႈင္းေတြကို အာရံုခံတဲ့ေနရာမွာ တုန္ႏႈန္း ၃၂ မွ ၂၄၀၀၀ vibration/sec ကိုသာ အာရံုခံႏိုင္စြမ္းရွိပါတယ္။ ဒါေႀကာင့္ လူေတြဟာ သစ္ရြက္ေလတိုးတဲ့ အသံတို႕ ၀ါယာႀကိဳးတဲ့စီးဆင္းေနတဲ့လ်ပ္စစ္စီးသံေတြကို မႀကားႏိုင္ျခင္းျဖစ္ပါတယ္။ ဆင္ေတြႀက ေတာ့ တုန္ႏႈန္းအနိမ့္ဆံုး ၂၀ vibration/sec အထိ အာရံုခံႏိုင္စြမ္းရွိႀကတယ္။ ေျမငလ်င္ႀကီးေတြ လႈပ္တဲ့အခါ တုန္ခါမႈလိႈင္းေတြကို တုန္ခါမႈနႈန္းနည္းတဲ့ ေရွ႕ေျပးလိႈႈ္င္း (P wave) ေတြက အရင္စထြက္ လာပါတယ္။ ေနာက္မွ တုန္ႏႈန္း ပိုျမင့္တဲ့ ေနာက္ဆက္တြဲလိႈင္း (S wave) ေတြက ထြက္လာ ပါတယ္။ လူေတြက P wave ေတြကို အာရံုခံလို႕ မရႏိုင္ပါဘူး။ ဆင္ေတြႀကေတာ့ အာရံုခံလို႕ရႀကပါတယ္။ ေနာက္ျပီး ဆင္ရဲ႕ ႀကီးမားလွတဲ့ နားရြက္ႀကီးႏွစ္ဖက္၊ ေျမျပင္ေပၚမွာေထာက္ထားတဲ့ ေျခဖ၀ါးႀကီး ေလးခုကလည္း ဆင္ေတြရဲ႕ အာရံုုခံစံနစ္ေတြကို အေထာက္အကူျပဳေနႀကတဲ့ antenna ႀကီးေတြ ျဖစ္ေနႀကျပန္ပါတယ္။ နာဂစ္ျဖစ္ျပီး ကြင္းဆင္းေလ့လာေတာ့လည္း နာဂစ္ထိခိုက္ခံရတဲ့ ရြာတစ္ရြာ ကလည္း သူတို႕ရဲ႕အေတြ႕အႀကံဳေတြကို ေျပာျပႀကပါတယ္။ အဲဒီ.. နာဂစ္၀င္မယ့္ေန႕တံုးက နာဂစ္မ၀င္မီေန႕လည္ပို္င္းမွာ ရြာအျပင္မွာလွန္(လႊတ္)ထားတဲ့ ႏြားေတြ၊ကြ်ဲေတြဟာ လူေတြက လိုက္မေကာက္(ျပန္မဖမ္း)ပါပဲနဲ႕ ညေန အေစာႀကီး ရြာထဲကို တန္းစီျပီး ျပန္၀င္လာႀကတယ္တဲ့။ သူတို႕က ႀကိဳသိေနသလိုပါပဲတဲ့။
ကမၻာေက်ာ္ မုတ္သံုတို႕၊ အယ္လ္နီညိဳ-လာနီညာျဖစ္စဥ္တို႕ကို စေတြ႕ခဲ့ႀကတာ ေရလုပ္သားေတြပါ။
နာဂစ္တံုးက ငါးဒီေတြေပါတာေရာ၊ အခုႏွစ္မွာ ငါးဒီေတြေပၚေနျပန္တာေရာ မွတ္ခ်က္ေပးဖို႕ ကြ်န္ေတာ့မွာ အေတြ႕အႀကံဳ မျပည္႕စံုတာ အမွန္ျဖစ္ပါတယ္။ ဒါေႀကာင့္လည္း ဒီႏွစ္ ငါးဒီေတြ ေပၚလာတာနဲ႕ မုန္တိုင္းအႏၱရာယ္ရွိေနျပီဆိုတဲ့ အဆိုကို ေထာက္ခံဖို႕ခက္သလို၊ ကန္႕ကြက္ဖို႕လည္း မ၀ံ့ပါဘူး။ အေႀကာင္းကေတာ့ ကြ်န္ေတာ္တို႕မိုးေလ၀သမွာ တိရိစၦာန္ေတြက မိုးေလ၀သကို ႀကိဳတင္ ခန္႕မွန္းႏိုင္ႀကတယ္ဆိုတဲ့အဆိုကိုလည္း သိပၸံပညာရွင္ေတြက လက္ခံထား ႀကတဲ့အျပင္၊ မိုးေလ၀သ ပညာမွာ ေရလုပ္သား(တံငါသည္)ေတြရဲ႕ အခန္းက႑ကလည္း ေလးစားေလာက္တဲ့ သမိုင္းေတြက ရွိေနလို႕ျဖစ္ပါတယ္။ ဆိုႀကပါစို႕ဗ်ာ။ အိႏၵိယသမုဒၵၵယာထဲမွာ လားရာဖက္ လံုး၀ဆန္႕က်င္ဖက္နီးပါး ျဖစ္ေနႀကတဲ့ ေလႏွစ္မ်ိဳးကို ေႏြမွာတစ္မ်ိဳး၊ ေဆာင္းမွာတစ္မ်ိဳး တိုက္ေနတတ္တာကို စေတြ႕ခဲ့ႀတတာ အာေရဗ်ပင္လယ္ထဲက တံငါသည္ေတြ ျဖစ္ပါတယ္။ အဲဒီလို ရာသီအလိုက္ တိုက္တတ္တဲ့ေလေတြကို ကေန႕ေတာ့ ေႏြမုတ္သံု၊ေဆာင္းမုတ္သံုဆိုျပီး နာမည္ေက်ာ္ ျဖစ္ေနပါပေကာဗ်ာ။ ေနာက္ျပီး အိႏၵိယသမုဒၵယာထဲမွာ ျဖစ္ေပၚေနတဲ့ မုန္တို္င္းေတြရဲ႕ တိမ္အစုအေ၀း တိမ္စြယ္တန္းေတြဟာ ေခြေနတဲ့ေျမြတစ္ေကာင္နဲ႕တူေနလို႕ ဆိုင္ကလုန္းဆိုတဲ့အမည္ေပးခဲ့တာလည္း တံငါသည္ေတြပါပဲဗ်ာ။ ေနာက္ျပီးရွိပါေသးတယ္။ ပူျပင္းေျခာက္ေသြ႕တဲ့ ရာသီဥတုကို ျဖစ္ေပၚေစတတ္တဲ့ အယ္လ္နီညိဳ ျဖစ္စဥ္၊ ေအးျပီးစြတ္စိုတဲ့ရာသီဥတုကိုျဖစ္ေစတတ္တဲ့ လာနီညာျဖစ္စဥ္၊ ဒါေတြကို လြန္ခဲ့တဲ့ ႏွစ္ေပါင္း (၅၀၀)ေက်ာ္ေလာက္ကတည္းက ပထမဆံုး စေတြ႕လာႀကတဲ့သူေတြက ေတာင္အေမရိကတိုက္္၊ အီေကြဒို နဲ႕ ပီရူးႏိုင္ငံေတြက တံငါသည္ေတြပါပဲဗ်ား။ ဒီေတာ့ တံငါသည္ေတြဟာ မိုးေလ၀သမွာေတာ့ အစဥ္အလာေရာ၊ ပညာေရာ ရာဇ၀င္ရွိတဲ့သူေတြပါ။
အႀကံေကာင္းတစ္ခု။
ဒါေႀကာင့္.. တိုးနဲ႕က၀က္ေက်းရြာမ်ားက ေရလုပ္သားႀကီးေတြရဲ႕ေျပာစကားကို အေလးအနက္ထားမိ ပါတယ္။ ဒီေတာ့ ကြ်န္ေတာ္တို႕ ဘာလုပ္ႀကမလည္း ? ၊ ေသခ်ာေပါက္လုပ္သင့္တဲ့ အႀကံေကာင္း တစ္ခုေတာ့ စဥ္းစားမိပါတယ္။ အဲဒါေတြကေတာ့ (၁) အထူးသျဖင့္ ဧျပီလ(၁၅)ရက္မွ ေမလ(၁၅)ရက္ အတြင္း ဘဂၤလားပင္လယ္ေအာ္မွာျဖစ္တဲ့ မုန္တိုင္းေတြကို အထူးဂရုစိုက္ပါ။ (၂) ဒီႏွစ္ သက္ဆိုင္ရာက ထုတ္ျပန္တဲ့ မုန္တိုင္းသတင္းကို ေသေသခ်ာခ်ာ ဂရုစိုက္ နားေထာင္ပါ။ (၃) ျမန္မာႏိုင္ငံကို အႏၱရာယ္ မရွိတဲ့ မုန္တိုင္းေတြဆို “မုန္တိုင္းသတင္း”၊ အႏၱရာယ္ရွိတဲ့ မုန္တို္င္းဆို “မုန္တိုင္းသတိေပးခ်က္” ဆိုျပီး ေႀကျငာတတ္တာကို သိထားပါ။ (၄) မုန္တို္င္းသတင္းေတြ ေႀကျငာတဲ့အခါ အေရာင္(၅)မ်ိဳး ခြဲျပီး ေႀကျငာတာကို သိထားပါ။ (အ၀ါေရာင္-အႏၱရာယ္မရွိေသး၊ လိေမၼာ္ေရာင္-ျမန္မာႏိုင္ငံဖက္ကို ဦးတည္လာေန၊ အနီ- ျမန္မာ့ကမ္းရိုးကို ၁၂ နာရီအတြင္းျဖတ္ေတာ့မယ္၊ အညိဳ-ျဖတ္ေက်ာ္ေနျပီ၊ အစိမ္း-အႏၱရာယ္ကင္းျပီ)။
အဲ…ျမန္မာ့ကမ္းရိုးကိုလည္း ျဖတ္ေတာ့မယ္၊ ျဖတ္မယ့္ေနရာကလည္း မိမိေနထိုင္ရာေဒသျဖစ္မယ္ ဆိုလို႕ကေတာ့ ႀကိဳတင္ကာကြယ္မႈကို မျဖစ္မေန လုပ္ဖို႕ မေမ့ပါနဲ႕…လို႕သာ။
http://www.tunlwin.com/latestdetail.php?myanmar=699