Facebook Page
Wednesday, December 4, 2013
အဖြေ
အဖြေ
======
သံသရာဆက်
လွန်ကြာမြင့်ခဲ့ပြီး
မမြင်နိုင်ခဲ့တဲ့  အဖြေ
-------------------------
လောဘ ဒေါသ မောဟ
အ၀ိဇ္ဇာဖုံးလွမ်းလို့ 
မသိနိုင်ခဲ့တဲ့  အဖြေ...
-------------------------
တရားတော်စကား
ကြားပင်ကြားသော်ညား
ကျွဲပါးစောင်းတီးဖြစ်သလို
မကြားနိုင်ခဲ့တဲ့ အဖြေ
------------------------
ပါရမီရယ်ပြည့်မြောက်
တရားတော်လင်းခဲ့ပြီ
ခန္ဓာတွင်းဝိဇ္ဇာဥာဏ်ပေါက်လို့ 
တရားတော် ဥာဏ်မှီခဲ့ပြီ
--------------------------
ပီတိရယ်လွမ်းခြုံလို့ 
ဘ၀အမောပြောခဲ့ပေါ့
သဗ္ဗုညုတဥာဏ်ရှင်
ကိုယ်တော်မြတ်သခင်ကို
ရှိခိုးဦးတိုက်အပ်ပါသည်.........
(ပတ္တမြားမှန်ရင် နွံမနစ်)
======
သံသရာဆက်
လွန်ကြာမြင့်ခဲ့ပြီး
မမြင်နိုင်ခဲ့တဲ့  အဖြေ
-------------------------
လောဘ ဒေါသ မောဟ
အ၀ိဇ္ဇာဖုံးလွမ်းလို့ 
မသိနိုင်ခဲ့တဲ့  အဖြေ...
-------------------------
တရားတော်စကား
ကြားပင်ကြားသော်ညား
ကျွဲပါးစောင်းတီးဖြစ်သလို
မကြားနိုင်ခဲ့တဲ့ အဖြေ
------------------------
ပါရမီရယ်ပြည့်မြောက်
တရားတော်လင်းခဲ့ပြီ
ခန္ဓာတွင်းဝိဇ္ဇာဥာဏ်ပေါက်လို့ 
တရားတော် ဥာဏ်မှီခဲ့ပြီ
--------------------------
ပီတိရယ်လွမ်းခြုံလို့ 
ဘ၀အမောပြောခဲ့ပေါ့
သဗ္ဗုညုတဥာဏ်ရှင်
ကိုယ်တော်မြတ်သခင်ကို
ရှိခိုးဦးတိုက်အပ်ပါသည်.........
(ပတ္တမြားမှန်ရင် နွံမနစ်)
အနာဂါမ်ပုဂ္ဂိုလ် ငါးမျိုး( Buddhavasa Tiloka')
အနာဂါမ်ပုဂ္ဂိုလ် ငါးမျိုး
▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪
ထိုအနာဂါမ်ပုဂ္ဂိုလ်သည် ကိလေသာတို့မှ ကွင်းလုံးကျွတ် လွတ်မြောက်သော
အရဟတ္တဖိုလ် ၀ိမုတ္တိဉာဏ်ကို ရင့်ကျက်စေတတ်ကုန်သော သဒ္ဓါ, ၀ီရိယ, သတိ,
သမာဓိ, ပညာတည်းဟူသော ဣနြေ္ဒတို့၏ ထက်သည်, နုံ့သည် = ...ရင့်သည်, နု
သည်၏ အစွမ်းဖြင့် ---
၁။ အန္တရာပရိနိဗ္ဗာယီအနာဂါမ်,
၂။ ဥပဟစ္စပရိနိဗ္ဗာယီအနာဂါမ်,
၃။ အသင်္ခါရပရိနိဗ္ဗာယီအနာဂါမ်,
၎။ သသင်္ခါရပရိနိဗ္ဗာယီအနာဂါမ်,
၅။ ဥဒ္ဓံသောတော အကနိဋ္ဌဂါမိအနာဂါမ် - ဟု ငါးမျိုး ရှိပေသည်။
(အံ၊၂၊၄၅၀-၄၅၂။ ၀ိသုဒ္ဓိ၊၂၊၃၅၂။ သံ၊၃၊၁၇၇။၃၃၀။)
၁။ အန္တရာပရိနိဗ္ဗာယီ = သုဒ္ဓါဝါသငါးဘုံတို့တွင် တစ်ဘုံဘုံ၌ ပဋိသန္ဓေအားဖြင့်
ကပ်ရောက် တည်နေပြီးနောက် သက်တမ်းအပိုင်း အခြား အလယ်သို့ မရောက်
မူ၍သာလျှင် = သက်တမ်းတစ်ဝက် မကြိုးမီမှာပင် ကိလေသပရိနိဗ္ဗာန်အားဖြင့်
ပရိနိဗ္ဗာန်ပြုရမည့် = အရဟတ္တဖိုလ်ဆိုက်ရောက်မည့် အနာဂါမ်ပုဂ္ဂိုလ်သည်
အန္တရာပရိနိဗ္ဗာယီအနာဂါမ် မည်၏။ (၀ိသုဒ္ဓိ၊၂၊၃၅၂။)
၂။ ဥပဟစ္စပရိနိဗ္ဗာယီ = သတ်တမ်းအပိုင်းအခြား၏ အလယ်ကိုလွန်ပြီးမှ = သက်
တမ်းတစ်ဝက်ကျော်ပြီးမှ ကိလေသပရိနိဗ္ဗာန်ဖြင့် ပရိနိဗ္ဗာန်ပြုရမည့် = အရဟတ္တ
ဖိုလ်ဆိုက်ရောက်မည့် အနာဂါမ်ပုဂ္ဂိုလ်သည် ဥပဟစ္စပရိနိဗ္ဗာယီအနာဂါမ်မည်၏။
(၀ိသုဒ္ဓိ၊၂၊၃၅၂။)
၃။ အသင်္ခါရပရိနိဗ္ဗာယီ = သဒ္ဓါ , ၀ီရိယ , သတိ, သမာဓိ,ပညာတည်းဟူသော
ဣနြေ္ဒငါးပါးတို့က ထက်မြက်နေသောကြောင့် လွန်လွန်ကဲကဲ အပြင်းအထန်
ကြိုးစားအားထုတ်မှု လုံ့လပယောဂနှင့် ကင်းသော ၀ိပဿနာအကျင့်ဖြင့် = ၀ိ
ပဿနာဘာဝနာကမ္မဋ္ဌာန်းကို အပြင်းအထန် လွန်လွန်ကဲကဲ အားမထုတ်ရ
ဘဲ သက်သာ လွယ်ကူ ချောမောသော ၀ိပဿနာအကျင့်ဖြင့် အရဟတ္တမဂ်တည်း
ဟူသော အထက်မဂ်ကိုဖြစ်စေနိုင်သော အနာဂါမ်ပုဂ္ဂိုလ်သည် အသင်္ခါရပရိနိဗ္ဗာယီ
အနာဂါမ် မည်၏။ (၀ိသုဒ္ဓိ၊၂၊၃၅၂။)
၎။ သသင်္ခါရပရိနိဗ္ဗာယီ = ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို လွန်လွန်ကဲကဲ ပြင်း
ပြင်းထန်ထန် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်မှု လုံ့လပယောဂ ရှိပါမှ ယင်း
လုံ့လပယောဂ ၀ီရိယ၏ အားပေးထောက်ပံ့မှုရှိသော ၀ိပဿနာအကျင့်ဖြင့် အရ
ဟတ္တမဂ်တည်းဟူသော အထက်မဂ်ကို ဖြစ်စေနိုင်သော အနာဂါမ်ပုဂ္ဂိုလ်သည်
အသင်္ခါရပရိနိဗ္ဗာယီအနာဂါမ် မည်၏။ (၀ိသုဒ္ဓိ၊၂၊၃၅၂။) (သဒ္ဓါ, ၀ီရိယ, သတိ, သ
မာဓိ, ပညာတည်းဟူသော ဣနြေ္ဒတို့က နုံ့နေသည့်အတွက်ကြောင့် ပင်ပင်ပန်း
ပန်း ခက်ခက်ခဲခဲ ငြိုငြိုငြင်ငြင် ဆင်းဆင်းရဲရဲဖြင့် အရဟတ္တမဂ်ကိုဖြစ်စေနိုင်ခြင်း
ဖြစ်ပေသည်။ (မဟာဋီ၊၂၊၅၃၂။)
၅။ ဥဒ္ဓံသောတော အကနိဋ္ဌဂါမီ = အ၀ိဟာ, အတပ္ပ, သဒုဿာ, သုဒဿီ,
အကနိဋ္ဌဟူ၍ သုဒ္ဓါဝါသ ငါးဘုံရှိ၏။ ထိုတွင် ထိုက်သင့်ရာ အ၀ိဟာစသည့်
သုဒ္ဓါဝါသဘုံ တစ်ခုခုတွင် အနာဂါမ်အရိယာသူတော်ကောင်းသည် ပဋိသန္ဓေ
အားဖြင့် ကပ်ရောက်တည်နေရ၏။ ရှေးဦးပဋိသန္ဓေဖြစ်ရာ ထိုဘုံမှအထက်
အထက် ဘုံ၌ ထပ်မံ ပဋိသန္ဓေနေသောအခါ အကနိဋ္ဌဘုံသို့တိုင်အောင် တက်
ရောက်ကာ ပဋိသန္ဓေတည်နေရ၏။ ထိုအကနိဋ္ဌဘုံ၌ ကိလေသပရိနိဗ္ဗာန် ၀င်စံ
ရသောအနာဂါမ်ပုဂ္ဂိုလ်သည် ဥဒ္ဓံသောတော အကနိဋ္ဌဂါမိအနာဂါမ် မည်၏် ။
(၀ိသုဒ္ဓိ၊၂၊၃၅၂။ သံ၊၃၊၁၇၇။၃၃၀။)
ဖားအောက်တောရဆရာတော်
(ရေဥပမာရှိသူများ မှ)
https://www.facebook.com/pages/Buddhavasa-Tiloka/355156207937549?ref=stream
▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪
ထိုအနာဂါမ်ပုဂ္ဂိုလ်သည် ကိလေသာတို့မှ ကွင်းလုံးကျွတ် လွတ်မြောက်သော
အရဟတ္တဖိုလ် ၀ိမုတ္တိဉာဏ်ကို ရင့်ကျက်စေတတ်ကုန်သော သဒ္ဓါ, ၀ီရိယ, သတိ,
သမာဓိ, ပညာတည်းဟူသော ဣနြေ္ဒတို့၏ ထက်သည်, နုံ့သည် = ...ရင့်သည်, နု
သည်၏ အစွမ်းဖြင့် ---
၁။ အန္တရာပရိနိဗ္ဗာယီအနာဂါမ်,
၂။ ဥပဟစ္စပရိနိဗ္ဗာယီအနာဂါမ်,
၃။ အသင်္ခါရပရိနိဗ္ဗာယီအနာဂါမ်,
၎။ သသင်္ခါရပရိနိဗ္ဗာယီအနာဂါမ်,
၅။ ဥဒ္ဓံသောတော အကနိဋ္ဌဂါမိအနာဂါမ် - ဟု ငါးမျိုး ရှိပေသည်။
(အံ၊၂၊၄၅၀-၄၅၂။ ၀ိသုဒ္ဓိ၊၂၊၃၅၂။ သံ၊၃၊၁၇၇။၃၃၀။)
၁။ အန္တရာပရိနိဗ္ဗာယီ = သုဒ္ဓါဝါသငါးဘုံတို့တွင် တစ်ဘုံဘုံ၌ ပဋိသန္ဓေအားဖြင့်
ကပ်ရောက် တည်နေပြီးနောက် သက်တမ်းအပိုင်း အခြား အလယ်သို့ မရောက်
မူ၍သာလျှင် = သက်တမ်းတစ်ဝက် မကြိုးမီမှာပင် ကိလေသပရိနိဗ္ဗာန်အားဖြင့်
ပရိနိဗ္ဗာန်ပြုရမည့် = အရဟတ္တဖိုလ်ဆိုက်ရောက်မည့် အနာဂါမ်ပုဂ္ဂိုလ်သည်
အန္တရာပရိနိဗ္ဗာယီအနာဂါမ် မည်၏။ (၀ိသုဒ္ဓိ၊၂၊၃၅၂။)
၂။ ဥပဟစ္စပရိနိဗ္ဗာယီ = သတ်တမ်းအပိုင်းအခြား၏ အလယ်ကိုလွန်ပြီးမှ = သက်
တမ်းတစ်ဝက်ကျော်ပြီးမှ ကိလေသပရိနိဗ္ဗာန်ဖြင့် ပရိနိဗ္ဗာန်ပြုရမည့် = အရဟတ္တ
ဖိုလ်ဆိုက်ရောက်မည့် အနာဂါမ်ပုဂ္ဂိုလ်သည် ဥပဟစ္စပရိနိဗ္ဗာယီအနာဂါမ်မည်၏။
(၀ိသုဒ္ဓိ၊၂၊၃၅၂။)
၃။ အသင်္ခါရပရိနိဗ္ဗာယီ = သဒ္ဓါ , ၀ီရိယ , သတိ, သမာဓိ,ပညာတည်းဟူသော
ဣနြေ္ဒငါးပါးတို့က ထက်မြက်နေသောကြောင့် လွန်လွန်ကဲကဲ အပြင်းအထန်
ကြိုးစားအားထုတ်မှု လုံ့လပယောဂနှင့် ကင်းသော ၀ိပဿနာအကျင့်ဖြင့် = ၀ိ
ပဿနာဘာဝနာကမ္မဋ္ဌာန်းကို အပြင်းအထန် လွန်လွန်ကဲကဲ အားမထုတ်ရ
ဘဲ သက်သာ လွယ်ကူ ချောမောသော ၀ိပဿနာအကျင့်ဖြင့် အရဟတ္တမဂ်တည်း
ဟူသော အထက်မဂ်ကိုဖြစ်စေနိုင်သော အနာဂါမ်ပုဂ္ဂိုလ်သည် အသင်္ခါရပရိနိဗ္ဗာယီ
အနာဂါမ် မည်၏။ (၀ိသုဒ္ဓိ၊၂၊၃၅၂။)
၎။ သသင်္ခါရပရိနိဗ္ဗာယီ = ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို လွန်လွန်ကဲကဲ ပြင်း
ပြင်းထန်ထန် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်မှု လုံ့လပယောဂ ရှိပါမှ ယင်း
လုံ့လပယောဂ ၀ီရိယ၏ အားပေးထောက်ပံ့မှုရှိသော ၀ိပဿနာအကျင့်ဖြင့် အရ
ဟတ္တမဂ်တည်းဟူသော အထက်မဂ်ကို ဖြစ်စေနိုင်သော အနာဂါမ်ပုဂ္ဂိုလ်သည်
အသင်္ခါရပရိနိဗ္ဗာယီအနာဂါမ် မည်၏။ (၀ိသုဒ္ဓိ၊၂၊၃၅၂။) (သဒ္ဓါ, ၀ီရိယ, သတိ, သ
မာဓိ, ပညာတည်းဟူသော ဣနြေ္ဒတို့က နုံ့နေသည့်အတွက်ကြောင့် ပင်ပင်ပန်း
ပန်း ခက်ခက်ခဲခဲ ငြိုငြိုငြင်ငြင် ဆင်းဆင်းရဲရဲဖြင့် အရဟတ္တမဂ်ကိုဖြစ်စေနိုင်ခြင်း
ဖြစ်ပေသည်။ (မဟာဋီ၊၂၊၅၃၂။)
၅။ ဥဒ္ဓံသောတော အကနိဋ္ဌဂါမီ = အ၀ိဟာ, အတပ္ပ, သဒုဿာ, သုဒဿီ,
အကနိဋ္ဌဟူ၍ သုဒ္ဓါဝါသ ငါးဘုံရှိ၏။ ထိုတွင် ထိုက်သင့်ရာ အ၀ိဟာစသည့်
သုဒ္ဓါဝါသဘုံ တစ်ခုခုတွင် အနာဂါမ်အရိယာသူတော်ကောင်းသည် ပဋိသန္ဓေ
အားဖြင့် ကပ်ရောက်တည်နေရ၏။ ရှေးဦးပဋိသန္ဓေဖြစ်ရာ ထိုဘုံမှအထက်
အထက် ဘုံ၌ ထပ်မံ ပဋိသန္ဓေနေသောအခါ အကနိဋ္ဌဘုံသို့တိုင်အောင် တက်
ရောက်ကာ ပဋိသန္ဓေတည်နေရ၏။ ထိုအကနိဋ္ဌဘုံ၌ ကိလေသပရိနိဗ္ဗာန် ၀င်စံ
ရသောအနာဂါမ်ပုဂ္ဂိုလ်သည် ဥဒ္ဓံသောတော အကနိဋ္ဌဂါမိအနာဂါမ် မည်၏် ။
(၀ိသုဒ္ဓိ၊၂၊၃၅၂။ သံ၊၃၊၁၇၇။၃၃၀။)
ဖားအောက်တောရဆရာတော်
(ရေဥပမာရှိသူများ မှ)
https://www.facebook.com/pages/Buddhavasa-Tiloka/355156207937549?ref=stream
Sunday, December 1, 2013
Saturday, November 30, 2013
Monday, November 4, 2013
လှူကထိန် သင်္ကန်းနဲ့ မဂ်လမ်းကိုတဲ့ ဆုပန်ရွယ်
လှူကထိန် သင်္ကန်းနဲ့ မဂ်လမ်းကိုတဲ့ ဆုပန်ရွယ်
ရွှေတိဂုံစေတီတော်တွင် ၁၃၇၄ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ မတိုင်မီ (အဖိတ်နေ့ည)ပြုလုပ်သော မသိုးသင်္ကန်းရက်လုပ် ကပ်လှူပူဇော်ပွဲ အခမ်းအနား
မြောက်ပြန်လေ ဆော်သွန်းစ၊ ငွေနှင်းရီတို့ ဆွတ်ဖျန်းပြုစ၊ ၀န်းကျင်တစ်ကြော၌ ရွှေပွင့်ခ၀ဲတို့ ၀တ်မှုန်ကြဲပက်စ တန်ဆောင်မုန်းလရာသီ ရောက်ပြီဆိုမှဖြင့် ဘာသာရေးနှင့် စပ်ယှဉ်သော ပွဲတော်များအနက် အထင်ကရ ပွဲတော်ကား ကထိန်ပွဲတော်ပင် ဖြစ်၏။ ထိုကထိန်သင်္ကန်း ကပ်လှူပွဲကို နိုင်ငံတစ်ဝန်းလုံးသော သောညံညံမျှ အားထုတ်ကြ၏။
ကထိန်ဟူသည်
ကထိန်ဟူသည်
အကျိုးအာနိသင် ငါးမျိုးကို အတွင်း၌ ပြုခြင်းငှာ စွမ်းနိုင်သဖြင့် ခိုင်မြဲသောကြောင့် လည်းကောင်း၊ အကျိုးအာနိသင် ငါးမျိုးကို အခြားသို့ မရောက်စေဘဲ တစုတပေါင်းတည်း သိမ်းယူတတ်သောကြောင့် လည်းကောင်း၊ ဘုရားစသော အရိယာ သူတော်ကောင်းတို့ ချီးမွမ်းအပ်သောကြောင့် လည်းကောင်း ကထိန (ကထိန်) မည်၏။
ဗုဒ္ဓခေတ် အခါက ယနေ့အခါကဲ့သို့ ချုပ်ပြီးဆိုးပြီး သင်္ကန်းဖြင့် ကထိန်ခင်းရန် လှူဒါန်းကြခြင်း မဟုတ်။ ကထိန်အတွက် အ၀တ်များကို လှူဒါန်းကြခြင်းဖြစ်၍ အ၀တ်စများကို သင်္ကန်းဖြစ်စေရန် ဖြတ်ခြင်း၊ ချုပ်ခြင်း၊ ဆိုးခြင်း၊ လှူခြင်း၊ ခင်းခြင်းစသော ကထိန်နှစ် စပ်သမျှ အရာအားလုံးကိုခြုံ၍ ကထိန်ဟု ခေါ်ဆိုခြင်းဖြစ်၏။
ကထိန်ပေါ်ပေါက်ခဲ့ခြင်း
ပါဝေယျကတိုင်းသား ဘဒ္ဒ၀ဂ္ဂီညီနောင်သုံးကျိပ်တို့ကို အကြောင်းပြု၍ မြတ်ဗုဒ္ဓသည် ကထိန်ကို ခွင့်ပြုတော် မူခဲ့ပါသည်။ ဘုရားရှင်နှင့်အတူ ၀ါကပ်ရန် ပါဝေယျကမြို့မှ သာဝတ္ထိမြို့သို့ ၀ါဆိုအမီ ကြွလာကြသော်လည်း မမီနိုင်သဖြင့် သာဝတ္ထိမြို့နှင့် ခြောက်ယူဇနာဝေးသော သာကေတမြို့တွင် ၀ါဆိုကြရပါသည်။
ထိုရဟန်းတော်များသည် သီတင်းဝါလကျွတ်၍ ပ၀ါရဏာပြုပြီးသော် မြတ်ဗုဒ္ဓအား ဖူးမြော်ရန် သာဝတ္ထိမြို့သို့ လာကြစဉ် လမ်းခရီး၌ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် သင်္ကန်းတို့သည် ရေ၊ ရွှံ့ညွန်တို့ဖြင့် စိုရွှဲပေကျံလျက် ရောက်လာကြပြီး ဖူးမြော်ကြရ၏။ သင်္ကန်းသုံးထည်ဆောင် ရဟန်းများဖြစ်ကြ၍ လဲစရာ အပိုသင်္ကန်း မရှိ။ သင်္ကန်းကြောင့် ပင်ပန်းဆင်းရဲသည်ကို အကြောင်းပြု၍ ကထိန်ခင်းရန် ခွင့်ပြုတော် မူပါသည်။
ကထိန်သင်္ကန်း အလှူခံခွင့်ရသော ရဟန်း
ကထိန်သင်္ကန်း အလှူခံမည့် သံဃာသည် -
(၁) ၀ါဆိုလပြည့်ကျော် ၁ ရက်မှ သီတင်းကျွတ် လပြည့်ကျော် ၁ ရက်တိုင်အောင် ပထမ ၀ါဆိုပြီးခြင်း။
(၂) သီတင်းကျွတ် လပြည့်နေ့၌ ပ၀ါရဏာ ပြုပြီးခြင်း။
(၃) ၀ါကျိုးဝါပြတ် မရှိခြင်း။
(၄) ကထိန်ခင်းခြင်း အစီအစဉ် စသည်တို့ကို နားလည်ခြင်းဟူသော အင်္ဂါများနှင့် ပြည့်စုံရပါမည်။
(၁) ၀ါဆိုလပြည့်ကျော် ၁ ရက်မှ သီတင်းကျွတ် လပြည့်ကျော် ၁ ရက်တိုင်အောင် ပထမ ၀ါဆိုပြီးခြင်း။
(၂) သီတင်းကျွတ် လပြည့်နေ့၌ ပ၀ါရဏာ ပြုပြီးခြင်း။
(၃) ၀ါကျိုးဝါပြတ် မရှိခြင်း။
(၄) ကထိန်ခင်းခြင်း အစီအစဉ် စသည်တို့ကို နားလည်ခြင်းဟူသော အင်္ဂါများနှင့် ပြည့်စုံရပါမည်။
ဝါကပ်ကြပါသော်လည်း ၀ါကျိုးဝါပြတ်ဖြစ်သော ရဟန်းတော်များ ကထိန်သင်္ကန်းကို အလှူခံခွင့် မရှိပါ။ ၀ါတွင်းကာလ အရုဏ်တက်ချိန်တို့၌ မိမိဝါဆိုသော ကျောင်းတံတိုင်းအတွင်း၌ ရှိနေပါက ၀ါ, မကျိုး၊ အရုဏ်တက်ချိန် ကျောင်းအာရာမ်ပြင်ပသို့ ရောက်နေလျှင် ၀ါကျိုးဝါပြတ်သည်ဟု ခေါ်ဆိုပါသည်။
ပံ့သကူ သင်္ကန်း
သင်္ကန်းအလှူရှင် မရှိခဲ့သော် ရဟန်းတော်များသည် ကိုယ်တိုင်သုသာန် အမှိုက်ပုံ လူသေကောင် စသောအရပ်တို့၌ စွန့်ပစ်အပ်သော အ၀တ်တို့ကို လိုက်၍ကောက်ခြင်းကို ပံ့သကူ ကောက်သည်ဟု ဆို၏။ ထိုပံ့သကူ အ၀တ်များကို ဖွပ်၊ လျှော်ချုပ်ဆိုးကာ ကထိန်ခင်းကြရပါသည်။ ယနေ့အခါတွင် ကထိန်မရသော သံဃာအား မိုးပေါ်ကျ ကထိန်ဟုဆိုကာ တန်ဆောင်မုန်း လပြည့်နေ့တွင် အချို့ကုသိုလ်ရှင်များက ကျောင်းတိုက်များသို့ လှည့်လည်ရှာ၍ ခင်းလေ့ရှိကြသည်။
ကထိန်ကာလနှင့် ကထိန်သင်္ကန်း
သီတင်းကျွတ် လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်းလပြည့် အရုဏ်တက်ချိန်ထိ တစ်လသာ ကထိန်သင်္ကန်းကို အလှူခံခွင့် ရှိ၏။ နှစ်ထပ် (ဒုကုဋ်)၊ အပေါ်ဝတ် ဧကသီနှင့် အောက်ပိုင်းဝတ် သင်းပိုင်ဟူ၍ သင်္ကန်းသုံးထည်အနက် တစ်ထည်တည်းဖြင့်သာ ကထိန်ခင်း ရပါသည်။
ရဟန်းတော်များသည် သီတင်းဝါလကျွတ်၍ ပ၀ါရဏာပြုပြီးသော် မြတ်ဗုဒ္ဓအား ဖူးမြော်ရန် သာဝတ္ထိမြို့သို့ လာကြစဉ် လမ်းခရီး၌ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် သင်္ကန်းတို့သည် ရေ၊ ရွှံ့ညွန်တို့ဖြင့် စိုရွှဲပေကျံလျက် ရောက်လာကြပြီး ဖူးမြော်ကြရ၏။ သင်္ကန်းသုံးထည်ဆောင် ရဟန်းများဖြစ်ကြ၍ လဲစရာ အပိုသင်္ကန်း မရှိ။ သင်္ကန်းကြောင့် ပင်ပန်းဆင်းရဲသည်ကို အကြောင်းပြု၍ ကထိန်ခင်းရန် ခွင့်ပြုတော် မူပါသည် . . . . .
|
ထိုသင်္ကန်း သုံးထည်မှတစ်ပါး အခြားအ၀တ်တို့ဖြင့် ကထိန်မခင်းကောင်းပါ။ ကထိန်ခင်းရန် ဥပါယ်တံမျဉ်ဖြင့်လည်း အလှူမခံကောင်း။ သဒ္ဓါတရား သူ့အလိုအလျောက် ပေါ်ပေါက်ပါမှ အလှူခံခွင့် ရှိပါသည်။ မိုးပေါ်ကျ သဒ္ဓါတရား ဖြစ်၏။
ယနေ့ခေတ်တွင် နှိုးဆော်စာဖြင့် လည်းကောင်း၊ ရဟန်းတော်များကိုယ်တိုင် အလှူခံ မဏ္ဍပ်တို့၌ထိုင်လျက် အလှူခံနေကြခြင်းကို လည်းကောင်း ရှောင်ကြဉ်ကြရပါမည်။ ကျောင်းအကျိုးဆောင် ကပ္ပိယတို့ဖြင့်သာ စီမံသင့်၏။ ကထိန်အလှူရရန် သံဃာ့ပယောဂ လုံးဝမပါစေအပ်။
ကထိန်ခင်းပုံ အစီအစဉ်
(၁) "ဣမံကထိနစီဝရံ သံဃဿ ဒေမ၊ ဣမိနာစီဝရေန သံဃောကထိနံအတ္ထတု" ဤကထိန်လျာ သင်္ကန်းကို သံဃာတော်အား လှူဒါန်းပါ၏။ သံဃာတော်သည် ဤသင်္ကန်းဖြင့် ကထိန်ခင်းတော်မူပါ ဘုရား" ဟု သံဃာကိုသာ ရည်မှန်း၍ လှူဒါန်းပါမှ ကထိန်အလှူ မြောက်၏။ ရင်းနှီးသော ရဟန်းတစ်ပါးကို ရည်မှန်း၍ ကထိန်သင်္ကန်း မလှူဒါန်းအပ်။
(၂) ကထိန်သင်္ကန်းသည် အလှူခံပြီးရုံမျှဖြင့် မပြီး။ ကံဆောင်ကြရပါသည်။ ကထိန်အလှူရှင် လှူဒါန်းသော သင်္ကန်းကို အလှူခံပြီးနောက် သံဃာငါးပါး ဗဒ္ဓသိမ် အတွင်းသို့ စုဝေးစေကြပြီး၊ "အရှင်ဘုရားတို့၊ သံဃာတော်၌ ကထိန်သင်္ကန်း ဖြစ်ပေါ်ပါသည်။ ထိုသင်္ကန်းကို (ဦးတေဇော)ကို ပေးအပ်ပါသည် ဘုရား။ သံဃာတော်သည် ထိုသို့ပေးအပ်သည်ကို သဘောတူပါဘုရား။ သံဃာတော်ကို သိစေအပ်ပါသည် ဘုရား" ဟု အဓိပ္ပါယ်ရှိသော ဉတ္တိဒုတိယကမ္မ၀ါစာဖြင့် သံဃာက ပေးရ၏။ ကထိန်သင်္ကန်းရသော သံဃာကို ကထိန်ခံသံဃာဟု ဆို၏။ ကထိန်ခံရာ၌ သင်္ကန်းရှားပါးသော ရဟန်းကို ဦးစွာရွေးချယ်၍ ပေးရပါမည်။ သံဃာအားလုံး သင်္ကန်းများ ပြည့်စုံနေသော် မထေရ်ကြီးအား ပေးကြရ၏။ ထိုသို့ သံဃာတော်ကို သိစေကာ သင်္ကန်းပေးပြီးနောက် သင့်လျော်သော နေရာတွင် ကျောင်းတိုက်ဝါဆို သံဃာအားလုံး စုဝေးကြလျက် ကထိန်ကို ဤသို့ခင်းကြရ၏။
(၃)အလှူခံထား သံဃာသည် ယခင်ရှိနှင့်ပြီးသော သင်္ကန်းကို "ဣမံ စီဝရံ ပစ္စုဒ္ဓရာမိ" ဟုဆို၍ ပစ္စုဒ္ဓိုရပ်ပြု (စွန့်ပယ်) ရ၏။
(၄) အလှူခံအပ်သော သင်္ကန်း၏ ထောင့်စွန်းတစ်နေရာ၌ ဥဒေါင်းမျက်စိ(၀ါ) ကြမ်းပိုးကျောက်ကုန်း ပမာဏရှိသော အပြောက်စက်ကလေး ထိုးအပ်၏။ ယင်းကို ကပ္ပဗိန္ဒု ထိုးသည်ဟု ခေါ်ဆို၏။
(၅) ထို့နောက် ဣမံ သင်္ဃာဋိံ (ဥ တ္တရာသင်္ဂံ၊ အန္တရ၀ါသကံ) အဓိဋ္ဌာမိ "ဤသင်္ကန်းကြီး (ဧကသီ၊ သင်းပိုင်)ကို မိမိပိုင် သင်္ကန်းကြီးဟူ၍ ဆောက်တည်ပါ၏ဟု ဆိုလျက် အဓိဋ္ဌာန် တင်ရ၏။
(၆) သင်္ကန်းရထားသော သံဃာသည် ကထိန်ခင်းမည့် သင်္ကန်းကို ကိုင်လျက် "ဣမယာ သင်္ဃာဋိယာ ကထိနံ အတ္ထရာမိ" "ဤနှစ်ထပ် သင်္ကန်းကြီးဖြင့် ကထိန်ခင်းပါ၏" ဟူ၍ သုံးကြိမ်ဆိုရပါမည်။ (အပေါ်ဝတ် ဧကသီဖြင့် ခင်းမည်ဆိုလျှင် "ဣမိနာ ဥတ္တရာသင်္ဂေန" ဟု၊ သင်းပိုင်ဖြစ်က "ဣမိနာ အန္တရ၀ါသေန" ဟု ပြောင်းလွဲဆိုရပါမည်။)
(၇) ထို့နောက် "အတ္ထတံ ဘန္တေသံဃဿ ကထိန ဓမ္မိကော ကထိ နတ္ထရော အနုမောဒထ" ဟူ၍ နှုတ်မြွက်အနုမောဒနာ ပြုစေရပါမည်။
(၈) သံဃာတော်များကလည်း "အတ္ထတံ ဘန္တေ သံဃဿ ကထိနံ ဓမ္မိကော ကထိနတ္ထရော အနုမော ဒါမ" ဟုဆိုကာ နှုတ်မြွက်အနုမောဒနာ ပြုကြရပါမည်။ အရှင်ဘုရားတို့ သံဃာတော်အား တရားနှင့်ယှဉ်သော ကထိန်ကို ခင်းအပ်ပါပြီ၊ သံဃာတော်များ ၀မ်းမြောက်တော် မူပါဟူ၍ လည်းကောင်း၊ သံဃာတော်များလည်း ၀မ်းမြောက်ပါသည်" ဟူ၍လည်းကောင်း အပြန်အလှန် ဆိုကြခြင်းဖြစ်၏။
ဤကိစ္စ ရှစ်မျိုးကို ၀ိနည်းကံနှင့်အညီ နေ့ချင်းပြီး ဆောင်ရွက်ခြင်းကို ကထိန်ခင်းခြင်းဟု ခေါ်ဆိုပါသည်။ နေ့ခြင်းပြီး မဆောင်ရွက်လျှင် ညဥ့်လွန်ကထိန်သည် သိုးသွားသကဲ့သို့ဖြစ်၍ ကထိန်မမြောက်တော့။
၁၃၇၄ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ မတိုင်မီ(အဖိတ်နေ့ည) ရွှေတိဂုံစေတီတော်တွင် ပြုလုပ်သော မသိုးသင်္ကန်းရက် ပြိုင်ပွဲကို တွေ့ရစဉ်
ဉတ်ကမ္မ၀ါစာဖြင့် ပေးအပ်သည်ကို အစွဲပြု၍ ကထိန်သင်္ကန်းကို "ဉတ်သင်္ကန်း" ဟု ခေါ်ဆိုခြင်း ဖြစ်၏။ လူများပြောနေသကဲ့သို့ "ညှပ်မကြီးသင်္ကန်း" မဟုတ်။ လူများက ကထိန်ခင်းခြင်း မဟုတ်။ လူများက ကထိန်ခင်းနိုင်ရန် သင်္ကန်းလှူဒါန်းခြင်းမျှသာဖြစ်ပြီး သံဃာတော်များက ကထိန်ခင်းကြခြင်း ဖြစ်ပါသည်။
ကထိန်ခင်းရာ၌ သင်္ကန်းတစ်ထည်သာဖြစ်လျက် ယနေ့ခေတ်တွင် သင်္ကန်းအမြောက်အမြား အလှူခံနေကြခြင်းသည် ကျောင်းတိုက်၌ သံဃာအများအပြား ရှိသောကြောင့် ကထိန်၏ အခြံအရံ သင်္ကန်းအဖြစ် အလှူခံခြင်း ဖြစ်ပါသည်။ အနုမောဒနာ ပြုကြသော သံဃာတော်တို့အား ခွဲဝေလှူဒါန်း ရပါမည်။
သီးမျိုးစုံ ပဒေသာပင်များ လှူဒါန်းကြခြင်းမှာ အရှင်မဟာကဿပ လျောင်းလျာ နန္ဒလုလင် ဖြစ်စဉ်က ပစ္စေကဗုဒ္ဓါ အရှင်မြတ်တစ်ပါး ပံ့သကူအ၀တ်ကို ဆွဲဆန့်ပြီး သင်္ကန်းချုပ် နေသည်ကို မြင်သဖြင့် "အ၀တ်က မလောက်လို့ ဆွဲဆန့်ပြီး သင်္ကန်းချုပ်နေရဟန်တူရဲ့" ဟု သဒ္ဓါပေါက်၍ မိမိ၌ပါလာသော ရေလဲပုဆိုးကို ဆက်စပ်သင်္ကန်းချုပ်ရန် လှူဒါန်းခဲ့ဖူး၏။ နောင်တွင် ရှင်ဘုရင်ဖြစ်၊ ထိုသင်္ကန်းအတွက် ရေလဲပုဆိုး လှူဒါန်းခဲ့သည့် ကုသိုလ်ကြောင့် တိုင်းနိုင်ငံတွင် နူးညံ့သော အ၀တ်များသီးသည့် ပဒေသာပင်များ ယနေ့ခေတ်တွင် အထည်စက်ရုံကြီးများကဲ့သို့ ပေါ်ပေါက်လာသတဲ့။ ထိုကို ရည်မှန်းပြီး ပဒေသာပင်များလည်း ကထိန်တွင် လှူဒါန်းလေ့ ပြုခဲ့ကြခြင်း ဖြစ်ဟန်တူပါသည်။
အချို့ဒကာ၊ ဒကာမများပြောကြ၏ "ညှပ်မကြီးသင်္ကန်း လှူပါမှ ပိုပြီးအကျိုးများသည်" ဟု အယူအဆလည်း မမှန်ကန်ပါ။ မြတ်ဗုဒ္ဓက ထိန်ခွင့်ပြုခြင်းသည် သံဃာတော်အား သင်္ကန်းပြည့်စုံ မျှတစေရန် ဖြစ်၏။ ထို့ကြောင့် အရံ (အာနိသင်) သင်္ကန်းများသည်လည်း သံဃာတော်အားလျော်သော ကျေးဇူးပြုတတ်သောကြောင့် ဉတ်သင်္ကန်း လှူဒါန်းသူ ကဲ့သို့ပင် အကျိုးများသည်သာ။ အကျိုးပေးလျော့ကျခြင်း မရှိနိုင်။ (၀ိနယာလင်္ကာရဋီကာ)
ကထိန်သင်္ကန်းကို သင်္ကန်းရှားပါးသော ရဟန်းကို ဦးစားပေး ရွေးချယ်ပေးရသည်ကို ကြားဖူးနားဝ ရှိကြကုန်သော တချို့ဒကာ၊ ဒကာမတို့သည် ပစ္စည်းလေးပါး နွမ်းပါးကြကုန်သော သံဃာတို့ကို ပို၍ ကထိန်ခင်းလိုကြ၏။
သံဃာတော်အား ပစ္စည်းလေးပါး ပြည့်စုံစေရန် ကထိန်ကို မြတ်ဗုဒ္ဓ ခွင့်ပြုခဲ့သည်ဟူသော စကားကို သဘောပေါက်ပါက မိမိ ကထိန်အလှူသည် သံဃာတော်နှင့် ဗုဒ္ဓသာသနာအား အကျိုးများ၊ မများချင့်ချိန်ပြီး ကထိန်အလှူ လှူဒါန်းကြရပါမည်။
ကထိန်အာနိသင် (၅)
(၁) အနာမန္တစာရ-ထင်ရှားရှိသော ရဟန်းကို မပန်ကြားမူ၍ နေ့လယ်အချိန် အရပ်ထဲသို့ သွားလာနိုင်ခြင်း အကျိုး။
(၂) အသမာဒါနစာရ-အဓိဋ္ဌာန် တင်ထားအပ်သော သင်္ကန်းသုံးထည်ကို မဆောင်ယူမူ၍ သွားလိုရာ အရပ်တို့သို့ သွားလာနိုင်ခြင်း အကျိုး။
(၃) ယာဝဒတ္ထစီဝရ- ရရသမျှသော သင်္ကန်းတို့ကို အဓိဋ္ဌာန်ဝိကပ္ပနာ မပြုဘဲ အလိုရှိသလောက်ထား၍ သုံးဆောင်နိုင်ခြင်း အကျိုး။
(၄) ဂဏဘောဇန- မအပ်စပ်သော ပင့်ဖိတ်ခြင်းမျိုးဖြင့် ပင့်ဖိတ်အပ်သော ဆွမ်းကိုသိလျက် လေးပါး၊ လေးပါးအထက် စုပေါင်းအလှူခံခြင်း အကျိုး။
(၅) ယောတတ္ထစီဝရုပ္ပါဒ-ကထိန်ခင်းရာ ကျောင်းတိုက်၌ ဖြစ်ပေါ်ရရှိလာသမျှ သင်္ကန်း အစရှိသည်တို့ကို ကထိန်ခင်းသော ကျောင်းတိုက်ရှိ သံဃာတို့သာ သုံးစွဲခွင့်ရနိုင်ခြင်း အကျိုးတို့ ဖြစ်ပါသည်။
(၂) အသမာဒါနစာရ-အဓိဋ္ဌာန် တင်ထားအပ်သော သင်္ကန်းသုံးထည်ကို မဆောင်ယူမူ၍ သွားလိုရာ အရပ်တို့သို့ သွားလာနိုင်ခြင်း အကျိုး။
(၃) ယာဝဒတ္ထစီဝရ- ရရသမျှသော သင်္ကန်းတို့ကို အဓိဋ္ဌာန်ဝိကပ္ပနာ မပြုဘဲ အလိုရှိသလောက်ထား၍ သုံးဆောင်နိုင်ခြင်း အကျိုး။
(၄) ဂဏဘောဇန- မအပ်စပ်သော ပင့်ဖိတ်ခြင်းမျိုးဖြင့် ပင့်ဖိတ်အပ်သော ဆွမ်းကိုသိလျက် လေးပါး၊ လေးပါးအထက် စုပေါင်းအလှူခံခြင်း အကျိုး။
(၅) ယောတတ္ထစီဝရုပ္ပါဒ-ကထိန်ခင်းရာ ကျောင်းတိုက်၌ ဖြစ်ပေါ်ရရှိလာသမျှ သင်္ကန်း အစရှိသည်တို့ကို ကထိန်ခင်းသော ကျောင်းတိုက်ရှိ သံဃာတို့သာ သုံးစွဲခွင့်ရနိုင်ခြင်း အကျိုးတို့ ဖြစ်ပါသည်။
ရဟန်းတော်များကို ဆွမ်းဖိတ်သောအခါ "အရှင်ဘုရား၊ မနက်ဖြန် တပည့်တော်တို့အိမ် ဆွမ်းဘုဉ်းပေးကြွပါ။ ခေါက်ဆွဲဆွမ်းဘုဉ်းပေးကြွပါ။ မုန့်ဆွမ်းဘုဉ်းပေးကြွပါ" ဟူ၍ ဘောဇဉ်များကို ဆွမ်းအမည်တပ် ပင့်ပါမှ သံဃာတော်များ ကြွရောက်ဘုဉ်းပေးကောင်း၏။ အကယ်၍ အလှူရှင်က "အရှင်ဘုရား မနက်ဖြန် ထမင်းသုံးဆောင်ရအောင်၊ ခေါက်ဆွဲဘုဉ်းပေးကြွပါ။ ကြာဆံဘုန်းပေးကြွပါ" ဟူ၍ ဆွမ်းအမည် မတပ်ဘဲပင့်လျှင် သံဃာတော်များ ကြွရောက်မဘုဉ်းပေးကောင်း။ သွားရောက်ဘုဉ်းပေးပါက ဂဏဘောဇန သိက္ခာပုဒ်နှင့် ပရမ္ပရသိက္ခာပုဒ်တို့အရ ပါစိတ်အာပတ် သင့်ပါသည်။ ပင့်ဖိတ်နည်း မမှန်သောကြောင့် ဖြစ်ပါသည်။ ကထိန်ခံထားပါက တပေါင်းလပြည့်တိုင် ထိုသိက္ခာပုဒ်တို့ကြောင့် အာပတ်မသင့်တော့။ ကြွရောက်ဘုဉ်းပေးကောင်း၏။
အကျိုးငါးမျိုးကို ကထိန်ခံသံဃာ၊ အနုမောဒနာ ပြုကြကုန်သော သံဃာတော်များသည် ကထိန်ခင်းသည့် နေ့မှစ၍ တပေါင်းလပြည့်တိုင်အောင် ခံစားရပါသည်။ ဆိုင်ရာသိက္ခာပုဒ်တို့ကြောင့် အာပတ်မသင့်။
ကထိန်ကုသိုလ်ရှင်တို့ ရအပ်သော အကျိုး
ရှေးဆရာတော်ကြီးများက ရဟန်းတော်များ ရရှိအပ်သော အကျိုးငါးပါးနှင့် အလားတူစွာသော အကျိုးတရားများကို ကထိန်သင်္ကန်း ကုသိုလ်ရှင်များလည်း ရရှိနိုင်ကြောင်း ဖော်ပြပါ လင်္ကာအရ သိရပါသည်။
လင်္ကာ။ ။ နှောင်ဖွဲ့လွတ်မြောက်၊ မပျောက်ဥစ္စာ၊ အစာဆိပ်ကင်း၊ စိုးမင်းပိုင်သလို၊ လိုတိုင်းရသည်၊ ငါးဝကထိန် လှူကျိုးတည်း။
(၁) အနှောင်အဖွဲ့လွတ်မြောက်ခြင်း၊ (၂) မိမိပိုင်ပစ္စည်းများ ရန်သူမျိုး ငါးပါးကြောင့် မပျောက်ပျက်ခြင်း၊ (၃) စားသောက်သမျှ အာဟာရတို့ အစာကျေညက်ကာ အစာအဆိပ် မသင့်ခြင်း၊ (၄) မိမိပိုင်ပစ္စည်း စိတ်တိုင်းကျ စီမံပိုင်ခွင့်ရှိခြင်း၊ (၅) လိုအပ်သော ပစ္စည်းကို လိုအပ်သော အချိန်တိုင်း၌ မဆိုင်းမတွ ရရှိနိုင်ခြင်း အကျိုးတို့ ဖြစ်ပါသည်။
ဝိနည်းကံနှင့် ဆက်စပ်ဆောင်ရွက် အပ်သောကြောင့် ကထိန်သင်္ကန်း လှူဒါန်းခြင်းသည် မဂ်ဖိုလ်တိုင်အောင် အကျိုးပေးခိုင်မာ လှပါသည်။ ထို့ကြောင့် လှူကထိန်သင်္ကန်းဖြင့် မဂ်လမ်းသို့ ဆုပန်ရွယ်လျက် လှူဒါန်းနိုင်ကြ ပါစေကြောင်း အသိပေး ရေးသားအပ်ပါသည်။
Post from
www.new-eleven.com/opinion/24861
သောတာပန်ပုဂ္ဂိုလ်များ နေ့စဉ်ဘ၀မှာ နေထိုင်ကြပုံ
post from
http://www.drnandamalabhivamsa.com.mm/video/1127
Sunday, November 3, 2013
Thursday, October 3, 2013
အမတနာဠိကေရ အသက်ရှည်ဆေး သို့ အုန်းတစ်လုံးဆေး
မအို
မနာ မသေ အုန်းသီးအသက်ရှည်ဆေး
ကျနော့
အသိမိတ်ဆွေတစ်ယောက်မှ အုန်းတစ်လုံးအသက်ရှည်ဆေးကို လိုချင်ပါတယ်ဆို
တာနဲ့ ဆရာဦးဆက်ထွန်းလင်း
စာအုပ်မှာ ရှာဖွေရေးသားတင်ပေး လိုက်ပါတယ်။ဆေး
နည်းတွေက
မြောက်မြားစွာရှိလို့ မိမိနဲ့ သင့်တော်ရာကို ရေရှည်မှီဝဲသုံးဆောင်သွားပါက ကျန်းမာသက်ရှည်မည်သာ
ဖြစ်ပါသည်။အသိသတိနဲ့ မိမိကိုယ်စောင့်ရှောက်ပြီး အမြဲသုံး စွဲဖို့ ဇွဲရှိဖို့ လိုပါတယ်။ကျနော်တို
့ကိုယ်တိုင်ပင် ကျန်းမာရေးကောင်းနေပါက ဘယ်ဆေးကို မှ သောက်ဖို့ ကို စိတ်ထဲမတောင့်တကြပါဘူး။မေ့လျော့နေတတ်
ကြပါတယ်။ဒါပေမယ့် ကိုယ်ခန္ဓာက ဆေးရဲ့ ဓာတ်ကို အမြဲရရှိနေအောင် မှန်မှန်မှီဝဲကြဖို့ အထူးလိုအပ်လှပါတယ်။
ဆေးနာမည်က
အမတနာဠိကေရ လို့ ခေါ်တဲ့ အုန်းသီးအသက်ရှည်ဆေး ဖြစ်ပါတယ်။
အမတဆိုတာကတော့
သေခြင်းကင်းသော လို့ ဆိုပြီး နာဠိကေရကတော့ အုန်းသီးဆေး
လို
့ပြောတာပါ။
ကျနော်တို
့လူသားတွေမှာ ၀မ်းမီးကောင်းမွန်ပါက အဆုံးငါးပါး ပူသည်အေးသည်မရှိ၊ ချွေးအေးမထွက်၊ နှစ်ကြိမ်စားပါက
တစ်ကြိမ်သာ ၀မ်းသက်ခြင်း၊၀မ်းဟာသန့် ရှင်းပါမယ်။
ပေကျံခြင်း၊
ဝမ်းကျန်ခြင်းမရှိပါဘူး။ချွေးထွက်ပါမယ်။ကိုယ်သားကိုယ်ရေ သန့် ရှင်းပါမယ်။
အသားအေးခြင်း
ချွေးအေးထွက်ခြင်း မရှိပါဘူး။သွေးသား ကြည်လင်သန့် ပြီး ရေသောက်
ကောင်းပြီး
စားကောင်းအိပ်ပျော်ပါမယ်။အထက်ကလက္ခဏာတွေကတော့ ကျန်းမာခြင်း၊
အသက်ရှည်ခြင်း၊အသေသက်သာခြင်းကို
ဖြစ်စေတဲ့ ဝမ်းမီးကောင်းလက္ခဏာများ ဖြစ်ပါ တယ်။
ဆေးဖော်စပ်နည်းကတော့
အောက်ပါအတိုင်းဖြစ်ပါတယ်။
၁.သစ်ဆိမ့်သီးအဆံ ၁ ကျပ် ၄ ပဲသား
၂.ကြစုသီး ၁ ကျပ် ၄ ပဲသား
၃.ဆီးဖြူသီးအသား ၁
ကျပ် ၄ ပဲသား
၎.ကံ့ကော်ဝစ္ဆံ ၁ ကျပ် ၄ ပဲသား
၅.နွားမြက်ရင်းခေါင်း ၁ ကျပ် ၄ ပဲသား
၆.ငရုတ်ကောင်း ၁ ကျပ် ၄ ပဲသား
၇.လင်းနေ ၁ ကျပ် ၄ ပဲသား
၈.ဖာလာ ၁ ကျပ် ၄ ပဲသား
၉.အိမ့်မွေ
့သီး ၁ ကျပ် ၄ ပဲသား
၁၀.ပိတ်ချင်းသီး ၁ ကျပ် ၄ ပဲသား
၁၁.ကန်
့ချုပ်နီမြစ် ၁၀ ပဲသား
၁၂.နံသာနီ ၁၀ ပဲသား
၁၃.ဆင်တုံးမနွယ် ၁၀ ပဲသား
၁၄.နှမ်းဆီ ၂ ကျပ်သား
၁၅.ထောပတ် ၂ ကျပ်သား
၁၆.ပျားရည် ၂ ကျပ်သား
၁၇.သကြား ၂၅ ကျပ်သား
၁၈.ထန်းလျက် ၁၀ ကျပ်သား
၁၉.အုန်းသီးတစ်ခြမ်း၏နို
့ရည်
၂၀.အုန်းသီးတစ်ခြမ်းအဖတ်
၂၁.အုန်းသီးတစ်လုံးအရည်
ဖော်စပ်ပုံကတော့
အုန်းသီးကို ခြစ်ပြီး ထိုအုန်းရည်ဖြင့် နို့ ညှစ်ယူပါ။ကျန်သော
အုန်းဖတ် ကို မီးကျွမ်းအောင်
လှော်ပါ။
အုန်းသီးလှော်ဖတ်
နဲ့  နံပါတ် ၁ မှ ၁၄ အထိ ဆေးဘက်များကို အမှုန့် ကြိတ်ပါ။
ဆေးဘက်တွေကို
အမှုန့် ကြိတ်ရာမှာ သံဆုံနဲ့ ထောင်းတာသာ အကောင်းဆုံးပါ။
စက်နဲ
့ကြိတ်လိုက်ရင် ဆေးအာနိသင် လျော့သွားမယ်လို့ မှတ်သားထားကြပါ။
ဆေးချက်ပုံ
အဆင့်ဆင့်ကတော့ အောက်ပါအတိုင်းပါ။
သံဒယ်အိုးဖြင့်
ထောပတ်ကို ဆီသတ်လိုက်ပါ။ဆီသေပါက အောက်ကို ချပြီး ပျားရည်
ထည့် မွှေလိုက်ပါ။ပျားရည်က
မီးအပူကို ကြောက်ပါတယ်။နှမ်းဆီကို ဆီသတ်ပြီး ထည့်ပါ။
ထန်းလျက်ကို
ကြေအောင်ကြိတ်ပြီး ထည့်မွှေပါ။အုန်းနို့ ထည့်ပါ။မီးအပူပေးပါ။ကျက်ကျက်
ဆူသောအခါ
သကြားကိုထည့်ပြီး မွှေပါ။ကြေညက်ပြီးမှ ဆေးမှုန့် များကို ထည့်ပါ။ပြီးပါက
မီးညှင်းညှင်းဖြင့်
တဖြည်းဖြည်း လက်ကော်ရအောင် ဆီပြန်လာအောင် ချက်ပေးပါ။
စားသုံးနိုင်တဲ
့အမတနာဠိကေရ ဆေးရပါပီး။
ဆေးစားသုံးပုံကတော့
နံနက်စောစော ၈ ပဲသားခန့် ကွမ်းသီးခြမ်းလောက် ရေနွေးနှင့်
သောက်ပါ။ဆေးသောက်ပြီးရင်
အနုပါန အနေနဲ့ ကော်ဖီဖြစ်ဖြစ်၊နွားနို့ ဖြစ်ဖြစ်၊သား
ပြုတ်ရည်
တခုခုဖြစ်ဖြစ်၊ထမင်းရည်ဖြစ်ဖြစ် သောက်ပေးပါ။
အားလုံးပဲ
ဆေးဖော်စပ်သုံးဆောင်နိုင်ကြပြီး ၀မ်းမီးညီညွတ်လျက် ကျန်းမာသက်ရှည်
အသေသက်သာခြင်း
ကို ရရှိနိုင်ကြပါစေသတည်း။
ခင်ဝင်း
၂၄ လက်မပိုက်လိုင်းဗဟိုစခန်း
Monday, September 2, 2013
သဘာဝနိယာမ
သဘာဝနိယာမ
*********************
******************
- ချိန်တန်ရွယ်ရောက် လူလားမြောက်ခဲ့ပြီ သဘာဝနိယာမ
- စိတ်ဆင့်ရင့်ကျက် ထပ်ဆင့်သိခဲ့ပြီ သဘာဝနိယာမ
- ဓါတ်ကောင်း နှိုးဆော် လမ်းပေါ်ရောက်ခဲ့ပြီ သဘာဝနိယာမ
- အနာဂါမ်အရှင် ဆရာသခင် မှာခဲ့ပြီ သဘာဝနိယာမ
- တရားချဉ်းကပ် ဆွဲအားခေါ်ခဲ့ပြီ သဘာဝနိယာမ
- သဘာဝရဲ့ ဆွဲအား စံတုလို့ မရနိုင်
- မရှိမှအရှိသို့ စွမ်းအားနဲ့ 
- နိဗ္ဗာန်သောင်ကမ်း ဘယ်မဝေးတော့ပြီဟု
- ၀ီရိယ ဇွဲနဲ့ တင်
- သဘာဝနိယာမ.............................................
September 3,2013.
Shweplatform(Daewoo International)
Saturday, July 20, 2013
ကြက်သဟင်းပင်၏ ဆေးဖက်ဝင်မှုများ
ကြက်သဟင်းပင်၏
ဆေးဖက်ဝင်မှု
ကြက်သဟင်းပင်၏ ဆေးဖက်ဝင်မှုများကို ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ဝေသော လက်တွေ့  အသုံးချဆေးဖက်ဝင်အပင်များပေါင်းချုပ်
စာအုပ်၌ အောက်ပါအတိုင်း ဖော်ပြထားပါသည်။
ပုံသဏ္ဍာန်
ပင်မတ် ချုံပင်မျိုး ဖြစ်ပါသည်။၁-၇
ပေအထိမြင့်သည်။အရွက်မှာ ရွက်လွှဲထွက်သည်။အရွက်မှာ ငှက်မွှေးရွက်ပေါင်း
ဖြစ်သည်။အပွင့်မှာ သေးငယ်သည်။အရောင်မှာ လိမ္မော်ရောင်။ရိုးတံကပ်ပြီး
အပွင့်ပွင့်သည်။အသီးမှာ ညှာတံမဲ့သည်။
ပေါက်ရောက်ပုံ
စားသုံးပင်အဖြစ် နေအိမ်ခြံဝင်း များတွင်
စိုက်ပျိုးကြသည်။မြန်မာနိုင်ငံအနှံ့ အပြားတွင် စိုက်ပျိုးကြသည်။ မရှော့ရွက်ပင်နှင့် မျိုးရင်းတူသောကြောင့် အပင်ပုံသဏ္ဍာန်လည်း ဆင်တူရိုးမှား ဖြစ်ပါသည်။
အသုံးပြုသည့်
အစိတ်အပိုင်းမှာ အရွက်၊ အမြစ်။
အာနိသင်
အရွက်မှာ အေး၏။ချိုသော
အရသာရှိ၏။လေလမ်းကို ဖြောင့်၍ ၀မ်းမီးကိုတောက်စေ၏။
ပိုးနား၊
အဆိပ်နာကို နိုင်၏။ကိုယ်ပူနာနှင့် သင့်၏။အသည်းရောဂါများနှင့်
အထူးသင့်လျော်၏။
အသုံးပြုပုံ
ကြက်သဟင်းရွက်အား ဟင်းချိုချက်၍
လည်းကောင်း၊ ကြော်ချက်စားခြင်း
အတို
့အမြှုပ်အဖြစ် လည်းကောင်း ဟင်းလျာများတွင် စားသုံးကြသည်။
ကြက်သဟင်းမြစ်ကို
သွေးသောက်ခြင်း၊ပြုတ်သောက်ခြင်းဖြင့် သွေးတိုးကို
ကျစေပါသည်။
နှလုံးတုန်၊ ရင်တုန်ခြင်း ကိုသက်သာစေပါသည်။
အဆိပ်ရှိသော ပိုးမွှားများ ကိုက်ခံရပါက
ကြက်သဟင်းမြစ်ကို သွေးလိမ်းနိုင်ပါသည်။
ကြက်သဟင်းမြစ်ကို ဆန်ဆေးရည်နှင့်
သွေးလိမ်းပါက ကြက်သမာနှင့် အဖုအကျိတ်၊အနာပေါက်ရောဂါ များကို သက်သာပျောက်ကင်းစေသည်။ ကြက်သဟင်းအရွက်ကို
ဟင်းခါးချက်သောက်၍
လည်းကောင်း သုံးပုံတစ်ပုံကြွင်းပြုတ်သောက်ခြင်းအားဖြင့်
လည်းကောင်း အဖျားရောဂါကို သက်သာစေပါသည်။အဖျားကျစေပါသည်။ ကြက်သဟင်း ပဉ္စငါးပါးကို
သုံးပုံတစ်ပုံ
ကြွင်း
ကျန်အောင် ပြုတ်သောက်ခြင်းဖြင့် အသည်းရောင် အသားဝါရောဂါကို သက်
သာစေပါသည်။ကြက်သဟင်းရွက်
ဟင်းချိုအဖြစ်လည်း စားသုံးနိုင်ပါသည်။
ရှုတော်မူဆေးအဘိဓာန်၌ ဖော်ပြထားသည်မှာ
အောက်ပါအတိုင်းဖြစ်ပါ
သည်။
ကြက်သဟင်းရွက်သည် ပူ၏။ချိုသော
အရသာရှိ၏။ဝမ်းမီးကို ဖြောင့်စေ
တတ်၏။ပိုးနား၊အဆိပ်နာ
တို့ ကို နိုင်၏။ကိုယ်ပူနာနှင့်သင့်၏။အထူးသဖြင့် ၎င်းအမြစ်ကို
လက်တဆစ်ဖြတ်၍ ဆန်ဆေးရည်နှင့်
သွေးပြီး ကြက်သမာနာကို သုတ်လူးလျှင် သက်သာပျောက်ကင်းစေတတ်၏။ သွေးကို
ကြေစေတတ်၏။မြွေ
ဆိပ်ကင်းဆိပ်
စသော အဆိပ်အမျိုးမျိုးတို့ ကို လျင်မြန်စွာ ပယ်နိုင်၏။
ပါဝင်သော
ဓါတုဓာတ်များ
အပင်တွင်ပါဝင်သော
ဓာတုဗေဒဓာတ်ပစ္စည်းများနှင့် ဆေးဝါးအဖြစ် အသုံး
ပြုနိုင်မှုကို
ဓာတ်ခွဲစမ်းသပ်ခဲ့ပါသည်။ကြက်သဟင်းပင်၏ အရွက်၊ပင်စည်၊အမြစ်တို့ 
တွင်
အလွန်အစွမ်းထက်သော အောက်ပါဓာတ်ပစ္စည်းများ ပါဝင်၏။
Lignans,glycosides,Fluorides,Ellagitannins,Phenylpropanoids,Ar
Abinogalactan.
ကြက်သဟင်းကို
လက်တွေ့ စမ်းသပ်သုတေသနပြုမှုများ
၁။ ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်းကို
စမ်းသပ်ချက်
ဆီးလမ်းကြောင်းတွင်
ကျောက်တည်မှုအဖြစ်များဆုံးသည် ကယ်စီယမ်
အောက်ဆီလိတ်ကျောက်တည်ခြင်း
ဖြစ်သည်။ဆီးလမ်းကြောင်းအတွင်းတွင် အမျိုး
အစားမတူ
ကွဲပြားသော ကျောက်တည်မှုများ ရှိနိုင်ပါသည်။ဆီးအတွင်း ကျောက်များ အစိုင်အခဲ
ဖြစ်ပေါ်မှုသည် ဓာတ်ဆားအမျိုးမျိုး ဖွဲ့ စည်းမှုကြောင့်ဖြစ်
၏။ကြက်သဟင်းဖြင့်
ဆီးအိမ်ထဲ၌ ကယ်စီယမ် အောက်ဆီလိတ် ကျောက်များရှိ
သော
ကြွက်များကို စမ်းသပ်ခဲ့ပါသည်။ကြက်သဟင်း အဆီအနှစ် ၅ မီလီဂရမ် ကို ၃၀ရက်
တိုက်ကျွေးခဲ့ရာ ကြီးသော ကျောက်များသေးငယ်၍ သေးသောကျောက်
များ
ပျော်ကျစေကြောင်း ၂၀၀၆ ခုနှစ်တွင် ဘရာဇီး နိုင်ငံ၌ စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။
ကြက်သဟင်းပင်ကို
ဆေးဖက်ဝင်အပင်အဖြစ်အသုံးပြုနိုင်မှု
၁။ ကျောက်ကပ်ကျောက်နှင့်
သည်းခြေကျောက်ကို ပျော်ကျစေခြင်း၊
ကျောက်များထပ်မတည်ရန်
ကာကွယ်ခြင်း(expels stones)
၂။ ကျောက်ကပ်လုပ်ငန်း
လုပ်ဆောင်မှုကို ကူညီလုပ်ဆောင်ပေးခြင်း၊
ကျောက်ကပ်ကို
အဆိပ်အတောက်မဖြစ်စေရန် ကာကွယ်၍ ကျောက်ကပ်လုပ်
မှု
အရည်အချင်းကောင်းမွန်စေခြင်း၊ခန္ဓာကိုယ်အတွင်း အရည်များမျှတစေခြင်း
သန်မာမှုရှိစေခြင်း(supports
kidneys)
၃။ ဆီးရွှင်စေခြင်း၊ယူရစ်အက်စစ်ကို
လျော့နည်းစေနိုင်သည့်ပြင် ဆီး
ပိုသွားစေ၏။
၎။ ကိုက်ခဲနာကျင်မှု
ပျောက်စေခြင်း
၅။ အသည်းကို
အဆိပ်အတောက်ဖြစ်ခြင်းကာကွယ်၍ အသည်းသန်
မာစေခြင်း၊အရည်များအချိုးမျှတခြင်း၊အရည်အသွေး
ကောင်းမွန်ခြင်း(အသည်းအင်
ဇိုင်း
ဇီဝဓာတ်ကူပစ္စည်းများ မျှတမှုဖြစ်စေခြင်း
၆။ အသည်းကို
အဆိပ်အတောက်ပြေစေခြင်း
၇။ တောင့်တင်းခြင်း၊တက်ခြင်း
လျော့နည်းစေခြင်း
၈။ ရောင်ရမ်းခြင်းကို
လျော့နည်းစေခြင်း
၉။ ဗိုင်းရပိုးများဖြစ်သော
အသည်းရောင်အသားဝါ အေ၊ဘီ၊စီ ရေယုန်
ရောဂါနှင့်
ခုခံအားကျဆင်းမှု။ဗိုင်းရပ်စ်ပိုးများကို သေစေခြင်း
၁၀။ အစာကြေခြင်း
၁၁။ သွေးထဲတွင်
သကြားဓာတ်လျော့စေခြင်း
၁၂။ သွေးဖိအားလျော့စေခြင်း၊သွေးတိုး
ကိုလက်စထရောလျော့စေခြင်း
၁၃။ ဗက်တီးရီးယားပိုးများကို
သေစေခြင်း။
သုတေသနပြုမှုအရ အထောက်အထားပြည့်စုံသော
အသုံးပြုနိုင်မှုများ
၁။နာကျင်ကိုက်ခဲမှုပျောက်စေခြင်း
၂။ဗက်တီးရီးယားရောဂါပိုးဆန်
့ကျင်ခြင်း
၃။အသည်းအဆိပ်အတောက်ဖြစ်မှု
ဆန့် ကျင်ခြင်း
၎။အနာဖြစ်မှု
ဆန့် ကျင်ခြင်း
၅။ကျောက်ကကပ်ကျောက်တည်မှု
ဆန့် ကျင်ခြင်း
၆။ဌက်ဖျားကာကွယ်ခြင်း
၇။အသည်းကလာပ်စည်း
ဆဲလ် များကိုကာကွယ်ခြင်း
၈။ရောဂါပိုးဆန်
့ကျင်ခြင်း
၉။ဆီးသွားစေခြင်း
၁၀။အားတိုးဆေး၊အသည်းအားတိုးဆေး၊အစာကြေဆေး၊အသည်းကာကွယ်ခြင်း
သန်မာစေခြင်း၊သွေးတိုးရောဂါ၊ကိုလက်စထရောကျစေခြင်း
ကမ္ဘာတ၀န်း
ကြက်သဟင်းကို အသုံးပြုမှုများမှာအောက်ပါအတိုင်းဖြစ်ပါသည်။
၁။ဂျပန်-ကြက်သဟင်းအခြေ
ာက်ပဉ္စငါးပါးကို ပြုတ်သောက်လျှင် အထွေထွေ
ကျန်းမာရေး
ကောင်းသည်ဟု ယူဆပါသည်။အသည်းရောဂါကို ဒိန်ချဉ်ရည်ဖြင့်
ရောသောက်ပြီး
အစာမကြေ၊လေနာ၊၀မ်းကိုက်ရောဂါတို့ ကို ရေနွေးကြမ်းအဖြစ်
သောက်သုံး၏။အရွက်အစိမ်းအညှစ်ရည်ကို
ကြက်ဆူဆီဖြင့်ရောစပ်၍ မျက်စိ
ရောဂါအတွက်
မျက်စိပတ်ဝန်းကျင်တါင် လိမ်းကျံသည်
၂။ပြင်သစ်-အရွက်ကိုပြုတ်သောက်လျှင်
သည်းခြေရည်များစေခြင်း၊အသည်းအား
တိုးဆေးအဖြစ်သုံး၏။
၃။အိန္ဒိယ-အရွက်စိမ်းရည်ကို
ဆီးလမ်းကြောင်းရောဂါများ၊ဆီးချိုရောဂါများအတွက်
အသုံးပြု၍
အရွက်ခြောက်ကို ရေနွေးကြမ်းကဲ့သို့ သွေးတိုးရောဂါများအတွက်သော်
လည်းကောင်း
သောက်သုံး၏။
၎။ဖိလစ်ပိုင်-မီးဖွားပြီး
အမျိုးသမီး များ အရွက်ပြုတ်ရည်ကို ရေချိုးခြင်းဖြင့် အရေ
ပြားပေါ်ရှိ
ရောဂါပိုးမွှားများ ကုန်စင်စေသည်ဟု ယုံကြည်သည်။
၅။ထိုင်းနိုင်ငံ-အဖျားကျဆေး၊ဆီးဆေး၊ဌက်ဖျားဆေး၊အထွေထွေရောဂါကာကွယ်
ဆေးအဖြစ်သုံး၏။
၆။အနောက်အိန္ဒိယ-အစားစားလိုသောစိတ်ဖြစ်ပေါ်ဆေး၊ဆီးချိုရောဂါ၊ဆီးရောဂါ
ဌက်ဖျားရောဂါဆေးများအဖြစ်
အသုံးပြု၏။ဂနို၊ညောင်းကျရောဂါများပျောက်ကင်း
ရန်အသုံးပြု၏။
သူရဇ္ဇမဂ္ဂဇင်း
၂၀၁၃ ခုနှစ်။မေလ အတွဲ(၁၃) အမှတ်(၅)
စွမ်းထက်နောင်ရေးသားသော
ကြက်သဟင်းနှင့်အသည်းရောင်ရောဂါမှ
ကောက်နုတ်ဖောက်ပြချက်
Wednesday, February 20, 2013
HIV,AIDS ရောဂါကုထုံးဆိုင်ရာအတွက် ကမ္ဘာ့ရိုးရာဆေးပညာသုံး တွဲဖက်ကုထုံးများ
HIV,AIDS
ရောဂါကုထုံးဆိုင်ရာအတွက် ကမ္ဘာ့ရိုးရာဆေးပညာသုံး
တွဲဖက်ကုထုံးများ
ရိုးရာဆေးပညာဟာ ကြီးကျယ်ခမ်းနားသော ဂုဏ်များနှင့် ပြည့်စုံနေပါတယ်။ ထို့ ကြောင့်
လည်း
ရိုးရာဆေးပညာမှာ အခြံအရံဆေးပညာရပ်အပေါင်း များစွာပါရှိနေပါတယ်။ထိုအခြံအရံ
ဆေးပညာရပ်များထဲမှ
HIV,AIDS ရောဂါကုထုံးအတွက် အထောက်အကူပြုမည့် တွဲဖက်ကုထုံး
များကို
ရွေးချယ်အသုံးပြုပါက ပိုမိုထိရောက်မြန်ဆန်သည့် အကျိုးအာနိသင်များကို ရရှိစေနိုင်မှာ
ဖြစ်ပါတယ်။
ထိုတွဲဖက်ကုထုံးများ၏ ရည်ရွယ်ချက်မှာလည်း ခန္ဓာကိုယ်၏ ခုခံစွမ်းအားကို တိုးတက်စေ
ရန်ပင်
ဖြစ်ပါတယ်။တွဲဖက်ကုထုံးများကို ပေါင်းစပ်ကျင့်သုံးခြင်းဖြင့် HIV,AIDS ရောဂါအပေါ် ကုထုံး
ဆင်မှု၌
လည်းကောင်း၊ ထိရောက်မှုအာနိသင် ပိုမိုရရှိစေရေး၌ လည်းကောင်း၊ ကုထုံးသဘောတရား
ကျယ်ပြန်
့စေမှု၌ လည်းကောင်း၊ရောဂါ၏ တိုးတက်မှုကို ဟန့် တားစေရာ၌ လည်းကောင်း၊ ရောဂါ၏
လျော့ပါးသက်သာစေမှု
ပိုမိုမြန်ဆန်ရေး၌ လည်းကောင်း၊ တွဲဖက်ကုထုံးတစ်ခုစီ၏ သီးခြားစွမ်းရည်
အားသာချက်များအရ
လည်းကောင်း စသည့် ကောင်းကျိုးများကို ရရှိစေနိုင်ပါသည်။
ခုခံအားကျရောဂါအတွက် တွဲဖက်အသုံးပြုသင်သည့်
ကုထုံးများ
၁။ သဘာဝကုထုံး
၂။ ယောဂကုထုံး
၃။ ယုံကြည်ခြင်းကုထုံး
၎။ အပ်စိုက်ကုထုံး
၅။ ဖိအားသုံးကုထုံး
၆။ ဇုံနယ်(ခေါ်) ကမ္မဇတုံ့ ပြန်မှုသုံးကုထုံး
၇။ အနှိပ်ကုထုံး
၈။ ဇီဝပြန်ကျွေးကုထုံး
၉။ ရနံ့ကုထုံး
၁၀။ သံလိုက်စက်ကွင်ကုထုံး
၁၁။ တိုကိချိချွမ်ကုထုံး
၁၂။ ရိုဖင်းကုထုံး၊အရိုးဆိုင်ရာကုထုံး၊ကျောရိုးမကြီး
နှိပ်နယ်ကုထုံး
၁၃။ ရေခီကုထုံး
၁၄။ အရောင်ကုထုံး
၁၅။ ပန်းကုထုံး
၁၆။ စမကုထုံး စသည့် တွဲဖက်ကုထုံးများကို အသုံးပြု၍
ရနိုင်ပါသည်။
Subscribe to:
Posts (Atom)
မြတ်ဗုဒ္ဓ၏ ၀ိပဿနာ (ကျောက်အိုင်တောရ)
Posted by Khin Win on Thursday, May 28, 2015