Facebook Page
Wednesday, December 21, 2011
အလွန်ကောင်းတဲ့ မြန်မာ့သက်ရှည်ဆေး
uni
ဒီနေ ့ခေတ်မှာ ရာသီဥတုတွေက ဖောက်ပြန်။ကပ်ရောဂါတွေက မျိုးစုံနဲ ့လူတွေမှာကျန်းကျန်းမာမာနဲ ့နေထိုင်နိုင်ကြဖို ့ လွန်စွာအရေးကြီးကြပါတယ်။အစွမ်းထက်တဲ ့ နိုင်ငံခြားဆေးဝါးတွေရှိပေမယ့် ဘေးထွက်ဆိုးကျိုးကများတော့ ဘေးထွက်ဆိုး
ကျိုးနည်းတဲ့ တိုင်းရင်းဆေးဝါးများကို လူတွေပိုမိုသုံးစွဲလာနေကြရပါတယ်။
         မြန််မာ့ဆေးပညာလောကမှာအဆင့်မြင့်တဲ့ရဿယနဆေးဝါး၊အသက်ရှည်ဖို ့အတွက် ဖော်စပ်စားသုံးသင့်တဲ့ဆေးဝါး၊
သာမာန်ရောဂါပေါင်းစုံကိုကုသနိုင်စွမ်းတဲ့ဆေးဝါးများ၊လိမ်းဆေး၊စားဆေး၊ရှူဆေး၊ယနေ့ခေတ်မှာ ဖော်ထုတ်လာကြတဲ့
ပေါငး်ခံထိုးဆေးများ စသည်ဖြင့် တိုးတက်ထွန်းကားလာနေပါတယ်။အနောက်တိုင်းဆေးဝါးများလို ချက်ခြင်းသောက် ချက်ခြင်းအစွမ်းပြနိုင်တဲ့ မြန်မာတိုင်းရင်းဆေးများရှိပေမယ့်လွန်စွာနည်းပါတယ်။အနောက်တိုင်းဆေးတွေလိုမျိုးမဟုတ်ဘဲ
ဘေးထွက်ဆိုးကျိုးကင်းကင်းနဲ့ ရေရှည်မှာဘေးကင်းကင်းနဲ့တော့သောက်နိုင်၊သုံးစွဲနိုင်ကြပါတယ်။ချက်ခြင်းအစွမ်းပြနိုင်တဲ့
နိုင်ငံခြားဆေးဝါးများလိုဆိုရင်တော့လူတွေ တော်တော်အထင်ကြီးကြမှာအမှန်ပါပဲ။အစွမ်းပြမြန်တဲ့တိုင်းရင်းဆေးဝါးများ
လည်း ရှိနေပါတယ်။
           ကျနော်အသက်(၃၂)နှစ်အချိန်ိမှာကျန်းမာရေးကြီးကြီးမားမားချွတ်ယွင်းခဲ့ဖူးပါတယ်။အဆိုးဆုံးကတော့ကိုယ်ငွေ ့တွေကျပီး
ရေမြင်တာ နဲ့ချမ်း၊လေတိုက်တာနဲ ့လေတိုက်တဲ ့ဒဏ်တောင် မခံနိုင်တော့တဲ့အထိဖြစ်လာခဲ့တယ်။ထမင်းစားဖို ့လုပ်ရင်လည်း လည်ပင်းထဲတစ်ဆို ့ဆို ့နဲ့ကြာတော့လူပါ ဖျောတောတောနဲ့ ဖြစ်လာတယ်လေ။အဲတာနဲ့တတ်တဲ့ပညာအကုန်သုံးဖို ့ဆေးစာအုပ်တွေကို လှန်လှောပြီး ဆေးနည်းကောင်း တစ်ခုကို ရှာရတော့တာပါပဲ။
          ဒီဆေးက ဖော်စပ်ရတာကလည်း လွယ်ကူတယ်။အစွမ်းပြတာလည်းမြန်တယ်။သောက်ပြီးတာနဲ ့ မကြာခင် အစွမ်းပြတော့တာပဲ။ကိုယ်တွေ ့ပါ။သူငယ်ချင်းတွေလည်း ဖော်စပ်ပြီး လိုအပ်ရင် စမ်းသုံးကြည့်ကြပါအုံး။အသက်ကြီးတဲ့ ကိုယ်ငွေ ့ကျဆင်းနေတဲ ့လူကြီးတွေအတွက် ပိုပြီး ကောင်းမွန်ပါတယ်။ဆေးနံမည်က  အာယုဝဃုန သက်တော်ရှည်ဆေး ပါ။ပါဝင်တဲ့ဆေးမယ်တွေက-----------------
ဖန်းခါးသီးအခြောက်
ဆီးဖြူသီးအသား
သစ်ဆိမ့်သီးအဆံ
ကန့်ကော်ဝတ်ဆံ
ပိတ်ချင်းသီး
အိမ့်မွေ ့သီး
လင်းနေ
ဖာလာစေ့
သင်္ဘောချင်းခြောက်               
အားလုံးတမယ်စီ (30) ကျပ်သားစီထည့်။270 ကျပ်သားရှိမယ်။အဲတာတစ်နှစ်စာပါ။ပျားရည်နဲ ့တေပြီး တစ်နေ ့တစ်ကြိမ် ဆီးဖြူသီးငယ်ခန် ့စားပါ။ကျန်းမာသက်ရှည်အထွေထွေသောရောဂါများအမြစ်ပြတ်သည်ဟုအဆိုအမိန် ့ရှိထားပါတယ်
။ဆေးရဲ ့သတ္တိကတော့ အပူအအေးဥတုနှစ်ပါးစလုံးအတွက် ဆေးဘက်တွေပါလု ိ့ အပူတစ်ဘက်စွန်းအအေးတစ်ဘက်စွန်းကို မရောက်စေဘဲ အပူအအေးမျှတစေပါတယ်။
       ဆေးကျမ်းမှာ ဖော်ပြထားတဲ ့နောက်အာနိသင်တွေကခံတွင်းကနေအစာဟောင်းအိမ်အထိ တောက်လျှောက်အ
ကျိုးပြုကြာင်းရေးသားထားပါတယ်။
      ကျန်းမာရေးချို ့တဲ ့နေတဲ့သူတွေနဲ ့အသက်ကြီးတဲ့သူများအတွက် လက်တွေ ့ဖော်စပ်စားသုံးသင့်တဲ ့ဆေးနည်းတစ်ခုဖြစ်
ကြောင်း ဖော်ပြလိုက်ရပါတယ်။
သဘာဝဆေးပညာဖြင့် အိုနာသေမှုဝေးအောင်ပြု ---------------မှ (ဆရာဦးဆက်ထွန်းလင်း)
zawgyi
         မြန်မာ့ဆေးပညာလောကမှာအဆင့်မြင့်တဲ့ရဿယနဆေးဝါး၊အသက်ရှည်ဖို့ အတွက် ဖော်စပ်စားသုံးသင့်တဲ့ဆေးဝါး၊
လည်း ရှိနေပါတယ်။
  1. ဖန်းခါးသီးအခြောက်
  2. ဆီးဖြူသီးအသား
  3. သစ်ဆိမ့်သီးအဆံ
  4. ကန့်ကော်ဝတ်ဆံ
  5. ပိတ်ချင်းသီး
  6. အိမ့်မွေ့ သီး
  7. လင်းနေ
  8. ဖာလာစေ့
  9. သင်္ဘောချင်းခြောက်                 
။ဆေးရဲ့ သတ္တိကတော့ အပူအအေးဥတုနှစ်ပါးစလုံးအတွက် ဆေးဘက်တွေပါလို့ အပူတစ်ဘက်စွန်းအအေးတစ်ဘက်စွန်းကို မရောက်စေဘဲ အပူအအေးမျှတစေပါတယ်။
No comments:
Post a Comment
မြတ်ဗုဒ္ဓ၏ ၀ိပဿနာ (ကျောက်အိုင်တောရ)
Posted by Khin Win on Thursday, May 28, 2015