Facebook Page

Wednesday, December 26, 2012

မလဘေဒန ခေါ် ကြာဟင်းပင်

ကြာဟင်းပင်

          ကြာဟင်းပင် ဟာ အငုပ်၊ အပုပ်၊ အခိုး၊ ပိုးရောဂါအမျိုးမျိုးတို့ ကို နိုင်နင်းပါတယ်။အူသိမ်
သိမ် အူမ တစ်လျှောက် ကပ်ငြိနေတဲ့ အညစ်အကြေးမလ တို့ ကို ဖြိုခွဲပေးပါတယ်။ထိုအညစ်
အကြေးတွေကို ဖြိုခွဲပေးလိုက်လို့ စားပီးရင် ၀မ်းသက်တာ ဖြစ်ပါတယ်။သက်ကြီးသွေးအားနည်း
အကြောသွေးအား နည်းသူ သက်ကြီးများ  နဲ့ ဝမ်းဓာတ်  လေချုပ်နေသူ  သက်ကြီးများအတွက် 
တို့ ၊ မြှုပ်၊ သုပ်စားကြရင် များစွာ အကျိုးရှိစေပါတယ်။ မျက်စေ့ရောဂါ၊ ဆီးရောဂါ၊ ဆီးချိုရောဂါ
သွေးတိုးရောဂါ၊ သွေးချိုရောဂါ တွေနဲ့  သင့်တော်ပါတယ်။ ချွေးအညစ်ကြေး၊ သွေးအညစ်အကြေး
မီးယပ် သွေးကျန် အညစ်အကြေးများအတွက် အလွန်သင့်လျော်စေပါတယ်။ဒါကြောင့်မို့ ဆေးကျမ်း
တွေမှာ ကြာဟင်းပင်ကို မလဘေဒန လို့ ဂုဏ်တင်ရေးသား ကြပါတယ်။
          နှလုံးနောက်ရောဂါ၊ နှလုံးအဆီဝင်သောရောဂါ၊ နှလုံးတင်းကြီးသောရောဂါ၊နှလုံးပိတ်ဆို့ 
သောရောဂါ၊ နှလုံးစွမ်းရည် အားနည်းတဲ့ ရောဂါများအတွက်လည်း အထူးကောင်းတဲ့ ဆေးဘက်
ဝင် အပင်ဖြစ်ပါတယ်။  သက်ကြီးတို့ အတွက်  ၀မ်းမီးကို  မထိခိုက်စေပဲ ၀မ်းမီး ၊ ဓာတ်မီးတို့ ကို 
ရွှင်စေပါတယ် ။ဆေးလည်း ဖြစ် ၊ အာဟာရလည်း ဖြစ်လို့  အစာလည်းဆေး  ဆေးလည်းအစာ
ဖြစ်စေတဲ့  ဆေးဘက်ဝင် အပင်ဖြစ်နေပါတယ်။အမြဲ ဖျားတတ်သောသူများနဲ့ သွေးကျသွေးဖော
ရောဂါ ရှိသူများလည်း ကြာဟင်းပင်ကို အမြဲမပြတ် စွဲပီး စားသင့်ပါတယ်။ဆေးဘက်ဝင် အပင်
များဟာ ကျနော်တို့နဲ့ လက်တစ်ကမ်း အတွင်မှာ ပေါက်ရောက်နေကြပါတယ်။မိမိနဲ့ သင့်တော်မဲ့ 
ဆေးဘက်ဝင် အပင် များကို စွဲမြဲစွာ ရှာဖွေစားသုံးကြရင်ကျန်းကျန်းမာမာနဲ့ နှစ်သစ်မှာ အေး
အေးချမ်းချမ်းနဲ့  နေထိုင်နိုင်ကြပါစေဗျာ----















သဘာဝဆေးပညာနှင့် အိုနာသေမှုဝေးအောင်ပြုစို့ စာအုပ်(ဆရာဦးဆက်ထွန်းလင်း)
မှ
ကောက်နုတ်ဖော်ပြချက်
၂၆-၁၂-၂၀၁၂(ည-၀၉း၁၆)
ဓါတ်ငွေ့ ဗဟိုထိန်းချုပ်စခန်း
 

No comments:

Post a Comment

မြတ်ဗုဒ္ဓ၏ ၀ိပဿနာ (ကျောက်အိုင်တောရ)


Posted by Khin Win on Thursday, May 28, 2015